16 September 2015

မိမိအား အကြောင်းမဲ့ ပြောဆို တိုက်ခိုက် စွပ်စွဲ ခံနေရပါ က ဒီယတြာ လုပ်ပါ

ဗေဒင်ဝါသနာအိုး's photo.


သင်၏ ဘ၀ တွင် တစ်ခါ တစ်ရံ ကိုယ့် ဖာသာ အေးအေးဆေးဆေး နေနေ ပါလျှက်နှင့် တစ်စုံ တစ်ယောက် က ပြဿ       နာ လာရှာခြင်း ၊ ရန်စခြင်း များ ခံရတတ်သည်။ 

ထိုအခါ မျိုးတွင် သင်သည် အထက် တွင် ဖော်ပြထားသော " ၀ိမုတ္တိ " အင်း ကို ကူးယူပြီးလျှင် ဖယောင်းတိုင် ကို ပတ်၍ မီးထွန်းပါ။ 

မီးထွန်းသော အခါတွင် ကြွေပုဂံပေါ်တွင် ထွန်းရ ပါမည်။ သံပန်းကန် ၊ မယ်လမင်း ပန်းကန်  များနှင့် မရပါ။

ဤသို့ သင်ပြုလုပ်လိုက်လျှင် ထိုသူ သည် သင့်အား ရန်မပြုနိုင်ပဲ သူတို့ ဒုက္ခနှင့် သူတို့ အလုပ် ရှုပ်နေ လိမ့် မည်။ 



ထိုအင်း ကို ၀ိမုတ္တိအင်း ဟု ခေါ်သည်။ ၀ိမုတ္တိ အင်း ဆိုသည်မှာ လွတ်မြောက်ခြင်း ဟု အဓိပ္ပါယ် ရပါ သည် ။

 သေသေချာချာ သိမ်းဆည်းထား ပါက နောင်တွင် များစွာ အသုံးဝင်သည် ကို သိရှိရပေလိမ့်မည်။
မိမိအား သူတစ်ပါး မှ အကြောင်းမဲ့ ရန်စနေခြင်း ပြောဆိုနေခြင်း အတင်း တုတ်နေခြင်း စသည်တို့ကြောင့် စိတ်ညစ်နေတယ်။ စိတ်ထိခိုက်နေတယ် ဆိုရင် လုပ်လို့ရပါတယ်။

 နောက် အထက်လူကြီး က မိမိကို အပြစ်မြင်နေတယ်။ ကိုယ် ဘာလုပ်လုပ် အကောင်း မမြင်ဘူး ဖြစ်နေ တယ်။ ကိုယ့်ကို ဆိုရင် အပြစ်တွေ ချည်းပဲ ပြောဆိုနေတယ်။ ကိုယ်ကို ဆိုရင် နေရာပေး အလေး လုံးဝ မထားဘူး ဆိုရင် လုပ်လို့ရပါတယ်။ 

အဓိက မှတ်ထား၇မှာက ကိုယ်က အပြော အဆို ခံနေရတယ် ဆိုရင် ဒီယတြာနည်း ကို သတိတရ လုပ်ဆောင် လိုက်ပါ။ 

ရက်ပိုင်း အတွင်း အဆင်ပြေသွား ပါလိမ့်မယ်။ အခက်အခဲ ကြုံရင် ဒီယတြာကို လုပ်ဖြစ်အောင် လုပ်ပါ ။




Credit - အဘမင်းသိင်္ခ

 https://www.facebook.com/baydinwartanaroh



No comments:

Post a Comment