31 October 2013
ရက်ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ
ရက်ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ  အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထားပေမယ့် ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programming အလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယေက်ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။   Plan ကတော့ ရှင်းပါတယ်။ JFDI ပါ။ Just *ucking do it လို့ခေါ်တဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ခံယူချက်တစ်ခု ထားလိုက်ပြီး ရက် ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် ၁၈၀ ခု ပြီးရမယ်။ ပြီးတော့ ဆိုဒ်ကို Public မြင်အောင်ပြသမယ်။ ပြီးတော့ အဲ့အတွက် နေ့တိုင်း ခံစားချက်ရေးသားတဲ့ Blog လုပ်မယ်လို့ အလုပ် သုံးခုကို Plan ဆွဲပြီး လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ တစ်ရက်ကို တစ်ဆိုဒ်နှုန်းနဲ့ စတင် ရေးသားစဉ် အခက်အခဲ များစွာ ရှိပေမယ့် တစ်ဆင့်ပြီး တစ်ဆင့်ဖြည်းဖြည်းဆီ တက်သွားတော့ ရည်မှန်းချက်အတိုင်း အောင်မြင် သွားပါတယ်။   အောင်မြင်ပြီးသွားချိန်မှာ သူမဟာ ပရော်ဖရှင်နယ် ဝဘ်ပရိုဂမ်မာ တစ်ယောက် ဖြစ်သွားပါပြီ။ တစ်ရက်ကို Page တစ်ခုနှုန်းဆွဲလိုက်တာ Website အခု ၁၈၀ ပြီးပြီး နာမည်ကျော်လာတဲ့ Jennifer Dewalt ရဲ့  ဝဘ်ဆိုဒ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။   http://jenniferdewalt.com  အောင်ခမ်း  (TSJ Team)   http://blog.techspace.com.mm/2013/10/blog-post_31.html  .
အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထားပေမယ့် ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programming အလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယောက်ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။
Plan ကတော့ ရှင်းပါတယ်။ JFDI ပါ။ Just *ucking do it လို့ခေါ်တဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ခံယူချက်တစ်ခု ထားလိုက်ပြီး ရက် ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် ၁၈၀ ခု ပြီးရမယ်။ ပြီးတော့ ဆိုဒ်ကို Public မြင်အောင်ပြသမယ်။ ပြီးတော့ အဲ့အတွက် နေ့တိုင်း ခံစားချက်ရေးသားတဲ့ Blog လုပ်မယ်လို့ အလုပ် သုံးခုကို Plan ဆွဲပြီး လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ တစ်ရက်ကို တစ်ဆိုဒ်နှုန်းနဲ့ စတင် ရေးသားစဉ် အခက်အခဲ များစွာ ရှိပေမယ့် တစ်ဆင့်ပြီး တစ်ဆင့်ဖြည်းဖြည်းဆီ တက်သွားတော့ ရည်မှန်းချက်အတိုင်း အောင်မြင် သွားပါတယ်။ ...
အောင်မြင်ပြီးသွားချိန်မှာ သူမဟာ ပရော်ဖရှင်နယ် ဝဘ်ပရိုဂမ်မာ တစ်ယောက် ဖြစ်သွားပါပြီ။ တစ်ရက်ကို Page တစ်ခုနှုန်းဆွဲလိုက်တာ Website အခု ၁၈၀ ပြီးပြီး နာမည်ကျော်လာတဲ့ Jennifer Dewalt ရဲ့  ဝဘ်ဆိုဒ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://jenniferdewalt.com/
အောင်ခမ်း (TSJ Team)
http://blog.techspace.com.mm/2013/10/blog-post_31.html
ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။
ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ (ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့)  Thursday, October 31, 2013  ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦ အပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။  အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ ကြိုးစားပါတယ်..။ သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။ သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။ ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..  "ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"  ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေး တစ်ယောက်ရှိနေပါတယ်..။ အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။ ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျ လျက်ရှိပါတယ်..။  ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။ ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။  "သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"  ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။  "သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။ သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။  အောင်ထွန်းဦး  အေးမြသာစည်ရွာ
ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေး သမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦး အပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ 
သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခု ကို ထောက်မထားပါတယ်..။
အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက် ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ ကြိုးစားပါတယ်..။ သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာ ကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။
 သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေး ဖို့ ပြင် လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေ ချာ အောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။ ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..
"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"
ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေး တစ်ယောက်ရှိနေပါတယ်..။ အမေဖြစ်သူက သူ့ကလေးအသက်ရှင် ဖို့အတွက် နောက်ဆုံး အချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။ ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျ လျက်ရှိ ပါတယ်..။
ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။ ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံး ကို တွေ့လိုက် ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။
"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"
ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။
"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။ သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။
(ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ရှယ်ပေးဖို့မမေ့ပါနဲ့)
အောင်ထွန်းဦး
အေးမြသာစည်ရွာ
From...Facebook
30 October 2013
သင်ဟာ မိဘကို ချစ်မြတ်နိုးတဲ့ သားသမီးတစ်ယောက်ဖြစ်တယ်ဆိုရင်
 သင်ဟာ မိဘကို ချစ်မြတ်နိုးတဲ့ သားသမီးတစ်ယောက်ဖြစ်တယ်ဆိုရင်....အောက်ပါစာလေးကို တခဏ အချိန်ပေးပြီး ဖတ်ကြည့်စေချင်ပါတယ်....။ ။တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွား...ခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ မင်းနဲ့ သွေးချင်းအရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ.... ဒါကြောင့် မိဘတွေရှိတုန်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ...မိဘတွေကို မင်းအတွက် စိတ်မပူ ပါစေနဲ့... မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ... ဘာလို့လဲဆိုတော့ သားသမီးတွေဆိုတာ မိဘတွေရဲ့ နှလုံးသည်း ပွတ်ဖြစ်နေလို့ပါပဲ
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ မင်းကို စိတ်ရင်းစေတနာ နွေးထွေး တဲ့ အကြင်နာ နဲ့ ယုယစွာချစ်မဲ့သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ.... ဘယ်မိဘကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ သားသမီးတွေပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး.... ဒါကြောင့် အချိန်ရပြီဆိုတာနဲ့ အိမ်ကိုပြန်ပြီး မိဘတွေနဲ့ တွေ့ပါ....ကိုယ့်အိမ် မဟုတ်တဲ့ စားသောက် ဆိုင် ပျော်ပွဲစားရုံတွေမှာ အချိန်ကုန်နေမဲ့အစား မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ.... ဘာလို့လဲဆိုတော့ မိဘတွေဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ်လို့ပါပဲ....  
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ မင်း ထမင်းမစားချင်တဲ့အခါ.. ဂရုတစိုက် ကျွေးမွေးမဲ့ သူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ.... ဒါကြောင့် အပြင်မှာ ဘယ်လောက် အလုပ်များများ...အိမ်ပြန်ပြီး မိဘတွေနဲ့ အတူတူ ထမင်းလက်ဆုံစားပါ... ဘာလို့လဲဆိုတော့ မိဘတွေမရှိတော့မှ သူတို့နဲ့အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ပါပဲ....  
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ...မင်းကို နေကောင်းရဲ့လား ...အလုပ်အဆင်ပြေရဲ့ လား...ပိန်သွားလား..၀ နေလား..ဆိုပြီး ဂရုစိုက်မဲ့သူနှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ.... တကယ်တော့ လူတစ်ယောက်ကို ဂရုစိုက်ရတယ်ဆိုတာ အပင်ပန်းဆုံး ပါပဲ...တော်ရုံလူက မင်းကို အမြဲ ဂရုစိုက်နေဖို့ဆိုတာ မလွယ်ပါဘူး... ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ...သူတို့ကို အထူး ဂရုစိုက်ပါ...အဝေးရောက်နေခဲ့ရင်လဲ မိဘတွေနဲ့ အမြဲဖုန်းဆက်သွယ်ပါ...ကိုယ့်ရဲ့ အခြေအနေကို ပြောပြသလို မိဘတွေ ရဲ့ ကျန်းမာရေးကိုလဲ အလေးထားပါ... ဘာလို့လဲဆိုတော့ သူတို့ နာမကျန်းတဲ့ အခါ...အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ပါပဲ... 
 တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ မင်းကို အဆုံးအစမရှိ မေတ္တာအနန္တနဲ့ ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ.... ဒါကြောင့် မိဘတွေကို စိတ်မထိခိုက် ပါစေနဲ့...မိဘတွေရှိတုန်းမှာ ပျော်ရွှင်မှုများများပေးပါ.... 
မင်းမှာ အချိန်မရှိဘူးလို့စောဒက မတက်ပါနဲ့...အလုပ်အရမ်းများတယ်လို့ မညည်းတွား ပါနဲ့....ကိုယ့်ရဲ့ အချိန်တွေကို တခြားသူတွေ ဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့... မိဘတွေရဲ့ ရင်ထဲမှာ သင့်တစ်ယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ.... သူငယ်ချင်းဆုံးရှုံးသွားရင် ပြန်ရှာလို့ရတယ်...အလုပ်မရှိတော့ရင်...အလုပ်အသစ်ရှာလို့ရတယ်...ယုတ်စွအဆုံး နှလုံးသားတစ်ခုဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ရပါတယ်... ဒါပေမဲ့ မိဘတွေမရှိတော့ဘူးဆိုရင်တော့ ဘယ်အရာနဲ့ မှ အစားထိုးလို့ရမှာ မဟုတ်တော့ပါဘူး....
{ မိဘကျေးဇူး ဆပ်နိုင်ကြပါစေ } 
 From...Facebook
ပုံကိုထိလိုက်တာနဲ့ ပုံက ပတ်ပတ်လည်နေစေအောင်
                                      Alternate Text
                                                 Alternate Text
အထက်ပါကဲ့ သို့ BLOG မှာ တင်တဲ့ ပုံတိုင်း(သိုမဟုတ်). ပုံတခုခုကို ..မောက်လေးနဲ့ ထိလိုက်တာ နဲ့ပတ်ပတ်လည် - လည်ပတ် သွားစေရန်ပြုလုပ် နိုင်မဲ့ နည်းလမ်းလေး ပါ၊ 
ဒီနေ့မှ ဇေလင်း..ရှာရင်းဖွေရင်းကလိကြည့်တာ...အဆင်ပြေလို့ နောက်ပြန်လေ့လာလို့
ရအောင်..တင်လိုက်ပါတယ်...
ပထမ နည်း
Blog အကောင့်ကို ဖွင့်
Templates ကိုကလစ် >> Edit HTML.ကိုနှိပ်
Ctrl  + F ကိုတွဲနှိပ်ပြီး  ]]></b:skin>  ကိုရှာပါ
ရှာတွေ့ရင် ]]></b:skin> ရဲ့အပေါ် မှာ အောက်က အနီရောင် ကုတ် တွေကို ကော်ပီယူပြီထည့်လိုက်ပါ
img {
-webkit-transition: all 1s ease-in-out;
-moz-transition: all 1s ease-in-out;
-o-transition: all 1s ease-in-out;
transition: all 1s ease-in-out;
}
img:hover {
-webkit-transform:rotate(1080deg);
-moz-transform: rotate(1080deg);
-o-transform:  rotate(1080deg);
-ms-transform: rotate(1080deg);
transform: rotate(1080deg);
}
ထည့်ပြီးရင် Save လိုက်ပါ။  ဒီနည်းက Blog မှာတင်တဲ့ ပုံတိုင်း လည်နေမှာ ဖြစ်ပါတယ်....
