18 September 2015

ပိုးမွှား အများဆုံး ရှင်သန်တတ်သည့် ပိုက်ဆံအိတ်


10680_798760126859672_4837870742601820396_n


ပိုက်ဆံ များကို သွင်းလိုက် ထုတ်လိုက် လုပ်နေရသော နေ့စဉ် သုံး ပိုက်ဆံအိတ် တွင် လက်များတွင် ကပ်ပါ လာသော ရောဂါပိုးမွှား များ ကပ်ငြိနေတတ်သည်။

သိပံ္ပပညာရှင် များ ၏ အဆိုအရ ပိုက်ဆံများ အပေါ် တွင် တုပ်ကွေး ရောဂါပိုးမွှား များသည် ပျှမ်းမျှ (၁) နာ ရီ ကြာအောင် ကပ်တွယ် နေတတ်ကြသည် ဟု ဖော်ပြထား သည်။

ရောဂါ ပိုးမွှား အပြင် ဗိုင်းရပ်စ် တို့သည်လည်း နှာခေါင်းပေါက် မှ ထွက်သောနှာရည် မှ တစ်ဆင့် ငွေ စက္ကူ  များပေါ်တွင် (၁၇) ရက် အထိ နေထိုင်နေတတ်ကြသည်။

သို့ဖြစ်၍ မိမိ တို့၏ ပိုက်ဆံ အိတ် များကို (၁) ပတ်လျှင် (၁) ကြိမ် ဆေးကြော သန့်စင်ပါ။ 



မလိုအပ် သည်များ ကို လွှင့်ပစ်ပါ။ ပိုက်ဆံ အိတ် အတွင်း အပြင်ကို antibacteria ဆေးဖြင့် သန့်စင်ပါ။

အသုံးပြုသော ပစ္စည်းများ ဥပမာ.... ကဒ်ပြားဟောင်း တစ်သျှူး စက္ကူ   များ၊ သွားကြားထိုးတံ အစရှိ သည်တို့ကို အပြင် ပတ်ဝန်းကျင် မှ ပိုးမွှားများ ပါမလာစေရန် အိမ်ထဲ သို့ ယူမလာဘဲ စွန့်ပစ်ခဲ့ပါ။



ထူး – Health Updates Journal
 http://www.searchmyanmar.com/link/frame/cid/54020


No comments:

Post a Comment