14 September 2013

တောင်ကိုရီးယား မှာ ဘာကြောင့် ဗေဒင် ဆရာတွေ များလာ...



ယနေ့ခေတ် မှာ ဗေဒင် ပညာကို ယုံကြည်မှုတွေ များပြားလာနေ ပါတယ်။ မြန်မာတွေ သာ ဗေဒင်ယုံ ကြည် တာ မဟုတ်ပါ။ တောင်ကိုရီးယားနိုင်ငံ မှာလည်း ဗေဒင် ကို ယုံနေကြပါတယ်တဲ့။  

 ဓာတ်ပုံ- Reuters

တောင်ကိုရီးယား မှာဆိုရင် ကျောင်းသားမိဘ တွေဟာ သူတိုရဲ့ သားသမီးတွေရဲ့ ပညားရေးအတွက် ကြိုတင် သိရှိ နိုင် အောင်လို့ ဗေဒင်ဆရာနဲ့ တိုင်ပင် မေးကြတာပါလိုရိုက်တာ သတင်းတစ်ပုဒ် မှာ ဆိုပါ တယ်။ 

သူတို့ သားသမီးတွေ တက္ကသိုလ် တက်ရောက်တဲ့အခါမှာ ဘယ်အဓိက ဘာသာရပ်ကို တက်ရောက် သင်ကြားခွင့် ရနိုင် မရနိုင် သိရှိနိုင်ဖို့နဲ့ ကိုယ့်သား၊ သမီးတွေ သက်ဆိုင်ရာ ကောင်းတဲ့ ဘာသာရပ် တက်ရောက်နိုင်အောင် ဗေဒင်ဆရာဆီ မှာ လာရောက်မေးမြန်းကြ တာပါတဲ့။








တောင်ကိုရီးယားမှာ ရှိတဲ့  ကျောင်းသားမိဘ တွေဟာ သူတို့သား သမီးတွေရဲ့ ပညာရေးကို ဦးစားပေး လုပ်ဆောင် ပေး ကြ ပါတယ်။ ပညာရေးနဲ့ ပတ်သက်လာရင်လည်း ပြိုင်ဆိုင်မှုတွေ အလွန်များလွန်းပါ တယ်တဲ့။  

တက္ကသိုလ် တက်ရောက်ခွင့်မရတဲ့ အပေါ်မှာ ကျောင်းသူ ကျောင်းသားတွေဟာ တစ်ခါတရံမှာ ကိုယ့် ကိုယ် သေကြောင်းကြံ မှုတွေလည်း ရှိပါတယ်တဲ့။ ဒါကြောင့် မိဘတွေဟာ သားသမီးတွေရဲ့ ပညားရေး အတွက် ဗေဒင်ဆရာကို အားကိုးလာကြတာပါတဲ့။ 

ဒါကြောင့် တောင်ကိုးရီးယားမှာ ဗေဒင်ပညာရပ်ဟာ ခေတ်စားလာနေတာဖြစ်ပါတယ်တဲ့။ စီးပွားရေး လုပ်ငန်းရှင်တွေကအစ ဗေဒင်ဆရာဆီမှာ လာရောက် မေးမြန်း တိုင်ပင်ကြပါတယ်။ ဗေဒင်ဆရာ ဥာဏ်ပူ 
ဇော်ခ ကတော့ ၁ နာရီကို ကိုရီယား ငွေ ယွမ် ၅ သောင်းမှ ၁ သိန်းထိ ရှိပါ တယ်တဲ့။ 


အမေရိကန်ဒေါ်လာနဲ့ ဆိုရင် တော့ ( ၄၅ ဒေါ်လာကနေ ဒေါ်လာ ၉၀ အထိ) ကုန်ကျပါတယ်တဲ့။ 
ဈေးကွက် ရဲ့ တောင်းဆိုမှုကြောင့် ဗေဒင်ဆရာတွေ ယခုဆိုရင် တောင်ကိုရီးယားနိုင်ငံ မှာ ဗေဒင် ဆရာပေါင်း ၁ သိန်း နီးပါး လောက် ရှိလာပါပြီလို့ ရိုက်တာ သတင်းတစ်ပုဒ်က ဆိုပါတယ်။ 




အိမ့်သံစဉ်
Posted by
From ...Search Myanmar

No comments:

Post a Comment