ဒုတိယနည်း
Blog အကောင့်ကို ဖွင့်
Templates ကိုကလစ် >> Edit HTML.ကိုနှိပ်
Ctrl  + F ကိုတွဲနှိပ်ပြီး  ]]></b:skin>  ကိုရှာပါ
ရှာတွေ့ရင် ]]></b:skin> ရဲ့အပေါ် မှာ အောက်က အနီရောင် ကုတ် တွေကို ကော်ပီယူပြီထည့်လိုက်ပါ
.rotate {
-webkit-transition: all 1s ease-in-out;
-moz-transition: all 1s ease-in-out;
-o-transition: all 1s ease-in-out;
transition: all 1s ease-in-out;
}
.rotate:hover {
-webkit-transform:rotate(1080deg);
-moz-transform: rotate(1080deg);
-o-transform:  rotate(1080deg);
-ms-transform: rotate(1080deg);
transform: rotate(1080deg);
}
ထည့်ပြီးရင် Save လိုက်ပါ။
post မှာ ပုံတင်တဲ့ အခါ အောက်က ကုတ်ကို အစားထိုးထည့်ပါ။
<img class="rotate" src="Put Your Image Link Here" alt="Alternate Text" title="Title Text" />
Put Your Image Link Here ဆိုတဲ့ နေရာ ပုံရဲ့ url ကိုထည့်သွင်းပါ။
From... လေလွင့်နေတဲ့လူ....- အွန်လိုင်းပေါ်မှ တွေ့ ရှိသမျှ
လူသိနည်းတယ် ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုး
  တိရစ္ဆာန် တစ္ဆေ္ဆများ
တချို့ သဘာဝလွန် နာနာဘာဝ တွေဟာ လူသိနည်း ပေမယ့် သူတို့ရဲ့ ခြောက်ချား စရာ ကောင်းမှုကတော့ မလျော့နည်း သွားစေ ရပါဘူး။ ကဲလူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုးကို ဖတ်ကြည့်ပါဦး။
အခုခေတ်မှာ သရဲဝိညာဉ် တွေက popular culture တစ်ရပ်ဖြစ်လို့ လာနေ ပါပြီ။ ဘယ်ရုပ်သံ လိုင်း ကိုကြည့်ကြည့် သရဲအကြောင်း၊ ၀ိညာဉ်အကြောင်း အခြေခံတဲ့ TV show တွေ ကို တွေ့ရမှာပါ။ “Ghost Hunters,” “Ghost Travelers,” “Celebrity Ghost Stories,” “Ghost Hunters Academy” တို့လို မျိုးပေါ့။ တစ်ခါတစ်ခါ ကျတော့ “Ghost Whisperer” နဲ့ “Being Human,” လိုဇာတ်နာနာ လွမ်းစရာ လေး တွေလဲ တစ်ခါတစ်ခါ ပါပါ သေးတယ်။ 
ဒီပြ ပွဲ တွေမှာ တွေ့နေကျ သဘာဝ လွန် ဖြစ်ရပ်တွေ ဖြစ်တဲ့ ပူးတာ၊ ခွာတာ၊ အရိပ်တွေ၊ လျှပ်စစ်လိုင်း EVPs တွေ phantoms သရဲတွေ၊ အလင်း ရိပ်ယောင် လူပုံစံတွေ ပါဝင်မှာပါ။ ဒီသရဲဖြစ်စဉ် တွေဟာ ပြောကြ တဲ့သူ များလို့ ယုံကြည် သူတွေကြား ရေပန်းစား လှပါတယ်။ ဒါပေမဲ့ ဒီသဘာဝလွန် ဖြစ်ရပ်တွေမှာ တခြား ဖြစ်တောင့် ဖြစ်ခဲ ဖြစ်စဉ် တွေလည်း ရှိနေပါ သေးတယ်။ ကဲလူသိ နည်း တဲ့ သရဲ အမျိုးအစား တွေ အကြောင်း ကြည့်လိုက် ရအောင်။
Crowded Demon
သရဲတွေက လူပြတ်တဲ့ နေရာမှာ ပိုပြီး ခြောက်လှန့်လေ့ ရှိတာမို့လို့ လူအုပ်ထဲက မိစ္ဆာတွေဟာ ထူးခြားဖြစ်စဉ် တစ်ခုပါ။ ဒီမိစ္ဆာတွေက တစ် နေရာ ထဲမှာ များစွာ ထွက်ပေါ်လာ စေခြင်းဖြင့် သူတို့ အကြောင်း ပြောကြတဲ့၊ လာကြည့် ကြတဲ့  လူစုလူဝေး ဖြစ်အောင် လှုံဆော် ပေးပါ တယ်။ ဘာလို့ သူတို့က လူတွေ လာစေချင်၊ သိစေချင် နေတာလဲ ဆိုတာ ကတော့ ရေရာတဲ့ အဖြေ မရှိသေး ပါဘူး။ သီအိုရီ တွေက တော့ အဲ့ဒီ နေရာ ကနေ စွမ်းအင် တစ်မျိုး ထုတ်လွှတ် တာမို့၊ လူတွေ ဓါတ်ပုံ ဆရာတွေ စိတ်ဝင်စား အောင်လို့ စသည်ဖြင့် အမျိုးမျိုး တွေးတော ယူဆနေ ကြပါတယ်။ နေရာ တစ်ခုမှာ သာမန် နာနာဘာဝ တွေက ဖလင် တွေထဲမှာ တစ်ခါ လောက်ပဲ ပါလာပေမဲ့ ဒီ crowd demon တွေက နှစ် ကောင်၊ သုံးကောင် လောက် ခနခန ပေါ်လာ တတ်ပါတယ်။
ဒီလိုဖလင် တွေမှာ ပါလာ ရင်လဲ သူတို့က ပုံစံတွေ အမျိုးမျိုး ပြောင်းနေ ပါသေး တယ်။ တစ်ခါ တစ်လေ လူသာမန် မျက်စိနဲ့ တောင် မမှတ်မိ နိုင်အောင် ပြောင်းလဲ သွားတာပါ။ ဓါတ်ပုံ တစ်ခု မှာတော့ လူ တစ်ယောက်ကို ကိုက်တော့ မလို လုပ်နေတဲ့ မြွေသဏ္ဍန် အသွင်ကို မြင်ရပြီး အဲ့ဒီ ဓါတ်ပုံရဲ့ နောက် တစ်နေရာ မှာတော့ ပွဲကြည့်နေတဲ့ သက်ရှိ လူတွေ ကြား ကွဲပြားနေတဲ့ လူသဏ္ဍန်၊ အရိပ်မည်းမည်း ကိုလဲ မြင်တွေ့ရ ပါတယ်။ ဒီပုံရဲ့ နောက် တစ်နေရာ မှာပဲ ကင်မရာကို ပြန်လှည့် ကြည့်နေတဲ့ မျက်နှာ သဏ္ဍာန်တစ်ခု ကိုလဲ မြင်နိုင်ပါ သေးတယ်။ လူတွေကြားထဲ ပေါ်လာရ ခြင်းဟာ သူတို့ အနေနဲ့ လူတွေရဲ့ ဂရုစိုက်မှုကို လိုချင်တာ မျိုးလဲ ဖြစ်နိုင် ပါသလား။
တိရစ္ဆာန် တစ္ဆေ္ဆများ
တိရစ္ဆာန် တွေဟာ အသက်ရှိ စဉ်က မိသားစု အချစ်တော် လေးတွေ ဖြစ်နေပေမဲ့ သေသွား ရင်တော့ လျစ်လျူခြင်း ခံလိုက် ရပါတယ်။ သရဲ လိုက် ကျွမ်းကျင် သူတွေရဲ့ အဆို အရ သူတို့ ကလေး တွေကို တွေ့ရ ပေမဲ့လို့ ဘယ်သူမှ အရေးလုပ် မနေကြပါဘူး လို့ ဆိုပါတယ်။ သူတို့ကို တွေ့ရတဲ့ ဖြစ်စဉ် အများ အပြား ရှိ ပေမဲ့လို့ လူတွေက ကျော်လွား သွားနေ ကြပါတယ်။ 1800 ခုနစ် အစောပိုင်းက John William Bell မိ သားစုရဲ့ စုန်းလိုက် တိုက်ပွဲမှာ ငှက်သရဲ တွေ ပျောက်ကွယ် သွားတဲ့ ခွေးတွေ အကြောင်း မှတ်တမ်း ပြုထား ပါတယ်။ 
ဒီမှတ်တမ်း အရ ပြောမယ် ဆိုရင် တိရစ္ဆာန် သရဲ လေးတွေ ဟာ သရဲကြီး တွေရဲ့ အဆင် တန်ဆာ တစ်ခု လောက် ပါပဲ။ တိရစ္ဆာန် သရဲတွေက သူတို့ ရှိကြောင်း ပြတဲ့ အခါ အနံ့ တွေ အသံတွေ သာမက ပုံရိပ်တွေ အဖြစ်လဲ ထွက်ပေါ် လာတတ် ပါတယ်။ ဒါကြောင့် အခြောက်ခံ ရသူတွေ ဟာ မမြင်နိုင်တဲ့  တိရစ္ဆာန် တွေရဲ့ ပျော်ရွှင်သံ ညည်းသံ တွေ နံရံနဲ့ တံခါးကို ကုတ်ခြစ် သံတွေကို ကြားရ ပါတယ်။
Ghost
Vortex
vortex တွေက သာမန် လူတွေ မသိနိုင် နားမလည် နိုင်တဲ့ သဘာဝ လွန် ဖြစ်ရပ်ဆန်း တစ်မျိုးပါ။ သူ့ကို မျက်လုံး နဲ့ မမြင် ရပဲ ရုပ်သေ ဓါတ်ပုံ တွေမှာ ပဲ တွေ့ရလေ့ ရှိပါတယ်။ ဒီ Vortex ဟာ ရှည်လျားတဲ့ ဆေးပြင်း လိပ်လို သံချောင်းလို ပုံစံ ရှိပြီး ဆံချည်မျှင်လို သွယ်တန်း နေပါတယ်။ သူတို့ဟာ လေပေါ်မှာ အလင်းတန်း လိုပေါ်လာ တတ်ပါတယ်။ အပူချိန် ကို ပြောင်းလဲ စေလို့ သူတို့ ရှိနေတဲ့ အခါ အခန်းဟာ အေးစက်စက် လေထုနဲ့ လွမ်းမိုး သွားပါတယ်။ 
 ဒီဟာတွေကို သာမန် orbs ရေငွေ့ စက်လေး တွေနဲ့ မှားနိုင် ပါသေးတယ်။ နှစ်ခုလုံးက လေထု ထဲမှာ ပေါ်လာ တာ မို့လို့ပါ။ ဒါပေမဲ့ vortex က အလုံ ပိတ်ထား တဲ့ အခန်းထဲမှာ တောင်ဖြစ်ပေါ် တာပါ။ သူတို့ကို အိမ်တွေ ထဲမှာ ပဲတွေ့ရလေ့ ရှိတာမို့ အရင် ပိုင်ရှင်တွေ များလား လို့ တွေးစရာပါ။ နောက် တစ်ခုက တခြား ၀ိညာဉ် တွေကို သယ်ဆောင် လာပြီး ကွဲပြားတဲ့ လောက နှစ်ခု ကို ဆက်စပ် ပေးသူ တွေလဲ ဖြစ်နိုင် ပါသေးတယ်။
Ghost
Inanimate Ghosts
