17 September 2015

အောင်မြင်ရန် လိုက်နာ ကျင့်သုံး သင့်သော ၁၉ ချက်




အောင်မြင်သော သူတွေမှာ ကောင်းတဲ့ အကျင့်လေးတွေ ရှိပါတယ်။ ဒီလို အကျင့်လေးတွေ ရှိတာကြောင့် လည်း သူများ နဲ့မတူပဲ အလုပ်ကိုအောင်မြင်အောင် လုပ်နိုင်ကြပါတယ်။ သူတို့လုပ်နေကျဟာလေးတွေက ဘာတွေဖြစ်မလဲ ဆိုတာကို လွယ်လွယ် ကူကူ ရှင်းပြပါရစေ။

၀၁. အချိန် ဆိုတာ အမြဲတမ်း လက်ထဲမှာ ထားရှိနိုင်မဲ့ ပစ္စည်းမဟုတ်ပါ။
လူငယ်တွေတော်တော် များများ ဟာ အောင်မြင်ရန် အတွက် တဆင့်ချင်း တတ်လှမ်းဖို့အတွက် အချိန်က အကန့်အသတ် ရှိတယ် ဆိုတာကို သိထားဖို့လိုပါတယ်။
 

ကုမ္ပဏီ ဝင်ချိန် ကတော့ အတူတူဖြစ်ပေမဲ့ သူ ကတော့ တဖြည်းဖြည်း ရာထူးတွေ တတ်သွားတယ် လို့မြင်နေရသော သူကတော့ ကြိုးစားဖို့လိုပါလိမ့်မယ်။

၀၂. ဥာဏ်ကောင်းက အကြောင်းမဟုတ်ပါ။
ဥာဏ်ကောင်းတဲ့ သူတိုင်း အလုပ်မှာတော်တယ် အောင်မြင်နေတယ် လို့ မထင်ပါနဲ့။ အလုပ်မှာ က ကျောင်း လို စာမေးပွဲ မရှိပေမဲ့ အလုပ် ဆိုတဲ့စာမေးပွဲ မှာတော့ အဖြေက ရှိစမြဲပါ။

၀၃. မနက်စောစော အလုပ်လုပ်ခြင်း က မြန်မြန် အလုပ်လုပ်နိုင်ပါတယ်။
ည မှ လုပ်သင့်တာ ကတော့ ဘယ်တော့ လုပ်လုပ် ရတဲ့ အလုပ်ကိုလုပ်ပါ။ မနက်ပိုင်းနေ့လည်ပိုင်း မှာတော့ တွေ့သင့်တဲ့ သူနဲ့တွေ့၊ စဉ်းစားသင့်တာတွေ ကို စဉ်းစားရမှာပါ။

၀၄. ဖုန်းပြောပါ။
အချို့သော သူတွေက ဖုန်းကြောက်ပါတယ်။ အချင်းချင်းတွေ့ဖို့ အဆင်မပြေရင် ဖုန်းနဲ့ဆက်သွယ်ပါ။

၀၅. အလုပ်စောစော လာပါ။
အလုပ် စဝင်သော သူကို ရည်ရွယ်ပါတယ်။ ဒီ အလုပ် အကြောင်းကောင်းကောင်း မသိသေးသော သူတွေ အတွက် ကတော့ အလုပ် ကိုစောစော လာပြီးလေ့လာ တတ်နိုင် သလောက်ကြိုးစားပြီး လုပ်ဖို့
အရေးကြီး ပါတယ်။




၀၆. လုပ်သင့်သော အလုပ် ကို အမိန့်ပေးမှ လုပ်မယ် ဆိုတဲ့ အကျင့်ကို ဖျောက်ပါ။
ဘာမှ မပြောလို့ မလုပ်သေးဘူး ဆိုတဲ့ အတွေးကို ချက်ချင်း အမှိုက်ပိုင်းထဲ ပစ်ထည့်လိုက်ပါ။ လုပ်တာများပြီး မှားတာထက် မလုပ်ပဲ ထိုင်နေတာက အပြစ် ပိုကြီးပါတယ်။

၀၇. မှားတာကို ရဲရဲ ဝံ့ဝံ့ ဝန်ခံ ရဲရမှာပါ။
အလုပ် ကို နားမလည်သေးရင် အမှားကို လုပ်မိမှာပါ။ မှားတာ ကို ရဲရဲ ဝံ့ဝံ့ ဝန်ခံရင်ဆိုင် ရဲရမှာပါ။ ဒါမှ သာ အောင်မြင်သော သူ တယောက်ဖြစ်လာမှာပါ။

၀၈. စည်းကမ်းကြီးသော အထက် အရာရှိဟာ သင့်အတွက်ပါ။
စည်းကမ်းကြီးသော သူဟာ သင့်ကိုအောင်မြင်စေချင်လို့ ပေါက်ပေါက်ဖောက် သလိုပြောနေတာပါ။ ကိုယ်ရဲ့ အလုပ် စွမ်းရည်ကို မြှင့်တင်ပေးဖို့အတွက် ပြောနေတာပါ။

၀၉. ၁နှစ် အတွင်း အလုပ် ကို မပြောင်း ပါနဲ့။
အလုပ် မှာ စိတ်ညစ်လို့ ဆိုပြီး ခဏခဏ အလုပ် ကို မပြောင်းပါနဲ့။ အလုပ် အသစ် ကိုရောက်ရင် ပတ်ဝန်းကျင် အသစ်ဖြစ်လာပြီး အကုန်လုံး အသစ် ကနေပြန်စရ တာပါ။ အလုပ် တခုမှာ အနည်းဆုံး ၁ နှစ်လောက် လုပ်သင့်ပါတယ်။

