18 September 2015

အင်္ဂါဂြိုဟ် ပေါ်တွင် ထူးဆန်းသည့် ပုံရိပ် များ ထပ်မံတွေရှိ

http://images.techtimes.com/data/images/full/130380/floating-spoon.jpg?w=600

ဝါရှင်တန်၊ စက်တင်ဘာ ၃

အမေရိကန် အာကာသ သိပ္ပံ NASA အဖွဲ့ကစေလွှတ် ထားသည့် အင်္ဂါဂြိုဟ် သွား Curiosity အာကာသယာဉ် က ရိုက်ပို့ ထား သည့် ပုံများ တွင် ကျောက်တလားခေါင်း၊ ပိရမစ်၊ ဖွတ်နှင့် နောက်ဆုံး ဇွန်း ကဲ့သို့သော ပျံနေ သည့် ယာဉ်ပုံစံ များပါ တွေ့ရှိခဲ့ရ ကြောင်း Reuters သတင်း တွင်ဖော်ပြထားသည်။

နောက်ဆုံးတွေ့ရှိခဲ့ သည့် ဇွန်းပျံ ပုံကို UnmannedSpaceflight.com ပေါ် တွင် တင်ပေးထားပြီး ပျံသန်းနေ သည့် အသွင် နှင့် အောက်တွင် အရိပ်ထင်နေသည့် ပုံ များကို ပြတ်သားစွာတွေ့ရှိ ခဲ့ရကြောင်း ယင်း သတင်းက ဆိုသည်။

အင်္ဂါဂြိုဟ် သွား Curiosity ယာဉ်က ရိုက်ပို့ ထားသော ပုံများ သည် မထင် မရှားဖြစ်နေသည် ဆိုသော်လည်း မကြာသော ကာလ တွင် ဓာတ်ပုံများ ကို ဆက်စပ်ပြီး တစ်ခုခု ထူးခြားမှု များကို ဖော်ထုတ်နိုင် မည် ထင်ကြောင်း SETI သုတေသန အဖွဲ့က ပြောကြားသည်။

အင်္ဂါဂြိုဟ် ပုံရိပ် များတွင် အထူးခြားဆုံး ပုံရိပ် များမှာ သမ္မတ အိုဘားမား မျက်နှာနှင့် တူသော ကျောက်ဆောင် ၊ အမျိုးသမီး တစ်ဦး ၏ အသွင်သဏ္ဍန် များဖြစ်ပြီး ပညာရှင်များ ကြားတွင် အငြင်းပွားစေနိုင်ခဲ့သည့် ပုံရိပ် များဖြစ်ခဲ့သည်။





NASA မှ ပညာရှင် အများစု ကလည်း ယင်း ပုံရိပ် များသည် အင်္ဂါဂြိုဟ်ပေါ်တွင် သဲမုန်တိုင်း ၊ လေမုန်တိုင်း များကြောင့် ပေါ်ပေါက် လာသည့် ပုံရိပ်များ ဟုလည်းကောင်း၊ မီးတောင် များပေါက်ကွဲထား သဖြင့် သက်ရှိ များ ပုံရိပ် တို့၏ ကျောက်ဖြစ် ရုပ်ကြွင်းများ ဟု လည်းကောင်း အမျိုးမျိုးတွေးဆနေသော် လည်း ၂၀၂၅ ခုနှစ် တွင် ဆင်းသက်မည့် အင်္ဂါဂြိုဟ်သွား ယာဉ် က အဆုံး အဖြတ် ပေးနိုင်မည်ဖြစ်ကြောင်း Reuters သတင်း တွင်ရေးသားထားသည်။


 မောက္ခနိုင်ငံတကာသတင်း

No comments:

Post a Comment