တစ္ဆေ သဘောင်္ လို့ ခေါ်တဲ့ the Flying Dutchman ဟာ သက်မဲ့ တစ္ဆေတွေ ရဲ့ အကြောင်းပါပဲ။ ဒီ သဘောင်္ဟာ ၁၇ ရာစုမှာ ပင်လယ်ပျော် တွေကို ထိတ်လန့် ခြောက်ချား စေခဲ့ပါတယ်။ ဒါကို သဘောင်္ သား တော်တော် များများရဲ့ ယုံတမ်း စကားလို ကျော်ကြား ခဲ့ပြီး နောက်ပိုင်းမှာ လူတွေက မေ့ပျောက် သွားခဲ့ ပါတယ်။ ဒီ သက်မဲ့ တစ္ဆေတွေက သဘောင်္ တင်မက ကား ရထား ဒါမှမဟုတ် မီးအိမ် ငယ်လေး တစ်ခု တောင် ဖြစ်နိုင် ပါသေးတယ်။ ဒီ တစ္ဆေတွေက အချိန် တစ်ခုထဲ မှာ အေးခဲ ကျန်နေခဲ့ပြီး တစ်နေရာ ထဲမှာ ထပ်ခါ တလဲလဲ မြင်တွေ့ နေရ ပါတယ်။
Ghost
Doppelgänger
“Doppelgänger” တွေက တော့ တခြားနဲ့ မတူ တမူထူး ပါတယ်။ ဒီ  “Doppelgänger” ဆိုတာ German စကား “double goer” လို့ ခေါ်ပါတယ်။ ဒီ တစ္ဆေမျိုး တွေက တစ်နေရာ ထဲမှာ နှစ်ခု နှစ်ကိုယ်ခွဲ တာမို့ ဒီလို ခေါ်တာ ဖြစ်ပါတယ်။ ကြားဖူး သိဖူး ခဲ့သမျှ ထဲမှာတော့ ဒီလို တစ္ဆေမျိုး အစွမ်းမျိုးက သူတို့ တစ်မျိုးမှာပဲ ရှိတယ် ဆိုပါတယ်။ နောက် ထူးဆန်းတာက ဒီ “Doppelgänger” တစ်စုံ က တစ်ယောက် က အသက်ရှင် နေသူ ဖြစ်နေ တာပါပဲ။ ကိုယ်ပွား တစ္ဆေ ပေါ်တယ်လို့ ပြောရ မှာပေါ့။  ဖြစ်နိုင် တာက ချစ်ခင်ရသူ တစ်ယောက် ကို ရုတ်တရက် တွေ့လိုက်သလို ဖြစ်တတ် တာ မျိုးပါ။
 ဖြစ်တတ်တဲ့ တစ်မျိုးက အဲ့ဒီ ရုတ် တရက် တွေ့မိလိုက် သလို ဖြစ်သူဟာ တခြား နေ ရာမှာ သေလု မျောပါး ဒါမှ မဟုတ် သေဆုံးပြီးစ အချိန် ဖြစ်နေ တတ် ပါတယ်။ တစ်ခါ မှာတော့ အမေရိကန် သမ္မတ လင်ကွန်းဟာ လုပ်ကြံ မခံရမှီ သူ့ ပုံစံတူ Doppelgänger ကို မှန်ထဲမှာ တွေ့ခဲ့ ရတယ် ဆိုပါတယ်။ ကဗျာ ဆရာ Percy Bysshe Shelley ကလဲ သူ့ Doppelgänger ကို အိပ်မက်ထဲ မှာမြင်တွေ့ တယ်လို့ ဆိုပါတယ်။ ထင်ရှားတဲ့ သီအိုရီ တွေတော့ ရှိပါတယ်။ ဒါပေမဲ့ သဘာဝ လွန်နယ်ပယ် ရဲ့ထုံးစံ အတိုင်း အဖြေ ကတော့ တိတိ ကျကျ မရှိ ပါဘူး။ Doppelgänger တွေဟာ လူတွေရဲ့ ကိုယ်စောင့် နတ် ဒါမှ မဟုတ် အနုစား ရုပ်ခန္ဓာ တစ်မျိုး ဖြစ်ပြီး လူတွေရဲ့ အရေးကြီး တဲ့အချိန်မှာ ထွက်ခွာ သတိပေး တာဖြစ်နိုင် ပါတယ်။
Ghost
Kobold
ဂျာမန် တစ်ယောက် သာမဟုတ် ခဲ့ရင် “Kobold” ဆိုတာ ဘာလဲ သိမှာ မဟုတ်ပါဘူး။ ဒါက နာနာဘာဝပါပဲ။ “Kobold” ဆိုတာ မြန်မာလို မှင်စာလို့ ပြောရမလား မသိ။ ပျော် တတ် နောက် တတ် တဲ့ ၀ိညာဉ် သေးသေး လေးတွေ ကိုခေါ်တာပါ။ သူတို့ နေရာကို ရောက်လာ သူတွေကို အခြေတကျ နေလို့ မရအောင် နှောင့်တတ် ပါတယ်။ သူတို့ဟာ စိတ်ကောင်း ရှိတဲ့ သူမျိုး ရှိသလို စိတ်ပုပ် သူမျိုး လဲရှိ ပါသတဲ့။ အခြေ အနေ ပေါ်မူတည် တတ်ပါ တယ်။ သူတို့ဟာ တိရစ္ဆာန် အသွင် ဒါမှ မဟုတ် မီးလို အရာဝတ္တု အသွင် ရှိပါတယ်။  တစ်ခါတော့ Gef လို့ခေါ်တဲ့ မြွေပါ သဏ္ဍန် အကောင် လေးက ကျော်ကြား ပါတယ်။ 
ပုံပြင်က ၁၉၃၁ Dalby မြို့ နားမှာ စပါတယ်။ အဲ့နှစ် September လ တုန်းက Irvings မိသားစု ဟာ သူတို့ရဲ့ လယ်တော အိမ်အနောက် နံရံကို အကောင်လေး တစ်ကောင် ခြစ်နေသံ ကြားပါတယ်။ အဲ့ကနေ တစ်ခါ တစ်ခါ အကောင်သံ လိုလို တစ်ခါ တစ်ခါ ကလေး ငိုသံ လိုလို ကြားရ တတ်တယ် လို့ဆိုပါတယ်။ မကြာခင် မှာပဲ အဲ့အကောင်က သူက gef လို့ခေါ်တဲ့ မြွေပါ တစ်ကောင် လို့ မိတ်ဆက် ပါသတဲ့။ ဒီအကောင်က မြေက မွေးတဲ့ ၀ိညာဉ် ပါလို့ သူ့ကို မြင်ရတဲ့ တစ်ဦးတည်း သောသူ ဖြစ်တဲ့ ၁၃နှစ် သမီးလေး Voirrey ကပြောပြ ပါတယ်။ သူမက Gef က ကြွက်ဝါလို အသွင်နဲ့ အမြီး ဖွားဖွား ရှိတယ် ဆိုပါတယ်။ Gef က Irvings မိသားစု နဲ့ ရင်းနှီးပေမဲ့ ဧည့်သည် တွေကို မကြိုက် ပါဘူး။ သူက လူတွေ ကိုပစ္စည်း တွေနဲ့ ပစ်ပေါက်တာ အိမ်နီးချင်း တွေကို လိုက်ချောင်း တာမျိုး တွေလုပ် ပါတယ်။ ဒီကိစ္စကို အဲ့အချိန် တုန်းက မဖြေရှင်း နိုင်ခဲ့ ပါဘူး။
Ghost
Lemurs
Lemurs တွေရဲ့ မူလ အစက ရောမ တွေဆီ ကပါ။ ဒီသရဲ တွေက ရောမတွေ အတွက် အလွန် အရေးပါ ပါတယ်။ သူတို့ဟာ အမုန်းတွေကို သယ်ဆောင်လို့ လှည့်လည် လျှောက်သွား နေတယ် ဆိုပါတယ်။ အထူးသဖြင့် ရုတ်တရက် သေဆုံးလို့ ကောင်းကောင်း သဂြိုလ်တာ မခံရ သူတွေက lemurs တွေ ဖြစ်လာ ပါတယ်။ နောက် တစ်မျိုးက မိသားစုက သူတို့ သေဆုံးမှု ကနေ အကျိုး တစ်စုံ တစ်ရာ မရခဲ့ရင်လဲ ဖြစ်ပါ တယ်တဲ့။ 
သူတို့ဟာ ဒေါသ တွေနဲ့ လေလွင့် နေတဲ့ ၀ိညာဉ်တွေ ဖြစ်ပါတယ်။ အမှောင်နဲ့ မကောင်း တာတွေ ကို သယ်ဆောင် လာတယ်လို့ ပြောရမှာပါ။ သူတို့ကို ရင်ဆိုင် ရမယ် ဆိုတဲ့ အကြောက် တရားက ကြီးမား လှပါတယ်။ ဒါကြောင့် ရောမတွေက မေလ ထဲက တစ်ရက်ကို သတ်မှတ်လို့ သူတို့ကို ပွဲလေး လုပ်ပေး ပါတယ်။ ဒါကို Lemuralia လို့ခေါ်ပါတယ်။ အခုတော့ ရောမ ခေတ် ယုံကြည် မှု တွေကို စွန့်ပယ် လိုက်ကြ ပြီမို့ ကျွန်တော် တို့ စိတ်ထဲက နေသူတို့ တစ်ဖြေးဖြေး ပျောက်ကွယ် သွားပါပြီ။
Ghost
Etheric Revenants
ကျွန်တော် တို့ဟာ သရဲခြောက်တဲ့ နေရာ တွေကို ရောက်တဲ့ အခါ ပျော့ညံ့ အားနည်း သွားတတ် တယ်ဆိုတာ ကိုစာအုပ် တွေမှာ ဖတ်ဖူး မှာပါ။ ဒါက အီသာ အစုအဝေး ကြောင့် ဖြစ်နိုင် ပါတယ်။ ဒီ သရဲ အမျိုး အစားက တွေ့ရဖို့ ခဲယဉ်း ပါတယ်။ သူတို့မှာ သူများကို ၀င်ပူး နိုင်စွမ်း ရှိပြီး သာမန် နာနာ ဘ၀ တွေနဲ့ မတူ ပါဘူး။ သူတို့ ဟာ အရိပ် တစ္ဆေ အမျိုး အစား ပုံစံ မျိုးပါ။ ဒါပေမဲ့ သူတို့မှာ ၀င်ပူးခါနီး လူတစ်ယောက် ရဲ့စွမ်းအင် ကို ထုတ်ပစ် လိုက်ပြီး မှ အထဲကို ၀င်သွားပါတယ်။ victim ရဲ့ရုပ်ပိုင်း စိတ်ပိုင်း နှစ်ခုလုံးကို အသုံးချ တတ်တာမို့ သူတို့ကို အလွန် အန္တရာယ် ကြီးတဲ့ အမျိုး အစားလို့ သတ်မှတ် ထားပါ တယ်။ ဒါကြောင့် သင်တို့ဟာ အမြဲတစေ ရုပ်သံလိုင်း တွေပေါ်မှာ သူတို့ရဲ့ ဖြစ်ရပ် မှန် ကိုမတွေ့နိုင်ပါဘူး။
Ghost
Residual Historical Haunting
အလွန် ရှားပါးတဲ့ အမျိုး အစားပါ။ လူတော်တော် များများ ကြုံဖူး လောက် စရာ မရှိပါဘူး။ သူက အခွေ တစ်ခုကို ထပ်ကာ တလဲလဲ ပြန်ဖွင့် နေတာနဲ့ တူပါတယ်။ ဖြစ်နေကြ အတိုင်း နေရာ တစ်ခုထဲမှာ ထပ်ကာ ထပ်ကာ ဖြစ်နေတာ မျိုးပါ။ ဒီလို သရဲ ခြောက်ခံ ရတဲ့ အခါ ရှေး သမိုင်း ဟာ အဲ့ဒီနေ့ တုန်းက ဖြစ်ခဲ့တဲ့ အတိုင်း ပြန်ဖြစ်နေ တတ်ပါ တယ်။ 
အဲ့ဒါနဲ့ ပတ်သက် လို့ ကျော်ကြား ထင်ရှားတဲ့  အဖြစ် ကတော့ “Versailles Time Slip.” လို့ နံမည်ပေး ထားပါတယ်။ ၁၉၀၁ ခုနစ် သြဂုတ်လ မှာ Charlotte Anne Moberly နဲ့ Eleanor Jourdain နှစ်ဦးသား Versailles ကို သွားလည် စဉ်မှာ ဖြစ်ပွားခဲ့ ပါတယ်။ ရုတ်တရက်မှာ သူတို့ နှစ်ယောက် လုံးဟာ 18 ရာစု ပါရီက လူတွေ အကြား ရောက်နေတာ ကို အံသြ စရာတွေ့ လိုက်ရတာပါ။ Moberly ဆိုရင် Marie Antoinette က မြက်ခင်း ပေါ်မှာ ထိုင်လို့ ပုံဆွဲ နေတာ ကိုတောင် တွေ့လိုက် ပါသေး သတဲ့။ အဲ့ဒါဟာ အလျင် အမြန် ပေါ်လာပြီး အလျင် အမြန် ပဲပျောက် သွားပါ တော့တယ်။
