19 September 2013

မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား စွမ်းအင် ကို လက်နက် ထုတ်လုပ်ရန် အတွက် မဟုတ်ဘဲ ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ရည်ရွယ် ထားကြောင်း







မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား စွမ်းအင် ကို လက်နက် ထုတ်လုပ်ရန် အတွက် မဟုတ်ဘဲ ငြိမ်းချမ်းစွာ အသုံးပြုရန် သာ ရည်ရွယ် ထားကြောင်း သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ ရှိ နိုင်ငံတကာ အဏုမြူ စွမ်းအား အေဂျင် စီ (IAEA) ရုံးချုပ် တွင် ကျင်းပသည့် အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင် က ပြောကြား သည်။ 
အစည်းအဝေးတွင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် က မိန့်ခွန်း ပြောကြား ရာ၌ အဆိုပါ အချက်ကို ထည့်သွင်း ပြောကြားခြင်းဖြစ်ပြီး ထိုကဲ့သို့ ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး အတွက် မြန်မာနိုင်ငံ ကို အကူ အညီ ပေးကြမည် ဟု မျော်လင့်ကြောင်းလည်း ပြောကြား သည်။
 ''မြန်မာနိုင်ငံ အနေနဲ့ နျူကလီးယား လက်နက် မပြန့်ပွားရေး နဲ့ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးကို ဦးတည်ချက် ထားပါတယ်။ အဲဒီ အတွက် အခုလို အကူအညီတွေ နဲ့ ပူးပေါင်းဆောင်ရွက် မှုတွေလည်း အနာ ဂတ်မှာ ဆက်လက်ရှိနေ လိမ့်မယ် လို့ ကျွန်တော် အသေအချာ မျှော်လင့်ပါတယ်'' ဟု ဦးဝဏ္ဏမောင်လွင် က မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။ 

ထို့ပြင် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား စွမ်းအင် ကို လက်နက် အဖြစ် အသုံးပြု ခင်း ကို ဆန့်ကျင်ကြောင်းနှင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေး ၊ နျူကလီးယား လက်နက် မပြန့် ပွားရေး တို့ တွင် လည်း မြန်မာနိုင်ငံ အနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင် ရွက်လျက် ရှိကြောင်း ဆက် လက် ပြောကြားသည်။

 ''နျူကလီးယား လက်နက်တွေ နဲ့ အဖျက်စွမ်းအား ကြီးမား တဲ့ လက်နက်တွေ ဟာ လူသား မျိုးနွယ် တည်ရှိနိုင် မှုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ အရာ များ ဖြစ်တယ် လို့ မြန်မာနိုင်ငံ အနေနဲ့ ယူဆပါတယ်။ အဲဒီအတွက် နျူကလီးယား လက်နက် ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးတို့မှာ မြန်မာနိုင်ငံ က ပူးပေါင်းဆောင် ရွက် လျက် ရှိပါတယ်။ နျူကလီးယား လက်နက် ဖျက်သိမ်း ရေးဟာ မြန်မာနိုင်ငံ အတွက် အဓိက ဦးစားပေး ပဲ ဖြစ်ပါတယ်။ 
ဒီအတွက် လည်း နျူကလီးယား လက်နက် ဖျက်သိမ်းရေး နဲ့ မပြန့်ပွားရေး အဖွဲ့များ မှာ မြန်မာ က တက်ကြွ စွာ ပါဝင် လုပ်ဆောင်လျက် ရှိပါတယ်'' ဟု နျူကလီးယား လက်နက် အသုံးပြုရန် ရည်ရွယ် ချက် မရှိကြောင်းနှင့် ပတ်သက်၍ ၎င်းက ထည့်သွင်း ပြောကြားသည် ။ 

 နျူကလီးယား စွမ်းအင် ဆိုင်ရာ လုံခြုံစိတ်ချရမှု လုပ်ထုံး လုပ်နည်း များနှင့် ပတ်သက်၍ လည်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ တို့ သဘောတူညီချက် ရရှိ ခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် လုံခြုံစိတ်ချ ရမှု လုပ်ထုံး လုပ်နည်းများနှင့် ကိုက် ညီအောင် ပြင် ဆင်ဆောင်ရွက်မည် ဖြစ်ကြောင်း လည်း ဦးဝဏ္ဏမောင်လွင် က ထည့်သွင်း ပြောကြားသည်။
''ပြင်ဆင်ဆောင်ရွက်မှု တွေထဲမှာ ငြိမ်းချမ်းစွာ အသုံးပြုရေး အတွက် ဥပဒေရေးဆွဲခြင်း နဲ့ နျူကလီးယား ထိန်းသိမ်း ကိုင်တွယ်မယ့် အဖွဲ့အစည်း လည်း ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ အားလုံးပြင်ဆင်ပြီးပြီ ဆိုရင် IAEA အဖွဲ့ကို အကြောင်းကြားမှာပါ'' ဟု ပြင်ဆင်မှု များနှင့် ပတ်သက်၍ ပြောကြားသည်။

စစ်အစိုးရ လက်ထက် တွင် နျူကလီးယား လက်နက် များ တည် ဆောက်ရန် ကြိုးပမ်းနေသည်ဟု ယူဆ ရသော သံသယ များကို ရှင်းလင်းနိုင်ရန် အတွက် မြန်မာနိုင်ငံ တွင် အသေးစိတ် စစ်ဆေးမှု များ ပြုလုပ်နိုင် မည့် သဘောတူညီချက် ကို အင်္ဂါနေ့ တွင် IAEA ရုံးချုပ်၌ IAEA အကြီးအကဲ Yukiya Amano နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့ လက်မှတ်ရေးထိုး ခဲ့ကြ သည်။ 
စစ်တပ်က နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံ တွင် ယခင် စစ်အစိုးရ လက်ထက် ၌ မြောက် ကိုရီးယားနှင့် ပူးပေါင်း ၍ နျူကလီးယား လက်နက်များ တည်ဆောက် ရန် ကြိုးပမ်းခဲ့သည် ဟူသော စွပ်စွဲချက် များ ထွက်ပေါ်ခဲ့ဖူးသည်။ 

ယခုသဘော တူညီချက် အရ နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ(IAEA)မှ စစ်ဆေးရေး အရာရှိ များ သည် မြန်မာနိုင်ငံ ရှိ နျူကလီးယား ထုတ်လုပ်ရန် ကြိုးစားနေသည် ဟု ယူဆရသော စက်ရုံများ အပေါ် စစ်ဆေးကြည့်ရှု ခွင့် ရမည်ဖြစ်သည်။

 ပြည်တွင်းသတင်း(ပြည်ပမီဒီယာ)
Eleven Media Group                
Today Myanmar မှ မျှဝေဖေါ်ပြသည်

No comments:

Post a Comment