03 April 2016

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှုတွေ ဆက်ထားသင့်၊ မထားသင့် ပြန်လည် သုံးသပ်ရမယ့် အမေရိကန် အစိုးရ




မြန်မာနိုင်ငံ မှာ  လွတ်လွတ် လပ်လပ် ရင်းနှီးမြှုပ်နှံခွင့် ရဖို့ အမေရိကန် ကုမ္ပဏီကြီးတွေ က သမ္မတ ဘာရက် အိုဘားမား အစိုးရ ကို ဖိအားပေးတောင်းဆိုမှုတွေ ရှိလာပါပြီ။ လက်ရှိ အချိန်မှာတော့ အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒပိုင်း ကို ပြောင်းလဲဖို့ အလေးအနက် စဉ်းစားနေရပြီဖြစ် ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က စပြီး အမေရိကန် က မြန်မာနိုင်ငံ အပေါ် သတ်မှတ် ထားတဲ့ အရေးယူပိတ် ဆို့မှုတွေကို တဖြည်းဖြည်းလျှော့ ချပေးလာခဲ့ပါတယ်။ ဒါပေမဲ့ အလုံးစုံ ပယ်ဖျက်ပေးလိုက်တာ တော့ မဟုတ်ဘူး။ 

လက်ကျန် ရှိနေဆဲ ပိတ်ဆို့မှု သတ်မှတ်ချက်တွေ က အမေရိကန် ကုမ္ပဏီကြီးတွေ၊ စီးပွားရေး လုပ်ငန်း ကြီးတွေ အနေ နဲ့ မြန်မာနိုင်ငံ မှာ လာရောက် ရင်း နှီးမြှုပ်နှံဖို့ အကန့်အသတ်တွေ ဆက်ပြီး ကြုံတွေ့နေစေ ပါတယ်။ 

အခုတော့ မြန်မာနိုင်ငံ မှာ ရာစုနှစ် ထက်ဝက်ကျော်လောက် ကာလ အတွင်း ပထမဆုံး အကြိမ် အဖြစ် ဒီမိုကရေစီ နည်းလမ်း တစ်ကျ ရွေးချယ် တင်မြှောက်ထားတဲ့ သမ္မတ တစ်ဦး တက်လာပါတော့မယ်။ အမေရိကန် ကုမ္ပဏီကြီးတွေ အ နေနဲ့လည်း အခြေအနေ အပြောင်း အလဲတွေကို ပိုပြီးအလေး အနက် မျှော် လင့်လာပါပြီ။
 
လတ်တလောမှာတော့ အမေရိကန် အမှတ်တံဆိပ် အနည်း အကျဉ်းလောက် ပဲ မြန်မာနိုင်ငံ ထဲကို ခြေ ဆန့် ဝင်ရောက်လာ နိုင်ပါသေးတယ်။ အဲဒီ အမှတ် တံဆိပ်တွေ ထဲမှာ ကြက်ကြော် အ ရောင်းဆိုင် KFC လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ တောက်တောက်ပပ နဲ့ ရန်ကုန်လေဆိပ် သစ်ကြီး ရဲ့ ဧရိယာ ထဲမှာ KFC က ပထမဆုံး ဆိုင်ခွဲ တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ 

အဲဒီလေဆိပ်သစ်ကြီး ကိုတော့ အမေရိကန် က နာမည်ပျက် စာရင်း သွင်းထားတဲ့ ကုမ္ပဏီတစ်ခု က ဆောက် လုပ်ထားတာပါ။ အမေရိကန် စီးပွားရေးလုပ် ငန်း အမြောက်အမြား ဟာ မြန်မာ နိုင်ငံ မှာ ရင်းနှီးမြှုပ်နှံမှုတွေ အစပြု လာဖို့ စိတ်အား ထက်ထက်သန်သန်ရှိနေကြောင်း အရိပ်အယောင်တွေ ပြသနေပါတယ်။ 




