21 September 2013

မြန်မာပြည် မှ ကမ္ဘာ့ အရှားပါးဆုံး ကျောက်





ပုံမှာမြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခဲ့သူ ကတော့ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ 


၁၉၅၀ ခုနှစ်နောင်းပိုင်း က မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်း မှာ တူးဖော်တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး သူ့ အမည် Pain ကို အစွဲပြုကာ Painite လို့  အမည်ပေးလိုက်ခြင်းဖြစ်ပါတယ်။ 

ဓာတုဗေဒ အခေါ် ကတော့ Borateဖြစ်ပါတယ်။



ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စတဲ့ သတ္တုဓာတ်တို့ပါဝင်ပြီး ခရိုမီယံ၊ ဗနေဒီယံ စတဲ့ သတ္တုတို့နည်း အနည်းငယ်ရောစပ် ပါဝင်တယ်လို့ သိရပါတယ်။




ယင်းကျောက် Painite ရဲ့ထူးခြားချက် ကတော့ သူ့ သဘာဝ ကို က ခြောက်မြောင့် သဏ္ဍန် အဖြစ် တည် ရှိနေခြင်း ဖြစ်ပါတယ်။ အနီရောင်၊ကြက်သွေးရောင်၊ လိမ္မော်နီရောင် အဆင်း သဏ္ဍန် ရှိတာကို တွေ့ရ မှာ ဖြစ်ပါတယ်။







 


 နှစ်ပေါင်း ကာလ အတော်ကြာသည့် တိုင် Painite ဟာ တစ်ကမ္ဘာလုံး မှာ မှ သုံးခုသာ ရှိခဲ့ပါတယ်။ သို့ပေမယ့် ၂၀၀၅ နှစ် မတိုင်မီကာလ မှာတော့ ၂၅ခု ထက် နည်းတဲ့ အရေအတွက် ထိ ရှိလာပါတယ်။ 


ယင်းနောက်ပိုင်း တူးဖော်မှု မှာ Painite တွေ့ရှိမှု ရှိ မရှိကတော့ စစ်တမ်းကောက် မထားပါဘူး။

 

 


သို့ပေမယ့် ယင်းကျောက်အမျိုးအစား ဟာ တစ်ကမ္ဘာလုံး မှာ မြန်မာနိုင်ငံမှာ ပဲ တွေ့ရှိသေး တဲ့ ကျောက် အမျိုး အစား ဖြစ်ပြီး ထိပ်တန်း ရှားပါးဈေးကြီး ကျောက်ဖြစ်တယ် လို့ ကမ္ဘာက အသိမှတ်ပြုထားပါတယ်။



၁ကာရက် ကို အမေရိကန်ဒေါ်လာ ၆သောင်း ဝန်းကျင် တန်ဖိုးရှိ တဲ့ ကျောက်ဖြစ်တယ် လို့ သိရပါတယ်။ Painite အနည်းငယ် ကို သူဌေး သူကြွယ် အချို့က ပိုင်ဆိုင် ပါတယ်။ 


Painite အချို့ ကိုတော့ ဗြိတိန် သဘာဝ သမိုင်းပြတိုက်၊ အမေရိကန် ဘူမိဗေဒ သိပ္ပံ၊ ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံ နဲ့ ဆွစ်ဇာလန် ကျောက်မျက်ရတနာ သုတေသန ဓာတ်ခွဲခန်း တို့မှာ ခင်းကျင်းပြသ ထား တယ်လို့ သိရပါတယ်။

 

 
အသေးစိတ်လေ့လာရန်-http://en.wikipedia.org/wiki/Painite

http://www.yoyarlay.com/biz/local-biz/38034-the-world-rarest-gem
From...Facebook 
 
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment