30 September 2015

တစ်ကယ့် ဘ၀ထဲ တိုးဝင်လာသည့် ဖေစ့် ဘွတ်ခ် ပေါ်မှ လူမှုပြဿနာ များ



 

တကယ်တမ်း တွင် ပြဿ          နာ ကဘာမျှကြီးကြီး ကျယ်ကျယ် မဟုတ်။ အေမီချို က ၎င်း၏ ခင်ပွန်း ကလေး ပုခက် လွှဲပြီး ဟင်းချက်နေသည့် ဓာတ်ပုံ တစ်ပုံကို သူငယ်ချင်းများ ကိုပြချင် သည့်စိတ်၊ အိမ် အလုပ်များ ကူ လုပ်ပေး သည့် ခင်ပွန်းဖြစ်သူ ကို ကြွားဝါချင် စိတ်ဖြင့်သာ ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာပေါ် တင် လိုက်ခြင်းဖြစ်ပါသည်။ 

သို့သော် အေမီချိုမေ့လျော့နေသည့် အချက်ကား ၎င်း၏ များပြားလှစွာသောဖေ့စ်ဘွတ်ခ် သူငယ်ချင်းများ ထဲ တွင် ၎င်း၏ယောက္ခမကြီး လည်း ပါဝင်နေသည် ဆိုသည့် အချက်ဖြစ်သည်။ ပြဿ    နာကား အေမီချို တင် ထားသော ဓာတ်ပုံအောက် မှာ ယောက္ခမကြီး က အောက်ပါ အတိုင်း ကွန်မန့် (ခေါ်) မှတ်ချက် တစ်ခုရေး ရာ မှ စတင်တော့သည်။

‘ယောက်ျား ကို  အိမ်အလုပ်တွေ မတရား ခိုင်းတာ  အမျိုးကောင်း သမီး မဟုတ်ဘူး’

ထို မှတ်ချက်ကို ဖတ်လိုက် ရသော အခါ အေမီချို သွေးဆူ သွားသည်။ အေမီချို့ ထက် ပို သွေးဆူသည် ကား အေမီချို ၏ ဖေ့စ်ဘွတ်ခ် သူငယ်ချင်း ထဲမှာ ရှိနေသည့် မိခင်ဖြစ်ပါသည်။ 


၎င်းက ဖေ့စ်ဘွတ်ခ် ဓာတ်ပုံအောက် က အေမီချို  ၏ယောက္ခမ မှတ်ချက် ကိုမြင်နေရသည်။   ခမည်း ခမက်တော် သူက သမီး ကို အမျိုးကောင်း သမီးမဟုတ်ဟု ဆိုသော စကားက သူ့ကိုပါ တိုက်ရိုက် သက်ရောက်နေ သည်မဟုတ်ပါလား။ 


 ဖေ့စ်ဘွတ်ခ်ပေါ် တွင် ခမည်း ခမက် များ အပြန် အလှန် စကားစစ်ပွဲနွှဲကြ ၏။ သူ့ဘက် ကိုယ့်ဘက် အမျိုးများ၊ မိတ်ဆွေများ က လိုက်ခ် (like) များနှိပ်ကာ အားပေးကြ၏။ ကွန်မန့် မှတ်ချက်ပေါင်း ၂၀ကျော် အပြန် အလှန်ရေး အပြီးမှာတော့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဘလော့ဂ်ပြီး ပွဲသိမ်းလိုက်ကြ၏။ အပြင်မှာ လည်း တစ်ယောက်နှင့် တစ်ယောက် စကားမပြောကြတော့။




အေမီချိုတို့ သားအမိသာ မဟုတ်၊ မြန်မာနိုင်ငံ တွင်ဖေ့စ်ဘွတ်ခ်ပေါ်လာပြီး ကတည်းက သတင်း ၊ ဖျော်ဖြေရေး၊ လူမှုရေး၊ ပညာရေးများ အတွက် အကျိုးရှိ စွာအသုံးချနေကြသူများ ရှိသလို အပြင်မှာ ဘာမှ မဖြစ် ဘဲ ဖေ့စ်ဘွတ်ခ်ပေါ်လာ ခါမှ အငြင်းပွား ပြဿ        နာများတက်ကာ မခေါ်နိုင် မပြောနိုင်သူများ အများကြီး ရှိလာပါသည်။ ထို့အတူ နေ့စဉ် ဘဝ မှာဖေ့စ်ဘွတ်ခ် အတွက် အတော်များများ အချိန်ပေးလာသူတွေလည်း အများအပြား တိုးလာနေပါသည်။

၂၀၁၅ ဇန်နဝါရီ ၂၇ ရက်က ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက် နှာ တစ်နာရီလောက်ပြတ်တောက် သွားခဲ့ ရာတွင် မြန်မာနိုင်ငံ မှ သုံးစွဲသူများ အပါအ၀င် နိုင်ငံအများ အပြားက ဖေ့စ်ဘွတ်ခ် ပရိသတ် များ ပွက်လော ရိုက်ဆူညံသွားခဲ့သည်။

သည်အရာက သိပ်တော့ ထူး ဆန်းသည့် အချက် မဟုတ်။ Forbes မဂ္ဂဇင်း ၏ပြောကြားချက် အရ ဖေ့စ် ဘွတ်ခ် သည် ကမ္ဘာပေါ်မှ လူများ အတွက် အကြီးဆုံး လူမှုရေး ကွန်ရက် အင်တာနက် စာမျက်နှာ တစ်ခုဖြစ် လာပြီဟုဆိုပါသည်။ 


သို့သော် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ် က အခြားနိုင်ငံ များနှင့်ယှဉ် ပါက ကမ္ဘာပေါ်တွင် ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာ သုံးစွဲသူ  အနည်း ဆုံးနိုင်ငံများ ၌ ရှိနေပါသေးသည်။

လက်ရှိပြုစု ထားသည့် စာရင်းများ အရ မြန်မာနိုင်ငံ တွင် ဖေ့စ်ဘွတ်ခ် သုံးစွဲသည့် အရေအတွက် မှာ လေး သန်း နီးပါးရှိနေပြီဖြစ်သည်။

ဖေ့စ်ဘွတ်ခ် ၏ တရားဝင် ထုတ်ပြန်ချက် များ အရ တစ်ကမ္ဘာလုံး တွင် အသုံးပြုသူ လူပေါင်း သန်း တစ်ထောင့်နှစ် ရာ အထိပင် ရှိသည်ဟု ဆိုပါသည်။ 


 
 ဖေ့စ်ဘွတ်ခ် ကို အရွယ်စုံ၊ လူမျိုးစုံ အသုံးပြုလာကြပြီး သုံးသူများ ထဲမှာ အမေရိ ကန်နိုင်ငံ ကယ်လီ ဖိုးနီး ယားပြည်နယ် တွင်နေသည့် အသက် (၁၀၇)နှစ် ရှိနေသည့် အဘွား တစ်ဦးပင် ပါဝင်သည်။ ကမ္ဘာမှာ အသက် အကြီးဆုံးဖေ့စ်ဘွတ်ခ် သုံးစွဲသူ ဟုပြောကြသည့် အဆိုပါ အဘွား၏ အမည်မှာ အက်ဒီသီကီရာ မိုင်ရာ (EdytheKirchmaier) ဖြစ်ပြီး ၎င်းက ချီကာဂို တက္ကသိုလ်မှ ကျောင်းသူဟောင်း တစ်ဦးဖြစ်ပါသည်။ အသက်ကြီးသူ ဆိုသော်လည်း ခေသူတော့ မဟုတ်။

