28 February 2018

ပဲခူး ဘုရားဝင်းအတွင်းမှ ဘုရင့်နောင် ရုပ်တု လိပ်ပြာသိပ်ထားတယ်လို့ ထိုင်းများ ယုံကြည်ကြ

 



ပဲခူးမြို့မှာ ဘုရင့်နောင်မင်းတရားကြီး တည်ထားခဲ့သော ပဲခူးမြို့ရဲ့ တစ်ဆူတည်းသော ဘုရားဖြစ်တဲ့ ဆုတောင်းပြည့် စွယ်တော် ရှင်မဟာ စေတီတော်မြတ်ကြီးကို ဘုရင့်နောင်မင်းရဲ့ ရုပ်တုမှာ လိပ်ပြာ
သိပ်ထားတယ်လို့ ယုံကြည်ကြပြီး ထိုင်း ဧည့်သည်တွေ အများဆုံး လာရောက်ကြတယ်လို့သိရပါတယ် ။

ဘုရားဝန်း အတွင်းမှာ တည်ရှိတဲ့ ဘုရင့်နောင် ရုပ်တု ထဲကို ထိုင်းက လာပြီး လိပ်ပြာ သိပ်ထားတာ ဖြစ် တယ်လို့ ယုံကြည်ကြပါတယ်။

“ ထိုင်းဘုရင့် သမီးတော် ဆုပန်ကလျာ နဲ့ ဘုရင့်နောင် မင်းတရားကြီးရဲ့ ကြင်ယာဖြစ်ခဲ့ပြီးတော့ ထိုင်းနဲ့ပတ်သက်တာကတော့ အဓိက ဒီကို လာကြတယ် ။ ဘုရင့်နောင် ရဲ့ ကြင်ယာတော်ဖြစ်လို့လည်း ဒီကို ထိုင်းက လာကြတယ် ဒီဘုရားက ပဲခူးမှာ ဘုရင့်နောင် တည်ခဲ့တဲ့ တစ်ဆူတည်းသော ဘုရား ဒီရုပ်တုမှာ ဘုရင့်နောင်ရဲ့ လိပ်ပြာသိပ်ထားတယ်လို့ပြောကြတယ် ။


အဲ့ဒါကြောင့် ထိုင်းတွေပဲအများဆုံးလာကြတယ် “လို့ ဆုတောင်းပြည့်စွယ်တော် ရှင်မဟာ စေတီတော်မြတ်ကြီးက လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ဦးကျော်သန်းဝင်းက ပြောပါတယ်။


 
 

သင့်ရဲ့ ဖုန်း ဘက်ထရီကို အမြန်ဆုံး အားကုန်စေမယ့် App များ



တစ်ကယ်တော့ ဖုန်းကို အားကုန်စေတဲ့ အချက်က ဖုန်းကို ဖွင့်ထားလို့၊ အလင်းဖြာနေရလို့၊ မီးဖွင့်ထားလို့၊ အင်တာနက် သုံးလို့၊ ကင်မရာ ရိုက်လို့ ဆိုတာတွေထက် ဖုန်းပိတ်ထားသည့်တိုင်အောင် လည်ပတ်နေတဲ့ Appတွေ၊ အင်တာနက် ဖွင့်သုံးမှ ရတဲ့ App တွေကြောင့် ဘက်ထရီ ကုန်မှု ပိုများပါတယ်။

အခု ပြောမယ့် App တွေက ဘက်ထရီ အားကုန် အမြန်စေဆုံးပါ၊ သင့်ဖုန်းမှာ ဒီ App တွေ သုံးနေရင်တော့ ဖြစ်နိုင်ရင် သုံးချိန်လျော့ပါ၊ မသုံးဖြစ်ရင် Uninstall လုပ်လိုက်ပါတော့။

