24 September 2013

မြန်မာ စားသောက်ဆိုင် တစ်ဆိုင်တွင် အန္တရာယ်ကင်း ပရိတ် ရွတ်စဉ် ပရိတ်ရေ များ ဆူပွက်လာ


 
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည်နယ် San Gabriel ရှိ အမှတ် 927 E. Las Tunas Dr. (ate J&K) တွင် မစုစုဝင်း ဖွင့်လှစ် ထားသော Fuji West Japanese & Myanmar Restaurant သို့ စက်တင်ဘာ ၁၈ရက် မွန်းလွဲ ၂နာရီ တွင် မေတ္တာရှင်ရွှေပြည် သာ ဆရာတော် အရှင်ဇဝနကြွ ရောက်၍ အန္တရာယ်ကင်း ပရိတ် ရွတ်စဉ် ဖန်ချိုင့် အတွင်းထည့်ထား သော ပရိတ်ရေ များ ထူးထူးခြား ခြား ဆူပွက် လာသော အံ့ဖွယ်ဖြစ် ရပ်တစ် ခုဖြစ်ပေါ်ခဲ့ကြောင်း မေတ္တာ ရှင်ဖောင်ဒေးရှင်း မှ သိရသည်။

မေတ္တာရှင် ဆရာတော်က အမေရိကန်နိုင်ငံ သို့ နိုင်ငံခြား သာသနာပြု ခရီးကြွရောက်စဉ် အ ဆိုပါ စားသောက်ဆိုင် သို့ ကြွ ရောက်ကာ အန္တရာယ်ကင်း ပရိတ် ရွတ်ဖတ်ပူဇော်ရာ မှ ပရိတ်တော် အစွမ်းကြောင့် ယခု ကဲ့သို့ ဖန်ချိုင့် ထဲရှိ ပရိတ်ရေများ ပွက်ပွက် ဆူလာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ဆရာတော်ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေ နဲ့ မေတ္တာ အစွမ်းတွေကြောင့် အခု လို ပရိတ်ရေ ဆူတာ လို့ ယုံကြည် ပါတယ်။ အရင်တုန်း ကလဲ တောင် တန်း သာသနာပြု ဆရာတော်ကြီး ရဲ့ပရိတ်ရေ ဆူ တာ တွေ့ခဲ့ဖူးတယ်။ နိုင်ငံရပ်ခြား မှာ ပရိတ်တရားတော် ရဲ့ တန်ခိုးအစွမ်း ကို မျက်မြင်မြင်ရ တဲ့ အတွက် ဝမ်းမြောက်မိတယ်'' ဟု အမေရိကန်ရောက် မြန်မာ မိတ်ဆွေတစ်ဦးက ပြောသည်။


ဆရာတော် သည် နိုင်ငံခြား သာသနာပြု ခရီးစဉ် အတွင်း အ မေရိကန်နိုင်ငံရောက် မြန်မာပြည် သူ ၊ ပြည်သား များအား တရား တော်များ ဟောကြားပေး ခဲ့ပြီး စက် တင်ဘာ ၂၃ရက်တွင် မြန်မာ နိုင်ငံ သို့ ပြန်လည်ကြွရောက်လာ ပြီဖြစ်ကြောင်း သိရသည်။ 
ဆရာတော် သည် သာသ နာပြုလုပ်ငန်း များ အပြင် မေတ္တာ ရှင်ဖောင်ဒေးရှင်း ကို တည်ထောင် ၍ သံဃာတော် များအား ဆွမ်း ကပ်လှူခြင်း၊ အနာကြီးရောဂါ သည်များ အား စောင့်ရှောက်ခြင်း၊ အမှန်တကယ် ဆင်းရဲ ချို့တဲ့ နွမ်း ပါးသူ များအား ကျန်းမာရေး၊ ပညာ ရေး များ ကူညီပေးခြင်းများကို ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။
 
[ ဈာန်မိုးသစ် ၊ ကယ်လီဖိုးနီးယား ၊ စက်တင်ဘာ ၂၃ ]
     From...Yangon Media Group

No comments:

Post a Comment