Ghost
Artificial Ghost
artificial ghost ကတော့ ၀ိညာဉ် ကမ္ဘာမှာ အရှားပါးဆုံး ကိစ္စပါ။ ဒါက သရဲကို လူတွေက ဖန်တီး တာမျိုးပါ။ သဘော ကတော့ ကလေး တွေဂိမ်း ကစားရင် သူတို့ ကြိုက်တဲ့ ဇာတ်ကောင်နဲ့ ကစား သလို မျိုးပါ။ လူအုပ်စု တစ်စု ဟာ တူတူ စုဝေးကြ သရဲကို ဖန်တီးကြ နံမည်ပေးကြ စကား ပြောကြ စတာတွေ လုပ်ပါတယ်။ ပြီးတဲ့ အခါ သူတို့ရဲ့ စိတ်ဆိုင်ရာ ၀ိညာဉ် ဆိုင်ရာ စွမ်းအင်တွေ စုပေါင်း လိုက်ပါ တယ်။ တစ်ခါ တစ်လေ တော့ သရဲခေါ် ကတ်ပြားလို ပစ္စည်း မျိုးတွေ လိုတတ် ပါတယ်။ အဲ့လို မျိုးနဲ့ ခင်ဗျားတို့ ကိုယ်ပိုင် သရဲ တစ်ကောင် ရသွားပါ တော့တယ်။ အခုလို ပြောနေတဲ့ အခါ နောက် နေတာ လို့ထင်ချင် ထင်ပါ လိမ့်မယ်။ ဒါပေမဲ့ တကယ်ပဲ research တွေနဲ့ စမ်းသပ်မှု တွေ လုပ်ထား ပါတယ်။ 
တစ်ခုသော research ကတော့ Toronto Society အတွက် Psychical Research ပါ။ Conjuring Up Philip: An Adventure in Psychokineses ဆိုပြီး စာအုပ် ထုပ်ဝေ ခဲ့ပါတယ်။ အဲ့ဒီမှာ ဖိလစ် သရဲကို ဘယ်လို ပြုလုပ်ခဲ့ သလဲ ဆိုတာ အတိ အကျ ပါပါတယ်။ ရလဒ် ကတော့ အံ့သြ စရာပါ။  သူတို့ဟာ ဖိလစ်ကို ဖန်တီး နိုင်ရုံ သာမက သရဲ အသစ်တွေ နဲ့ ဘယ်လို ဆက်သွယ် မလဲ ဆိုတဲ့ နည်းလမ်း တွေနဲ့ လေထဲမှာ ဘယ်လို ဈန်ကြွ မလဲ ဆိုတာ တွေကိုတောင် တွေ့ရှိခဲ့ ပါတယ်။ Well— that’s what they said. နောက်ပိုင်း မှာ Lilith ကနေဒီ စပိုင် သရဲနဲ့ Sebastian ဆိုတဲ့ အလယ် ခေတ် အဂ္ဂိရတ် ပညာရှင် ကို ဖန်တီးခဲ့ ပါသေးတယ်။
Ghost
Images from www.dailymail.co.uk , ghoststory, listverse, Source - Listverse
Myanmar Youth Media Club
 From...Myanmar Online News
29 October 2013
လူလိမ်ကန်ထရိုက်များရန်မှ ကင်းဝေးပါစေ
ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြမြေ ဈေးနှုန်းကြီးမြင့်မှုနှင့် ကျေးလက်နေပြည် သူများ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းပေါ် ပေါက်ပြီးနောက်တွင်အလုပ်အကိုင်အခက် အခဲရှားပါးလာမှုကြောင့် ရန်ကုန်မြို့ပေါ် သို့ အလုံးအရင်းနှင့်ရောက်ရှိလာပြီး ကြုံ ရာကျပန်းလုပ်ကိုင်စားသောက်အခြေချ လာကြသလို၊ လယ်ရောင်း၊ ခြံရောင်းပြီး နိုင်ငံရပ်ခြားအလုပ်ထွက်လုပ်ရန်အတွက် မြို့ပေါ် သို့ ပြောင်းရွှေ့နေရာယူလာမှု ကြောင့် အိမ်ခြံမြေငှား/ရောင်းဈေးကွက် အခြေပြု၍ အိမ်မြေဈေး များမြင့်တက် လာခဲ့ပါတယ်။
အလုပ်အကိုင်ရှားပါးမှုနှင့် အိမ်ခြံ မြေဈေးမြင့်တက်မှုကို အကြောင်းပြု၍ ယခုအခါ မြို့နယ်အချို့ တွင် အထပ်မြင့် အဆောက်အအုံများ အပြိုင်အဆိုင်ထွက် လာတာတွေ့နေရပါတယ်။ ကျွန်တော် နေထိုင်ရာ မြို့နယ်အတွင်းမှာ မြို့ပြမြေ ယာအကွက်ရိုက်ထားမှုမှာ ပေ ၄၀x ပေ ၆၀ မြေကွက်များရှိသလို ပေ ၂၅x ပေ ၅၀ မြေကွက်များ တည်ရှိနေပါတယ်။ ပေ ၂၅x ပေ ၅၀ မြေကွက်ပေါ်မှာရှိတဲ့ အိမ် လုံးချင်းများနှင့် ပေ ၄၀x ပေ ၆၀ မြေ ကွက်များပေါ်မှာရှိတဲ့ အိမ်တချို့ဟာ ယိုယွင်းပျက်စီးနေမှုကို ကိုယ်ပိုင်ဝင်ငွေ ဖြင့် ပြုပြင်ထိန်းသိမ်းဖို့ အခက်အခဲများ ကြုံတွေ့နေရမှုကို အကြောင်းပြုပြီး ကန် ထရိုက်များနှင့် ငွေကြေးတတ်နိုင်သူများ ကမြေကွက် ၀ယ်ယူအထပ်မြင့်အဆောက် အအုံဆောက်သလို ကန်ထရိုက်နှင့် တစ် ခြမ်းပေးတစ်ခြမ်းယူ၊ အခန်းပေးအခန်းယူ တည်ဆောက်ဖို့စာချုပ်ချုပ်ဆိုလာကြရာ မှာ ပေါ်ပေါက်လာ တဲ့ပြဿနာတွေကို အခြေပြုပြီး တင်ပြလိုက်ပါရစေ။
ဒီလိုစာချုပ် ချုပ်ဆိုရာမှတစ်ဆင့် ပေါ်ပေါက်နေတဲ့ ပြဿနာတွေကတော့ အမျိုးမျိုး အဖုံဖုံဖြစ်ရပ်ကယ်စုံ လို့ပြောရမှာ ပါ။ တချို့ကောင်းမွန်တဲ့ကန်ထရိုက်များ ကဥပဒေနှင့် အညီဆောင်ရွက်တဲ့အတွက် ပြဿနာမရှိဘဲ ချောမွေ့အဆင်ပြေကြ သလို လူလည်/လိမ် ကန်ထရိုက်များနဲ့ စာချုပ်ချုပ်ထားသူတချို့ ကြုံတွေ့နေရ တာကတော့ အခန်းပေးအခန်း ယူပြောင်း ရွှေ့စရိတ် ကျပ်သိန်း ၂၀၊၃၀၊၅၀၊၁၀၀ မှ လမ်းမတန်းဆိုလျှင် သိန်း ၄၀၀ ကျပ်ထိ ဈေးပေါက်ပါတယ်။ 
ဆင်းရဲရိုးသားမှုကို အကြောင်းပြုလို့ ဥပဒေဖြင့် လက်တစ်လုံး ခြား လုပ်ဆောင်ရွက်မှုက (၁) နှစ်ကျော်၊ (၂) နှစ်အထိ အဆောက်အအုံမဆောက် သေးတဲ့အတွက် စာချုပ်ပါ စည်းကမ်း ဖောက်ဖျက်မှုနှင့် တရားစွဲရန်ကိစ္စ မဖြစ် ပေါ်အောင် နောက်ကွယ်မှ ဥပဒေ အကြံ ပေးသူ ရဲ့ စီမံဆောင်ရွက်မှု စနစ်ကျမှုနဲ့ မြေရှင်နစ်နာမှုကတော့ စာချုပ်ချုပ်ဆို ရာတွင် ကန်ထရိုက်က အသာစီးရယူထား မှုမှာ အုတ်မြစ်ချသည့်နေ့မှ (၁၂) လ အတွင်း ပြီးစီးအောင်ဆောက်လုပ်ပေး မည်ဆိုတာပါပဲ။ အုတ်မြစ်ကို ဘယ်ရက် တွင် စတင်ဆောင်ရွက် မည်ဆိုတာမပါရှိတဲ့အတွက်တရားစွဲလို့မရတာပါ။အဆောက်အအုံ တည်ဆောက် ဖို့မြေရှင် ဆောင်ရွက်ရမယ့်ကိစ္စတွေ ဆောင်ရွက် ပြီးသော်လည်း ကန်ထရိုက်မပေါ်လာတဲ့ အတွက် ဆက်လက်ငှားရမ်းနေထိုင်မှု အခက်အခဲကြုံတွေ့နေရတာပါပဲ။
နောက်တစ်မျိုးကတော့ မြေရှင် ကျေနပ်လောက်အောင် အုတ်မြစ်ချထား ပြီး အခန်းတွေကို ကြိုပွိုင့်စနစ်နဲ့အရစ် ကျငွေအလီလီရယူထားပြီး ဆက်လက် တည်ဆောက်ခြင်း မရှိတဲ့ အတွက် တရား စွဲဆိုမှုပါ။ အဆောက်အအုံဆောက်ရန် ဆောင်ရွက်တဲ့အခါ မူလအိမ်ဟောင်းဖျက် ခွင့်တင်ချိန်မှာ ဖျက်ပြီးနေပါပြီ။ ဖျက်ခွင့် ကျလာချိန်မှာ အုတ်မြစ်ချပြီးနေပါပြီ။ ဆောက်ခွင့်ပြုတဲ့ အထပ်မြင့်ထက်ပို ဆောက်ပြီး ဆောက်ခွင့်ကျလာချိန်မှာ လူတက်ရောက်နေထိုင်နေပါပြီ။ လူနေ ထိုင်ခွင့်ကျသည့်အချိန်ထိစောင့်ဆိုင်းမနေ တော့ပါပဲ တက်ရောက်နေထိုင်ပြီးမှ ရေ ယိုလို့၊ တံခါးဖွင့်ပိတ်မရလို့၊ နောက်ဖေး လှေကားမပါလို့ ဥပဒေအရ အရေးယူ ဒဏ်ရိုက်တဲ့ အခါမှာ ကန်ထရိုက်မရှိတော့ ပါဘူး။အခြားလုပ်ကွက်တစ်ခုကိုရောက် သွားပြီးမြေရှင် တရားစွဲ ဒဏ်ရိုက်ခံရမှုပါ။
ဒီလိုမျိုးကိစ္စတွေဖြစ်ပေါ်ရတာဟာ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူးနဲ့ ၀န်ထမ်း တွေရဲ့ ဥပဒေနှင့်အညီဆောင်ရွက်မှု အားနည်းချက်ကြောင့် ဆိုရင်မှားမယ်မထင် ပါဘူး။ ခွင့်ပြုချက် အရပ်အခါ် စည်ပင် သာယာဆိုင်းဘုတ် စိမ်းမထောင်ဘဲဆောက် လုပ်နေမှုကို သိရှိလို့ ကန်ထရိုက်ကို ဒဏ်ရိုက်တဲ့ပုဒ်မ ၂၈ အရ တစ်နေ့ဒဏ်ငွေ ကျပ် ၁၀၀၀၀ နှင့် ၁၀ လစာ ကျပ်သိန်း ၃၀ ဆိုတဲ့ငွေဟာ ကန်ထရိုက်အတွက် ပြောပလောက်တဲ့ဒဏ်ကြေးမဟုတ်သလို ကန်ထရိုက်တာတွေဟာ အဆောက် အအုံအတွက် စပေါ်ငွေနဲ့ ကန်ထရိုက် လိုင်စင်စပေါ် ငွေမြင့်မားသောကြောင့် တရားမ၀င်ကန်ထရိုက်များဖြစ်လာပြီး တိုက်ကိုမြန်မြန်ဆောက်သလို အခန်းကြို ပွိုင့်ရောင်းတတ်ကြကြောင်း၊
