20 September 2013

Sedona ဟိုတယ် ဝက်ဘ်ဆိုက် ဟက်ခံရခြင်းမဟုတ်ကြောင်း တာဝန်ရှိသူ မှပြောကြား


Sedona ဟိုတယ် ဝက်ဘ်ဆိုက် ဟက်ခံရခြင်းမဟုတ်ကြောင်း တာဝန်ရှိသူ မှပြောကြား   ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်ကင်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်တစ်ခုဖြန့်နှံ့လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။   ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။   " Website Hack ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြင်ဆင်မှုတွေလုပ်ဖို့ရှိတဲ့ အတွက်ချထားတာပါ။ နိုင်ငံတကာကရော ဒီနိုင်ငံကမြို့တွေက ဆီဒိုးနားဟိုတယ်တွေရဲ့ Website တွေကိုတစ်ပေါင်းတည်းစုပေါင်းပြီး Website တစ်ခုပြုလုပ်ဖို့အတွက်ပါ။ Hack ခံရတာမဟုတ်ပါဘူး။ " လို့ IT Executive ကိုဘိုဘိုဦးကပြောပါတယ်။   လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးထားသည်ဆိုသော ဗွီဒီယိုသည် ဆီဒိုးနားဟိုတယ် Website မှရယူထားသည့်ဟူသည့် သတင်းများလည်းလူမှုကွန်ယက်များတွင်ဖြန့်နှံ့လျက်ရှိပြီးအဆိုပါသတင်းများမှာလည်းမှန်ကန်မှုမရှိကြောင်းကိုဘိုဘိုဦးမှဆိုသည်။   "ဆီဒိုးနားဟိုတယ်ရဲ့ Website ကဗွီဒီယိုစတာတွေတင်တဲ့ လူမှုကွန်ယက်မဟုတ်ပါဘူး။ ဒီ Website ကရတယ်ဆိုတာလုံးဝမဟုတ်ပါဘူး " ဟု IT ဌာနမှကိုဘိုဘိုဦးမှပြောသည်။   အဆိုပါ ဗွီဒီယိုနှင့်ပတ်သက်၍မေးမြန်းရာ ၎င်းအနေဖြင့်မည်သည့် တစ်စုံတရာမှပြောဆိုလိုခြင်းမရှိကြောင်းကိုဘိုဘိုဦးမှဆက်ပြောပါတယ်။  လူမှုကွန်ယက်များတွင်ပုဂ္ဂိုလ်ရေးအတွင်းရေးကိစ္စများနှင့်ပတ်သက်ပြီးသတင်းလွှင့်ခြင်းများသည်သက်ဆိုင်ရာကုမ္ပဏီများ၏အမည်ဂုဏ်သတင်းညှိုးနွမ်းစေရန်ဆောင်ရွက်ကြခြင်းဖြစ်တယ်လို့သံသယဖြစ်မိကြောင်းအိုင်တီပညာရှင်တစ်ဦးကသုံးသပ်ပါတယ်။   " Website တွေကို hack တယ်ဆိုတာအကြောင်းအမျိုးမျိုးတော့ရှိတာပေါ့။ အခုလိုကိစ္စမျိုးကျတော့ဒါဟာဒီကုမ္ပဏီတွေရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ်လုပ်ဆောင်လာတာလို့သံသယရှိပါတယ်။ ဒါမှမဟုတ် ဗွီဒီယိုပါလူပုဂ္ဂိုလ်တွေကိုရည်ရွယ်တာလားဆိုတာမသိရပါဘူး။   ဘာပဲပြောပြောဒီလိုတွေဖြစ်ရတယ်ဆိုကတည်းကနည်းပညာပိုင်းရဲ့လုံခြုံမှုကိုဂရုပြုဖို့လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတစ်ဦးတစ်ယောက်ချင်းကလည်း ဒီလိုမျိုးတွေမဖြစ်ရအောင်၊ အရှက်မရ ရအောင်ဆင်ခြင်သင့်ပါတယ်" လို့ အိုင်တီပညာရှင်တစ်ဦးမှသုံးသပ်ပါတယ်။   အဆိုပါဆီဒိုးနားဟိုတယ် Website ကို hack ခံရသည်ဟုသတင်းများ ထွက်ပေါ်လာချိန်တွင် Blink Hacker Group (BHG) မှဖြစ်သည် ဟုပြောဆိုမှုများရှိခဲ့ပြီး ဆီဒိုးနားဟိုတယ်ဘက်မှလည်းကောင်း၊ BHG ဘက်မှအွန်လိုင်းစာမျက်နှာများတွင်လည်းကောင်းမဟုတ်မှန်ကြောင်းငြင်းဆိုထားပါတယ်။   Smart Pro Journal
 