(၁) Snapchat – ဒီ App သုံးသူတွေ အနေနဲ့ တစ်ခြား ဖုန်းသုံးသူတွေထက် ဘက်ထရီ အားကုန်မြန်ပါ လိမ့် မယ်။ လက်ရှိ နိုင်ငံတစ်ကာသုံး App တွေထဲမှာ ကမ္ဘာ့ လူသုံး အများဆုံး App တစ်ခု အဖြစ် ရပ် တည်နေတဲ့ Snapchatက ဘက်ထရီစား များလွန်းနေပါတယ်။

ဘယ်လို အကောင်းဆုံး သုံးမလဲ – Snapchat ရဲ့ စနစ်သစ် Travel Mode ချသုံးပါ။ သူက ပုံတွေ ဗီဒီယို တွေကို အလိုအလျောက် ရယူ ဖော်ပြနေခြင်း ကနေ ကာကွယ်ပေးနိုင်လို့ ဘက်ထရီစား သက်သာပါ လိမ့်မယ်။

(၂) BBC News – သတင်းတွေကို Update ဖြစ်အောင် ဖန်တီးထားတဲ့ အတွက် အခု App က ဘက်ထရီ အရမ်းစားပါတယ်။ သူနဲ့ အတူ NYTimes, NDTV, CNN နဲ့ အခြား သတင်း ဌာန App တွေကလည်း ဘက်ထရီ စားတာပါပဲ။

ဘယ်လို အကောင်းဆုံး သုံးမလဲ – အကောင်းဆုံး ကတော့ အခုလို သတင်းဌာနက App တွေ မသုံးပါနဲ့။ တစ်ကယ်လို့ သုံးမယ် ဆိုရင်တော့ App အနေနဲ့ မသုံးပဲ Chrome ကနေ တစ်ဆင့် BBC ကို ၀င်ကြည့်ပါ။ အတူတူပါပဲ။


21 February 2018

သြစတြေးလျနိုင်ငံမှာ အခြေချ နေထိုင်လိုပါသလား

 



သြစတြေးလျနိုင်ငံမှာ အခြေချနေထိုင်လိုပါသလား။ နည်းလမ်းတွေ တစ်ခုထက်မနည်း ရှိပါတယ်။

သြစတြေးလျနိုင်ငံကို အလည်လာလိုပါသလား၊ ဒါမှမဟုတ် အခြေချနေထိုင်လိုပါသလား။ နည်းလမ်းတွေ တစ်ခုထက်မနည်း ရှိပါတယ်။ အချုပ်အားဖြင့်တော့သြစတြေးလျနိုင်ငံကို လာရောက်ဖို့ အဓိက လမ်းကြောင်း ၂ ခု ရှိပါတယ်။
 
တစ်ခုကတော့ ယာယီ လာရောက်နေထိုင်ခြင်းဖြစ်ပြီး နောက်တစ်ခု ကတော့ အမြဲတမ်း ပြောင်းရွှေ့နေ ထိုင်ခြင်း ဖြစ်တယ်လို့ Kerrie Armstrong ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အဓိက လမ်းကြောင်း ၂ ခုထဲမှာမှ သြစတြေးလျနိုင်ငံကို လာရောက်နိုင်တဲ့ လမ်းသွယ်လေးတွေ အများကြီး ရှိပါတယ်။
 
သြစတြးလျနိုင်ငံ အမျိုးသား တက္ကသိုလ်က လူဝင်မှုဆိုင်ရာ ဥပဒေပညာရှင် Marianne Dickie ရဲ့အဆို အရ သြစတြေးလျနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ ကိစ္စဟာ အင်မတန် ရှုတ်ထွေးလွန်းတဲ့အတွက် အေးဂျင့်တွေ ဒါမှမဟုတ် လူဝင်မှုဆိုင်ရာ ရှေ့နေကို လူအများစုက ငှားရမ်းပြီး လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။
ဖောင်ဖြည့်တတ်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပဲ ဘယ်ပုံ ဘယ်နည်း ဒါမှမဟုတ် ဘယ်ဗီဇာ အမျိုးအစားကို လျှောက်ရမလဲ ဆိုတာကို သိဖို့ လိုတယ်လို့ ပြောပါတယ်။
 
