28 December 2017

အမေရိကန် ၏ နေ၀င်ချိန်လား ... အာရှ ၏ မီးတောက်သစ်လား



အမေရိကန် ရဲ့အမျိုးသား လုံခြုံရေး မူဝါဒသစ်နဲ့Israel မြို့တော်ကို ဂျေရုဆလင် အဖြစ် တရားဝင် သတ်မှတ် ကြောင်း သဘောထားကြေညာချက်တွေနောက်မှာ..ကမ္ဘာကြီးရဲ့အင်အား ချိန်ခွင်လျှာပြောင်းလဲမှူနဲ့US  ပြည်တွင်းရေး မတည်ငြိမ်မှူတွေ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံရေးသုတေသီတွေက သုံးသပ်ကြပါတယ်။

...ပထမဆုံး အမေရိကန်ပြည်တွင်းရေးကို တင်ပြရရင်..
...အရှေ့အလယ်ပိုင်းက သတင်းစာတွေမှာတော့..အမေရိကန်ရဲ့ကြေညာချက်ဟာ သူတို့ရဲ့ အီရန်နဲ့ ရှီရိုက်တွေကို အမြစ်ဖြုတ် တိုက်ခိုက်ဖို့ လက်မလျှော့ဘူး ဆိုတာပြလိုက်တာလို့ဆိုပါတယ်။ သူတို့ဟာ အမေရိကန်ပြည်သူတွေကို အမှန်တရားကို ဖုံးကွယ်ထားတဲ့ လှည့်စားမှူတွေနဲ့အာရုံလွှဲနေပြီး၊ အကြီးစားလိမ်ညာမှူတွေနဲ့ အီရန်ကို ချေဖျက်ဖို့ကြိုးစားနေတယ်လို့သုံးသပ်ပါတယ်။
US new foreign policy: Creation of the ‘illusion of truth’
US would like not to surrender their Iran idea when all evidences are against them. To do so, they try to distract the public by talking about anything other than ways in which their policies will benefit them,lying so “colossal” that no one would believe that someone “could have the impudence to distort the truth so infamously.




ရောဘတ်ဒေးဗစ်စတီး ဆိုတဲ့ CIA အေးဂျင့်ဟောင်း တစ်ဦးကတော့ ဘယ်လို ထုတ်ပြောလာသလဲဆိုရင်၊ ကမ္ဘာကြီးဟာ ဇီယွန်ဝါဒကို လက်မခံကြောင်း UN မှာ ပြသလိုက်တာဖြစ်ပြီး အမေရိကန်ရဲ့ ပါလက်စတိုင်းတွေကို မျိုးတုန်းသတ်ဖြတ်သလို ဖြစ်စေမည့် မူဝါဒကို လက်မခံကြောင်း ပြသနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
Robert David Steele hailed the recent UN General Assembly’s vote against the US decision to recognize Quds as the capital of Israel, saying it shows the world is aligned against Zionism and its genocidal policies against the Palestinians.


24 December 2017

မခေါ်ဘဲ၊ မမျှော်ဘဲ ရောက်လာသော ဧည့်သည်ကြီး



2013 ခရစ်​စမတ်​ အကြို ​နေ့မှာ ​တင်​ခဲ့တဲ့ ဆရာ Sett Maw ရဲ့ စာပါ ။ 
ဦး​နေဝင်း အမျ က်​ ၊ အသက်​ နဲ့ မရင်းရရုံတစ်မယ်​ ကိုယ်​​တွေ့ကြုံ ဖူးခဲ့တာ​လေး စားမြုံ့ ပြန်​ထားတာပါ ။

၁၉၇၅ ​နောက်​ပိုင်း The Elf အဖွဲ့ ရပ်​တန့့်​သွားတာ ၊ E. Machine လည်း အရှိန် ​တန့်​ခဲ့တာ ၊ သည်​ဖြစ်​စဉ်
ကြောင့်များလား လို့ သံသယ ဝင်​ချင်​စရာပါ ။

**********************************************************

" မခေါ်ဘဲ၊ မမျှော်ဘဲ ရောက်လာသော ဧည့်သည်ကြီး ဦးနေဝင်း "

