21 September 2013

ကြက်ဥ အများကြီး စားသုံးသင့်သလား



ကြက်ဥ ကို စားသုံးခြင်းဖြင့် ကိုလက်စထရော တက်သည်မှာ မှန် သော်လည်း အရက်နှင့်  အခြား အကြောင်း များကြောင့် ဝိတ်တက် ခြင်း က ပို၍အရေးကြီးသည်။ 

ယခု ခေတ်မူ အစား အသောက်နှင့် ဝိတ် ချသူများအဖို့ Cardiovascular ကျန်းမာရေး အတွက် ကောင်းစွာ ထိန်း သိမ်းထားနိုင်ပြီး သွေးကြော အတွင်း အဆီဓာတ် Level ကိုလည်း ထိန်းသိမ်းထားရန် လိုကြောင်း သိရှိ နားလည်လာကြသည်။

 ကြက်ဥ အချို့စားသုံး ၍ ကိုလက်စထရော Level တက်ပြီး သွေးအတွင်း မပျော်ဝင် ဆီများဖြစ်ပေါ်ခြင်း နည်း ပါး၏။
 ကြက်ဥ တစ်ဥ တွင် (၁.၂) ဂရမ်မျှလောက်သော မပျော်ဝင် ဆီ ပါဝင်ပြီး အလွန် အကျွံ မဟုတ်သော ပမာဏ မျှသာ ပါဝင်သည်။

မည်သို့ပင်ဖြစ်စေ cardio vascular style အတွက် ဖြစ်နိုင်ချေ ရှိသော အကျိုးဆက် များကြောင့် ကြက်ဥ များစွာ စားသုံးဖို့ ရှောင်ကြဉ် သင့်သည်။ 



 မိမိ ၏ ခန္ဓာကိုယ် ဝိတ် အခြေအနေ ကိုကြည့်ပြီး အတိုင်း အချင့်နှင့် စားသင့်သည်။ 

ဝက်ပေါင် ခြောက်၊ အနီရောင် အသားများ၊ ထောပတ်နှင့် အခြား မပျော်ဝင် ဆီ မြင့်မားစွာ ပါဝင်သည့် အစားအစာ များစား သုံးတတ်သူဖြစ်ပါ က ပို၍ ထိန်းသိမ်း စားသုံး သင့်သည်။
 
ကြက်ဥ တွင် ပရိုတိန်း၊ ဗီတာမင်D၊ ဗီတာမင် A ၊ ဗီတာမင် B2 နှင့် အိုင်အိုဒင်း တို့ ပါဝင်ပြီး တစ်နေ့လျှင် အနည်းငယ် စားပါက အကျိုးဖြစ်စေ သည်။ 

သို့သော် သွေးတွင်း ကိုလက် စထရော များသူတို့တွင် hyper- cholesterolemia ကို ဖြစ်စေတတ် သည်။ အကယ်၍ ကိုလက်စထရော အတွက် ပူပင် ပါက ကြက်ဥ အကာကို စားသုံးနိုင်သည်။


From...Tech Milo


No comments:

Post a Comment