ဒါကြောင့်လည်း သြစတြေးလျနိုင်ငံမှာ လူဝင်မှုနဲ့ ပတ်သက်တဲ့ အေးဂျင့်ပေါင်း ၅၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ သြစတြေးလျကို ဝင်ရောက်ဖို့အတွက် ဘယ်ဗီဇာ အမျိုးအစားကို လျှောက်သင့်သလဲ ဆို တဲ့နေရာမှာ ရှုတ်ထွေးလွန်းသလို လူဝင်မှု ဥပဒေ ကလည်း အမျိုးမျိုး ပြောင်းလဲနေတဲ့အတွက် အခက် အခဲတွေ ဖြစ်နေရပါတယ်။ ဒါ့အပြင် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ရတာလည်း ဖြစ်ပါတယ်။
 
ယာယီ လာရောက်နေထိုင်ခြင်း

ယာယီလာရောက်နေထိုင်ခြင်း အစီအစဉ်အောက်မှာ ပြည်ပကနေ ၃ လ ကနေ ၁ နှစ် အလည် လာ တာတွေ၊ နှစ်နဲ့ချီ ကျောင်းလာတက်တာတွေ၊ အလုပ် အတွက် ခေတ္တ ရွှေ့ပြောင်းလာတာတွေနဲ့ အလည် လာရင်းတစ်နှစ်လောက် အလုပ် လုပ်ခွင့်ရှိတဲ့ ဗီဇာတွေ ပါဝင်ပါတယ်။

သြစတြေးလျနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် ရချင်ရင်တော့ အဲဒီအတွက် နှစ်နဲ့ချီစောင့်ပြီး လျှောက်ထားနိုင် သလို ဒုက္ခသည် အဖြစ် ဝင်ရောက်လိုရင်လည်း လျှောက်ထားနိုင်ပါတယ်။

အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်အောက်မှာလည်း နည်းလမ်း အမျိုးမျိုး ရှိပြန်ပါတယ်။

ကျောင်းသား ဗီဇာ

ယာယီလာရောက်နေထိုင်ခြင်း အောက်မှာ ကျောင်းသားဗီဇာနဲ့လည်း နေထိုင်နိုင်ပါတယ်။ Chart of temporary visa holders. သြစတြေးလျနိုင်ငံမှာ မူလတန်းဘဝကနေ တက္ကသိုလ်အထိ ကျောင်းသား ဗီဇာနဲ့ ကျောင်းလာတက်နိုင်ပါတယ်။ကျောင်းသားဗီဇာမှာလည်း အမျိုးအစားကွဲပြားမှု ရှိပါတယ်။ Subclass 500 ဗီဇာအမျိုးအစားကတော့ သြစတြေးလျနိုင်ငံမှာ အချိန်ပြည့် ကျောင်းသားအနေနဲ့ ကျောင်းလာတက်ဖို့အတွက် လျှောက်ထားနိုင်ပါတယ်။

subclass 590 visa ကတော့ အသက် ၁၈ နှစ်အောက် ကျောင်းသားတွေအတွက် ဖြစ်ပြီး အဲဒီဗီဇာက ကျောင်းသား အပြင် အဲဒီကျောင်းသားကို အုပ်ထိန်းဖို့ အုပ်ထိန်းသူ တစ်ယောက်ကိုပါ ကျောင်းတက်နေ သမျှ ကာလပတ်လုံး သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ပေးတဲ့ ဗီဇာ အမျိုးအစား ဖြစ်ပါတယ်။ အုပ်ထိန်းသူ ကတော့ အနည်းဆုံး အသက် ၂၁ ရှိရမှာ ဖြစ်ပြီး မိဘ ဒါမှမဟုတ် အုပ်ထိန်းပိုင်ခွင့်ရှိသူ တစ်ဦးဦး ဖြစ်ရမှာ ဖြစ်ပါတယ်။

