17 September 2015

ထေရ၀ါဒ အဓိပ္ပါယ် - သီတဂူ ဆရာတော်




Dhamma Wizaya's photo.


၂၀၁၁ ခုနှစ် ဇွန်လ ၂ ရက်နေ့ ည (၉း၃၀) တွင် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ထေရ၀ါဒဓမ္မ အသင်း
သီတဂူ သံဃ၀ိဟာရ ၌ သီတဂူ ဆရာတော် မိန့်ကြားတော်မူသော ထေရ၀ါဒ အဓိပ္ပါယ်
 

Theravada Dhamma Society of Florida
 


 ထေရ၀ါဒ ဆိုတာ Originally maintenance teaching of the Buddha ပဲ။ Nothing changed through 2600 years of the journey နှစ်ပေါင်း ၂၆၀၀ အတွင်း ဘာမှပြောင်းလဲမှု မရှိ ပဲနဲ့ မူရင်း အတိုင်း ထိန်းသိမ်း လာခဲ့တဲ့ ဓမ္မ ကို ထေရ၀ါဒ ဓမ္မ ခေါ်တယ်။
 

ပထမ အဓိပ္ပါယ်က Nothing added new idea into original teaching of the Buddha. မူလ ပိဋကတ် သုံးပုံ ထဲမှာ Idea အသစ်တွေ ဘာမှမ ထည့်ဘူး။
 

 နောက် ဒုတိယ အဓိပ္ပါယ်က Nothing remove any original teaching from the Tipitaka. ပိဋကတ် သုံးပုံ က မူရင်း အဆုံး အမတွေ ဘာမှနှုတ်မပစ်ဘူး။ ဘာမှ ထုတ်ပယ် မပစ်ဘူး။
 

 နောက် တတိယ အဓိပ္ပါယ်က Nothing changed and rewrite, no substitute. အစားထိုးပြောင်းလဲတဲ့ အနေနဲ့ အသစ်ပြန်ရေးတာ ဘာမှ မရှိဘူး။ အဲဒီ အချက် သုံးချက်နဲ့ပြည့်စုံတဲ့ ဓမ္မကို ထေရ၀ါဒ ဓမ္မ ခေါ်တယ်။
 


ထေရ၀ါဒ အသင်းကို တည်ထောင်တဲ့ သူတွေဟာ ထေရ၀ါဒ အကြောင်းကို နားလည် ထား ဘို့ လိုလိမ့် မယ် ။ ထေရ၀ါဒ ဆိုတာဘာလဲ လို့ မေးလာတဲ့ အခါ ဘာမှ မသိရင်တော့ မဖြစ်သေးဘူး။
 

 ထေရ ဆိုတာ Great Elder Disciple of the Buddha. မြတ်စွာ ဘုရား ရဲ့ တပည့်သာဝက မထေရ်ကြီး တွေ ကို ထေရ ခေါ်တယ်၊ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာမောဂ္ဂလာန်တို့၊ ရှင်မဟာကဿ       ပတို့စတဲ့ ဘုရားထံမှာ ရဟန်းဖြစ်ကြတဲ့၊ ဘုရား လက်ထက် က ရဟန္တာ မထေရ်ကြီး တွေကို ထေရ လို့ခေါ်တယ်။ အဲဒီ ထေရ တို့ ရဲ့လမ်းစဉ်ကို လိုက်တဲ့ Tradition ကို Theravada tradition လို့ခေါ်တယ်။
 

 နှစ်ပေါင်း ၂၆၀၀ ကာလ အတွင်းမှာ (၆) ကြိမ် သင်္ဂါယနာ တင်ပြီးပြီ၊ သင်္ဂါယနာ ဆိုတာ Sangha Convention ခေါ် တယ်။ (၆) ကြိမ် လုံးလုံး ဘာလုပ်သလဲ ဆိုရင် အထက် မှာ ပြောခဲ့တဲ့ အချက် သုံးခုနဲ့ အတည်ပြု  ခဲ့တဲ့ ပိဋကတ် သုံးပုံကို Reconfirm ပြုလုပ်တာကို သင်္ဂါယနာ တင်တယ်ခေါ်တယ်။
 


First Sangha Convention ကို three months after death of the Buddha. ပထမ သင်္ဂါယနာ ကို ဘုရား ပရိနိဗ္ဗာန် စံပြီး တဲ့နောက် သုံးလ အကြာ ရာဇဂြိုဟ်ပြည် ဝေဘာရတောင်စောင်း မှာ ကျင်းပ ခဲ့တယ်။ အဲဒီတုန်းက Great supporter က အဇာတသတ် မင်းကြီး။ သူက Sponsor ပေးတယ်ပေါ့။ 

အဲဒီ အစည်းအဝေး မှာ 500 Enlightenment monks were participated. သံဃမဟာနာယက ကတော့ မဟာ ကဿ  ပ။ President သူ တစ်ပါးတည်း လုပ်သွားတယ်။ ရှင် အာနန္ဒာတို့ ရှင်ဥပါလိတို့ က General Secretary တွေ လုပ်သွားကြတယ်။ 