၎င်း ၏ဖေ့စ်ဘွတ်ခ် စာမျက်နှာ ၌ သူတင်သမျှ ကို ပုံမှန် လာဖတ် သူပေါင်း ငါးသောင်းကျော် ရှိသည်ဟု သိရ၏။ ထိုကဲ့သို့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေ က လူကြီး ကနေ ကလေး အထိ အရွယ်စုံ ကဲ့သို့ ဖြစ် လာသောပြဿ      နာများ ကလည်း နေရာ မျိုးစုံ၊ ပုံစံ မျိုးစုံ ဒုနှင့်ဒေးဖြစ်လာပါသည်။ 


ရန်ကုန် ကအေမီချို တို့ လို မိသားစုပြဿ        နာတင်မက နိုင်ငံရေး၊ စီးပွားရေး ပြဿ           နာများအထိပင် ပါဝင် ပါသည်။

ထိုအထဲတွင် မြောက်ပိုင်း အင်္ဂလန် မှ အသက် (၁၄)နှစ် အရွယ်ကျောင်းသားလေးဂျော်ဒန် ဖို့ဒ် ဆိုသူမှာ ဖေ့စ်ဘွတ်ခ်ကြောင့် အထက်တန်းကျောင်း ကနေပါ ထွက်ခဲ့ရသည် အထိ ပြဿ          နာ တက်ခဲ့ရ သည်။ ဂျော်ဒန်ဖို့ဒ် က ဆယ်ကျော်သက် ပီပီ ခေါင်းကို ဆံပင် အနီရောင် ဆိုးသည်။ ၎င်းတို့ ကျောင်းက ဆံပင်အနီ ကို အခြား သာမန် အရောင်ပြောင်းခိုင်း၏။

ဂျော်ဒန် က မကျေနပ်ပါ။ တစ်နေ့တွင် ဖေ့စ်ဘွတ်ခ်ပေါ် ၌ ၎င်းတို့ကျောင်းအုပ် ဆရာမကြီး၏ ဓာတ်ပုံ ကို သွားတွေ့၏။ ဆရာမကြီး က ဆံပင် ကို ခရမ်းရောင်ဆိုးထားသည်။ ဆရာမကြီး က ဖေ့စ်ဘွတ်ခ် မှာ အဟန့် အတားများနှင့် ကိုယ့်ပုံ များကို မဆိုင်သူများ မမြင်အောင်လုပ်ရသည့် သဘောကို နားမလည်။ ထို့ကြောင့် ၎င်း ၏ ပုံကို ဂျော်ဒန်က အလွယ်တကူ ကူးယူသွား၏။

ထို့နောက် ဆရာမကြီး ပုံ အောက်မှာ ဂျော်ဒန် က ပုံစံ မျိုးစုံ ဖြင့် ဆရာမကြီး၏ ဆံပင်အရောင်၊ ကိုယ်ခန္ဓာနှင့် အခြား ရုပ်ပိုင်းဆိုင် ရာများ ကို လှောင်စာ၊ ပြောင်စာ တွေမျိုးစုံအောင်ရေးပြီး ဖေ့စ် ဘွတ်ခ်၌ပြန်တင်သည်။ အခြား ကျောင်းသားများ ကပါ ဝင်ရေး  ကြ၊ ဝင်ဟားကြ၏။ ဆရာမကြီး လည်း အရှက်ကြီးစွာ ရခဲ့၏။ ထို အချက်ကြောင့် ၎င်းကိုကျောင်းက ထုတ်ပယ် ခဲ့တာဖြစ်ပါသည်။

ဂျော်ဒန် ၏ ဖခင်က ယင်းအဖြစ်အပျက် ကို အင်္ဂလန် တယ်လီဂရပ်ဖ် သတင်းစာ ကိုပြောကြား ရာတွင် သူ၏ သားမှာ လူပြောင်ဖြစ်ပြီး ဆရာမကြီး ကို စနောက်ခြင်းသာဖြစ်ပါသည်ဟုဆိုပါသည်။

