16 September 2015

ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ရာတွင် အလေးမထား မိသော အမှားလေးများ







ပဋ္ဌာန်း မှာ အသံထွက်လေးတွေ မှားနေတာ ကို အများ အားဖြင့် အသံထွက် ကို သတိမထားပဲ လွယ်လွယ် ပူဇော်နေကြပါတယ်။

သတိထား ပူဇော်ရမယ့် အမှားလေးတွေ က—

ငါးပါးသီလ ယူရာ မှာ အဟံဘန္တေ တိသရဏေနသဟ …
 

(၁) ပဉ္စသီလံ မှာ” ပြင်စသီလံ”လို့ အသံမှား ထွက်ကြပါတယ်။
(အမှန်က “ပင်စသီလံ” လို့ အသံထွက်ရပါမယ်)။


(၂) ဓမ္မံ ယာစာမိ မှာ “ဓမာ ယာစာမိ” လို့ အသံ မှား ထွက်နေကြပါတယ်။
(“ဓမ်မာ ယာစာမိ” လို့ အသံထွက် ရပါမယ်)


(၃) ဒုတိယမ္ပိ, တတိယမ္ပိ   မှာ ..
(“ဒုတိယမ်ပိ,တတိယမ်ပိ” ပါ။ အဲဒီ မှာ”ဒုတိယမ်မိ,တတိယမ်မိ” နဲ့
“ပိ” ဆိုတဲ့ အသံ ကို “မိ” လို့ မှားယွင်း စွာ အသံထွက်နေကြပါတယ်)။


(၄) အဒိန္နာဒါနာ မှာ  – “အဒိန်န ဒါန” ဆိုပြီးရေးချ ( –ါ )သံ ပျောက်နေကြပါတယ်။
(“အဒိန်နာ ဒါနာ” ဆိုပြီး ရေးချ သံလေးကို သတိထား ပူဇော်စေလိုပါတယ်)။



ပဋ္ဌာန်း ပူဇော်ရာမှာ လည်း —အသံ ကို ဆွဲ မပူဇော်ရပါ။
 

(း ) ဝစ္စနှစ်လုံးပေါက်သံ မပါ ရပါ။
ဥပမာ- ဟေတု ပစ္စယောတိ (ဟေတု ” ပြစ်စယောတိ” မဟုတ်ပါ။)
“ပစ်စယော” သာဖြစ်ပါတယ်။ ပြစ် ဆိုတဲ့(ြ ) ရရစ်သံ မပါရပါ။



တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကို — တံသမုဋ္ဌာနာ”နင်း..စ” ဆိုပြီး (း ) ဝစ္စနှစ်လုံးပေါက်သံ နဲ့ အသံ ကို ဆွဲဆိုနေကြပါတယ်။
(“နင်စ” ဟုသာ ပူဇော်ပါရန် ဖြစ်ပါတယ် )။


 ဟေတုပစ္စယေန ပစ္စယော ပါ- ဟေတု ” ပြစ်စယေးန ပြစ်စယော” မဟုတ်ပါ။
(“ပစ်စယေန ပစ်စယော” ပါ )။ (“ယေး..န,နင်း..စ” ဟု အသံဆွဲ မဆိုရပါ)။

အဲဒီ မှာ ဆွဲဆိုတဲ့ သူတွေက များတော့ အသံထွက် အမှန် ပူဇော်သူ ရဲ့ အသံ က ငုပ်သွားပါတယ်။

ရူပါယတနံ  မှာ— ( ရ – ရကောက် ) သံ  ပူဇော်ရင် (Ra) အသံ ထွက်အောင် လျှာကို လိပ် ပူဇော် ရပါမယ်။
(ယ – ယပက်လက်) သံ ကိုတော့ (Ya) သံဖြစ်တဲ့ အတွက် လျှာ မလိပ်ရပါ။

 ဖောဋ္ဌဗ္ဗာယတနံ  မှာ– “ဖွတ်ထဗာ ယတနံ” ပါ။
(ဖောထဗ)  မဟုတ်ပါ။ “ရေးချသံ” ပါရပါမယ်။



အခုလို စနစ်တကျ ပူဇော်တတ်ရန် သင်ပြပေးသော ဆရာသမားများအား ဤနေရာမှ ဦးခိုက်ပူဇော်ပါသည်။



စနစ်တကျပူဇော်တတ်ရန်-စေတနာ မေတ္တာဖြင့်
Credit: ဒေဝီခင်။

 https://www.facebook.com/baydinwartanaroh

No comments:

Post a Comment