 
 ဓာတ်ပုံ-ငြိမ်းချမ်းနိုင်/အီးပီအေ


ဒါပေမဲ့ လက်ရှိ အနေအထား အရဆို ရင် ပြိုင်ဘက်တွေထက်တော် တော်လေး နောက်ကျနေပြီ ဆိုတာ ကို လည်း အဲဒီ ကုမ္ပဏီတွေ သဘောပေါက်ကြတယ်။ အထူး သဖြင့် တရုတ် နဲ့ ဥရောပ သမဂ္ဂ အခြေစိုက် အမှတ် တံဆိပ်တွေ က မြန်မာနိုင်ငံဈေးကွက် မှာ လက်ဦး မှုတွေ အရ ယူနေပါပြီ။ ဥရောပ သမဂ္ဂ ဟာ အရင်က စစ် အုပ်ချုပ်မှု စနစ်အောက် မှာ ကျရောက် ခဲ့တဲ့ နိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဖယ် ရှားပေးခဲ့ပြီး ဖြစ်ပါတယ်။

မေလရောက်ရင်တော့ သမ္မတ အိုဘားမား အနေနဲ့ မြန်မာနိုင်ငံ အပေါ် ဆက်ပြီး ပိတ်ပင်မှု တွေ သတ်မှတ် ထား မလား၊ အပြီး သတ် ပယ်ဖျက်ပေးလိုက်မလား ဆိုတာကို အလေး အနက် ရွေးချယ်ရပါတော့မယ်။ အမေရိကန် က မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ထားခဲ့ တာ ဆယ်စုနှစ် သုံးခု နီး ပါးလောက် ကြာမြင့်ခဲ့ပါပြီ။ 

အဲဒီ ကန့်သတ် ချက်တွေ အရ အမေရိကန်နိုင်ငံ သားတွေ အနေနဲ့ တပ်မတော်၊ ဒါမှ မဟုတ် အရင် အစိုးရနဲ့ နီးစပ် တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ နဲ့ အလုပ် တွဲလုပ်ခွင့် မရှိပါဘူး။ အိုဘားမား ဟာ အရှိန်အ ဟုန်ကောင်းကောင်း နဲ့ တိုးတက် လာတဲ့ အာရှတိုက် ကို သူ့ရဲ့နိုင်ငံ ခြားရေး မူဝါဒပိုင်း အတွက် အုတ် မြစ် အနေနဲ့ သဘောထားခဲ့သူဖြစ် ပါတယ်။ ပြီးတော့ မှ ကျူးဘားနဲ့ ဆက်ဆံရေး၊ အီရန် ရဲ့ နျူကလီး ယား ဖျက် သိမ်းရေး ကဏ္ဍတွေကို တစ်လွှာချင်းစီ ခိုင်မာအောင် ပေါင်းစပ်လာခဲ့တာပါ။
 
လက်ရှိ အခြေအနေတွေ အ ရ အမေရိကန် အစိုးရဟာ သမိုင်းဝင်မြန်မာ့နိုင်ငံရေး အပြောင်း အလဲဖြစ် ရပ်တွေ ကို လက်တွေ့ကျ ကျ ထောက်ခံကြောင်း ပြသဖို့ လည်း လိုအပ်နေတယ်။ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်) ကို ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင်ပြီး နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကြီး မှာ တောင်ပြိုကမ်း ပြို အောင်ပွဲခံခဲ့တယ်။ 

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူယုံတော် အရင်းအချာ တစ်ယောက်ဖြစ်တဲ့ ဦးထင်ကျော် ဟာ ဧပြီ ၁ ရက် မှာ ဒီချုပ် ဦးဆောင် တဲ့ အစိုးရ သစ်ရဲ့သမ္မတ အဖြစ် စတင် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။

အမေရိကန် က မြန်မာ့ဒီမို ကရေစီ အရွေ့ရဲ့ ခံနိုင်ရည် အပေါ် စိုးရိမ်မှုတွေ ရှိနေသေးကြောင်း ပြောဆို ထား ပါတယ်။ တပ်မတော် ဟာ နိုင်ငံရေး မှာ ပါဝင် စွက်ဖက်ပြီး ဩဇာညောင်းနေဆဲဖြစ်သလို တိုင်းရင်းသားတွေ နဲ့ ဘာသာခြား လူနည်းစု အပေါ် အစိုးရ ရဲ့ ဆက် ဆံပုံတွေ ကို အမေရိကန် က စောင့်ကြည့်နေဆဲ ဖြစ် ပါ တယ်။