၁၀. အားလပ်ချိန်ထက် လုပ်ဖော်ကိုင်ဖက်။
ကုမ္ပဏီ ရဲ့ ခံစားခွင့်တွေကောင်းလို့ဆိုပြီး ဝင်လိုက်တဲ့ အလုပ်မှာ လုပ်ဖော် ကိုင်ဖက်တွေက မထက်မြက် ရင်တော့ အလကား ပါပဲ။ ကိုယ့် အတွက် အောင်မြင်မူကို ရနိုင်မဲ့ အတွက် ကိုရွေးပါ။ သူများ လုပ်တိုင်း လိုက် မလုပ်ပါနဲ့။

၁၁. ရည်မှန်းချက်က ဘာလဲ ဆိုတာကို သတ်မှတ်ထားပါ။
ကိုယ့်ရဲ့ ရည်မှန်းချက် က ဘာလဲ။ ဘယ်တော့ ဒီ ရည်မှန်းချက် ကို အောင်မြင်အောင် လုပ်မလဲ ဆိုတာ ကို သေသေ ချာချာ သတ်မှတ် ထားဖို့လိုပါတယ်။

၁၂. မကြိုက်တဲ့ အကြောင်းကို အတင်း မပြောပါနဲ့။
လုပ်ငန်းခွင် မှာ ဖြစ်နေတဲ့ပြသာနာ ကို အထက်လူကြီး ကို မတိုင်ပင်ပဲ အချင်းချင်း အတင်းပြောနေတာထက် အထက် ကို တင်ပြပါ။ အထက်က သိမှသာလျှင် ကောင်းအောင် ဘယ်လို ပြင်ရမလဲ ဆိုတာကို သိနိုင်မှာပါ။

၁၃. သူများနဲ့မတူသော နည်းပညာ တခုခု ကို သင်ယူထားပါ။
ကုမ္ပဏီတွေ မှာ ကွန်ပျုတာ ကို လူတိုင်း သုံးတတ် ပေမဲ့ ကွန်ပျုတာထဲမှာ ပါတဲ့ လူတိုင်း မသုံးတတ်တဲ့ အရေး ကြီး တဲ့ Software တွေ ကို သုံးတတ်အောင် လုပ်ထားပါ။ သူများနဲ့ ယှဉ်ကြည့်လိုက်ရင် သင့်ကို ရွေးပါ လိမ့် မယ်။

၁၄. ပေါင်းသင်း ဆက်ဆံရေး ကို အလေးပေးပါ။
အလုပ် ထဲမှာ လုပ်ဖော် ကိုင်ဖက်တွေ နဲ့ အဆင်ပြေအောင်နေပါ။ အချင်းချင်း အဆင်ပြေ မှသာလျှင် အလုပ် လဲအောင်မြင်မှာပါ။

၁၅. ပြသာနာဖြစ်ရင် ချက်ချင်း တိုင်ပင်နိုင်သူကို ထားပါ။
အောင်မြင်ဖို့ အတွက် ဆိုတာ အောင်မြင်နေတဲ့ သူရဲ့ လမ်းကိုလျှောက်ဖို့ပဲ လိုတာပါ။ ကိုယ့်ကို ကူညီပေး မယ့် သူ အကြံပေးမဲ့သူ ကို အမြဲရှိစေလို ပါတယ်။

၁၆. ကိုယ်ဖြစ်ချင်သော အောင်မြင်သူ လုပ်သလို လုပ်ကြည့်ပါ။
ကိုယ်ဖြစ်ချင်သော သူ စိတ်ထဲ မှာ ရည်ရွယ်ထားသော အတိုင်းဖြစ်အောင် လိုက်လုပ်ကြည့်ပါ။
ပြဿ         နာ တစ်ခုကို ကြုံရတဲ့ အခါ သူဆိုရင် ဘယ်လို လုပ်မလဲ ဆိုတာကို တွေးကြည့်ပါ။


၁၇. စာများများ ဖတ်ပါ။
ယခုခေတ် စာဖတ်သော သူက တော်တော်နည်းသွားပြီ လို့ထင်ပါတယ်။ ၁လ မှာ စိတ်ဝင်စားတဲ့ စာအုပ် တစ်အုပ် ကို ဖတ်သင့် ပါတယ်။

၁၈. ပိုက်ဆံ ကို မဖြုန်းပါနဲ့။
ဈေးကြီးတဲ့ ပစ္စည်းတွေကို ဝယ်ပြီး စိတ်ထဲ ခဏပျော်သွားပေမဲ့ အဲဒီ ပစ္စည်း ရဲ့တန်ဖိုး အတွက် အလုပ်တွေ အများကြီး လုပ်ရမယ် ဆိုတာကို မမေ့ပါနဲ့။

၁၉. ကောင်းသတင်း ကိုသာ ပျံ့စေပါ။
အလုပ် မှာ ကောင်း သတင်းထက် မကောင်းသတင်း က ပျံ့နှံ့ လွယ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား၊ သူတပါး ရဲ့ယုံကြည်မူ ကို လွယ်လွယ် နဲ့ မစွန့်လွှတ်ပါနဲ့။


Chelmo Team

No comments:

Post a Comment