23 September 2015

ကမ္ဘာ့ အသက် အငယ်ဆုံး Apple ပရိုဂရမ်မာ


ကိုဝင်းထက်လင်း စည်းလုံးခြင်းအင်အား's photo.


ကမ္ဘာ့ အသက် အငယ်ဆုံး Apple ပရိုဂရမ်မာ ကတော့ စင်္ကာပူနိုင်ငံ က ကလေးငယ် Lim Ding Weng ဖြစ်ပါ တယ်။ သူ့ အသက် ၉ နှစ် အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ ပါတယ်။
 
သူဟာ အသက် ၇ နှစ်အရွယ် ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချ ခဲ့သူ ဖြစ်ပါ တယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း iTune စတိုး မှာ ဒေါင်းလုခ် ဆွဲမှု အကြိမ်ပေါင်း ၈သိန်း ၈သောင်း ကျော်လွန် ခဲ့ပါတယ်။ 

ယင်း App ကို စတင် ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်း က ထုတ်တဲ့ Apple IIGS ကွန်ပျူတာ နဲ့ ပြုလုပ် ခဲ့ တာ ဖြစ်ပါတယ်။ 

ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန် က CNN ရုပ်သံလိုင်းမှ လည်း အင်တာဗျူး ခဲ့ပြီး စင်္ကာပူမြို့  ရဲ့  ဂုဏ်ရှိန်ကြီး ရတဲ့ အကြောင်းအရင်း မှာ ယင်း ကလေးငယ် Lim Ding Weng ကို ထည့်သွင်း ခဲ့ပါတယ်။ 


 
Doodle Kids အပြင် Invader War တို့ လို နာမည်ကြီး app နဲ့ အခြား application ပေါင်းများစွာ ကိုလည်း တီထွင်နိုင် ခဲ့ပါတယ်။ လက်ရှိမှာလည်း Invader War 2 ရေးဆွဲ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခု ချိန်မှာတော့ သူဟာ Objective-C, Java, JavaScript နဲ့ ActionScript တို့လို အခြား ဆော့ဖ်ဝဲ/ပရိုဂရမ်များ ကို ကောင်းကောင်း အသုံးချ ၊ရေးဆွဲ တတ်သူ တစ်ဦး ဖြစ်နေပြီလို့ သိရပါတယ်။

မြန်မာပြည်မှာ ဆိုရင်လည်း အသက် ၁၀ နှစ် မပြည့်သေးပဲ ဒိုတာ ဂိမ်းကောင်းကောင်း ဆော့ကစားနိုင်တဲ့ ကလေးငယ် များ၊ ဂျပန် ကာတွန်း ထဲမှာ ဇာတ်ကောင် အားလုံး အလွတ် ရနေသူများ၊ ဂိမ်မာကြီး တို့နဲ့ ယှဉ်ပြိုင်ဆော့ ကစားနိုင်တဲ့ ကလေးငယ် များ၊ PSP ဂိမ်း ကို ဆရာတစ်ဆူ လို ဆော့ကစားနိုင်တဲ့ ကလေးငယ် များ ရှိနေပါတယ်။ 

ယင်းကဲ့သို့ ငယ်ငယ် ရွယ်ရွယ် နဲ့ အိုင်တီ ဆိုင်ရာ ကုန်ပစ္စည်းများ ကို စိတ်ဝင် စားပြီး ဝါသနာ ပါပါ ကိုင် တွယ်နေတတ် တဲ့ ကလေးငယ် များ ကို သေချာလေ့ ကျင့်သင်ကြားပေးရင်၊ အိုင်တီ နဲ့ ဆက်စပ် ပညာများ သင်ကြားပေးရင် အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ 

စာဖတ်သူ တို့ရဲ့  အသိုင်းအဝိုင်း ထဲမှာ ယခုလို ထူးချွန်တဲ့ ကလေးငယ်များ ရှိရင် လမ်းမှား မရောက်အောင် နည်းပညာ ဆိုင်ရာ အသိ နဲ့ ပညာ များ သင်ကြား လေ့ကျင့်ပေးစေလိုပါတယ်။



စည်းလုံးခြင်းအင်အားမှ

ကိုဝင်းထက်လင်း စည်းလုံးခြင်းအင်အား

No comments:

Post a Comment