   

 


19 February 2018

မြန်မာ့ စီးပွားရေးကို ဘောဂဗေဒ သီအိုရီများနှင့် ချဉ်းကပ်ကြည့်ခြင်း



စကားဦး

စာရေးသူ အပြင် သိပ်မထွက်ဖြစ်ေ
တာ့ပါ။ အိမ်မှာပဲ စာရေး စာဖတ် လုပ်သည်။ ခေါင်းကိုက်လာလျှင် အိမ်နှင့် မနီးမဝေး လှည်းတန်းဘက် ထွက်သည်။ ကော်ဖီသောက်ချင် သောက်မည်။ သို့မဟုတ် ကိုလွင်ဦး စာအုပ်ဆိုင် ထိုင်ချင်ထိုင်မည်။ သို့ဖြင့် စာရေးသူမှာ လောကကြီး မဟုတ်တောင် ရန်ကုန်မြို့ကြီးနှင့် အထူး သဖြင့် စာပေလောကနှင့် ကင်းကွာနေတော့သည်။

တစ်နေ့လယ်ကလည်း စာဖတ်ရင်း ခေါင်းကိုက်လာသည်နှင့် လှည်းတန်းစင်တာထွက်ပြီး ကော်ဖီ သောက်ဖြစ်သည်။ ဤတွင် နိုင်ငံခြားသားတစ်ယောက်က စာရေးသူ နာမည်ခေါ်ပြီး နှုတ်ဆက်သည်။ ထုံးစံ အတိုင်း စာရေးသူမှာ သူ့အမည်ကို မေ့နေသော်လည်း မျက်မှန်းတန်းမိ သလိုဖြစ်နေ၍ ပြုံးပြလိုက်သည်။ ကော်ဖီတစ်ခွက်မှာပြီး သူ့ကိုကျေးဇူး ပြုလိုက်သည်။


 ကော်ဖီသောက်ရင်းမှပင် သူက မမျှော်လင့်သော မေးခွန်းတစ်ခုကို မေးလိုက်ရာ စာရေးသူမှာ ဘာဖြေရမှန်းမသိ ‘ငေါင်’ သွားတော့သည်။ သူ့မေးခွန်း … “ခင်ဗျားတို့နိုင်ငံစီးပွားရေးက ဘာ သီအိုရီနဲ့သွားနေတာလဲ …”

ပြောရလျှင် သူ မေးသည့်မေးခွန်းမျိုးကို မိမိကိုယ်ကိုယ် မကြာခဏဆိုသလိုမေးနေမိသည်မှာ
 ကြာပါပြီ။ မေးမိတိုင်းလည်း အဖြေမရခဲ့ပါ။ သို့နှင့်တိုင် သူ့ကိုတော့ ထိန်းထိန်းသိမ်းသိမ်း အဖြေပေးလိုက်ပါသည်။ ယခုလို … “ကျွန်တော်က ဘောဂဗေဒပညာနဲ့ အတော်စိမ်းပါတယ်။ စီးပွားရေးနဲ့လည်း မနီးလှပါဘူး …။ ဒါ့ကြောင့် မိတ်ဆွေရဲ့ မေးခွန်းကို ကျွန်တော် မဖြေတတ်ပါဘူး …” စာရေးသူပြောသည်ကို သူ နားလည်ရဲ့လားမသိ။ ဇဝေဇဝါနှင့် စာရေးသူကို ငေးကြည့်နေသည်။ စာရေးသူလည်း နှုတ်ဆက်ပြန်ခဲ့သည်။ သို့တိုင် အိမ်ရောက်သည်ထိ သူ့မေးခွန်းက ခြောက်လှန့်ဆဲ …။ “ခင်ဗျားတို့နိုင်ငံ စီးပွားရေးက ဘာသီအိုရီနဲ့ သွားနေတာလဲ …”


