14 September 2015

ကော်ဖီသောက်ပြီး တွေးလိုက်ကြရအောင်

 


ကော်ဖီသောက်ကြည့်ပြီး ကြိုက်တဲ့ ကော်ဖီ အပေါ်မူတည်ပြီး ဘယ်လိုဖြစ်မလဲ။
ကြိုက်တဲ့ ကော်ဖီ အပေါ်မူတည်ပြီး ဘယ်လို လူမျိုးဖြစ်မလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
အောက်မှာ ကော်ဖီ ၈ မျိုး ရှိပြီး အဲဒီ အထဲက ကိုယ်ကြိုက်တဲ့ ကော်ဖီကို ရွေးကြည့်ပါ။





 



၀၁. ESPRESSO (ခေါင်းဆောင်ဖြစ်ချင်သူ)
အလုပ် မှာကော ပျော်ရာ မှာပါ အားကုန် သုံးလေ့ ရှိပြီး အောင်မြင်ဖို့ရန် ဘယ်လို လုပ်ရမလဲ ဆိုတာကို နား လည်ထားသူပါ။ သူရဲ့ကြိုးစားပုံ က ပတ်ဝန်းကျင်က သူတွေ အတွက် ကောင်းကျိုးတွေကို သယ်ပိုးနိုင်မှာပါ။
 
၀၂. DOUBLE ESPRESSO (အတွေးခေါင်သူ)
သူများတွေနဲ့ မတူ အားလုံး ကို စေ့စေ့ စပ်စပ်တွေးနေတတ်သူ ဖြစ်သော်လည်း အလုပ်မှာတော့ ကျွမ်း ကျင်သော သူ ဖြစ်ပါလိမ့်မယ်။
 
၀၃. LATTE (အေးအေးဆေးဆေးနေသူ)
လောကကြီးမှာ အချိန်တွေက ဖြေးဖြေးပဲကုန်နေတယ်လို့ ယူဆထားတယ်။ ဘာကိုမဆို အေးအေးဆေးဆေး စဉ်းစားတွေးတောချင်သူပါ။ ငြိမ်သက်နေတဲ့အချိန်ကို သဘောကျပြီး စိတ်ငြိမ်ချိန်မှာ ကော်ဖီသောက်ရတာကို သိပ်သဘောကျသူပါ။
 
၀၄. CAPPUCCINO (အထက်တန်းဆန်သူ)
ဘာမဆို သန့်သန့် ရှင်းရှင်း နဲ့ သူ့ကိုကြည့်လိုက်ရင်ကျော့နေတာပါပဲ။ ပြုံးပြုံးရွှင်ရွှင်နေတာ ထက် အေးအေးဆေးဆေးနေ တတ်သူပါ။ အနုပညာ ကဲ့သို့ ဖန်တီး ရာတွင်လည်း အလွန်ပင် တော်တတ် ပါတယ်။
 
၀၅. FRAPPUCCINO (စွန့်စားသူ)
လူတွေ မလုပ်သေးတဲ့ အရာကို လုပ်မယ် ဆိုတဲ့သူပါ။ စနစ်တကျလေ့လာပြီး လုပ်တာထက် ကို စိတ်ထဲ မှာ ပေါ်လာတဲ့ အရာကို လုပ်မယ် ဆိုတဲ့သူပါ။ စိတ်အနေ အထားကတော့ ပျော်ပျော်နေတတ်သူပါ။ အချိုတွေကို လျှော့စားစေချင်ပါတယ်။
 
၀၆. ICED COFFEE (တကိုယ်ကောင်းဆန်သူ)
ကိုယ်ပြောချင်တာတွေ ကို ချက်ချင်းပြောရမှ ကျေနပ် သူပါ။ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ကြိုးစားနေသူပါ။
 
၀၇. REGULAR COFFEE BLACK (ရိုးအေးသူ)
ရိုးရိုး ရှင်းရှင်းလေးနေရတာ ကို ကြိုက်တဲ့ သူပါ။ စိတ်ထား ကလည်း ရိုးရှင်းသူဖြစ်တာကြောင့် သူငယ်ချင်း အပေါင်းအသင်း များသူပါ။
 
၀၈. REGULAR COFFEE (CREAM AND SUGAR)
စည်းကမ်း တကျနေထိုင် ရတာကို ကြိုက်နှစ်သက် သူ ပါ။ နေ့တိုင်း စေ့စေ့ စပ်စပ်တွေးတော ပြီး နေရ တာ ကို က သူ့အတွက်ဆေးတခွက်ပါ။
 


#ChelmoTeam
Credit. tabi-labo
Credit Photo. tabi-labo
 http://www.searchmyanmar.com/link/frame/cid/53830

No comments:

Post a Comment