 ပြဿနာဖြစ် သောအခါဆက်သွယ်၍မရတော့ကြောင်း၊ စည်ပင်လူနေထိုင်ခွင့်ပြုချက် မရသော ကြောင့် အခန်းဝယ်သူများ နစ်နာနေ ကြောင်း၊ စက်တင်ဘာ(၁၃) ရက်၊သင်္ဃန်း ကျွန်းမြို့နယ် ထွေ/အုပ်ရုံး၌ ကျင်းပခဲ့ သော ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အရည်အသွေးမပြည့်မီ သော အဆောက်အအုံများကို ကန်ထ ရိုက်များကဆောက်လုပ်နေပြီး အဆောက် အအုံများသည် ခွင့်ပြုချက်မရှိကြောင်း သိ ရသည့်အပြင် စည်ပင်ကခွင့်ပြုထားသော အထပ်မြင့်ထက် ပိုမိုဆောက်လုပ်ထား ကြောင်း 
သင်္ဃန်းကျွန်းမြို့နယ်အတွင်း တိုက် (၅၀၀) ကျော်ကို တရားစွဲဆိုထား ကြောင်း၊ ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ် ထားသော သုံးထပ်တိုက်တစ်လုံးလျှင် ဒဏ်ကြေး (၈၅) သိန်း (၅) ထပ်တိုက်ဆို လျှင် ဒဏ်ကြေး (၁၆၅) သိန်း ထပ်ရိုက် မည့်အပြင် ခွင့်ပြုချက်မရှိဘဲ ဆက်လက် တည်ဆောက်နေပါက ဖျက်သိမ်းသည် အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွက် အခွန် ၀င်ငွေလျော့နည်းပြီး လျော့နည်းအောင် ပြုလုပ်သူများထဲတွင် ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး၊ မြေပိုင်ရှင်၊ ကန်ထရိုက်၊ တာဝန်ယူ ဆောက်လုပ်သော အင်ဂျင်နီယာနှင့် မြို့ နယ်စည်ပင်အင်ဂျင်နီယာ တို့အဓိက ပါဝင် ကြောင်း သတင်းထောက် အောင်ထွန်း ရေးသားချက်ကို တွေ့ရပါတယ်။
၁၇-၁၀-၂၀၁၃ နေ့ထုတ် နူနလနည နေ့စဉ်သတင်းစာတွင် သင်္ဃန်းကျွန်းမြို့ နယ်တွင် ခွင့်ပြုသည့်အထပ်ပမာဏကို ကျော်လွန်ဆောက်လုပ်သည့်အတွက် ကျော်လွန်သည့်အထပ်ကို မဖြစ်မနေ ဖျက်ရမည့် အဆောက်အအုံ (၁၁) လုံး ရှိကြောင်း ဖတ်ရတဲ့အခါမှာတော့ ရိုး သားတဲ့ပြည်သူလူထု ကိုယ်ပိုင်ဆိုင်တဲ့ မြေပေါ်ရှိ အိမ်အိုအိမ်ဟောင်းကို မပြု ပြင်နိုင်၍ တိုက်ခန်းပေါ်နေနိုင်ရေး အတွက် ဆောင်ရွက်ရာမှာ တကယ် ကောင်းမွန်တဲ့ စည်းကမ်းစနစ် ကျတဲ့ ကန်ထရိုက်များနှင့် တွေ့ဆုံအဆင်ပြေ စေရေးနှင့် လူလိမ်ကန်ထရိုက်များရန် မှ ကင်းဝေးပါစေကြောင်း ဆုတောင်း လိုက်ရပါတယ်။      
မျိုးထွန်း(NNDP)
Hot News Journal 
From....THITHTOOLWIN
28 October 2013
၁၁-၁၂-၁၃ တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
 ၁၁-၁၂-၁၃ တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ရန် ရက်ပေါင်း (၄၃) ရက်သာ လိုပါတော့သည် .... ++++++++++ (၄၄) နှစ်ကြာမှ အိမ်ရှင်နိုင်ငံအဖြစ် ပြန်လည်ကျင်းပခွင့်ရသည့်ပွဲ ဖြစ်ပါသည်။ အားကစား အမျိုးအစား (၃၃) မျိုး ပါဝင်မည်ဖြစ်ပြီး ၄င်းအားကစားပွဲများ ကျင်းပပုံများနှင့် ပိတ်ပွဲအခမ်းအနားကိုပါ ထုတ်လွှင့်ပေးသွားမှာဖြစ်သည်။ သို့ပါ၍ Online မှ ကြည့်ရှုလိုသူများ http://www.mrtv.gov.mm/ နှင့် http://www.facebook.com/mrtvwebmediaportal ပေါ်တွင် တိုက်ရိုက် ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
၁၁-၁၂-၁၃ တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ရန် ရက်ပေါင်း (၄၃) ရက်သာ လိုပါတော့သည် ....
(၄၄) နှစ်ကြာမှ အိမ်ရှင်နိုင်ငံအဖြစ် ပြန်လည်ကျင်းပခွင့်ရသည့်ပွဲ ဖြစ်ပါသည်။ အားကစား အမျိုးအစား (၃၃) မျိုး ပါဝင်မည်ဖြစ်ပြီး ၄င်းအားကစားပွဲများ ကျင်းပပုံများနှင့် ပိတ်ပွဲအခမ်း အနားကိုပါ ထုတ်လွှင့်ပေးသွားမှာဖြစ်သည်။
 သို့ပါ၍ Online မှ ကြည့်ရှုလိုသူများ http://www.mrtv.gov.mm/ နှင့် http://www.facebook.com/mrtvwebmediaportal ပေါ်တွင် တိုက်ရိုက် ကြည့်ရှုနိုင် မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
MRTV
From...Facebook
၇၉ ဒေါ်လာတန် ဥရောပ Android Tablet Avoca 7
၇၉ ဒေါ်လာတန် ဥရောပ Android Tablet Avoca 7   မြန်မာငွေ ၆ သောင်းလောက်နဲ့ ဥရောပဖြစ် ကျောက်သင်ပုန်းကွန်ပြူတာ တစ်လုံး ကောင်းကောင်း သုံးရမယ်ဆိုရင် တရုတ်ပြည်ထွက် Tablet တွေကို ခဏမေ့ထားနိုင်မှာ အမှန်ပါပဲ။    အမည်ကတော့ Avoca 7 လို့ခေါ်ပါတယ်။ ဗြိတိန်ပေါင် ၄၉ နဲ့ ဗြိတိန်အခြေ ဆိုက် Carphone Warehouse က ထုတ်တာပါ။ Display အရွယ် ၇ လက်မ ရှိပြီး Resolution က 800x400 ပါ။ RAM 512 MB ရှိပြီး Processor ကတော့ 1GHz ပါပဲ။ ဘက်ထရီက 3000 mAh တောင် ရှိပါတယ်။ ၈ နာရီလောက်ထိ အသုံးခံ ပါတယ်။ 192x117x10.7 mm အတိုင်းအတာ ရှိပြီး အလေးချိန်ကတော့ ၃၅၀ ဂရမ် ရှိပါတယ်။ Wi Fi ရပါတယ်။ နောက်ကော အဖြူ၊ ရှေ့ အနက် ပုံစံ ကာလာ တစ်မျိုးထဲ ထွက်ပါတယ်။   Android 4.2 Jelly Bean OS ကို အသုံးပြု ထားပါတယ်။ built in storage က 8GB ရှိပြီး SD card ထပ်ဆိုက် နိုင်ပါသေးတယ်။ ဒါကို မြန်မာကျပ်ငွေ ၇ သောင်း၊ ၈ သောင်းနဲ့ ရမှာမို့ တော်တော်လေး တန်ပါတယ်။ UK made ဖြစ်ပြီး အာမခံလည်း ရရှိမယ့် ပစ္စည်း Avoca 7 Tablet အား အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာ ဝယ်ယူ နိုင်ပါတယ်။  http://www.carphonewarehouse.com/special-offers/categories/half-price-tablet?stop_mobi=yes#phonedetailstabs  . Aung Kham ( TSJ team )  .
မြန်မာငွေ ၆ သောင်းလောက်နဲ့ ဥရောပဖြစ် ကျောက်သင်ပုန်းကွန်ပြူတာ တစ်လုံး ကောင်းကောင်း သုံးရမယ်ဆိုရင် တရုတ်ပြည်ထွက် Tablet တွေကို ခဏမေ့ထားနိုင်မှာ အမှန်ပါပဲ။ 
အမည်ကတော့ Avoca 7 လို့ခေါ်ပါတယ်။ ဗြိတိန်ပေါင် ၄၉ နဲ့ ဗြိတိန်အခြေ ဆိုက် Carphone Warehouse က ထုတ်တာပါ။ Display အရွယ် ၇ လက်မ ရှိပြီး Resolution က 800x400 ပါ။ RAM 512 MB ရှိပြီး Processor ကတော့ 1GHz ပါပဲ။ ဘက်ထရီက 3000 mAh တောင် ရှိပါတယ်။ ၈ နာရီလောက်ထိ အသုံးခံ ပါတယ်။ 192x117x10.7 mm အတိုင်းအတာ ရှိပြီး အလေးချိန်ကတော့ ၃၅၀ ဂရမ် ရှိပါတယ်။ Wi Fi ရပါတယ်။ နောက်က အဖြူ၊ ရှေ့ အနက် ပုံစံ ကာလာ တစ်မျိုးထဲ ထွက်ပါတယ်။ ...
Android 4.2 Jelly Bean OS ကို အသုံးပြု ထားပါတယ်။ built in storage က 8GB ရှိပြီး SD card ထပ်စိုက် နိုင်ပါသေးတယ်။ ဒါကို မြန်မာကျပ်ငွေ ၇ သောင်း၊ ၈ သောင်းနဲ့ ရမှာမို့ တော်တော်လေး တန်ပါတယ်။ UK made ဖြစ်ပြီး အာမခံလည်း ရရှိမယ့် ပစ္စည်း Avoca 7 Tablet အား အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာ ဝယ်ယူ နိုင်ပါတယ်။
http://www.carphonewarehouse.com/special-offers/categories/half-price-tablet?stop_mobi=yes#phonedetailstabs
.