မစ်လား၊ ကိန်းလား

စာရေးသူတို့ နိုင်ငံမှာ ဆိုရှယ်လစ် စီးပွားရေးစနစ်၏ ဒဏ်သင့်မှုကို နှစ်ရှည်လများ ခံခဲ့ရသည်။ သို့ဖြင့် မြန်မာ လူထုမှာ ဆိုရှယ်လစ်ဆိုသောအသံကို လေသံမျှပင် ကြားလိုဟန် မရှိတော့ပါချေ။ ပေါ်လစီ မိတ်ကာများသည်လည်း ဤနည်းနှင်နှင်သာ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ ယနေ့ မြန်မာ့စီးပွားရေးကို မောင်းနေ သည်မှာ ‘ ကားလ်မာက္ခ်’ ၏ သီအိုရီ မဖြစ်နိုင်။ စီမံကိန်း စီးပွားရေးမဖြစ်နိ
ုင် ….။ ဖြစ်ချင်းဖြစ်လျှင် ‘အရင်းရှင် စနစ်’ သာ ဖြစ်ပါလိမ့်မည်။ သီအိုရီဘက်ကပြောရလျှင် ‘ အဒမ်စမစ်’ သို့မဟုတ် ‘ ဂျွန်မေးနတ်စ်ကိန်း ’ သာ ဖြစ်ဖို့များပါသည်။

စာရေးသူနားလည်သလောက် ပြောကြည့်ရလျှင် အဒမ်စမစ် က သူ၏ အယူအဆကို ယခုလိုဖွင့်ဆိုပါ သည်။ ‘ ဈေးကွက်ကို အစိုးရ အပါအဝင် မည်သည့်အင်အားစုကမှ မစွက်ဖက်ဘဲ ဒီအတိုင်း လွှတ်ထား လိုက်ပါ။ ဤသို့ဆိုလျှင် ဈေးကွက် အင်အားစုများ၏ ‘ ကိုယ်ပျောက်လက်’ (Invisible Hand) က သူ့ဘာသာသူ ဖြေရှင်းပြီး ‘ တည်ငြိမ်ခြေ ’ ကို ဖန်တီးပေးလိမ့်မည်’ ဟု ဆိုသည်။


သို့အတွက် စမစ် က ‘ အကောင်းဆုံး အစိုးရ ဆိုသည်မှာ (စီးပွားရေးတွင်) ပါဝင်မှု အနည်းဆုံး အစိုးရ ဖြစ်သည်’ ဟု မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ The Best Government is the Least Government ဟု ဖော်ပြပါသည်။ ‘အစိုးရသေးသေး’ (Weak Government) ကို ညွှန်းသည်။

09 February 2018

နှစ် (၃၀) အတွင်းမှာ ကွယ်ပျောက်သွားနိုင်ချေရှိနေတဲ့ ချောကလက်




ချောကလက်ထုတ်လုပ်မှုရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကာကာအို အပင်တွေဟာ မိုးရေကောင်းစွာ ရပြီး စိုစွတ်တဲ့ မိုးသစ်တောတွေလို နေရာမျိုးမှာ ပေါက်ရောက်ရှင်သန်နိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်ဆယ်စုနှစ် (၃) ခု အတွင်းမှာ အပူချိန်တွေ တိုးမြင့်လာမှုကြောင့် မြေပြင်ခြောက်သွေ့မှုတွေ ဖြစ်ပေါ် လာတော့ မှာဖြစ်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားကြပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် လာမယ့်နှစ် (၃၀) အတွင်းမှာ အပူချိန်တက်လာပြီး တစ်ကမ္ဘာလုံး က ချောကလက် ထုတ်လုပ်ရေး လုပ်ငန်းများ ပျောက်ကွယ်သွားနိုင်ချေ ရှိကြောင်း အမေရိကန် သမုဒ္ဒရာ နဲ့ လေထု ဆိုင်ရာ ဌာနမှ ပြောကြားလိုက်တာဖြစ်ပါတယ်။

