24 September 2015

လူဦးခေါင်းခွံ များနှင့် ဆေး ဖေါ်နေသည့် အောက်လမ်း ဆရာများ





ထိုင်းနိုင်ငံ ဦဒေါင်ဌာနီ အရပ်တွင် မတော်တဆ ဖြစ်ရပ် များကြောင့်သေဆုံးသွားသူများ ( အစိမ်းသေ) မြုပ်နှံ ထားသည့် အုပ်ဂူများ အား တူး၍ သေဆုံးသူ ဦးခေါင်း များ ဖြတ်ယူ သွားသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ် ပွားနေ သဖြင့် သက်ဆိုင်ရာ ရဲအရာရှိ များ က ပြစ်မှု ကျူးလွန်သူများ အား လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။



စက်တင်ဘာလ ၁၅ ရက်နေ့က နမ့်စုံကျေးရွာ မှ ဇွဲကြိုးချသေဆုံး ခဲ့သည့် လူငယ် တစ်ဦး၏ အလောင်းအား ဦးခေါင်းဖြတ် ခိုးယူသွားသူ အမျိုးသမီး တဦးအား စတင် ဖမ်းမိခဲ့ပြီးနောက် မှာ သူမနှင့် အတူ ပူးပေါင်းကြံစည် ကြ သူ အောက်လမ်း ဆရာနှစ်ဦး အနက် အာထစ် ခွန်ကလရင် "ဆရာအောင် " (ထွက်ပြေးနေဆဲ) နှင့် ဆရာနလုံ ဆိုသူ အား သူ ပုန်းခိုနေသည့် နေအိမ်တွင် ဖမ်းမိခဲ့သည်။
 

တရားခံများက အစိမ်းသေ သူ၏ ဦးခေါင်းအား ဆေးရေစိမ် ၍ အရိုးအား အဆောင် အဖြစ် စီရင်ကာ ဘတ်ငွေ တစ်သိန်း (ကျပ်သိန်း ၃၀) ဖြင့် ရောင်း စားေ နခြင်းဖြစ်သည်။






 


အဆိုပါအောက်လမ်း နည်းပညာ မှာ သေဆုံးဝိညာဉ် က အဆောင် မှာ စောင့်ကြပ်နေရပြီး ကိုင်ဆောင် ထား သူ၏ ခိုင်းစေမှု များအား လုပ်ဆောင်ပေးရမည် ဟု အောက်လမ်း ပညာရှင် များက ယုံကြည်နေကြသည်။
 


ကိုးကား Bigza online news
(အောက်လမ်း နည်းပညာ ဆိုသည်မှာ သာမန် မဟုတ်သည့် မကောင်း ဆိုဝါး နည်းလမ်းများဖြင့် တပါးသူ ထိခိုက် ပျက်စီးရအောင် ဆေးဝါး-အဆောင် များဖြင့် စီရင် လုပ်ဆောင်ပေး နေသူများဖြစ်ပါသည်၊ )

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW


No comments:

Post a Comment