Christmas ရောက်လာတိုင်း အမြဲသတိရတဲ့ ကျနော့ ကိုယ်တွေ့မှတ်တမ်းလေး တစ်ခုကိုတင်ပြပါရစေ....။
ဒီလိုပါ.. ၁၉၇၅ လောက်က အင်းယားလိပ် ဟော်တယ်မှာ အထူး အစီအစဉ်အဖြစ် ခရစ်စမတ်အကြို ဖျော်ဖြေရေးမှာ ကျနော်တို့ ELF အဖွဲ့နဲ့ ဧည့်သည်တော် တီးဝိုင်း Electronic Machine တို့ တီးခတ်ရမှာဖြစ်ပါ တယ်။ 

ထူးထူးခြားခြား အဲဒီနှစ်က ဖျော်ရေးကို အပြင် ရေပန်းရှိရာဘက်ရင်ပြင် (ဦးနေဝင်းအိမ်ကို မြင်နေရပြီး 
အင်းယားရေပြင်သာခြားတယ်) မှာ ကျင်းပပါတယ်။

ည ၈ နာရီခွဲ လောက်မှာ ပွဲစလို့ ပွဲဦးထွက် ELF အဖွဲ့က ကျနော်နဲ့ တက္ကသိုလ် အေးမောင် သီဆိုပြီးကြပြီး ၁၁ နာရီလောက်မှာ ပထမပိုင်း ကျနော်တို့ နားချိန်မှာ E. Machine ဖျော်ဖြေ ပါတယ်။ သိပ်မကြာပါ...ဘော်ဒါကြီး စိုင်းထီဆိုင် ရဲ့ Killing me softly အင်္ဂလိပ်လို ဆိုနေချိန် drum အသံ ပါမလာတော့လို့ ကြည့်လိုက်  တော့ Drummer ကိုကျော်ဆွေဟန် ကို လူတစ်ယောက်က ဆင်းခိုင်းပြီး သူက တက်ထိုင်လိုက်တာကို 
အမှောင်ထဲမှာတွေ့ရပါတယ် ။ အမူးသမားထင်တာပေါ့။

ဒါပေမဲ့ မီးထိုးသမား ကိုကျော်ဟိန်း (ရုပ်ရှင်မင်းသားမဟုတ်) က ဦးနေဝင်း နဲ့တူတယ် ဆိုပြီး မီးများ အားလုံးဖွင့်ချလိုက်တော့ တစ်ကယ့် ဦးနေဝင်း ပါဘဲ.... ။ Drumstick ကို ကိုင်ထားပြီး၊ ပြောလိုက်တာကတော့... "ငါတို့က တိုင်းပြည်အတွက် အလုပ် လုပ်နေတာကို မင်းတို့က ဒီမှာ စောက်ကမြင်းကျော ထနေကြတယ်" ဆိုပြီး Drum Tom Tom ကို ထိုးဖောက် ဖျက်ဆီးပစ်လိုက်တယ်။ 

Sound Engineer ကိုအောင်ဇော်လူ ကအသံတွေကို ပိတ်ဖို့စင်ပေါ် တက်လာတာကို " မင်းက လူမိုက်လား " ဆိုပြီး ဆံပင်ကို ဆွဲပြီး ရင်ဘတ်ကို ထိုးပါတယ်။ နောက်ထပ် နိုင်ငံခြားသား တစ်ယောက် (UN ရုံးမှ လို့ပြောပါတယ်) က စင်ပေါ်တက်လာပြီး Christmas မှာ ဒီလို မလုပ်ဖို့ တားတာကို ဦိးနေဝင်း က ဒီလူရဲ့အောက်ပိုင်းကို ကန်လိုက်လို့ ဆေးရုံတင်လိုက်ရပါတယ်။ 



22 December 2017

ငဇင်ကာ ဘိုင်ဆပ် မှသည် ကိုဖီအာနန် ဆီသို့ ...


အနောက်ဖက်လွန်မင်း သံလျင်ကို  သိမ်းပြီးနောက် တောင်ငူ ဘုရင်နှင့် ငဇင်ကာ ကို သေဒဏ်ချမှတ်သည့် အမိန့်.....

