24 September 2013

လူ့ ခန္ဓာကိုယ် အကြောင်း အံ့အားသင့်ဖွယ်ရာ အချက်များ


 

-အမျိုးသားတွေ က တစ်နေ့ ဆံပင် အချောင်းရေ ၄၀ ကျွတ်ပြီး အမျိုးသမီးတွေ က တစ်နေ့ ဆံပင် အချောင်းရေ ၇၀ ကျွတ်တတ် ပါတယ်။

-သွေးထဲမှာ ရှိတဲ့ ဆား ပမာဏနဲ့ ပင်လယ်ထဲမှာ ရှိတဲ့ ဆား ပမာဏ အတူတူပါပဲ။ -သင့် အရပ်ဟာ
ညဘက် မှာ ထက် မနက်ခင်း မှာ ပိုရှည်နေပါတယ်။

-တစ်နေ့မှာ နှလုံး ဟာ ခန္ဓာကိုယ်ထဲမှာ အကြိမ် ၁၀၀၀ ခန့် သွေးလှည့်ပတ်မှု ရှိပါတယ်။
-မျက်တောင်တွေ ဟာ ၁၅၀ ရက်ကြာရင် သက်တမ်း ကုန်ပါတယ်။
-မျက်ခုံး တစ်ဖက်မှာ အမွေး ၅၀၀ ရှိပါတယ်။
-ပျမ်းမျှ အားဖြင့် လူ့ ခန္ဓာကိုယ်မှာ နာ့ဗ် ဆဲလ် ၁၀၀ ဘီလျံလောက် ရှိပါတယ်။
-မျက်လုံး ဖွင့်ပြီး နှာမချေနိုင်ပါဘူး။

-အရိုးတွေ က ကွန်ကရစ်ထက် လေးဆ ပို သန်မာပါတယ်။
-အရသာခံ အဖု ရဲ့ သက်တမ်း က ပျမ်းမျှ အားဖြင့် ၁၀ ရက်ပဲ ရှိပါတယ်။
-လူတွေ ဟာ ခုံညင်း မပါဘဲ မွေးလာပြီး အသက်၂-၆နှစ် အရွယ်ထိ တိုင်အောင် မထွက်လာသေးပါဘူး။
 


-ကလေးတွေက ဆောင်းဦး ရာသီမှာ ကြီးထွားနှုန်း ပိုမြန်ပါတယ်။
-မျက်စိတွေ က ဘ၀ တစ်လျှောက်လုံး အရွယ် အစား တစ်မျိုး တည်းပဲ ဖြစ်ပေမယ့် နားရွက်နဲ့ နှာခေါင်းတွေ ကတော့ ဘယ်တော့မှ ကြီးထွားမှု မရပ်သွားပါဘူး။
 


-မွေးဖွားချိန်မှာ အရိုး ၃၀၀ ခန့် ရှိပေမယ့် အရွယ်ရောက် လာချိန်မှာ အရိုးတွေက ၂၀၆ ချောင်းပဲ ရှိပါတယ်။
-လူ့ဦးခေါင်းခွံ ကို မတူညီတဲ့ အရိုး ၂၆ ချောင်းနဲ့ ဖွဲ့စည်းထားပါတယ်။
-ဆံပင်တွေက လက်သည်းမှာ ရှိတဲ့ တူညီတဲ့ ဓာတ်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။
 

-နှာချေလိုက်တဲ့ အခါ လူ့ ခန္ဓာကိုယ် တစ်ခုလုံး ရဲ့  လုပ်ငန်းဆောင်တာ ရပ်သွားပါတယ်။
-လျှာဟာ လူ့ ခန္ဓာကိုယ် မှာ အသန်စွမ်းဆုံး ကြွက်သားတွေပါ။
 
ယေဘုယျ အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ခြောက်ကြိမ် ဆီးသွားလေ့ ရှိပါတယ်။
အစာတွေ က ပါးစပ်ကနေ အစာအိမ် ဆီသို့ရောက်ရှိဖို့ အချိန် ခုနစ် စက္ကန့်ကြာပါတယ်။
ကလေးတွေ မှာ လူကြီးတွေထက် အရသာခံ အဖု ပိုရှိပါတယ်။
နှာချေလိုက်တဲ့ အခါ လေဟာ တစ်နာရီ ၁၀၀မိုင်နှုန်းနဲ့ ပံျ့နှံ့ သွားပါတယ်။

 

Crd .. . Swe Sone Media  


No comments:

Post a Comment