(သမ္မတဖြစ်ခွင့်မရအောင် ဖွဲ့စည်းပုံဥပဒေက တားမြစ်ထား တာကြောင့်) အစိုးရ အတွင်းမှာ ဩဇာကြီးမားတဲ့ အဖွဲ့ဝင် တစ်ဦး အဖြစ် ဒေါ်အောင်ဆန်းစုကြည် က နေရာရလာတဲ့ တိုင် ကာကွယ်ရေး နဲ့ ပြည်ထဲရေး ဝန်ကြီးနေရာတွေ ကို တပ်မတော် ကသာ ထိန်းချုပ်ရွေး ချယ်ခွင့် ရရှိထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော် ဟာ နိုင်ငံ ရဲ့ ဒုတိယ သမ္မတ နှစ်ဦး အ နက် က တစ်ဦးကို အဆိုပြုခွင့် ရခဲ့တာကြောင့် အငြိမ်းစား ဗိုလ်ချုပ် ကြီး ဦးမြင့်ဆွေကို ရွေးချယ် ခဲ့ပါ တယ်။ ဒီ ပုဂ္ဂိုလ်ဟာ ၂၀၀၇ တုန်း က ရွှေဝါရောင် အရေးတော်ပုံ မှာ ဗုဒ ရဟန်းတော်တွေ ကို စစ် အစိုးရ က အင်အားသုံးဖြိုခွင်းမှု နဲ့ ဆက်စပ်ပြီး အမေရိကန် ဘဏ္ဍာရေး ဝန် ကြီးဌာ နဲ့ နာမည်ပျက် စာရင်းမှာ ထည့်သွင်း သတ်မှတ်ခံရသူ ဖြစ်ပါ တယ်။

အမေရိကန် က သတ်မှတ် ထားတဲ့ နာမည်ပျက် စာရင်းမှာ စီးပွားရေး လုပ်ငန်းတွေ နဲ့ လူပုဂ္ဂိုလ် ၁၅၀ လောက် ရဲ့ နာမည်တွေ ပါဝင်နေဆဲဖြစ်ပါတယ်။ အဲဒီထဲ က တစ်ချို့ဆိုရင် စာရင်းထဲ ကနေ သူတို့ နာမည် ကို ဖယ်ထုတ်နိုင်ဖို့ နှစ်ပေါင်းများ စွာ ကြိုးစား ပမ်းစား လော်ဘီ လုပ်နေခဲ့ကြပါတယ်။

 အမေရိကန် အစိုးရ အရာရှိတွေ ကတော့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ခြေ ရှိကောင်း ရှိလိမ့်မယ် လို့ မတင် မကျပြောထားပါတယ်။ ‘‘တားဆီး ပိတ်ဆို့မှုတွေ အပါအ ဝင် ကျွန်မ တို့ရဲ့ နိုင်ငံခြားရေး မူဝါဒ ပိုင်း ကို ပြန်လည် သုံးသပ် လေ့လာ နေဆဲပါ’’လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ကက်တီနာ အဒမ်စ် က ဆိုတယ်။

အမေရိကန် လွှတ်တော်ထဲ က အတိုက်အခံ ရီပက်ဘလေကန် အမတ် တစ်ချို့ကတော့ လတ် တလော အခြေအနေ မှာ ပိတ်ဆို့မှု  မူဝါဒ ကို ဆက်ပြီး ထိန်းသိမ်းထား သင့်ဆဲလို့ ယူဆကြတယ်။ 

‘‘အခု လောလောဆယ် က ဒီမိုကရေစီ ပြောင်းလဲရေး စပ်ကူးမပ်ကူး အ ချိန်လောက်ပဲ ရှိသေးတယ်။ အလုံးစုံ ပြီးစီးပြည့်မြောက်ဖို့ လိုအပ်နေသေးတယ်။ ဒါလောက်နဲ့ တင် ပိတ်ဆို့မှုတွေ ကို လျှော့ချပေး လိုက်မယ်ဆိုရင် ဆန္ဒစောလွန်းရာ ကျနေမယ်’’လို့ ကော်လိုရာဒို က လွှတ်တော်အမတ် ကိုရီ ဂါ့ဒ်နာ က မှတ်ချက်ပေးပါတယ်။

ဒီချုပ် ကတော့ အရေးယူ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေး ဖို့ တွန်းအားပေးတောင်းဆိုမယ့် အလားအလာ မရှိပါဘူး။ ပြီးတော့ အမေရိကန် အနေနဲ့ သက်ဆိုင်ရာ ကိစ္စ အလိုက် တစ်ခုချင်းစီ ကို လိုအပ်သလို တုံ့ပြ န် ကိုင် တွယ်သွားမယ် လို့ ယုံကြည်ကြောင်း ဒီချုပ် ရဲ့ စီးပွားရေးကော်မတီ အကြီးအကဲ ဦးဟံသာမြင့် က ပြော ထားပါ တယ်။