"တောင်ငူကို အလိုတော်ပြည့်လျှင် မြို့ကိုမျှ သိမ်းယူတော်မမူ။ မိမိကိုပင်ပေးတော်မူ၍ ချမ်းသာစွာနေ
စေသည်။ ကျေးဇူးကိုမသိ။ ကုလားကျွန်ခံလိုခြင်းသည် သစ္စာမစောင့်၍ မဟုတ်လော။ လူသွမ်းကို မြို့လယ်တွင်ပင် ကွပ်လေ။


 ငဇင်ကာငယ်လည်း သင်းသည် နိယတ မိစ္ဆာဒိဋ္ဌိဖြစ်၍ ဘုရားပုထိုး ကို ဖျက်ဆီး သသူ ဖြစ်သည်။ သင်း အိမ်ရှေ့ မြို့လယ်မှာ တံကျင်တွင် တင်လေ။ သံလျင်မြို့သူမြို့သားယောက်ကျား မိန်းမ အပေါင်းတို့ကြည့်စေ"


အမိန့်တော်အတိုင်း တန်ခူးလပြည့်ကျော်၃ ရက် စနေနေ့တွင် ကွပ်မျက်တော်မူသည်။


[မဏိရတနာပုံကျမ်း]


တစ်ကယ်တော့ တောင်ငူဘုရင် နတ်သျှင်နောင်ဟာ ဝါစဉ်အရ ဆိုရင် အနောက် ဖက်လွန်မင်းထက် စီနီယာ ကျတယ် ဆိုရမယ်။ အနောက်ဖက်လွန်မင်းကလည်း နောင်တော်လို့ပဲ ခေါ်ပြီးတောင်ငူကို သိမ်းပြီးနောက် ထီးနန်း မှန်ကင်းသာ ချပြီး နတ်သျှင်နောင်ကိုပဲ တောင်ငူစားအဖြစ် ပြန်ပေးခဲ့တယ်။

ဒါပေမယ့် မဟာဆီ မဟာသွေး အပြည့် ဖြစ်တဲ့ တောင်ငူဘုရင်ဟာ မာန် မချနိုင်ဘဲ အမျိုးသားရေးကို မမြင်နိုင် တော့ဘဲ ဘုရင်ရာထူး က ကျသွားရတာကို အခဲမကျေ ဖြစ်ပြီး ဘုရင်ပြန်ဖြစ်ရေး အတွက် လူမျိုးခြား ပေါ်တူဂီ ငဇင်ကာ နဲ့ ပေါင်းမိလိုက်တဲ့အတွက်သမိုင်းမှာနာ မည်ပျက် တွင်ခဲ့ရတော့တယ်။

နာမည်ကျော် ရတုစာဆိုစာပေပညာရှင် စာတတ်ပေတတ်မင်းမျိုးမင်းနွယ် စစ်စစ်ဟာ ရာဇမာန် မချနိုင်ဘဲ အာဏာ ရလိုမှုအတွက်အမျိုးဘာသာ ဖျက်ဆီးသူနဲ့ပေါင်းမိခဲ့လို့ ပျက်စီးခဲ့ရတဲ့သမိုင်း သင်ခန်းစာပါ။

အောက်ပြည်တစ်လွှားမှာ ပေါ်တူဂီ ငဇင်ကာ က လွှမ်းမိုးထားပြီဖြစ်ပြီး တစ်နိုင်ငံလုံး နယ်ချဲ့သွားမယ့် အစီ အ စဉ်တွေ ရှိနေပြီဖြစ်လို့ အဲဒီအချိန်က အနောက်ဖက်လွန်မင်းသာ ပြတ်ပြတ် သားသား မနှိပ်ကွပ်ခဲ့ဘဲ လူသားချင်း စာနာမှုယောင်ယောင်၊ လူ့အခွင့်အရေးယောင်ယောင်နဲ့ ငဇင်ကာနဲ့နတ်သျှင်နောင်ကိုတံကျင်လျှို မသတ်ခဲ့ရင်မြန်မာ့သမိုင်းဟာ ကုန်းဘောင်ခေတ် ဆီ မကူး အင်္ဂလိပ်ကျွန်မဖြစ်တော့ ဘဲတော့ ဘဲ ညောင်ရမ်းခေတ် မှာတင် ပေါ်တူဂီကျွန်ဘဝကိုရောက်သွားခဲ့မယ့်အခြေအနေပါပဲ။

