23 September 2013

မြန်မာနိုင်ငံ ၏ သမ္မတ များ





 ၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ လေသည်။ သမ္မတ တာဝန် ကို (၄.၁.၁၉၄၈) မှ (၁၆.၃.၁၉၅၂) ထိ ထမ်းဆောင်ခဲ့
သည်။ 

စ၀်ရွှေသိုက် ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊ အမိ ဒေါ်စ၀်နန်းဆာ တို့မှ ဖွားမြင်သည်။ ငယ်အမည် မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်း တိုင်းရင်းသား ဖြစ်လေ သည်။ 

၁၉၃၇ခု၊ ဇွန်လ တွင် မြောက်ပိုင်း သိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ် ခဲ့ပြီး သားသမီး ၁၁ယောက် ထွန်းကား ခဲ့သည်။ စ၀်ရွှေသိုက် သည် (၂၁.၁၁.၁၉၆၂) အသက် ၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။


၂။ဒေါက်တာ ဘဦး(၁၈၈၇-၁၉၆၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ သည်။ သမ္မတ တာဝန် ကို (၁၆.၃.၁၉၅၂) မှ (၁၃.၃.၁၉၅၇) ထိ ထမ်းဆောင်ခဲ့ လေသည်။


 ဒေါက်တာဘဦး ကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့ ဧရာဝတီတိုင်း။ ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊ အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့ သည်။မွေးချင်း ကိုးယောက် အနက် အကြီးဆုံး သားဖြစ်သည်။ 

ဘိုးဘေး များမှာ မင်းမျိုး မင်းနွ ယ်ဖြစ်ေ လ သည်။ ၁၉၁၃ခု တွင် ဒေါ်ငြိမ်းငြိမ်းနှ င့်လက် ထပ်ပြီး သား ၂ယောက် ထွန်းကား ခဲ့သည်။ ၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့်ကွယ်လွန်ပြီးနောက် ၁၉၂၃ တွင် ဒေါ်အေးနှင့်လက်ထပ် ခဲ့ရာ သားသမီး ၅ယောက် ထွန်းကားခဲ့သည်။

 ဒေါက်တာဘဦး သည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ် တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။


 


 ၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ တတိယမြောက် သမ္မတ ဖြစ်လေ သည်။ သမ္မတ တာဝန် ကို (၁၃.၃.၁၉၅၇) မှ (၂.၃.၁၉၆၂) ထိ ထမ်းဆောင်ခဲ့သည်။ 


ဦးဝင်းမောင် ကို ၁၉၁၆ခု၊ ဧပြီလ၊ ၁၇ရက် တနင်္လာနေ့ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ် ရွာတွင် အဖ ဦးရွှေရင်၊ အမိဒေါ်သာယာ တို့မှ ဖွားမြင်ခဲ့သည်။ ကရင် တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင် ဟု ထင်ရှားလေသည်။ 

၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ် ကာ သား သမီး ၆ယောက် ထွန်းကား ခဲ့သည်။ မန်းဝင်းမောင် သည် (၄.၇.၁၉၈၉) အသက် ၇၃နှစ် တွင် ကွယ်လွန် ခဲ့သည်။
 




၎။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေ သည်။ သမ္မတ တာဝန် ကို (၂.၃.၁၉၇၄) မှ (၉.၁၁.၁၉၈၁) ထိ ထမ်းဆောင် ခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။
 

ဦးနေ၀င်းကို ၁၉၁၁ခု ၊မေလ၊ ၂၄ရက်၊ ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့ တွင် အဖ ဦးဖိုးခ ၊အမိဒေါ်မိလေး တို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။
 

ငယ်အမည် မှာ မောင်ရှုမောင်ဖြစ်သည်။ ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထပ် ကာ သား၁ယောက်၊ ဒုတိယ ဒေါ်တင်တင်နှင့်လက်ထပ် ကာ သား၂ယောက်၊ တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထပ်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။ 