ကမ္ဘာပေါ်က ချောကလက် ထုတ်လုပ်မှုရဲ့ တစ်ဝက်ကျော်ကို ထုတ်လုပ်ပေးတဲ့ Côte d’Ivoire နဲ့ ဂါနာ ဒေသတွေမှာလည်း ကာကာအို အပင် စိုက်ပျိုးမှုတွေကို တောင်ပေါ်ဒေသရွှေ့ပြောင်းဖို့ စတင် စဉ်းစားနေ ကြရပြီဖြစ်ပါတယ်။




ယမန်နှစ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အချိုအစားအစာတွေထဲအနက် ချောကလက်ကို အဝယ်များ တာကြောင့် ချောကလက်ပြတ်လပ်မှုဖြစ်ပေါ်တော့မှာ ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းခဲ့ကြပါတယ်။ အနောက်တိုင်းစားသုံးသူတစ်ဦးစီဟာ တစ်နှစ်ကို ပျမ်းမျှ ချောကလက် (၂၈၆) ချောင်းစီ စားသုံးပြီး ဘယ်ဂျီယံနိုင်ငံသားတွေဆိုရင် ၄င်းအရေအတွက်ထက်ပင် ပိုကြောင်း သိရပါတယ်။


 
 

အပင်ကြီး ၏ ပုံပြင်



တစ်ခါတုန်းက အသီးပင် ကြီးကြီး တစ်ပင်ရှိတယ်။ ကောင်လေးတစ်ယောက်ဟာ နေ့တိုင်းပဲ သစ်ပင်ကြီးရဲ့ အောက်မှာ ဆော့ကစားပါတယ်။ သူအပင်ပေါ်က အသီးကို ခူးစားတယ်။ သစ်ရိပ် ခိုပြီး အိပ်စက်တယ်။ အပင်ပေါ် တက်ဆော့ကစားပါတယ်။ အပင်ကြီးက သူ့ကို အရမ်းချစ်သလို သူကလည်း အပင်ကြီးကို အရမ်း ချစ်ရှာပါတယ်။

ဒီလိုနဲ့ ကောင်ကလေး တစ်ဖြည်းဖြည်း ကြီးလာပါတယ်။ သူအပင်ကြီးနား သိပ်မကပ်တော့ပါဘူး၊ အပင်ကြီး က တစ်အား ၀မ်းနည်းသွားတယ်။ သူ့နားမှာ လာကစားဖို့ အကြိမ်ကြိမ် ပြောပါတယ်။ ကောင်လေးက ပြန်ပြော လိုက်ပါတယ်။

“ကျနော် နည်းနည်းကြီးလာပြီ ၊ နေ့တိုင်းအဲဒီလို မကစား ချင်တော့ဘူး၊ ကျနော်အရုပ်လိုချင်တယ်။ ” အပင်ကြီးကပြောတယ် “ အဲဒါ လွယ်ပါတယ်။ ငါ့အပေါ်က အသီးတွေကို ခူးလိုက်၊ ပြီးရင်ဈေးထဲမှာ သွားရောင်း ပါ။ ပြီးရင်အရုပ်ကိုသွားဝယ်ချေ ” ကောင်းလေး အရမ်းပျော်သွားပါတယ်။ အသီးကို ခူးလိုက် တယ်။ ပျော်ပျော် ရွှင်ရွှင် ထွက်ခွာသွားပါတယ်။ ရက်တွေ တော်တော် ကြာသွားပါတယ်။ ကောင်လေးပေါ် မလာတော့ပါဘူး၊ အပင်ကြီး တော်တော်စိတ်မကောင်းဖြစ်သွားတယ်။
 
