15 September 2015

သင့်ကိုယ် သင် နေ့စဉ်ပြန်မေးသင့်သော မေးခွန်း (၅)ခု






စီးပွားရေး လုပ်ငန်းတွေမှာအောင်ချင်သူတွေ အတွက်တော့ အခုအောက်မှာဖော်ပြထားတဲ့ မေးခွန်း(၅) ခုကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့် ပါတယ်။ ဘ၀မှာအောင်မြင်တဲ့ သူတွေက သူတို့ တိုးတက်ဖို့ ပြန်ဆန်းစစ် တတ်ကြပါတယ်။ 

အကယ်၍ သင်ဟာ ကုမ္ပဏီ တစ်ခုကို ဦးစီးနေသူ၊ အဖွဲ့တစ်ခုကို ဦးစီးနေသူ ဆိုရင်တော့ ပိုပြီးတော့တောင် သင့်တော် ပါတယ်။

(၁) ဒီနေ့ ငါ့ရည်မှန်းချက် အတွက် အလုပ် လုပ်ခဲ့ရဲ့လား?
သင်ရည်မှန်းထားတဲ့ ရည်မှန်းချက် တစ်ခု အတွက် ယနေ့ သင် ဘာလုပ်ခဲ့ပါသလဲ? သင် ရည်မှန်းချက် ထား တာ ကတော့ဟုတ်ပါပြီ။ ဒါပေမယ့် ရည်မှန်းချက် အတွက် သင် ပုံမှန် အားထုတ်မှု ရှိရဲ့လား အရေးကြီးပါ တယ်။ သင့် ရဲ့ ရည်မှန်းချက်တွေ ကို စိတ်ထဲမှာ တစ်စိုက် မတ်မတ်နဲ့ သတိရနေခြင်းက သင့်ကို ပိုကြိုးစားဖို့ အားတွေဖြစ်စေပါတယ်။


(၂) ရပ်တန့်ဖို့ လိုအပ်တဲ့ ဘာ မကောင်းတဲ့ အကျင့်တွေ ငါ့မှာ ရှိနေလဲ?
အကျင့်ဆိုးတွေ ကတော့ လူတိုင်းမှာ ရှိနေတတ်ပါတယ်။ သင့်မှာလည်း ရှိတယ်၊ ကျွန်တော့် မှာလည်း ရှိတယ်။ လူတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒိ အကျင့်ဆိုးတွေ က သူများတွေကို အနှောင့်အယှက်ပေး တတ်တယ် ဆို ရင်တော့ သင် ရပ်တန့်ဖို့ကြိုးစားသင့်ပါတယ်။ 


ဥပမာ ...သင်က သူများ စကားပြောရင် ဆုံးအောင် နားမထောင်တတ်တဲ့သူ ဆိုရင်တော့ ဒါဟာ သူများ အတွက် အနှောက် အယှက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူများကို စိတ်အနှောက်အယှက်ပေးနိုင်တဲ့ အကျင့် ဆိုးတွေကိုဖျောက်ဖျက်ပါ။



(၃) ဒီနေ့ ဘယ်အရာက ငါ့ကို အလုပ် လုပ်ဖို့ ခွန်အားပေးခဲ့တာလဲ?
သင် လိုချင်တဲ့ ပန်းတိုင် ဆီကိုရောက်ဖို့ ဆိုတာ စိတ်ဓာတ် ခွန်အား လိုပါတယ်။ သင်ရဲ့ အလုပ် လုပ်ချင်စိတ် ကိုဖြစ်ပေါ်စေတာ ဘယ်လို အရာမျိုးလဲ? မိသားစုလား၊ ချစ်သူလား၊ ညီမလေးလား၊ ဒါမှ မဟုတ် အောင်မြင် ချင်တဲ့စိတ်လား? ဘယ်လို အရာမျိုးပဲဖြစ်ဖြစ် သင့်ကို စိတ်အား တက်ကြွစေတဲ့ အရာတွေကို ပြန်စဉ်းစား ပါ။ မှတ်သားထားပါ။


(၄) ငါဖြစ်ချင်ခဲ့တဲ့ လူ တစ်ယောက်ပုံစံ ဖြစ်နေပြီလား?
ဥပမာ ....  သင်ကကြင်နာပြီး၊ သည်းခံတတ်တဲ့ သူတစ်ယောက်ဖြစ်ချင်တယ် ဆိုပါစို့။ သင် တကယ်ရော ကြင်နာ မိရဲ့လား၊ သည်းခံ မိရဲ့လား? ပြန်စဉ်းစား သင့်ပါတယ်။ သင်ဖြစ်ချင်တဲ့ လူတစ်ယောက်ရဲ့ ပုံစံ ဖြစ်လာ ဖို့ သင့် ကိုယ်သင် အမြဲ ဆန်းစစ်သင့်ပါတယ်။


(၅) ဒီနေ့ ငါဘာ အမှားလုပ်ခဲ့လဲ? အဲ့ဒိ အမှားကနေ ငါ ဘာသင်ယူနိင်လဲ?
ကျွန်တော်တို့ အားလုံး အမှားတွေ၊ ကျရှုံးမှုတွေကြုံဖူးကြပါတယ်။ ဒါပေမယ့် အဲ့ဒိ ကျရှုံးမှုတွေ၊ အမှားတွေ ကို ဘယ်လို တုန့်ပြန်လဲ ဆိုတာပဲ ကွာခြားကြပါတယ်။ ဒါ့ကြောင့် သင့်အမှားတွေ ကို သင့်အောင်မြင်မှုဆီ သွား ဖို့လှေကားများ အဖြစ်ပြန်လည်အသုံးချပါ။



ကဲ ဒီနေ့က စပြီး အိပ်ရာဝင်ခါနီးတိုင်း ဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုပြန်မေးကြရအောင်။


မိုးရှင်း (I.M.T)



 http://www.searchmyanmar.com/link/frame/cid/53920

No comments:

Post a Comment