18 September 2015

ဆယ်ကျော်သက်တွေ အိပ်ချိန် နဲလာလို့ ပိုအိပ်ကြဖို့လို


ဆယ်ကျော်သက်တွေ အိပ်ချိန်နည်းလာလို့ ပိုအိပ်ကြဖို့လို


လေ့လာမှု အသစ်တွေ အရ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် အတွင်း မှာ ဆယ်ကျော်သက် လူငယ်တွေ ရဲ့ အိပ်ချိန်ဟာ တဖြည်းဖြည်းလျော့ပါး လာခဲ့ပြီး အခုအခါ အိပ်ချိန် အနည်းပါးဆုံး ကာလကို ရောက်နေပြီလို့ ဆိုပါတယ်။ 

သုတေသီ တွေက လွန်ခဲ့တဲ့နှစ်နှစ်ဆယ် အတွင်းမှာ ဆယ်ကျော်သက် လူငယ်ပေါင်း သုံးသိန်း နီးပါးကို မေးမြန်းပြု စုထား တဲ့ အချက်အလက် အရ မျက်မှောက်ခေတ် မှာ လူငယ်တွေ ရဲ့ အိပ်ချိန်ဟာ သမိုင်း တလျှောက်မှာ အနည်းပါးဆုံး ကာလ ကိုရောက်နေပြီလို့ ဆိုပါတယ်။

ဆယ်ကျော်သက် တစ်ဦး ဟာ တစ်နေ့ ကို ခုနှစ်နာရီ အိပ်ရင် လုံလောက်တယ် ဆိုပေမယ့် ဒီ ခုနှစ်နာ ရီပြည့် တဲ့ အထိ ဆယ်ကျော်သက်တွေ အိပ်စက်ခြင်း မရှိတော့တာဖြစ်ပါတယ်။ 

ကျွမ်းကျင် သူတွေ အကြံပြုထားတာ ကတော့ ဆယ်ကျော်သက်တွေ ဟာ တနေ့ ကို ကိုးနာရီ ကနေ ဆယ် နာရီကြား အိပ်သင့်တယ် ဆိုတာပါပဲ။ 



ဒါပေမယ့်လည်း ၂၀၁၂ ခုနှစ် က ပြုလုပ် ထားတဲ့ စစ်တမ်း အရ ၁၅ နှစ် ကနေ ၁၉ နှစ် အတွင်း ရှိတဲ့ လူငယ်တွေ ရဲ့ တစ်ဝက်လောက် ဟာ တနေ့ကို ခုနှစ်နာရီပြည့်အောင်တောင် အိပ်စက်နိုင်ခြင်း မရှိကြတော့ ပါဘူး။
 

ပြောင်းလဲ လာတဲ့ နည်းပညာခေတ် ထဲမှာ ဒီ အခြေအနေဟာ အနာဂတ် မျိုးဆက်တွေ ရဲ့ ကျန်းမာရေး အတွက် စိုးရိမ်စရာကောင်းတယ် လို့ ကျွမ်းကျင် သူတွေက ထောက်ပြကြပါတယ်။

ဘာကြောင့်လဲ ဆိုတဲ့ အဖြေ တိတိကျကျ မရသေး လို့ ဒီ အိပ်စက်မှု အရေးပါကြောင်း ကို လူထုနား လည် သဘောပေါက်အောင် လုပ်ဖို့ အရေးကြီးတယ် လို့ သုတေသီတွေ က ဆိုပါတယ်။ 

ဒါမှသာ လူငယ်တွေ အိပ်စက်ခြင်း နည်းပါးလာမှု ကို လျှော့ချနိုင် မှာ ဖြစ်ပါတယ်။ 

ဒီလေ့လာမှု ကို ၁၉၉၁ ကနေ ၂၀၁၂ ခုနှစ် အကြား ပြုလုပ် ထားတဲ့ စစ်တမ်း အရ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


Planet Myanmar
 http://www.searchmyanmar.com/link/frame/cid/54020


No comments:

Post a Comment