သို့ရာတွင် ကျောင်းအုပ်ချုပ် ရေး အဖွဲ့က ဂျော်ဒန်၏ အပြုအမူ ဆောင်ရွက်ချက်များ သည် လူမှု ရေး ဆိုရှယ် မီဒီယာ စည်းကမ်း များ ကိုဖောက်ဖျက်နေသည်ဟု ဆိုပါ သည်။

‘‘ဂျော်ဒန် နဲ့ မိဘတွေက ကျောင်းသားတွေ အနေနဲ့ ဆိုရှယ် မီဒီယာကို ဘယ်လို သုံးရမလဲဆို တာ ကျောင်း အပ် ကတည်းက လက်မှတ်ထိုးပြီး သားပါ။ ကိုယ့် အချိန် ကို ကိုယ် သုံးပြီးလုပ်တယ် ဆိုပေမယ့် တခြားသူတွေ ရဲ့ ကိုယ် ပိုင် စာမျက်နှာ ကို ကျူးကျော် ဓာတ်ပုံ ကူးချပြီး အဲဒီလို လုပ်တာကို လက်မခံနိုင်ပါဘူး’’ဟု ကျောင်း အုပ်ချုပ်ရေး အဖွဲ့ကဝေဖန်သည်။

ယင်း အဖြစ်အပျက် မှာ ဖေ့စ် ဘွတ်ခ်ကြောင့်ဖြစ်ပွား ခဲ့ခြင်းဖြစ် သည်။ ဖေ့စ်ဘွတ်ခ် မရှိ မီက ဂျော်ဒန် ကဲ့ သို့ကျောင်းသား ကလေး တွေက ကျောင်းဆင်းလျှင် အိမ်သို့ပြန်ကြသည်။ သူငယ်ချင်း များနှင့်တွေ့ကြသည်။ ဆရာများနှင့်ပြော ဆို ဆက်ဆံပြီး ၎င်းတို့ ၏ လူမှုပြဿ        နာ  များကို အချင်းချင်း ဖွင့်ဟဆွေးနွေးကြသည့် သဘောရှိ သည်။

ယခု အခါမူ အားလုံး က အချင်းချင်း စကားမပြောအား။ လူကိုယ်တိုင် မတွေ့အားကြ။ အားလုံးဖေ့စ် ဘွတ်ခ်ပေါ် မှာတွေ့ သည်။ အသိပေး သည်။ စာရင်း ရှင်းကြသည်။ ရန်ဖြစ်ကြသည်။ ရန်ကုန် က အေမီချို တို့လို မိသားစု ဝင် အချင်းချင်း ကိုယ်ရေး ကိုယ်တာ ကိစ္စများ ကိုလည်း ဖေ့စ် ဘွတ်ခ်ပေါ်မှာ လူသိရှင်ကြား ရှင်းလင်းကြတာများလည်း ရှိသည်။

သည် အရာတွေက ဖေ့စ် ဘွတ်ခ် ၏  ကောင်းကျိုးလား၊ ဆိုး ကျိုးလား ယခုအချိန် မှာတော့ အေမီချို တစ်ယောက် မစဉ်းစား အားနိုင်သေး။ အချိန် ရတုန်း သူ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘလော့ စရာ ရှိသူတွေကို ဘလော့ ရဦးမည်ဖြစ် ပါသည်။

‘ယောက္ခမ က ဖေ့စ်ဘွတ်ခ် ပေါ်မှာ အမေ နဲ့ ရန်ဖြစ်ကြတော့ ကျွန်မ ကို ဘလော့ဂ် သွားတယ် လေ။  ဘယ်ရမလဲ နေဦး ကျွန်မ  ကလည်း ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့ အမျိုးတွေကိုပါ ပြန် ဘလော့ဂ်ပြီး ရီပို့ပါ လုပ်ပေးလိုက်ဦးမယ်’

 



http://7daydaily.com/story/30615#.VMtZ6WiUewg
 http://www.myanmarcnn.com/2015/01/blog-post_30.html


No comments:

Post a Comment