15 September 2015

အခက် အခဲတွေ အမြန်ဆုံး ပြေလည်နိုင်မယ့် နည်း လမ်း




လက်ရှိ အဆင်မပြေမှုတွေ ဖြစ်နေတယ် ဆိုရင် ဦးဆုံး သင့်ရဲ့ မှားနေတဲ့ အမှန်တွေ ကို ပြန်ကြည့်ပါ..
 

၁။ မနက်စောစောထခြင်း
မနက်စောစောထပြီး အလုပ် လုပ်တာက ပတ်ဝန်းကျင် အနှောင့်ယှက်ကင်း တာကြောင့် အေးအေးဆေးဆေး စဉ်းစားပြီး လုပ်နိုင်ပါတယ်။ အမေရိကန် ဒေါ်လာ ၁၀၀ တန်မှာ ပါတဲ့ Benjamin Franklin ဟာ မနက်စော ထပြီး အလုပ် လုပ်သူအဖြစ် ထင်ရှားပါတယ်။


၂။ စိတ်ထဲပေါ်လာရင် ချက်ချင်းချရေး
ခေါင်းထဲမှာပေါ်လာတဲ့ ဘယ်လို အကြံဥာဏ်ပဲဖြစ်ဖြစ် ချက်ချင်းရေးမှတ် ထားပါ. ပြန်ဖတ်တတ် တဲ့ အကျင့် ကိုမွေး ပါ။ အလွယ်တကူ ပြန် ဖတ်ရှုနိုင်တဲ့ မှတ်စု (သို့) ဖုန်းကို သွားလေရာဆောင်ထားပါ။


၃။ လမ်းလျှောက်ခြင်း
အိမ် မှ ရုံး အသွား လမ်းလျှောက်တာမျိုး မဟုတ်ပဲ လေကောင်းလေသန့် ရတဲ့ ပတ်ဝန်ကျင်းမှာ လမ်းလျှောက် မယ် ဆိုရင် စိတ်ကို ကြည်လင်ပေါ့ပါးစေပါတယ်။ နံနက်ခင်း မှာ လမ်းလျှောက်တဲ့ အကျင့် ကိုပြုလုပ်သူဟာ အကြံကောင်းဥာဏ်ကောင်း တွေ ပိုရလာမှာ အမှန်ပါ။



 
၎။ အချိန်တိုင်း တိတိကျကျ လုပ်ကိုင်ခြင်း
အောင်မြင်မှု ပိုင်ဆိုင် ထားတဲ့ သူတွေဟာ အလုပ် ကို အချိန် တိတိကျကျ လုပ်လေ့ ရှိပါတယ်။ တစ်နေ့ ကို ဘယ်နှစ်နာရီ ဘယ်လောက်ထိ လုပ်မယ် ဆိုတာကို သေသေချာချာ ဇယားချပြီး လုပ်မယ် ဆိုရင် အချိန်ကို အသုံးချတဲ့နေရာ မှာ ထူးချွန် လာပြီးအောင်မြင်ခြင်း ကို ပိုင်ဆိုင်နိုင်မှာ မလွဲဧကန်ပါ ။


၅။ အရေးကြီး တဲ့ အလုပ် နဲ့ သာမန် အလုပ်ကို ခွဲခြားဆုံးဖြတ်နိုင်ခြင်း
အောင်မြင်တဲ့ သူတွေဟာ အရေးကြီးတဲ့ အလုပ် ကို ချက်ချင်း လုပ်ပြီး နောက်မှ လုပ်လို့ ရတဲ့ အရာကို အချိန်ရွှေ့ လုပ်တက်ကြတယ်။ 

ဥပမာ- စာတစ်စောင် ကိုကြေနန်းနဲ့ ပို့သင့်သလား၊ ရိုးရိုးပို့သင့်သလား ဆိုတာကိုသေသေချာချာ ခွဲခြား ဆုံးဖြတ် တဲ့ အရာမျိုးပါ။

အကျင့်ကောင်းတွေ မွေးမြူပိုင်ဆိုင်နိုင်ပြီး သူတစ်ပါး ကိုလည်း အကျိုးပြုနိုင်တဲ့ လူရည်ချွန်တွေ အတွက် ရည်ရွယ်ပြီး ဒီပိုစ့် ကို ဖော်ပြလိုက်ပါတယ်..


Ko Koon

 http://www.searchmyanmar.com/link/frame/cid/53885


No comments:

Post a Comment