Aung Kham ( TSJ team )
From...Facebook
27 October 2013
Picture Collage Maker ဆိုရင် တော်တော်များများသိမှာ
 Pearl Mountain Picture Collage Maker Pro 4.0.0 for Win XP, 7, 8 (105.3 Mb) ================================  Picture Collage Maker ဆိုရင် တော်တော်များများသိမှာပါ  အခု25ရက်နေ့ထွက် ဗားရှင်းအသစ်မှာ ဒီဇိုင်းလေးတွေတော်တော်စုံလာပါတယ် သူကတော့ ဓာတ်ပုံဘောင်လှလှလေးတွေထည့်တာ ဓာတ်ပုံအများကြီးကို တစ်ပုံထဲလုပ်တာ ပြက္ခဒိန်မှာဓာတ်ပုံထပ်ပေါင်းထည့်တာ အမှတ်တရဓာတ်ပုံလုပ်တာ စသည်ဖြင့်  အခြားလုပ်ဆောင်ချက်တွေလည်းပါရှိပါတယ် အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်   http://bogalaytharthiha.blogspot.com/2013/10/pearl-mountain-picture-collage-maker.html
Pearl Mountain Picture Collage Maker Pro 4.0.0 for Win XP, 7, 8 (105.3 Mb)
Picture Collage Maker ဆိုရင် တော်တော်များများသိမှာပါ အခု25ရက်နေ့ထွက် ဗားရှင်းအသစ်မှာ ဒီဇိုင်းလေးတွေတော်တော်စုံလာပါတယ်...
သူကတော့ ဓာတ်ပုံဘောင် လှလှလေးတွေထည့်တာ ဓာတ်ပုံအများကြီးကို တစ်ပုံထဲလုပ်တာ
ပြက္ခဒိန်မှာ ဓာတ်ပုံထပ်ပေါင်းထည့်တာ အမှတ်တရဓာတ်ပုံလုပ်တာ စသည်ဖြင့် အခြားလုပ်ဆောင်ချက်တွေလည်းပါရှိပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
http://bogalaytharthiha.blogspot.com/2013/10/pearl-mountain-picture-collage-maker.html
From...Facebook
Firefox ကို 3D ပုံစံလေးပြောင်းသုံးချင်သူများအတွက်။
Firefox ကို 3D ပုံစံလေးပြောင်းသုံးချင်သူများအတွက်။   အခုတင်ပေးလိုက်တဲ့ Add-ons လေးက အရမ်းကိုလန်းလွန်းလို့ တင်ပေးလိုက်တာပါ။  ဒီကောင်လေးက Firefox ကို 3D အနေအထားနဲ့ မြင်ရမှာဖြစ်ပါတယ်။  Internet ကိုလန်းလန်းလေးသုံးချင်သူများအတွက်ပေါ့။  Link ကိုတော့ တိုက်ရိုက်ဘဲ ကျွန်တော်ပြန်တင်ပေးထားပါတယ်။  စမ်းကြည့်ချင်တဲ့သူငယ်ချင်းများအောက်က Link မှာ စမ်းသပ်နိုင်ပါတယ်။  http://hngetngaimrokhimisistory.blogspot.com/2013/10/firefox-3d.html
အခုတင်ပေးလိုက်တဲ့ Add-ons လေးက အရမ်းကိုလန်းလွန်းလို့ တင်ပေးလိုက်တာပါ။
ဒီကောင်လေးက Firefox ကို 3D အနေအထားနဲ့ မြင်ရမှာဖြစ်ပါတယ်။
...
Internet ကိုလန်းလန်းလေးသုံးချင်သူများအတွက်ပေါ့။
Link ကိုတော့ တိုက်ရိုက်ဘဲ ကျွန်တော်ပြန်တင်ပေးထားပါတယ်။
စမ်းကြည့်ချင်တဲ့သူငယ်ချင်းများအောက်က Link မှာ စမ်းသပ်နိုင်ပါတယ်။
http://hngetngaimrokhimisistory.blogspot.com/2013/10/firefox-3d.html
်From...Facebook
အင်တာနက်ပေါ်မှာ နားထောင်နေတဲ့ သီချင်းတွေကို ဖုန်းထဲထည့်ဖို့
ဒီဟာလေးကလည်း အားလုံးအတွက်  အဆင်ပြေနိုင်ပါတယ်  အင်တာနက်ပေါ်မှာ  နားထောင်နေတဲ့ သီချင်းတွေကို ဖုန်းထဲထည့်ဖို့  MP3 ပြန်ပြောင်းချင်ရယ် ရတယ်  ပြီးတော့ သီချင်ရှာရတာ အခက်ခဲရှိတယ်ဆိုရင်လည်း Flash Song တွေ ပေါတယ်  ပြန်ပြောင်းပြီး သုံးလို့ ရတယ် တစ်ခါတလေ ကျနော်လည်းသီချင်းလိုချင်တာရှာလို့   မလွယ်ဘူး ဒါနဲ့  Flashသီချင်းတွေကိုMP3 ပြန်ပြောင်းသုံးလိုက်တာအဆင်ပြေလို့   အဲ့တော့ အဆင်ပြေချင်ရင်ယူထား.....................  http://www.zwmnna.com/2012/05/flash-song-mp3.htm
ဒီဟာလေးကလည်း အားလုံးအတွက် အဆင်ပြေနိုင်ပါတယ် အင်တာနက်ပေါ်မှာ
နားထောင်နေတဲ့ သီချင်းတွေကို ဖုန်းထဲထည့်ဖို့  MP3 ပြန်ပြောင်းချင်ရယ် ရတယ်
ပြီးတော့ သီချင်းရှာရတာ အခက်ခဲရှိတယ်ဆိုရင်လည်း Flash Song တွေ ပေါတယ်...
ပြန်ပြောင်းပြီး သုံးလို့ ရတယ် တစ်ခါတလေ ကျနော်လည်းသီချင်းလိုချင်တာရှာလို့ 
မလွယ်ဘူး ဒါနဲ့  Flashသီချင်းတွေကိုMP3 ပြန်ပြောင်းသုံးလိုက်တာအဆင်ပြေလို့ 
အဲ့တော့ အဆင်ပြေချင်ရင်ယူထား.....................
http://www.zwmnna.com/2012/05/flash-song-mp3.htm
 မောင်(စွယ်စုံကျမ်း) From...FACEBOOK
ဆွမ်းအကျိုး နှင့် ရေအကျိုး
“ ဆွမ်းအကျိုး နှင့် ရေအကျိုး ” •••••••••••••••••••••••••••• အရှင်ဘုရား၊ တပည့်တော် ရေလှူခြင်းအကျိုး ၁၀-ပါးရှိသည်ဟု ကြားဖူးပါသည်။ အချိုရည်၊ အအေးမျိုးစုံ၊ ကော်ဖီ၊ လက်ဖက်ရည်တို့သည်လည်း အရည်ဖြစ်သောကြောင့် ထိုအရည်များလှူဒါန်းလျှင် ရေကဲ့သို့ အကျိုး ၁၀-ပါး ရရှိနိုင်ပါသလားဘုရား။ ဖြေကြားပေးပါရန်လျှောက်ထား အပ်ပါသည်ဘုရား။ (မအေးသီရိရွှေ-ရန်ကုန်မြို့)  [www.facebook.com/youngbuddhistassociation.mm]  (ဖြေ) ရှေးက ဒါယိကာမကြီးတယောက် ဘုန်းကြီးတပါးကို ဆွမ်းကပ်သည့်အခါ မကျေနပ်သဖြင့် မေးသည့်မေးခွန်းနှင့်ပဲ ဖြေကြားပေးပါမည်။  ရှေးက ဒါယိကာမကြီးတယောက် ဆွမ်းကပ်သည့်အခါ ဘုန်းကြီးက ဆွမ်းအကျိုး ၅-ပါးရကြောင်း ဟောကြားပါသည်။ ထိုဒါယိကာမကြီး မပြန်ခင် နောက်တဦးက ရေလာလှူသည့်အခါ ရေအကျိုး ၁၀-ပါးရကြောင်း ဟောပါသည်။ သည်တွင် ဆွမ်းလှူသည့် ဒါယိကာမကြီးက ပိုက်ဆံအများကြီး ကုန်ရ၊ ချက်ရ၊ ပြုတ်ရနဲ့ အလုပ်များလှတဲ့ ဆွမ်းကျတော့ အကျိုး ၅-ပါးသာရပြီး မချက်ရ၊ မပြုတ်ရတဲ့ ရေကျတော့ အကျိုး ၁၀-ပါးတောင် ရသလားဘုရား-ဟု ဘ၀င်မကျ၍ ဘုန်းကြီးကိုလျှောက်ပါသည်။ ထိုအခါ ဘုန်းကြီးက ဒါယိကာမကြီး ဆွမ်း-ဆွမ်းဟင်းတွေ ချက်တော့ ရေမထည့်ရဘူးလား။ ထည့်ရပါတယ်ဘုရား။ အေး ဒါဆို ဆွမ်းအကျိုး ၅-ပါးရော၊ ရေအကျိုး ၁၀-ပါးရော ပေါင်းရင် ဒါယိကာမကြီးက ၁၅-ပါးတောင် ရတာပေါ့လို့ ဟောလိုက်မှ ကျေနပ်သွားလေသတဲ့။  ထိုနည်းအတူပင် အချိုရည်၊ လက်ဖက်ရည်တို့တွင်လည်း အာဟာရဓာတ်များပါသည်။ ထို့ကြောင့် အာဟာရအလှူ အကျိုး ၅-ပါးနှင့် ရေနှင့် ရောစပ်ထားသဖြင့် ရေအကျိုး ၁၀-ပါးပါ ပေါင်းလျှင် ၁၅-ပါး ရရှိနိုင်ပါသည်။  - ( မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)  Young Buddhist's Association
အရှင်ဘုရား၊ တပည့်တော် ရေလှူခြင်းအကျိုး ၁၀-ပါးရှိသည်ဟု ကြားဖူးပါသည်။ အချိုရည်၊ အအေးမျိုးစုံ၊ ကော်ဖီ၊ လက်ဖက်ရည်တို့သည်လည်း အရည်ဖြစ်သောကြောင့် ထိုအရည်များ လှူဒါန်းလျှင် ရေကဲ့သို့ အကျိုး ၁၀-ပါး ရရှိနိုင်ပါသလားဘုရား။ ဖြေကြားပေးပါရန်လျှောက်ထား
အပ်ပါသည်ဘုရား။...
