20 September 2013

သွားတိုက်တံ မရှိသည့်အခါ ခံတွင်းသန့်ရှင်းနေစေဖို့






(၁) ပီကေ ဝါးပါ
****************

သစ်ကြံပိုးခေါက် (cinnamon) ပါဝင်သည့် ပီကေ သည် ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများကို သေစေ သည်။ cinnamic aldehyde ဓါတ်သည် သစ်ပင်မှရသည့် အဆီ ဖြစ်ပြီးသွားပိုးစားစေသည့် ဘက်တီးရီးယားများကို နှိမ်နင်းနိုင်သည်။

(၂)သွားကို တိုက်ချွတ် သန့်စင်နိုင် သည့် အစာများ စားပါ

*****************************************

ကြွပ်ဆတ်သည့် အစာ များသည် သွားကို တိုက်ချွတ် သန့်စင်ပေးနိုင်သည်။ ပန်းသီး၊ မုန်လာဥ၊ တရုတ်နံနံ ၊ ပြောင်းဖူးပေါက်ပေါက် စသည့် အစားအစာများ သည် လည်း သွား ကို သန့်စင်ပေးနိုင်သည်။


(၃) လက်ဖက်ရည်သောက်ပါ

**************************

လက်ဖက်ရည်တွင်ပါဝင်သည့် flavanoid ဓါတ်များ သည် သွားတွင်ကပ်ငြိနေသည့် ဘက်တီးရီးယားများကို သန့်စင်ပေးနိုင်သည်။ သွားများကို ခိုင်မာစေသည့် fluoride ဓါတ်များသည် လက်ဖက်ရည် တွင် ပေါ များစွာ ပါဝင်သည်။





(၄) ရေသောက်ပါ

**************

တစ်နာရီ တစ်ကြိမ်ခန့် ရေသောက်ပါ။ မကြာခဏ ရေအနည်းငယ်စီ သောက်ခြင်းကြောင့် ခံတွင်းရောဂါပိုး များ နည်းပါးစေပြီး သွားပေါက်ခြင်း၊ ပိုးစားခြင်း၊ သွားဖုံး ရောဂါများနှင့် ခံတွင်းနံ့ ဆိုးခြင်းတို့ကို ကာကွယ်နိုင် သည်။



သီဟ
From... Myanmar Forward


 

No comments:

Post a Comment