၁၉၇၂ခုတွင် ဒေါ်ခင်မေသန်း ကွယ်လွန်ပြီး ၁၉၇၃ ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထပ် ခဲ့သည်။ထို့နောက် ၁၉၇၆ ခုတွင် ကနောင်မင်း ၏ အနွယ်တော် ရတနာ နတ်မယ်နှင့်လက်ထပ် ပြီး ငါးလ သာ ပေါင်းသင်းနေ ထိုင်ခဲ့သည်။

ဦးနေ၀င်း သည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ် တွင် ကွယ်လွန်ခဲ့သည်။
 




၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ သည်။ သမ္မတ တာဝန် ကို (၉.၁၁.၁၉၈၁) မှ (၂၅.၇.၁၉၈၈) ထိ ထမ်းဆောင်ခဲ့သည်။ 


ဦးစန်းယု ကို ၁၉၁၈ခု၊ မတ်လ၊ ၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့ တွင် အဖ ဦးစံဖေ၊ အမိဒေါ်ရွှေလဲ့ တို့မှ ဖွားမြင်လေသည်။ 

၁၉၄၇ ခုတွင် အင်းစိန် အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထပ် ခဲ့ပြီး သမီး၎ယောက် ထွန်းကား ခဲ့သည်။ ဦးစန်းယု သည် (၂၈.၁.၁၉၉၆) အသက် ၇၈နှစ်တွင် ကွယ်လွန် ခဲ့သည်။




၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ သည်။ သမ္မတ တာဝန် ကို (၂၅.၇.၁၉၈၈) မှ (၁၂.၈.၁၉၈၈) ထိ ထမ်းဆောင်ခဲ့ သည်။ 


ဦးစိန်လွင်ကို ၁၉၂၄ခု၊ ဇန်န၀ါရီလ၊ ၂၇ရက်၊ တနင်္ဂနွေနေ့၊ ပေါင်မြို့တွင် အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင် တင်လှိုင်နှင့်လက်ထပ်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။ ဦးစိန်လွင် သည် (၉.၄.၂၀၀၄) အသက် ၈၁နှစ် တွင် ကွယ်လွန်ခဲ့သည်။



၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ သတ္တမမြောက် သမ္မတ ဖြစ်လေ သည်။ သမ္မတ တာဝန် ကို (၁၉.၈.၁၉၈၈) မှ (၁၈.၉.၁၉၈၈) ထိ ထမ်းဆောင်ခဲ့ သည်။ 


 ဒေါက်တာမောင်မောင် ကို ၁၉၂၅ခု၊ ဇန်န၀ါရီလ၊ ၃၁ရက်၊ စနေနေ့၊ မန္တလေးမြို့ တွင် အဖဦးဆင့်၊ အမိ ဒေါ်အေးတင် တို့မှဖွားမြင်လေသည်။
 

 မွေးချင်း အနက် တစ်ဦးတည်းသော သားဖြစ်သည်။ ၁၉၄၇ခုတွင် ဒေါ်ခင်မြင့် နှင့်လက်ထပ်ခဲ့ရာမှ သားသမီး ၇ယောက် ထွန်းကားခဲ့သည်။  ဒေါက်တာ မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန် ခဲ့သည်။
 




၈။ဦးသိန်းစိန်(၁၉၄၅)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး ရွေးချယ်ခံရသော သမ္မတဖြစ်သည်။ (၄.၂.၂၀၁၁)တွင် သမ္မတ တာဝန် ကို ထမ်းဆောင် ရသည်။ 


ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာ တွင် အဖ ဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့် တို့မှ ဖွားမြင်လေသည်။ ဦးသိန်းစိန် မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထပ်ပြီး
သားသမီး ၃ယောက် ထွန်းကားလေသည်။ ယခုအခါ နေပြည်တော်ရှိ နိုင်ငံ တော် သမ္မတ အိမ်တော် တွင် နေထိုင်လျက် ရှိသည်။




Myawady မှ မျှဝေဖေါ်ပြသည်


No comments:

Post a Comment