20 September 2013

“ အပါယ်ဘုံ၌တဝဲလည်လည်ဖြစ်ရသည့်အကြောင်း ”


“ အပါယ်ဘုံ၌တဝဲလည်လည်ဖြစ်ရသည့်အကြောင်း ” ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။  လူဆိုတာ ကိလေသာထူပြောတဲ့ ပုထုဇဉ် ဖြစ်စေဦးတော့ သုဂတိဘုံသား ဖြစ်လို့ ကုသိုလ် အကုသိုလ် ကောင်း မကောင်း လုပ်သင့် မလုပ်သင့် အကြောင်း အကျိုး ဆိုတာတွေကို ချိန်ဆနိုင်တဲ့ ဉဏ်ရှင်ဖြစ်ပါတယ် ဒီလို ဉဏ်ရှင်ဖြစ်ပါလျက်နှင့် အတွင်းကလှုပ်ဆော်နေတဲ့ ကိလေသာရဲ့ဒဏ်ကို တွန်းလှန်နိုင်ဖို့အင်အားမရှိခဲ့ ပါလျင် ကုသိုလ်အကုသိုလ် စသည်တို့ ကို ခွဲခြားမသိနိုင်တဲ့ အပါယ်ဘုံရောက်တဲ့အခါ ဘယ်လိုလုပ်ပြီး ကိလေသာရဲ့ ဒဏ်ကိုတွန်းလှန်နိုင်ပါတော့ မလဲ ဒါကြေင့်မျက်စ်အောက်မှာ မြင်နေရတဲ့ ခွေး ကြောင် ကြက် ဝက် စသည်တို့ရဲ့ဘဝကိုသုံးသပ်ပြီး ကြည့်ကြစမ်းပါ /  ထိုထိုသတ္တဝါတွေမှာ ကုသိုလ်အကုသိုလ်ကောင်း မကောင်း အကြောင်းအကျိုးဆိုတာတွေကို ဘယ်လိုမှမသိတတ်ရှာကြ တော့ဘူး ကုသိုလ် အကုသိုလ် စသည်တို့ ကိုပိုင်းခြားသိနိုင်တဲ့ သုဂတိဘုံသားလူသားများ တောင် ကိလေသာလှုပ်ဆော် ဒဏ်မခံနိုင်ပါလျင် အပါယ်ဘုံသားတွေဟာ ကိလေသာလှုပ်ဆော်တဲ့ဒဏ်ဘယ်ခံနိုင်ပါ့မလဲ ဒါကြောင့်အပါယ်ဘုံသားတွေ ဟာ လောဘဖြစ်လာလျင် လောဘကိုမချုပ်တီးတတ်ဘူး ဒေါသဖြစ်လာလျင် ဒေါသကိုမချုပ်တီးတတ်ဘူး ဖြစ်ပေါ်လာတဲ့လောဘဒေါသ အလျောက် အကုသိုလ်အမှု့ တွေကို စိတ်ပါလက်ပါလိုက်စား ပြုကျင့်တော့တာပါပဲ  လူ့ ဘဝတုန်းက အနည်းငယ်မျှသော မကောင်းမှု့ ကံကိုပြုမိလို့ အပါယ်ကိုကျရတယ် ယခုအပါယ်ဘဝရောက်ပြန် တော့ အားကြီးသောမကောင်းမှု့ကံ တွေကို ထပ်ပြန်တလဲလဲပြုမိပြန် တယ် အဲဒီမကောင်းမှု့ဒဏ်ရဲ့ ကံတွေကြောင့် ဒီအပါယ်ဘုံသားသတ္တဝါတွေဟာ ဘယ်တော့များလူ့ ဘဝ ကိုပြန်ပေါ်လာဖို့ ရှိပါတော့မလဲ ဒါကြောင့်ဆရာများက အနည်းငယ်သောအကုသိုလ် ကံကြောင့်အပါယ်ရောက်ရ တယ် အပါယ်ဘဝရောက်ပြန် တော့ ကြီးမားတဲ့အကုသိုလ် ကံကိုထပ်ပြုမိပြန်တယ် ထိုအကုသိုလ်ကံကြောင့် အပါယ်ဘဝမှမထနိုင်တော့ဘဲ အပါယ်ဘုံထဲမှာပင် တဝဲလည် လည်ဖြစ်နေကြရတော့တယ်  ( ဥပရိပဏ္ဏာသပါဠိတော်၊ သုညတဝဂ်၊ဗာလပဏ္ဍိတသုတ်၊ တည်တော်ဆရာတော် )  _____________________________________  ဗောဓိမြိုင်သစ္စာရွှေပြည်ကျောင်းတိုက် ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ (ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