 ဆီဒိုးနားဟိုတယ် တွင်လျှို့ဝှက်ကင်မရာ တပ်ဆင်ပြီးရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်တစ်ခုဖြန့်နှံ့ လျက်ရှိပြီး အချိန်ကိုက် ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီးဆီဒိုးနား ဟ
ိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်း မဟုတ်ကြောင်းပြော ပါတယ်။

" Website Hack ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြင်ဆင်မှုတွေ လုပ်ဖို့ရှိတဲ့ အတွက်ချ ထားတာပါ။ နိုင်ငံတကာ ကရော ဒီနိုင်ငံကမြို့တွေက ဆီဒိုးနားဟိုတယ်တွေရဲ့ Website တွေကို တစ်ပေါင်းတည်းစုပေါင်းပြီး Website တစ်ခုပြုလုပ်ဖို့ အတွက်ပါ။ Hack ခံရတာမဟုတ်ပါဘူး။ " လို့ IT Executive ကိုဘိုဘိုဦးကပြောပါတယ်။

လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသည် ဆိုသော ဗွီဒီယိုသည် ဆီဒိုးနားဟိုတယ် Website မှရယူ ထားသည် ဟူသည့် သတင်းများလည်း လူမှုကွန်ယက်များတွင်ပြန့်နှံ့လျက် ရှိပြီးအဆိုပါသတင်းများ မှာလည်း မှန်ကန်မှုမရှိကြောင်း ကိုဘိုဘိုဦးမှဆိုသည်။

"ဆီဒိုးနားဟိုတယ်ရဲ့ Website ကဗွီဒီယို စတာတွေတင်တဲ့ လူမှုကွန်ယက် မဟုတ်ပါဘူး။ ဒီ Website ကရတယ် ဆိုတာလုံးဝ မဟုတ်ပါဘူး " ဟု IT ဌာနမှ ကိုဘိုဘိုဦးမှပြောသည်။

အဆိုပါ ဗွီဒီယိုနှင့် ပတ်သက်၍မေးမြန်းရာ ၎င်းအနေဖြင့် မည်သည့် တစ်စုံတရာမှပြောဆိုလိုခြင်းမရှိကြောင်းကိုဘိုဘိုဦးမှ ဆက်ပြောပါတယ်။
လူမှုကွန်ယက် များတွင်ပုဂ္ဂိုလ်ရေးအတွင်းရေး ကိစ္စများနှင့်ပတ်သက်ပြီး သတင်းလွှင့်ခြင်းများသည်  သက်ဆိုင်ရာ ကုမ္ပဏီများ၏ အမည်ဂုဏ်သတင်း ညှိုးနွမ်းစေရန်ဆောင်ရွက်ကြခြင်းဖြစ် တယ်လို့ သံသယဖြစ်မိကြောင်း အိုင်တီပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

" Website တွေကို hack တယ်ဆိုတာ အကြောင်းအမျိုးမျိုးတော့ ရှိတာပေါ့။ အခုလို ကိစ္စမျိုးကျတော့ ဒါဟာ ဒီကုမ္ပဏီတွေရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ ရည်ရွယ်လုပ်ဆောင်လာတာ လို့သံသယရှိပါတယ်။ ဒါမှမဟုတ် ဗွီဒီယိုပါ လူပုဂ္ဂိုလ်တွေကို ရည်ရွယ်တာလားဆိုတာမသိရပါဘူး။

ဘာပဲပြောပြောဒီလိုတွေဖြစ်ရတယ် ဆိုကတည်းကနည်းပညာပိုင်းရဲ့လုံခြုံမှုကိုဂရုပြုဖို့လိုအပ်ပါလိမ့်မယ်  နောက် တစ်ခုက တစ်ဦးတစ်ယောက်ချင်းကလည်း ဒီလိုမျိုးတွေ မဖြစ်ရအောင်၊ အရှက်မရ ရအောင် ဆင်ခြင်သင့်ပါတယ်" လို့ အိုင်တီပညာရှင်တစ်ဦးမှ သုံးသပ်ပါတယ်။

အဆိုပါ ဆီဒိုးနားဟိုတယ် Website ကို hack ခံရသည်ဟုသတင်းများ ထွက်ပေါ်လာချိန်တွင် Blink Hacker Group (BHG) မှဖြစ်သည် ဟုပြောဆိုမှုများ ရှိခဲ့ပြီး ဆီဒိုးနားဟိုတယ်ဘက်မှ လည်းကောင်း၊ BHG ဘက်မှ အွန်လိုင်းစာမျက်နှာများတွင် လည်းကောင်း မဟုတ်မှန်ကြောင်းငြင်းဆိုထားပါတယ်။

Smart Pro Journal
From...Facebook

No comments:

Post a Comment