တပ်မတော် က မြန်မာ့နိုင်ငံ ရေး မှာ ထင်ထင် ရှားရှား ချုပ်ကိုင် နိုင်စွမ်းရှိနေဆဲဖြစ်သလို အလိုအလျောက် ရရှိ ထားတဲ့ တပ်မတော် သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းစာနေရာ က ရွေးကောက်ခံ မဟုတ် တဲ့ စစ်ဘက် အရာရှိကြီးတွေကို လွှတ်တော်ထဲမှာ နေရာဝင်ယူခွင့် ရှိနေစေတယ်။ ပြီးတော့ ဖွဲ့စည်းပုံ ဥပဒေ ကို ပြင်ဆင် ဖို့ အားထုတ်မှု မှန်သမျှကိုလည်း တားဆီးနိုင် တဲ့ အာဏာ လက်ကိုင်ရှိနေတယ်။ 

တပ်မတော် ရဲ့ ဧရာမ စီးပွားရေး လုပ်ငန်းစုကြီးနှစ်ခု ကို အမေရိကန် က ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်း ထားပေမယ့် လက်ရှိ အနေအထား အရတော့ ထိပါးနိုင်တဲ့ အဆင့်မျိုး မရှိသေးကြောင်းလည်း ဦးဟံ သာမြင့် က သုံးသပ်ထားတယ်။

ဒါ့အပြင် အမေရိကန် ရဲ့ နာ မည်ပျက် စာရင်းမှာ ပါဝင်နေသူ အများ အပြားဟာ မြန်မာနိုင်ငံ ရဲ့ စီးပွားရေး ကဏ္ဍ မှာ အထင်ကရ လူတန်းစား စာရင်းဝင်တွေ ဖြစ်နေကြောင်း သူက ထောက်ပြပါ တယ်။ ‘‘စီးပွားရေးမှာ သူတို့ရဲ့ ရပ်တည်မှု အနေအထား ကို ကျွန် တော်တို့ မျက်ကွယ်ပြုလို့ မရဘူးလေ။ ဒါပေမဲ့ ကျွန်တော်တို့ ပါတီ အနေနဲ့ သူတို့အတွက် အခွင့်ထူး ရနေတာမျိုးမဖြစ်အောင် အသေအချာ စီစဉ်သွား ပါမယ်။

 နိုင်ငံရဲ့စီးပွားရေး နယ်ပယ်ဟာ အားလုံး တန်းတူ အခွင့်အရေး ရှိတဲ့ အခြေအနေ မျိုးဖြစ်လာ လိမ့်မယ်’’လို့ လည်း ဦးဟံသာမြင့် က ပြောပါ တယ်။

ဒီတော့ မြန်မာ့ စီးပွားရေး နယ်ပယ် မှာ ပါဝင်လာပြီ ဆိုတာ နဲ့ အမေရိကန် ရဲ့ နာမည်ပျက် စာ ရင်းထဲ က လူပုဂ္ဂိုလ်တွေ နဲ့ ကင်းကင်း ရှင်းရှင်း ရပ်တည်ဖို့ ခက်ခဲ သွားပြီဆိုတဲ့ သဘောပါပဲ။ ဥပမာ တစ်ခု အနေနဲ့ ဆိုရင် ဒီချုပ် ရဲ့ အ မတ်တွေဟာ မနှစ်တုန်း က ဦးတေ ဇက ထောက်ပံ့ စီစဉ်ပေးတဲ့ သင်တန်း အစီအစဉ် တစ်ခုမှာ တက်ရောက်ခဲ့ကြပါတယ်။ 

ဦးတေဇ ဟာ တရားမဝင် သစ်ခုတ်မှု၊ လက်နက်ရောင်းချမှုတွေကြောင့် အမေရိကန် ရဲ့ နာမည်ပျက် စာရင်း မှာ ပါဝင်နေသူပါ။ အဲဒီ သင်တန်း အစီအစဉ်ကို ဦးတေဇ ပိုင် ဟိုတယ် တစ်ခုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရဲ့ အဓိက ဆိပ်ကမ်းကြီး ကို Asia World ကုမ္ပဏီ က စီမံခန့်ခွဲ လုပ်ကိုင်နေပါတယ်။ ဒီ ကုမ္ပဏီ ဟာ ပိုင်ရှင်ဖြစ်သူ စတီ ဗင်လော် နဲ့ အတူ အမေရိကန် ရဲ့ နာမည်ပျက် စာရင်းထဲမှာ ပါဝင်နေပါတယ်။ 