အဲဒီမှာ ဘုရား (၄၅) နှစ် လုံးဟောကြားခဲ့တဲ့ တရားတွေ ကို Systematically organized and compiled the Dhamma whatever the Buddha taught within 45 years. Sutta, Vinaya, Abhidhamma. It has done according to the location, event, person, season, weather etc. အကြောင်းအားလျော်စွာ ဟောတော်မူတဲ့ဒေသနာ မျိုးစုံဟာ Stretched in everywhere, especially North-Eastern part of India မှာ ပြန့်ကျဲပြီးတော့ ကျန်ရစ်ခဲ့တယ်။ 

အဲဒါတွေ ကို Systematically organized and compiled. အမျိုး တူရာ တူရာ ပေါင်းစပ် သွားတာပါပဲ။
(၄၅) နှစ် အတွင်း မှာ မြတ်စွာဘုရား သီတင်းသုံး သွားတာ (၁၄) နေရာ ရှိတယ်။ အဲဒီနေရာတွေမှာ ၀ါဆို ၀ါကပ်တော် မူပြီး နေရာ အနှံ့ လူမျိုးစုံ ကို တရားတွေဟောတော်မူခဲ့တာ။ 


တရားတွေ ဟာ ပြန့်ကျဲပြီး တော့ ကျန်ခဲ့တယ်။ အဲဒါတွေကို စုဆောင်းပြီး သုတ္တန် ကို ဘယ်မှာဟောတယ်၊ ၀ိနည်းကို ဘယ်မှာ ဟောတယ်၊ အဘိဓမ္မာ ကို ဘယ်မှာဟောတယ်၊ ဘယ်သူ့ ကိုဟောတယ်၊ ဘယ်လိုဟော တယ် စသဖြင့် အကန့်လိုက် အကန့်လိုက် Conpile လုပ်တာ ကို သင်္ဂါယနာ တင်တယ်ခေါ်တာပဲ။ 

ပထမအကြိမ် လုပ်ပြီးတော့ နောက် ငါးကြိမ်က ဘာလုပ်တာလဲ ဆိုရင် Reconfirm ပြန်လုပ်တာ။
အဲဒီတော့ ထေရ၀ါဒ ဓမ္မ အသင်းသားတွေ ဟာ ထေရ၀ါဒ ဆိုတာ ဘာလဲလို့သိရအောင် ဒီကနေ့ အကျဉ်းလေးပြောပြခဲ့တာ။ အဲဒါ မှတ်သားထားကြ။ 


“ဗုဒ္ဓလက်ထက်တော် ကာလက ဗုဒ္ဓ ထံမှာ ရဟန်း ဖြစ်ကြသော တပည့်ကြီး များ၏ မူဝါဒ စနစ်ကို ထေရ၀ါဒ ခေါ်တယ်” အဲဒီ မူဝါဒ စနစ် ဟာ ဗုဒ္ဓပရိနိဗ္ဗာန် စံပြီးတဲ့နောက် ပထမအကြိမ် အစည်း အဝေးမှာ...
 

၁။ အသစ် ဘာမှ မထည့်စတမ်း။ We confirm the Dhamma as taught by the lord Buddha himself.
၂။ အဟောင်းတွေ ဘာမှ ထုတ်မပစ်စတမ်း။ Nothing added new idea into Tipitaka.
၃။ ပြောင်းလဲခြင်းဘာမှ မလုပ်စတမ်း။ Nothing removed any original teaching from Tipitaka.
Nothing changed, nothing rewrite as a new style, modern form as Tibet, China, Mongolia, Korea, Japan စသည်ပေါ့။
 

ကြည့်ပါလား သင်္ကန်းတောင် မှ တိဘက် သင်္ကန်း က တစ်မျိုး၊ တရုပ်သင်္ကန်းက တစ်မျိုး၊ မွန်ဂိုးလီးယားက တစ်မျိုး၊ ကိုးရီးယားက တစ်မျိုး၊ ဂျပန်က တစ်မျိုးဖြစ်နေတယ် မဟာယာနတွေ။ ထေရ၀ါဒ က ဒီ တမျိုးတည်းပဲ ဒီပုံစံပဲ။ ထေရ၀ါဒဆိုတာ အဲဒါပါပဲ။ Originally maintenance teaching of the Lord Buddha.
 

ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ က လာရောက်ကြတဲ့ တပည့်တွေ ထေရ၀ါဒ မူကို လိုက်နာကျင့်သုံး တဲ့ အဖွဲ့အစည်း တစ်ဖွဲ့ ကို တည်ထောင်တော့မယ် ဆိုလို့ ရှိရင် မိမိတို့ ကိုယ်တိုင်က လည်း ထေရ၀ါဒ Idea လေးတော့ ခေါင်းထဲထည့်ထားကြ။ 

ဗမာ့ မူ ဗမာ့ စနစ်ကို ဒို့ပြင် မပစ်ဘူး၊ ပြောင်း မပစ်ဘူး၊ ဖျက်သိမ်း မပစ်ဘူး၊ ဒါလေးတော့ ခေါင်းထဲမှာ ထည့် ထားလိုက်ကြ။



 Dhamma Wizaya


No comments:

Post a Comment