တစ်နေ့ကျတော့ ကောင်ကလေးပြန်လာပါတယ်။ အပင်ကြီး တော်တော်ပျော်သွားတယ်။ သူနဲ့ဆော့ကစား ဖို့ ကောင်လေးကို ခေါ်ပါတယ်။ ကောင်လေးက ပြောပါတယ်။ “ကစားလို့ မရဘူးလေ၊ ကျနော်အိမ်အတွက် အလုပ် လုပ်ရအုန်း မှာ၊ ကျနော်နေဖို့ အိမ်တစ်လုံး ဆောက်စရာရှိတယ်။ ကျနော့ကို ကူညီနိုင်မလား ”

သစ်ပင်ကြီးကပြောပါတယ်။ “ဒီလို လုပ်ပါလား၊ ငါ့အပေါ်က အကိုင်းတွေကို အားလုံး ခုတ်သွားလိုက်၊ အိမ်ဆောက်လို့ ရ ပြီလေ” တဲ့၊ ကောင်လေးဟာ အကိုင်း အားလုံးကို ခုတ်ပြီး သူလိုချင်တဲ့ အိမ်ကို သွားဆောက်ပါတယ်။ ကောင်ကလေး ပျောက်သွားပြန်တယ်။ အပင်ကြီး တော်တော်ဝမ်းနည်းသွားပါတယ်။


 
 


01 February 2018

လုပ်လိုက်ရင် တစ်လွဲ


 
မြန် မာ နိုင် ငံ မှာ လက် ရှိ စီး ပွား ရေး ကျ ဆင်း နေ တာ က လေး က အ စ သိ ကြ တယ် ။ ဒါ ကို ပြန် ပြီး အ ဖတ် ဆယ် ဖို့ ဘယ် လို လုပ် ရင် ဖြစ် နိုင် မ လဲ လို့ သက် ဆိုင် ရာ လူ ကြီး တွေ ခေါင်း ချင်း ရိုက် ပြီး အ ဖြေ ရှာ နေ ကြ ပါ လိမ့် မယ် ။

နိုင် ငံ တစ် ကာ အ ကြံ ပေး တွေ ကို လည်း အ ကူ အ ညီ တောင်း ကြ မယ် လို့ ထင် ပါ တယ် ။ ဒါ ပေ မဲ့ အ မိန့် အ ပြောင်း အ လည်း တစ် ခု ခု ထွက် လာ ရင် အံ့ အား သင့် စ ရာ အ မိန့် မျိုး တွေ ပဲ ထွက် လာ တတ် တယ် ။

လုပ် ငန်း နား မ လည် တာ လား အား လုံး ကို နိုင် ငံ တစ် ကာ မှာ လို ဆို ပြီး ခေါင်း စဉ် တတ် ချင် တာ လား တော့ မ သိ ဘူး မြန် မာ နိုင် ငံ အ တွက် အ ဓိ ပ္ပါယ် မ ရှိ တဲ့ အ မိန့် မျိုး တွေ ကို ခဏ ခဏ တွေ့ တွေ့ နေ ရ တယ် ။

ရန် ကုန် မြို့ လောက် တောင် မ ရှိ တဲ့ စ င်္ကာ ပူ နိုင် ငံ ကို လက် ညိုး ထိုး ပြီး စ င်္ကာ ပူ မှာ လို ဆို ပြီး စ င်္ကာ ပူ လို အ မိန့် ထုတ် ကြေး တိုက် နေ သ လို ပါ ပဲ ။