လူဆိုတာ ကိလေသာထူပြောတဲ့ ပုထုဇဉ်
ဖြစ်စေဦးတော့ သုဂတိဘုံသား
ဖြစ်လို့ ကုသိုလ် အကုသိုလ်
ကောင်း မကောင်း လုပ်သင့်
မလုပ်သင့် အကြောင်း အကျိုး
ဆိုတာတွေကို ချိန်ဆနိုင်တဲ့
ဉဏ်ရှင်ဖြစ်ပါတယ် ဒီလို
ဉဏ်ရှင်ဖြစ်ပါလျက်နှင့်
 
အတွင်းကလှုပ်ဆော်နေတဲ့
ကိလေသာရဲ့ဒဏ်ကို
တွန်းလှန်နိုင်ဖို့အင်အားမရှိခဲ
ပါလျင် ကုသိုလ်အကုသိုလ်
စသည်တို့ ကို ခွဲခြားမသိနိုင်တဲ့
အပါယ်ဘုံရောက်တဲ့အခါ
ဘယ်လိုလုပ်ပြီး ကိလေသာရဲ့
ဒဏ်ကိုတွန်းလှန်နိုင်ပါတော့
မလဲ ဒါကြေင့်မျက်စ်အောက်မှာ
မြင်နေရတဲ့ ခွေး ကြောင် ကြက်
ဝက် စသည်တို့ရဲ့ဘဝကိုသုံးသပ်ပြီး
ကြည့်ကြစမ်းပါ /

ထိုထိုသတ္တဝါတွေမှာ ကုသိုလ်အကုသိုလ်ကောင်း
မကောင်း အကြောင်းအကျိုးဆိုတာတွေကို
ဘယ်လိုမှမသိတတ်ရှာကြ
တော့ဘူး ကုသိုလ် အကုသိုလ်
စသည်တို့ ကိုပိုင်းခြားသိနိုင်တဲ့
သုဂတိဘုံသားလူသားများ
တောင် ကိလေသာလှုပ်ဆော်
ဒဏ်မခံနိုင်ပါလျင် အပါယ်ဘုံသားတွေဟာ ကိလေသာလှုပ်ဆော်တဲ့ဒဏ်ဘယ်ခံနိုင်ပါ့မလဲ
ဒါကြောင့်အပါယ်ဘုံသားတွေ
ဟာ လောဘဖြစ်လာလျင်
လောဘကိုမချုပ်တီးတတ်ဘူး
ဒေါသဖြစ်လာလျင်
ဒေါသကိုမချုပ်တီးတတ်ဘူး
ဖြစ်ပေါ်လာတဲ့လောဘဒေါသ
အလျောက် အကုသိုလ်အမှု့
တွေကို စိတ်ပါလက်ပါလိုက်စား
ပြုကျင့်တော့တာပါပဲ

လူ့ ဘဝတုန်းက အနည်းငယ်မျှသော မကောင်းမှု့
ကံကိုပြုမိလို့ အပါယ်ကိုကျရတယ် ယခုအပါယ်ဘဝရောက်ပြန်
တော့ အားကြီးသောမကောင်းမှု့ကံ
တွေကို ထပ်ပြန်တလဲလဲပြုမိပြန်
တယ် အဲဒီမကောင်းမှု့ဒဏ်ရဲ့
ကံတွေကြောင့် ဒီအပါယ်ဘုံသားသတ္တဝါတွေဟာ
ဘယ်တော့များလူ့ ဘဝ
ကိုပြန်ပေါ်လာဖို့ ရှိပါတော့မလဲ
ဒါကြောင့်ဆရာများက
အနည်းငယ်သောအကုသိုလ်
ကံကြောင့်အပါယ်ရောက်ရ
တယ် အပါယ်ဘဝရောက်ပြန်
တော့ ကြီးမားတဲ့အကုသိုလ်
ကံကိုထပ်ပြုမိပြန်တယ်
ထိုအကုသိုလ်ကံကြောင့်
အပါယ်ဘဝမှမထနိုင်တော့ဘဲ
အပါယ်ဘုံထဲမှာပင် တဝဲလည်
လည်ဖြစ်နေကြရတော့တယ် ။

( ဥပရိပဏ္ဏာသပါဠိတော်၊ သုညတဝဂ်၊ဗာလပဏ္ဍိတသုတ်၊ တည်တော်ဆရာတော် )

_____________________________________

ဗောဓိမြိုင်သစ္စာရွှေပြည်ကျောင်းတိုက် ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
From...Facebook

No comments:

Post a Comment