18 September 2015

အျ​ဖဴ​ေ​ရာင္ သေ​ကၤ​တမ်ား

http://crownedwithpurpose.com/wp-content/uploads/2011/06/canstockphoto4656743.jpg 


  စေတနာနှင့်
မေတ္တာ ထိုထို၊ တောင်မြင်းမိုရ် သို့
နှိုင်းဆို ဂိုဏ်းနွယ်၊ ဘုရားနှယ် ဟု
အဘယ် လမ်းကြောင်း၊ သက်မွေးကျောင်းမျှ
ပိုကောင်း ဖို့ရာ၊ မရှိ ပါတည့်
ဆရာ မည်စွ၊ အာစရိယ
အဖြူရောင် ၏ သင်္ကေတ။


  အဖြူသက်သက်၊ မေတ္တာ လက်မှ
ဆင်းသက် ပညာ၊ လိုလား စွာဖြင့်
သကာရည်နို့၊ ခံယူ စို့မည်
အဖို့ ဘာဂ၊ လူ့ဘဝ ကို
အလှ စခန်း၊ ပန်းခင်းလမ်း မှ
လျှောက်လှမ်းစေအံ့၊ မျှော်လင့် ငံ့ရင်း
ကြံ့ကြံ့ ခိုင်ခိုင်၊ ဆီမီးတိုင်တွေ
မြိုင်မြိုင် ထွန်းညှိ၊ အလင်းဖြည့်ဟု
တပည့် ဘဝ ကျောင်းမှာ စ
အဖြူရောင် ၏ သင်္ကေတ။


 

  ခေါင်းလောင်းသံဖြင့်
လွင့်ပျံ့ဝေစည်၊ သာမောသည် တည့်
နေခြည် ဖျန်းဆွတ်၊ အလင်း ညွှတ်သော်
တမွတ်ကောင်းကင်၊ ခူးဟန်ပြင်စို့
ကြယ်စင် စခန်း၊ မလွတ်တမ်း ဟု
ရွယ်မှန်း ဆရာ၊ ကျောင်းမဟာ သည်
ပညာပြည့်ဝနှလုံးလှ
အဖြူရောင် ၏ သင်္ကေတ။         ။



 Written by မောင်ဟေမာ
မြတ်ဆရာ မဂ္ဂဇင်း
၂၀၀၂ ခုနှစ်

No comments:

Post a Comment