(မအေးသီရိရွှေ-ရန်ကုန်မြို့)
[www.facebook.com/youngbuddhistassociation.mm]
(ဖြေ)
ရှေးက ဒါယိကာမကြီးတယောက် ဘုန်းကြီးတပါးကို
ဆွမ်းကပ်သည့်အခါ မကျေနပ်သဖြင့် မေးသည့်မေးခွန်းနှင့်ပဲ ဖြေကြားပေးပါမည်။
ရှေးက ဒါယိကာမကြီးတယောက် ဆွမ်းကပ်သည့်အခါ
ဘုန်းကြီးက ဆွမ်းအကျိုး ၅-ပါးရကြောင်း ဟောကြားပါသည်။ ထိုဒါယိကာမကြီး မပြန်ခင် နောက်တဦးက
ရေလာလှူသည့်အခါ ရေအကျိုး ၁၀-ပါးရကြောင်း ဟောပါသည်။
သည်တွင် ဆွမ်းလှူသည့် ဒါယိကာမကြီးက ပိုက်ဆံအများကြီး
ကုန်ရ၊ ချက်ရ၊ ပြုတ်ရနဲ့ အလုပ်များလှတဲ့ ဆွမ်းကျတော့
အကျိုး ၅-ပါးသာရပြီး မချက်ရ၊ မပြုတ်ရတဲ့ ရေကျတော့
အကျိုး ၁၀-ပါးတောင် ရသလားဘုရား-ဟု ဘ၀င်မကျ၍ ဘုန်းကြီးကိုလျှောက်ပါသည်။
ထိုအခါ ဘုန်းကြီးက ဒါယိကာမကြီး ဆွမ်း-ဆွမ်းဟင်းတွေ
ချက်တော့ ရေမထည့်ရဘူးလား။ ထည့်ရပါတယ်ဘုရား။
အေး ဒါဆို ဆွမ်းအကျိုး ၅-ပါးရော၊ ရေအကျိုး ၁၀-ပါးရော
ပေါင်းရင် ဒါယိကာမကြီးက ၁၅-ပါးတောင် ရတာပေါ့လို့
ဟောလိုက်မှ ကျေနပ်သွားလေသတဲ့။
ထိုနည်းအတူပင် အချိုရည်၊ လက်ဖက်ရည်တို့တွင်လည်း အာဟာရဓာတ်များပါသည်။ ထို့ကြောင့် အာဟာရအလှူ
အကျိုး ၅-ပါးနှင့် ရေနှင့် ရောစပ်ထားသဖြင့် ရေအကျိုး
၁၀-ပါးပါ ပေါင်းလျှင် ၁၅-ပါး ရရှိနိုင်ပါသည်။
- ( မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)
Young Buddhist's Association
See More
From...Facebook
ဒစ်ဂျစ်တယ်ပစ္စည်း လုပ်ဆောင်မှုများ နှင့် ပြဿနာ ဖြေ၇ှင်းနည်း
 ဒီစာအုပ်လေးကတော့ ယနေ့ ခတ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေတဲ့ စာအုပ်ကောင်းလေးပါ  လူတိုင်း ခေတ်ပေါ်ပစ္စည်းတွေ ကိုင်တွယ်လာပီဆို ကိုယ်တိုင်ပြုပြင်တတ်ဖို့ လိုလာပီ  ပြဿနာအသေးအမွား ဆိုင်သွားပြရင် မသိတဲ့အခါ တောင်းသလောက်ပေးရတယ်  အဲ့တော့ ဒီပစ္စည်းတွေ ကိုင်ပီဆို သဘောတရားနားလည် အသေးအမွှားပြပြင်တတ်  သီချင်းသွင်းတတ် ဘယ်လိုဖိုင်အမျိုးစားတွေ ပွင့်လည်း မှားဖျက်မိတဲ့အခါဆိုရင်လဲ  ပြန်လည်ရယူနည်း  ရှာဖွေနည်းတွေပါဝင်ပါတယ် ။ မသိသေးတဲ့သူတွေက   အခွေ  သီချင်းတွေ အင်တာနက်က ယူထားတဲ့ ဗီဒီယိုဖိုင်တွေကို ဖုန်းတွေထဲ ထည့်တဲ့အခါ  အခွေပြန်ထုတ်ချင်တဲ့အခါ ဘယ်လိုပြုလုပ်သင့်လဲ  ဘယ်လိုဖိုင်တွေ ပြောင်းသင့်လဲ  အသေးစိတ် ရေးပြထားတာမို့  တစ်အုပ်ထဲနဲ့ ဆက်စပ်ရာ  ဗဟုသုတ အတော်လေး  များပြားပါဝင်တာကို တွေ့ ရတယ် ။ နည်းပညာဗဟုသုတအတွက်  မျှဝေလိုက်ပါ၏  အောက်ကလင့်မှာ အဆင်ပြေရာ ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်..................။   http://www.zwmnna.com/2013/03/mp3-mp4.html
ဒီစာအုပ်လေးကတော့ ယနေ့ ခတ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေတဲ့ စာအုပ်ကောင်းလေးပါ
လူတိုင်း ခေတ်ပေါ်ပစ္စည်းတွေ ကိုင်တွယ်လာပီဆို ကိုယ်တိုင်ပြုပြင်တတ်ဖို့ လိုလာပီ
ပြဿနာအသေးအမွား ဆိုင်သွားပြရင် မသိတဲ့အခါ တောင်းသလောက်ပေးရတယ်...
အဲ့တော့ ဒီပစ္စည်းတွေ ကိုင်ပီဆို သဘောတရားနားလည် အသေးအမွှားပြပြင်တတ်
သီချင်းသွင်းတတ် ဘယ်လိုဖိုင်အမျိုးစားတွေ ပွင့်လည်း မှားဖျက်မိတဲ့အခါဆိုရင်လဲ
ပြန်လည်ရယူနည်း ရှာဖွေနည်းတွေပါဝင်ပါတယ် ။ မသိသေးတဲ့သူတွေက အခွေ
သီချင်းတွေ အင်တာနက်က ယူထားတဲ့ ဗီဒီယိုဖိုင်တွေကို ဖုန်းတွေထဲ ထည့်တဲ့အခါ
အခွေပြန်ထုတ်ချင်တဲ့အခါ ဘယ်လိုပြုလုပ်သင့်လဲ ဘယ်လိုဖိုင်တွေ ပြောင်းသင့်လဲ
အသေးစိတ် ရေးပြထားတာမို့  တစ်အုပ်ထဲနဲ့ ဆက်စပ်ရာ ဗဟုသုတ အတော်လေး
များပြားပါဝင်တာကို တွေ့ ရတယ် ။ နည်းပညာဗဟုသုတအတွက် မျှဝေလိုက်ပါ၏
အောက်ကလင့်မှာ အဆင်ပြေရာ ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်..................။
http://www.zwmnna.com/2013/03/mp3-mp4.html
မောင်(စွယ်စုံကျမ်း)  From...Facebook
အမှန်မြင်အောင် ကြည့်လိုက်ရင်
“ အမှန်မြင်အောင် ကြည့်လိုက်ရင် ” •••••••••••••••••••••••••••••• မေခ ၊ မလိခ က အောက်ကိုစီးရင်းစီးရင်းနဲ့ သူတို့နှစ်ခု ဆက်မိတဲ့အချိန်မှာ မေခလည်းမရှိတော့ဘူး၊ မလိခ လည်းမရှိတော့ဘူး၊ ဧရာဝတီတစ်ခုတည်း ဖြစ်သွားတယ်။ အဲဒီတော့ United လား ၊ Union လား ၊ Harmony လားနော်။  ညီညွတ်ခြင်းဆိုတာ ရေ ရေချင်းပေါင်းသွားတာနော်၊ မေခနဲ့ မလိခနံမည်နှစ်ခုကတော့ ပေါင်းလို့ မရဘူး။ အဲဒီနံမည်နှစ်ခု အပေါ်မှာဘဲ ကြည့်ပြီး ငြင်းခုံနေမယ် ဆိုလို့ရှိရင်လည်း ဧရာဝတီက မဖြစ်တော့ဘူး။  မင်းကမေခ တိဘက်ကလာတာ၊ မင်းကမလိခ တရုတ် ကလာတာ တရုပ်နဲ့တိဘက်သည် မပေါင်းနိုင်ဘူးဆိုလို့ ရှိရင် ဧရာဝတီ မလာတော့ဘူး၊ ဧရာဝတီ မရှိတော့ဘူး။  မေခ,မလိခ ပေါင်းလိုက်လို့ ဘာဖြစ်လာတာလဲ ၊ ဧရာဝတီ ဖြစ်လာ တာနော်။ အဲဒါပဲ...။ မေခနဲ့ မလိခ ဆိုတဲ့ နံမည်အပေါ်မှာကြည့်ပြီး တော့ စကားများမနေပဲနဲ့ အထဲကရေကိုမြင်အောင်ကြည့်လိုက်ရင် အကုန်လုံး အေးအေး ချမ်းချမ်း သန့်သန့် ရှင်းရှင်း ပေါင်းသွား ကြမှာ ... ။ ( သီတဂူဆရာတော်ကြီး) Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm  အေးချမ်းမွန် Credit To > Young Buddhist's Association <Thanks https://www.facebook.com/excellencemedia
မေခ ၊ မလိခ က အောက်ကိုစီးရင်းစီးရင်းနဲ့ သူတို့နှစ်ခု
ဆက်မိတဲ့အချိန်မှာ မေခလည်းမရှိတော့ဘူး၊ မလိခ
လည်းမရှိတော့ဘူး၊ ဧရာဝတီတစ်ခုတည်း ဖြစ်သွားတယ်။...
အဲဒီတော့ United လား ၊ Union လား ၊ Harmony
လားနော်။
ညီညွတ်ခြင်းဆိုတာ ရေ ရေချင်းပေါင်းသွားတာနော်၊ မေခနဲ့
မလိခနံမည်နှစ်ခုကတော့ ပေါင်းလို့ မရဘူး။ အဲဒီနံမည်နှစ်ခု
အပေါ်မှာဘဲ ကြည့်ပြီး ငြင်းခုံနေမယ် ဆိုလို့ရှိရင်လည်း
ဧရာဝတီက မဖြစ်တော့ဘူး။
မင်းကမေခ တိဘက်ကလာတာ၊ မင်းကမလိခ တရုတ်
ကလာတာ တရုပ်နဲ့တိဘက်သည် မပေါင်းနိုင်ဘူးဆိုလို့
ရှိရင် ဧရာဝတီ မလာတော့ဘူး၊ ဧရာဝတီ မရှိတော့ဘူး။
မေခ,မလိခ ပေါင်းလိုက်လို့ ဘာဖြစ်လာတာလဲ ၊ ဧရာဝတီ ဖြစ်လာ
တာနော်။ အဲဒါပဲ...။ မေခနဲ့ မလိခ ဆိုတဲ့ နံမည်အပေါ်မှာကြည့်ပြီး
တော့ စကားများမနေပဲနဲ့ အထဲကရေကိုမြင်အောင်ကြည့်လိုက်ရင
အကုန်လုံး အေးအေး ချမ်းချမ်း သန့်သန့် ရှင်းရှင်း ပေါင်းသွား
ကြမှာ ... ။
( သီတဂူဆရာတော်ကြီး)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
အေးချမ်းမွန် Credit To > Young Buddhist's Association <Thanks
https://www.facebook.com/excellencemedia
See More
From...Facebook
လိပ်ပြာသန့်သန့် အိပ်စက်ခြင်း
လိပ်ပြာသန့်သန့် အိပ်စက်ခြင်း ******************* အသက် ၇ နှစ်အရွယ် ကောင်မလေးနဲ့ ကောင်လေး တစ်နေရာမှာ တွေ့ပါတယ်။ ကောင်မလေးမှာ သကြားလုံးများပါလာပြီး ကောင်လေးဆီမှာ ဖန်ဂေါ်လီလုံးများ ပါလာပါတယ်။ ကောင်လေးက သကြားလုံး စားချင်တော့ သကြားလုံး အားလုံးနဲ့ သူ့ဖန်ဂေါ်လီအားလုံး လှဲမယ်လို့ ပြောလိုက်ပါတယ်။ ကောင်မလေးက လည်း သဘောတူတော့ သကြားလုံးနဲ့ ဂေါ်လီလုံးများကို လှဲလိုက် ပါတယ်။ သို့ပေမယ့် ကောင်လေး ကတော့ အလှဆုံး ဖန်ဂေါ်လီတစ်လုံးကို မပေးပဲ ဝှက်ထားပါတယ်။ ကောင်မလေးကတော့ သူ့သကြားလုံး အားလုံးကို ပေးလိုက်ပါတယ် ညရောက်တဲ့အခါမှာတော့ ကောင်မလေးက အိပ်ပျော်ပေမယ့် ကောင်လေး တစ်ယောက် အိပ်မပျော်ပါဘူး။ ဖန်ဂေါ်လီ အားလုံး ပေးမယ်လို့ ပြောပြီး အလှဆုံး တစ်လုံး ဖယ်လို့ သူ့အတွက် သိမ်းထားမိတဲ့အတွက် မလုံမလဲနဲ့ ပေးခဲ့ရင် အကောင်းသား လို့တောင် နောင်တရနေမိပါတယ်။ --- သင်ခန်းစာ - လူတွေဟာ ကိုယ်ပေးစရာ ရှိတာမှန်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့် ပေးတာ အကောင်းဆုံးပါပဲ။ အပြန်အလှန်ပေးဆပ်ရတဲ့ လူမှု ဘဝနေထိုင်မှုမှာ ကိုယ့်အတွက် တစ်ကွက်ချန်လို့ အကျိုးအမြတ် ယူပေမယ့် တစ်ကယ်တမ်း ပူလောင်နေရတာက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ရာနှုန်းပြည့် ပေးဆပ်ပြီးသူကတော့ အပူအပင် မရှိအိပ်နိုင်ပါတယ်။ အမှားလုပ်သူကသာ၊ အပြစ်လုပ်သူကသာ မအိပ်နိုင်မစားနိုင် ဖြစ်ရပါတယ်။ အရာဝတ္ထုတင်မကပဲ မထိနိုင်၊မမြင်နိုင်တဲ့ ကိုယ်ချင်းစာတရား၊ ကြင်နာတရား၊ မေတ္တာတရား တို့မှာလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ Ref: everyquote Credit: အောင်ခမ်း ( ရိုးရာလေး )  http://www.searchmyanmar.com/click/search
အသက် ၇ နှစ်အရွယ် ကောင်မလေးနဲ့ ကောင်လေး တစ်နေရာမှာ တွေ့ပါ တယ်။ ကောင်မလေး မှာ သကြားလုံးများပါလာပြီး ကောင်လေးဆီမှာ ဖန်ဂေါ်လီလုံးများ ပါလာပါ တယ်။ ကောင်လေး က သကြားလုံး စားချင်တော့ သကြားလုံး အားလုံးနဲ့ သူ့ဖန်ဂေါ်လီအားလုံး လှဲမယ်လို့ ပြောလိုက် ပါ တယ်။ ကောင်မလေးက လည်း သဘောတူတော့ သကြားလုံးနဲ့ ဂေါ်လီလုံးများကို လှဲလိုက် ပါတယ်။ သို့ပေမယ့် ကောင်လေး ကတော့ အလှဆုံး ဖန်ဂေါ်လီတစ်လုံးကို မပေးပဲ ဝှက်ထားပါ တယ်။
 ကောင်မလေးကတော့ သူ့သကြားလုံး အားလုံးကို ပေးလိုက်ပါတယ် ညရောက်တဲ့အခါ မှာတော့ ကောင်မလေးက အိပ်ပျော်ပေမယ့် ကောင်လေး တစ်ယောက် အိပ်မပျော်ပါဘူး။ ဖန်ဂေါ်လီ အားလုံး ပေးမယ်လို့ ပြောပြီး အလှဆုံး တစ်လုံး ဖယ်လို့ သူ့အတွက် သိမ်းထားမိ တဲ့အတွက် မလုံမလဲနဲ့ ပေးခဲ့ရင် အကောင်းသား လို့တောင် နောင်တရနေမိပါတယ်။
သင်ခန်းစာ - လူတွေဟာ ကိုယ်ပေးစရာ ရှိတာမှန်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့် ပေးတာ အကောင်းဆုံးပါပဲ။ အပြန်အလှန်ပေးဆပ်ရတဲ့ လူမှု ဘဝနေထိုင်မှုမှာ ကိုယ့်အတွက် တစ်ကွက် ချန်လို့ အကျိုးအမြတ် ယူပေမယ့် တစ်ကယ်တမ်း ပူလောင်နေရတာက ကိုယ်ကိုယ်တိုင် ပဲ ဖြစ်ပါတယ်။... 