Asia World ဟာ ဒေါ်လာ သန်းပေါင်း ၆၆၀ လောက် တန်ဖိုး ရှိတဲ့ ရန်ကုန်လေဆိပ်သစ် စီမံကိန်း ကို တာဝန် ယူဆောက် လုပ်ခွင့် ရထားတဲ့ ကုမ္ပဏီ ပါ။ လေဆိပ် ဖွင့်ပွဲ ကျင်းပ တဲ့ မတ်လ ၁၂ ရက်တုန်း ကတော့ မစ္စတာလော် ဟာ အမေရိကန် ရဲ့ ပိတ်ဆို့မှုတွေ အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ ပါတယ်။

နောက်ပိုင်း မှာတော့ လေဆိပ် ရဲ့ လုပ်ငန်းစဉ်တွေ ကို စီမံ ခန့်ခွဲခွင့် ရထားတဲ့ Asia World လက်ဝေခံ ကုမ္ပဏီ Yangon Aerod-rome ရဲ့ အကြီးအကဲ ဆူလိုင်မန် ဇိုင်နူလ်အေဘီဒင် က သူတို့ရဲ့ မှတ်တမ်းကောင်းတွေကြောင့် အစိုးရ က ဒီ လုပ်ပိုင်ခွင့်ကို ခံစားခွင့်ပေးခဲ့ တာဖြစ်ကြောင်း ပြောပါတယ်။ 

Asia World ကတော့ နောက်ထပ် မှတ်ချက် တစ်ခုခုပေးဖို့ နှုတ်ဆိတ် နေဆဲပါ။ အတိတ်တုန်း ကတော့ ကုမ္ပဏီ ဟာ လက်ရှိ အစိုးရနဲ့ တပ်မတော် ရဲ့ အခွင့်ထူးခံ အရေးပေးမှု တွေ ရရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ကို အစဉ် တစ်စိုက် ငြင်းဆိုခဲ့ဖူး ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ရဲ့ ဥပဒေတွေ အတိုင်း လိုက်နာ ဆောင် ရွက်ကြောင်း ပြောဆိုလေ့ ရှိပါတယ်။

ကင်တက်ကီ အခြေစိုက် YumBrands က ပိုင်ဆိုင် တဲ့ KFCကတော့ လေဆိပ်သစ် မှာ ဆိုင်ခန်း ယူ ဖွင့်လှစ် ထားပြီး နိုင်ငံ အတွင်း မှာလည်း ဆိုင်ခွဲ တစ်ချို့ ထူထောင် ထားပါပြီ။ Yum Brands ဟာ ဒေသ တွင်း လုပ်ငန်းစု တစ်ခုဖြစ် တဲ့ Yoma Strategic Holdings နဲ့ ပူးပေါင်း ထားတာပါ။

 မြန်မာနိုင်ငံမှာ KFC  စားသောက်ဆိုင်တွေ ဖွင့်လှစ်မှု၊ ချဲ့ထွင်မှု ဟာ Yoma ရဲ့ လုပ်ပိုင်ခွင့် လို့ ဆိုပါတယ် ။ လေဆိပ် တာဝန် ရှိသူတွေ၊ လုပ်ငန်းဆောင်ရွက်သူတွေ ကို ညှိနှိုင်းရာ မှာလည်း Yum Brands က လက်ရှောင်နေပြီး Yoma က သာ ဆောင်ရွက်ခဲ့တာပါ။

‘‘လက်ရှိ သတ်မှတ် ထားတဲ့ ဥပဒေတွေ၊ စံနှုန်းတွေ နဲ့ လုပ်ပိုင်ခွင့်တွေ အတွင်း ကပဲ ဒီအခြေအ နေ ကို ဖန်တီး ယူထားရတာ ဖြစ်ပါတယ်’’လို့ Yoma ရဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။ ပိတ်ပင်မှုတွေ ကို သတ်မှတ် ပြဋ္ဌာန်းတဲ့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ကတော့ ကိစ္စ တစ်ခု ချင်းစီ အတွက် မှတ်ချက်ပေး ဖို့ ငြင်းဆို ထားပါတယ်။