အာ ဆီ ယံ နိုင် ငံ တွေ အ ထဲ မှာ ဧ ရိ ယာ စ တု ရန်း မိုင် ၇၃၅၃၅၈ ရှိ တဲ့ အင် ဒို နီး ရှား နိုင် ငံ ပြီး ရင် စ တု ရန်း မိုင် ၂၆၁၂၂၈ မိုင် ရှိ တဲ့ ဒု တိ ယ အ ကျယ် ဆုံး နိုင် ငံ ဖြစ် တဲ့ မြန် မာ နိုင် ငံ မှာ လမ်း တွေ ကျပ် လို့ ဆို ပြီး ကား တင် သွင်း ခွင့် ကို ၂၇၈ စ တု ရန်း မိုင် သာ ရှိ တဲ့ စ င်္ကာ ပူ လို လေ လံ စ နစ် နဲ့ ပြု လုပ် မယ် လို့ တွေး ပြီး လုပ် ဖို့ စီ စဉ် နေ ကြ တယ် ။

စ င်္ကာ ပူ က လီကွမ်ယု က တော့ မြန် မာ နိုင် ငံ မှာ စစ် ဗိုလ် ချုပ် တွေ နဲ့ စ ကား ပြော ရ တာ ဘာ ဖြစ် ပါ တယ် ညာ ဖြစ် ပါ တယ် ပြော ခဲ့ ဖူး တယ် ။ အ ခု အ ရပ် သား တာ ဝန် ရှိ တွေ က ပို ပြီး ပြောင် မြောက် ပါ လား လို့ သြ ချ လိမ့် မယ် ထင် တယ် ။ စ င်္ကာ ပူ နိုင် ငံ နဲ့ မြန် မာ နိုင် ငံ ရဲ့ လူ ဦး ရေ ၊ ဧ ရိ ယာ ၊ ဝင် ငွေ ကို တန်း တူ ထား ပြီး စဉ်း စား လို့ ။

ရန် ကုန် မြို့ ထဲ မှာ လမ်း တွေ ကျပ် နေ တာ ကား တွေ များ လို့ မ ဟုတ် ဘူး ဆို တဲ့ အ ကြောင်း ခဏ ခဏ ရေး ခဲ့ ပြီး ပြီ ။ ဘာ တွေ ကြောင့် ဆို တာ လည်း ရေး ခဲ့ ပြီး ပြီ ။ ဘာ လုပ် သင့် လည်း ဆို တာ လည်း ရေး ခဲ့ ပြီး ပြီ ။ ဒါ လောက် တောင် ရ အောင် မ လုပ် နိုင် ကြ ပဲ စ င်္ကာ ပူ လို ကား တင် သွင်း ခွင့် ပါမစ် ပုံစံ လုပ် ချင် တာ စဉ်း စား ရ ခက် စေ တဲ့ ကိ စ္စ တွေ ထဲ မှာ မှတ် တမ်း တင် ထား ရ မယ့် အ ရာ တစ် ခု ပါ ပဲ ။

ကိုယ် တွေ ဘာ တတ် နိုင် မှာ လဲ ။ အ ကောင် အ ထည် ဖော် ခွင့် ရှိ တဲ့ တာ ဝန် ရှိ တဲ့ သူ က စိတ် ထဲ မှာ ဒီ လို ပဲ တွေး မိ ရင် သူ ဒီ လို ပဲ အ ကောင် အ ထည် ဖော် မှာ ပဲ ။ သူ နောက် တစ် မျိုး တွေး ရင် နောက် တစ် မျိုး ထပ် လုပ် မှာ ပဲ ။ လုပ် သ မျှ လိုက် နာ နေ ကြ ရ မယ့် ပြည် သူ တွေ ဖြစ် လာ တာ ရင် ဆိုင် လိုက် ရုံ ပဲ ပေါ့ ။ တတ် နိုင် တဲ့ သူ ငွေ ထုတ် ပိုက် ထား ကား တွေ အ ရင် ဈေး နဲ့ တော့ မ ရ တော့ ဘူး ။ စစ် အ စိုး ရ လက် ထက် က လို Landcruiser တစ် စီး ပါ မစ် သိန်း ၆၀၀၀ တွေ ဘာ တွေ ကျော် သွား နိုင် တယ် ။