ရာနှုန်းပြည့် ပေးဆပ်ပြီးသူကတော့ အပူအပင် မရှိအိပ်နိုင်ပါတယ်။ အမှားလုပ်သူကသာ၊ အပြစ်လုပ်သူကသာ မအိပ်နိုင်မစားနိုင် ဖြစ်ရပါတယ်။ အရာဝတ္ထုတင်မကပဲ မထိနိုင်၊မမြင်နိုင်တဲ့ ကိုယ်ချင်းစာတရား၊ ကြင်နာတရား၊ မေတ္တာတရား တို့မှာလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။
Ref: everyquote
Credit: အောင်ခမ်း ( ရိုးရာလေး )
http://www.searchmyanmar.com/click/search
ဆံပင်မပေါက်၍ ထိပ်ပြောင်နေသူများ နေရာကွက်၍ ဆံပင်မပေါက်သူများ ရှိခဲ့ပါလျှင် ဒီနည်းလေးကို သုံးကြည့်ကြပါ။
**ဆံပင်မပေါက်၍ ထိပ်ပြောင်နေသူများ နေရာကွက်၍ ဆံပင်မပေါက်သူများ ရှိခဲ့ပါလျှင် ဒီနည်းလေးကို သုံးကြည့်ကြပါ။** ======================  ဆေးနည်းမှာ  ပထမ ငှက်ပျောတစ်ပင်၏ ပင်စည်(၁)ပေ အမြင့်လောက်တွင် ဓါးနှင့် အနာဖြစ်အောင်ထိုးလိုက်ပါ။ ထိုအနာ ထဲသို့ စတီးဇွန်းကို မှောက်ခုံထည့်လိုက်ပါ။ အနာမှတစ်ဆင့် စတီးဇွန်း တစ်လျှောက် ငှက်ပျောရည်များ တစ်စက် တစ်စက် ကျလာမည်။  ထိုအစက်အောက်မှ ဖန်ခွက် ဖြစ်စေ၊ ပုလင်းဖြစ်စေ ခံထားရပါမည်။ (၅)ကျပ်သားခန့်ရလျှင် တစ်နေ့တာ အသုံးပြုရန် လုံလောက်ပါသည်။ ဆံပင်မပေါက်သည် နေရာအား အကြိမ်ကြိမ် ခြောက်တိုင်း လိမ်းပေး ရပါမည်။  အနည်းဆုံး (၁၀)ရက်ခန့် လိမ်းပေးလျှင် မပေါက်သောနေရာမှ ဆံပင်များ ပြန်၍ ထွက်လာပါလိမ့်မည်။ လက်တွေ့ စမ်းသပ်ခြင်းဖြင့် မှန်မမှန် သိနိုင်ပါသည်။  ဆံပင်ကျွတ်ပျောက်ဆေးနည်း ------------------------------- သလဲရွက်ကို ရေနှင့်ကြိတ်၍ သတ္တုရည်ကို တစ်နေ့ နှစ်ကြိမ် လိမ်းပေးပါမူ ဆံပင်ကျွတ်ခြင်း ပျောက်ကင်း စေပါသည်။ ဆံပင်ပေါက်ဆေးနည်းသံပရာစေ့ကို ရေနှင့် ကြိတ်ပြီး နေ့စဉ် လိမ်းပေးပါက ဆံပင် ပြန်ပေါက် စေပါသည်။  ဆံပင်နက်ဆေးနည်း --------------------- (၁) တမာဆီကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် ဆံပင်များပြန်၍ နက်ပြီး ချောမွတ်စေပါသည်။ (၂) မန်ကျည်းသီး အဆံကို သွေး၍ ဦးခေါင်းရှိ ဆံပင်အားလုံးကို လိမ်းပါ။ (၃) မယားကြီးရွက်၊ပဲရွက်၊ ပေါက်ပန်းဖြူရွက် ၎င်းသုံးမျိုးကို ကြိတ်၍ နှမ်းဆီနှင့် ဖျော်လိမ်းပေးပါ။ (၄) သူငယ်စား ငှက်ပျောကို ပျားရည်နှင့် တစ်နှစ်စိမ်ပြီးစားပါ။ (၅) ပွေးကိုင်းရွက်၊ ကြိတ်မှန်ရွက် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ အရည်ကို သောက်ပေးပါ။ (၆) မန်ကျည်းသီး ငါးကျပ်သား ၊ ဆား ငါးကျပ်သား ၊ ပွေးကိုင်းရွက် ငါးကျပ်သား၊သကြားတစ်ဆယ် ကျပ်သား၊ ပျားရည် တစ်ဆယ်ကျပ်သား ၎င်းဆေးငါးပါးရော၍ စားပါ။  နောက်တစ်နည်း ----------------- ဆံပင်ကျွတ်ခြင်း ၊ ခေါင်းပြောင်ခြင်းဖြစ်သူများ ၊ ဆံပင်ပြန်ပေါက်ရန် ခြေဖဝါးကို ဆားပွတ်ပါ။  ကျန်းမာကြပါစေ.........မင်းမင်းဇော်  သတင်းနှင့်စွယ်စုံ Credit To>Myanmar Advertising Page <Thanks https://www.facebook.com/nwesamazing 
 ဆေးနည်းမှာ 
ပထမ ငှက်ပျောတစ်ပင်၏ ပင်စည်(၁)ပေ အမြင့်လောက်တွင် ဓါးနှင့် အနာဖြစ်အောင်ထိုး လိုက်ပါ။ ထိုအနာ ထဲသို့ စတီးဇွန်းကို မှောက်ခုံထည့်လိုက်ပါ။ အနာမှတစ်ဆင့် စတီးဇွန်း တစ်လျှောက် ငှက်ပျောရည်များ တစ်စက် တစ်စက် ကျလာမည်။ ထိုအစက်အောက်မှ ဖန်ခွက် ဖြစ်စေ၊ ပုလင်းဖြစ်စေ ခံထားရပါမည်။ (၅)ကျပ်သားခန့်ရလျှင် တစ်နေ့တာ အသုံးပြုရန် လုံလောက်ပါသည်။
 ဆံပင်မပေါက်သည့် နေရာအား အကြိမ်ကြိမ် ခြောက်တိုင်း လိမ်းပေး ရပါမည်။ အနည်းဆုံး (၁၀)ရက်ခန့် လိမ်းပေးလျှင် မပေါက်သောနေရာမှ ဆံပင်များ ပြန်၍ ထွက်လာပါလိမ့်မည်။ လက်တွေ့ စမ်းသပ်ခြင်းဖြင့် မှန်မမှန် သိနိုင်ပါသည်။ 
 ဆံပင်ကျွတ်ပျောက်ဆေးနည်း  
 သလဲရွက်ကို ရေနှင့်ကြိတ်၍ သတ္တုရည်ကို တစ်နေ့ နှစ်ကြိမ် လိမ်းပေးပါမူ ဆံပင်ကျွတ် ခြင်း ပျောက်ကင်း စေပါသည်။ 
ဆံပင်ပေါက်ဆေးနည်း 
သံပရာစေ့ကို ရေနှင့် ကြိတ်ပြီး နေ့စဉ် လိမ်းပေးပါက ဆံပင် ပြန်ပေါက် စေပါသည်။  
ဆံပင်နက်ဆေးနည်း  
(၁) တမာဆီကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် ဆံပင်များပြန်၍ နက်ပြီး ချောမွတ်စေပါသည်။ 
(၂) မန်ကျည်းသီး အဆံကို သွေး၍ ဦးခေါင်းရှိ ဆံပင်အားလုံးကို လိမ်းပါ။ 
(၃) မယားကြီးရွက်၊ပဲရွက်၊ ပေါက်ပန်းဖြူရွက် ၎င်းသုံးမျိုးကို ကြိတ်၍ နှမ်းဆီနှင့် ဖျော်လိမ်းပေးပါ။ (၄) သူငယ်စား ငှက်ပျောကို ပျားရည်နှင့် တစ်နှစ်စိမ်ပြီးစားပါ။ 
(၅) ပွေးကိုင်းရွက်၊ ကြိတ်မှန်ရွက် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ အရည်ကို သောက်ပေးပါ။ 
(၆) မန်ကျည်းသီး ငါးကျပ်သား ၊ ဆား ငါးကျပ်သား ၊ ပွေးကိုင်းရွက် ငါးကျပ်သား၊သကြားတစ်ဆယ် ကျပ်သား၊ ပျားရည် တစ်ဆယ်ကျပ်သား ၎င်းဆေးငါးပါးရော၍ စားပါ။ 
 နောက်တစ်နည်း 
ဆံပင်ကျွတ်ခြင်း ၊ ခေါင်းပြောင်ခြင်းဖြစ်သူများ ၊ ဆံပင်ပြန်ပေါက်ရန် ခြေဖဝါးကို ဆားပွတ်ပါ။ ကျန်းမာကြပါစေ.........
မင်းမင်းဇော် သတင်းနှင့်စွယ်စုံ 
Credit To>Myanmar Advertising Page <Thanks https://www.facebook.com/nwesamazing
From...FACEBOOK