24 September 2013

သံပုရာရည် ၏ အကျိုးကျေးဇူး




သံပုရာရည်၏ အကျိုးကျေးဇူး

အေးမြတဲ့ သံပရာရည် ကို သောက်တာကြောင့် အရသာ ကို တိုးစေတဲ့ အပြင် ခန္ဓာကိုယ် အတွက် ကျန်းမာရေး အကျိုးကျေးဇူး အမြောက် အမြား ကိုလည်း ပေးစွမ်း နိုင်ပါတယ်။

- ရေဓာတ် ခန်းခြောက်မှုကို လျော့ကျစေတယ်။

- အသည်း ကို သန့်စင်ပေးတယ်။ အစာကြေညက် စေတယ်။

- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။

ဒီလို အကျိုးကျေးဇူးတွေ အပြင် ကိုယ်အလေးချိန် ကိုလည်း လျော့ကျ စေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိ တာက သံပရာသီး မှာ ဗီတာမင်စီ များစွာ ပါဝင်လို့ပါ။ 

ဗီတာမင်စီ ဟာ ရေမှာ ပျော်ဝင် တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုး လည်း ဖြစ် တာကြောင့် ပတ်ဝန်းကျင် ရှိ အန္တရာယ် ပေးနိုင်တဲ့ အဆိပ်တွေ ကို တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။ ဗီတာမင်စီ ဟာ ကိုယ်ခံ စွမ်းအား ကောင်းစေပြီး သွေးတိုး ကို ကျစေပါတယ်။



သံပရာသီး မှာ ဗီတာမင်စီ အပြင် ဗီတာမင်အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ် ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ ဓာတ်တွေ နဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ် နဲ့ ဆိုဒီယမ် တို့လို သတ္တုဓာတ် တွေလည်း ပါဝင် နေပါတယ်။

 

 Written by 
credit to; မြန်မာပြည်မှမြန်မာလူမျိုး             
  မြ၀တီမှ ကူးယူဖေါ်ပြသည်....

No comments:

Post a Comment