25 September 2015

သန္ဓေတည်ခြင်း ကို ဗုဒ္ဓ နှင့် သိပ္ပံ နှီးနှောယူပုံ

ဦးမြင့် ခိုင် စိတ်ပညာ's photo.


အဋ္ဌကထာ ပြဆိုပုံ........
သုန္ဓေ ဝတ္တုမှီ မာတာပိတူသု ဧကဝါရံ
သန္နိပတိ တေသု ယာဝ သတ္တဒိဝဿာနိ
ခေတ္တမေဝ ဟောတိ


သားအိမ် ၌ ဥတုသွေး စင်ကြယ်သောအခါ မိဘနှစ်ဦး တို့  တစ်ကြိမ် သံဝါသပြုထား လျှင် ခုနှစ်ရက် ပတ်လုံး သန္ဓေ တည်နိုင်သည် ။

ကလလ အဗ္ဗုဒ ပေသိ ဃန ဃန မှ ခေါင်း လက် ခြေ ခက်မ ငါးဖြာ ပေါ်လာသည် ဆိုသော စကားနှင့် သိပ္ပံ မှ ဆဋ္ဌမ ပတ် အစမှာ ခေါင်းပေါ် လာသည် ဆဋ္ဌမပတ် အကုန်မှာ လက် ခြေ များပေါ်လာသည် ဟု ပြဆိုချက်
ညီညွတ်သည် ပဉ္စမ ပတ် ၌ ခတ်မ ငါးဖြာ ပေါ်လာသည် ဟူသော အဋ္ဌကထာ မှာ ဆေးပညာနှင့် အနည်း ငယ် ကွဲလွဲနေသော် လည်း ပဉ္စမပတ် အဆုံးနှင့် ဆဋ္ဌမပတ် အစမှာ တဆက်တည်းဖြစ် ၍ နီးစပ်သည် ။


မိခင် ၏ မျိုးစေ့အိမ် မှ အိုဗာ သည် ဥတုသွေး ပေါ်ပြီးနောက် ၁၃ ရက် ၁၄ ရက်မြောက်သောနေ့ ၌ မှည့် ၍ မျိုးစေ့အိမ် မှ ကျွတ်ကျ လာသည် ။ 

၎င်းအိုဗာ သည် သပြစ်သီး မှည့်နှင့် တူသည် ဥတုသွေး လာပြီးနောက် ၃ ရက် ၄ ရက် ၅ ရက် အတွင်း သံဝါ သပြုသော် လည်း သန္ဓေ မတည်နိုင်ပေ ။

ဆေးပညာ အယူအရ သုတ်ပိုးနှင့်သားဥ မပေါင်းစပ် မိလျှင် ၄ နာရီ ၃၆ နာရီ သို့ မဟုတ် ၂ ရက် ၃ ရက်ကြာ လျှင် သုတ်ပိုးသေ သည် ။



ထို့ ကြောင့် အဋ္ဌကထာနှင့်ဆေးပ ညာနှီးနှော ယူလျှင် အဖ ၏ သုတ်ပိုး သည် အမိ ၏ သားဥနှင့်
နာရီ အနည်း ငယ် အတွင်းဖြစ်စေ ၂ ရက် ၃ ရက် အတွင်းဖြစ်စေ ၇ ရက် အတွင်းဖြစ်စေ ပေါင်းစပ် မိလျှင်
ပဋိသန္ဓေ တည်နိုင်သည် ။


ခလေး သုံးပတ်သား မှ စ၍ မိခင်ဆီ မှ အစာ အာဟာရ ဓာတ် စတင် ၍ ကူးစက်သည် ။


 ဦးမြင့် ခိုင် စိတ်ပညာ

No comments:

Post a Comment