23 September 2013

မြို့ပျက်ညတွေပါ ညီမလေးရယ် { ကဗျာ }






 


အခါအားလျှော်စွာ လွှတ်ချခဲ့တဲ့ တစ်စုံတစ်ရာမှာ
ကြယ် အဖြူကလေးတွေက တိုးတိုးလေးပြောတယ်
ကောင်းကင် တစ်ဖက်စွန်း မှာ မိုးတွေပြိုနေပြီတဲ့
ခက်တာပဲ ညီမလေးရယ်
ငါကလည်း ဘာကိုမှ ကြီးမြတ်တယ်လို့ မထင်မိတဲ့ကောင်ပါ .....

ပန်းခင်းလမ်းတွေ မဟုတ်မှန်းတော့သိခဲ့ပါတယ်
ရီဝေသွယ်ပြောင်းတဲ့ အမိန့် တစ်စုံတစ်ရာမှာ
ရှတတ အပြုံးတွေ ဘာလို့ ပျော်ဝင် နစ်မူးနေခဲ့ရသလဲ
ခါးတယ် ဆိုတာ ခံစားချက် သက်သက်ပါကွဲ့.................

အေးစက်နေတဲ့ ဆောင်းဥတုပေါက်ကလေးဟာ
၂၄ နာရီ ရဲ့ စက္ကန့်သံခြောက်ခြောက်ခြားခြားမှာပဲ
အိပ်မက်တွေ ကို ရိုက်နင်း ချိုးဖျက် သွားတယ်
ဒီလိုပါပဲကွယ် . . . ရေရေရာရာ ဆိုတာ ဘာဆိုဘာမှ မရှိပါဘူး.............

သွားခဲ့မိတဲ့ ခရီး တစ်ခုဟာလည်း
အဆုံးလည်း မရှိ အစလည်း မရှိ အရာရာ နတ္တိပေါ့ကွဲ့
အခုတော့ . . ဘာရယ် မဟုတ်ဘူး
ကိုယ့်ရင်ဘတ်  ကိုယ်ပဲ ပြန်ပြန် ငုံ့ကြည့်နေခဲ့မိတယ်
ခါးလိုက်တာ ညီမလေးရယ် . ...............





ငါက ပကတိ အရှိတရားကို မှ မြတ်နိုးတဲ့ကောင်ပါ
ဆောင်းနှင်း ရဲ့ အေးစက်စက်နိုင်မှုကိုလည်း
တခုတ် တယ ရင်ခွင်ထဲ ထည့်ထားချင်နေခဲ့ရသူ
ဘာမှ မထူးခြားဘူး ဆိုရင်တောင်
ဒီတစ်ရက်တော့ ခတ္တာ တို့ကို ဝေပါ
ပြဿ        ဒါး  မှာ ဖွားခဲ့တဲ့ကောင်မို့
ငါ့ကို အမှောင် လို့ပဲမြင်ပါညီမလေးရယ်................

ဖျော့တော့သော ရီဝေလင်းရှ ညနေခင်း အလွန်
မြို့ပျက်ညတွေပါ ညီမလေးရယ်
ရင်ဘတ်ထဲက လရိပ်ညိုကလေးက ဘယ်တော့မှ မလင်းဘူး
တသော့သော့ တမောမော့
အရာရာကပဲ ငါ့ကို ခဏခဏသတ်တယ်............

မြို့ပျက်ညတွေပါ ညီမလေးရယ်
အချစ်ဆိုတာ အ၀ါရောင် သစ်သီးတစ်လုံးရဲ့
ချိုမြမွှေးရှ တဲ့ ရီဝေယစ်မှုး တဲ့ ခံစားချက်တစ်ခုပါ
အခုတော့ နေမ၀င်ခင် . . .
အိပ်မက်တွေ က ခဏခဏကြွေတယ်ကွယ် ။

 


သက်တန့်ချို

From...Facebook

No comments:

Post a Comment