16 September 2015

ဘာလို့ ဆင်းရဲတာလဲ

 ဗေဒင်ဝါသနာအိုး's photo.



ဆင်းရဲသား တစ်ယောက်က ဘုရားရှင် ကိုမေးတာ" ဘာဖြစ်လို့ ကျွန်တော်မျိုး ဟာ မွဲတေ ဆင်းရဲနေရ တာ လည်း"ဘုရား.......

ဘုရားရှင် က ပြောပါတယ်။ သင်ဟာ" ပေးကမ်းခြင်း နဲ့ ပေးကမ်းနည်း ကို မသိလို့ ပါပဲ။

ဆင်းရဲသား က ပြန်ပြောတာ ကျွန်တော်မျိုး" မှာ.....ပေးကမ်း စရာ ဘာမှ မှ မရှိတာ..... ဆိုတော့" မြတ်စွာ ဘုရားရှင်  သင်ပေးတာက " သင့် မှာ ရှိနေတာတွေ မနည်းပါဘူး။

မျက်နှာ- အပြုံးတွေပေးစွမ်းနိုင်တယ်။ လန်းဆန်းမှု-တက်ကြွမှု-ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။
 
ပါးစပ်- - သင်"သူတပါး ကို ချီးမွမ်းစကားတွေ-အားပေး စကားတွေ-မင်္ဂလာရှိ ကောင်းမွန်တဲ့ စကားတွေ ပြောပေး လို့ရနိုင်တယ်။
 
နှလုံးသား -တစ်ပါးသူ ကို ရင်ဖွင့်ပြနိုင်တယ်  စစ်မှန်ခြင်းတွေ "ဖြူစင်ရိုးသားမှုတွေ" နဲ့ မေတ္တာ တရားတွေ ပေး စွမ်းနိုင်တယ်။
 
မျက်လုံး- တစ်ပါးသူ ကို ကောင်းမွန် တဲ့ စေတနာ အမြင် နဲ့ မြင် ကြည့်လို့ ရတယ် နွေးထွေးဖော်ရွေ တဲ့ အကြည့် နဲ့ ပေးစွမ်းနိုင်တယ်"
 
ကိုယ်ခန္ဓာ-သူ့ ကို အသုံးချပြီး သူတပါး ကို ကူညီနိုင်တယ် ၊


ဒါကြောင့် သင်ဟာ မဆင်းရဲ ပါဘူး။ စိတ်ထဲ က နှိမ့်ချ ဆင်းရဲခြင်းတွေက သာလျင် ဆင်းရဲခြင်း အစစ်ဖြစ် တယ်။


ချစ်ခြင်းမေတ္တာတွေ ပေးလွတ် လိုက်တဲ့ အခါ  ....ချစ်ခြင်းမေတ္တာတွေ ပြန်ရောက်လာမယ်
 

သူတပါး ကို ကူညီလိုက်တဲ့ အခါ ကူညီမှုတွေ က ပြန်ရောက်လာမယ်

 ပျော်ရွှင်မှုတွေပေးလိုက်တဲ့ အခါ  ပျော်ရွှင်မှုတွေ ကပြန်ရောက်လာ တတ်တယ်။ 

ဒါဟာ အကျိုး နဲ့ အကြောင်း ဖြစ်သလို လောကကြီး ရဲ့ သဘာဝပဲ ပေးဆပ်လေလေ ရရှိလေလေ ပါပဲ။



သင် ဒီစာကို ဖတ်ပြီးတဲ့ အခါ သင့်မှာ ရွေးချယ်စရာ နှစ်မျိုး ရှိပါတယ်။
၁။ သင် တတ်နိုင်သလောက် မျှဝေလိုက်တဲ့ အခါ လောကကြီး ဟာ မေတ္တာတရားတွေ တိုးပွားလာမယ်
၂။ သင် စိတ်မဝင်စား ပဲ နေလိုက်လို့ ရသလို မမြင်ခဲ့ဖူး သလို နေလိုက်လဲရပါတယ်။
 


•••••••••••••••••••••••••••••••••••••••••••••••••••••••••
သင့်ရဲ့ မျှဝေမှု သေးသေးလေး ဟာ တခြားသူ အမြောက်အများ ကို အမြင်ကျယ် လာစေနိုင်ပါတယ်။ သင့်ရဲ့လေ့လာမှုကြောင့် ပြောင်းလဲမှုတွေ ရှိလာမယ် ။ 
သင့်ရဲ့ချစ်ခြင်းမေတ္တာတွေ ကို ကြီးသထက် ကြီးထွားပြီး လူ အမြောက်အများဆီ ကူးစက်ပြန့်ပွားနိုင်ပါစေ။

ကျွန်တော် ကတော့ နံပါတ်-၁ အချက်ကို ဆောင်ရွက်လိုက်ပါပြီ။


 ဗေဒင်ဝါသနာအိုး
Cr. Photo.Ref: မင်္ဂလာပါ သူဌေးမင်းကြီး


 https://www.facebook.com/baydinwartanaroh


No comments:

Post a Comment