18 September 2015

Air-con က ကျန်းမာရေး အတွက် ဘယ်လောက် အန္တရာယ် များလဲဆိုတာ


s1



ပူအိုက်ခြင်း မှ ကာကွယ်ပေးနိုင်တာ အရေး မကြီးပါဘူး။ သုတေသီ အများစု အခိုင် အမာပြောဆို ထား တာတော့ air-con ကို အားမကိုးသင့်ဘူး ဆိုတာပါပဲ။ 

Air-con ကို ပုံမှန် မသန့်ရှင်းပေး ပါက ကျန်းမာရေး ကို အန္တရာယ်ဖြစ်စေနိုင် တဲ့ အကျိုးဆက်တွေသာ ရှိပါ တယ်။

Air-con ထဲ မှာ ဘက်တီးရီးယား နဲ့ မိုခရိုအော်ဂင်နီယမ် အမြောက် အများ နေထိုင်ပါတယ်။ သူတို့တွေ ထဲ တခါ တလေမှာ သေစေနိုင်တဲ့ legionella ဘက်တီးရီးယားခေါ် အန္တရာယ် အများဆုံး အရာတွေ ရှိပါတယ်။

အဲဒီ ဘက်တီးရီးယား မှာ ပုံမှန် ထိန်းသိမ်းမှု မလုပ် မထားတဲ့ စက်တွေ မှာ ကြီးထွား ဖွံ့ဖြိုးပြီး မျိုးပွားကြ ပါ တယ်။

 ရောဂါ လက္ခဏာတွေ ဘက်တီးရီးယား ပိုးမွှားများ အားနည်းခြင်း၊ နွမ်းလျခြင်း၊ ကြွက်သား နာကျင်ခြင်း၊ ခန္ဓာကိုယ် အပူချိန် ၃၉ ဒီဂရီထိထက် များနေခြင်း၊ သလိပ် မပျော်ဘဲ ချောင်းဆိုးခြင်း စတာတွေ ဖြစ်တဲ့ အခါ ရောဂါ လက္ခဏာများ ဖြစ်ပေါ်ပါတယ်။


အန္တရာယ် အများဆုံး က အသက်ရှူ  မှု ဆိုင်ရာပြသနာ ရှိသူများ၊ ကလေးငယ် များ၊ နာတာရှည်ရောဂါ၊ အရက်သမား များနဲ့ သက်ကြီး ရွယ်အိုတွေ ဖြစ်ပါတယ်။ 

ဒီရောဂါ ကို အချိန်မီ မသိပါက သေဆုံးမှု နဲ့ အဆုံးသတ်နိုင်ပါတယ်။ ဒါပေမယ့် အချိန် မီ သိရှိမယ် ဆိုရင် ပိုးသတ်ဆေးတွေ နဲ့ အောင်မြင်စွာ ကုသနိုင်ပါတယ်။



Aye Chan Mon
 http://www.searchmyanmar.com/link/frame/cid/54020

No comments:

Post a Comment