အခုလို တာဝန်ခံမှု အလွှဲ အ ပြောင်းနဲ့ ဥပဒေ သတ်မှတ်ချက် တွေကို လက်တစ်လုံးခြား ရှောင် ထွက်သွား တာတွေလည်း ရှိနေ တော့ တစ်ခြား အမေရိကန် ကုမ္ပဏီတွေ အတွက် အမြင်ရှုပ်ထွေးမှု တွေ ဖြစ်လာ တယ်။ 

‘‘အမေရိကန် ရဲ့ မူဝါဒပိုင်း ကို ခြုံကြည့်ရင် ဘယ်ဟာကို လုပ်ခွင့် ရှိပြီး ဘယ်ဟာ က တော့ လုပ်ခွင့် မရှိဘူးဆို တာကို ရှင်းရှင်း လင်းလင်း မသိရဘူး ဖြစ်နေတယ်’’လို့  အိုဘားမား အစိုးရ လက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီး ဌာနရဲ့ မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ကဏ္ဍ အတွက် ပါဝင် အလုပ်လုပ်ခဲ့ဖူးတဲ့ ပီတာကူဆစ်ခ် က ဝန်ခံပါတယ်။ အခုတော့ သူက ဝါရှင်တန် အခြေစိုက်အကြံပေး ဌာန Inle Advisory Group မှာ ပြောင်းရွှေ့ အလုပ်လုပ်နေပါပြီ။

‘‘ပိတ်ဆို့ အရေးယူမှု သတ် မှတ်ချက်တွေ ကို ဆက်ပြီး ထိန်း သိမ်းထားချင်တယ် ဆိုရင် အမေရိကန် အနေနဲ့ သူတို့ရဲ့ ရည်မှန်းချက် တွေကို ထင်ထင် ရှားရှား၊ ရှင်းရှင်း လင်းလင်းဖြစ်နေအောင် လုပ်ဖို့ လိုတယ်’’လို့ သူက သုံးသပ် ပါ တယ်။ ဒါ့အပြင် မလိုလား အပ်တဲ့ အကျိုးဆက်တွေ ဖြစ်မလာအောင် ကြိုတင် တားဆီးနိုင်ရမယ် လို့လည်း ကူဆစ်ခ် က ပြောပါ တယ်။

ပြီးခဲ့တဲ့လ ကတော့ အမေရိ ကန် ရဲ့ ထင်ရှားတဲ့ စီးပွားရေး အုပ်စုကြီး ငါးခု က အိုဘားမား အစိုးရဆီ စာရေး သား လိပ်မူပြီး မြန်မာ့ စီးပွားရေး နယ်ပယ်မှာ အမေရိကန် ကုမ္ပဏီတွေ အတွက် အထိနာ စေမယ့် ကန့်သတ် ချက်တွေ ရှိနေခြင်း အပေါ် စောဒက တက်ခဲ့ကြပါတယ်။ 

‘‘လတ်တလော ပိတ်ဆို့ မှုတွေ ကျန်ရှိနေသေးခြင်းအပေါ် အပြန်ပြန်အလှန်လှန် သုံးသပ်ပြီး အနာဂတ် ဆက် ဆံရေးတွေ အ တွက် အမြင် တစ်ခု ဖော်ထုတ်ရမယ့်အချိန် ကို ရောက်လာပါပြီ’’လို့ အဲဒီစာထဲမှာ ရေးထား တယ်။
 
Yangon Aerodrome ရဲ့အကြီးအကဲ အေဘီဒင် က ကမ္ဘာ ပေါ်မှာ  ရှာတွေ့နိုင်သမျှ နိုင်ငံတိုင်း နီးပါး က လေဆိပ် ဧရိယာမှာ နေရာ ငှားရမ်းမှုတွေ အတွက် အဆို ပြု  ချဉ်းကပ် ထားတယ်လို့ အခိုင်အမာ ဆိုပါ တယ်။ ‘‘ဒီလူတွေ အကုန်လုံး က ကျွန်တော်တို့ နဲ့ လက်တွဲပြီး အလုပ် လုပ်ချင်ကြတယ် လေ’’လို့လည်း သူက ပြောပါ တယ်။
 
 
  (Wall Street Journal ၏ U.S.Companies Caught in Sanc-tions Gray-Zone in Myanmar ဆောင်းပါး ကို ဇွဲရဲဝင့် ပြန် ဆိုသည်။)


 http://www.7daydaily.com/story/61828


No comments:

Post a Comment