 တောင်ငူဘုရင်ကို ကုလားကျွန်ခံလိုခြင်း၊ ငဇင်ကာကို ဘုရားပုထိုး ဖျက်ဆီးခြင်း စွဲချက်တွေနဲ့သေဒဏ် ချခဲ့တာဖြစ် တယ်။


၁၈၂၄ခုနှစ် ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရား လက်ထက် အင်္ဂလိပ်မြန်မာ ပထမစစ်မှာ မဟာဗန္ဓုလ လို စစ်သူကြီး ရှိပေမယ့် ပျော့ညံ့တဲ့ ဘုရင်နဲ့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု တို့ရဲ့ နန်းတွင်း ရေး အရှုပ်အထွေးတွေကြားမှာစ စ်ရှူံးခဲ့ရတယ်။

 ထောင်မှုးကြီးသမီး၊ မိဖုရားခေါင်ကြီး မယ်နု တန်ခိုး ထက်လွန်းလို့ မန်ကျည်းရွက်နုနု လို့ မပြောရဘဲ မန်ကျည်းရွက်ထွတ်ထွတ် လို့သာပြော ကြရတယ် လို့ ဆိုစမှတ်ပြုခဲ့ကြတယ်။ 


18 December 2017

သဘာဝလွန် ဆိုတာ မရှိပါဘူး




ဟီရိုရှီးမား ဗုံး မကြဲခင် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား တောကြီးထဲမှာ ဟီရိုရှီးမား ဗုံးကြီးနဲ့  တစ်ထပ်တည်းကျတဲ့ ဗုံးကြီးတစ်လုံး  ပေါက်ကွဲခဲ့ဘူးတယ် ။ 1890 ခုနှစ်ဝန်းကျင်လောက်ကပါ ။

လေပြင်းရိုက်ခတ်မှု့ အပူဟပ်မှု့ ရောင်ခြည်သင့်မှု့တွေဟာ ဟီရိုရှီးမား ဗုံးကြီးနဲ့  တစ်ထပ်တည်းပဲ ။ အဲဒီ 

အချိန်က အိုင်းစတိုင်းတောင် အနုမြူ ကို မတွေ့ သေး ဘူး ။

တိုင်းတန်းနစ်သင်္ဘော မမြုပ်ခင် ၁၃ နှစ် အလိုကတည်းက တိုက်တန်း ဆိုတဲ့ သင်္ဘောကြီး ဧပြီလ ရဲ့ ညတစ်ညမှာ နစ်မြုပ်ပြီး လူပေါင်း များစွာ သေဆုံးမဲ့ အကြောင်းကို မဂ္ဂဇင်း တစ်စောင်မှာ စာရေးဆရာ တစ်ဦး က ရေးခဲ့ ဘူးတယ် ။


သင်္ဘောကြီး ထွက်လာတော့လည်း အိမ်မက် မက်တာတွေ အရိပ်အယောင် ပြတဲ့သူတွေ အများကြီးရှိတယ်။
ဘာမှန်း မသိခဲ့ကြတဲ့ အတွက် ဟီရိုရှီးမား ဗုံးလည်း ကွဲခဲ့သလို တိုက်တန်းနစ်လည်ြး မုတ်ခဲ့တယ် ။

အတိတ် နိမိတ် တဘောင် ဆိုတာတွေရှိတယ် ။ ဒါတွေကို ဗုဒ္ဓဘာသာတွေပဲ နားလည်တယ် ။ 

ဗုဒ္ဓဘာသာတောင် ရုပ်ဝါဒီသမား အများစုက လက်မခံကြဘူး ။

ကမ္ဘာပျက်ဖို့  နှစ်ပေါင်း တစ်သိန်း အလိုက ကြားရမယ် ။ 

စင်္ကြာဝတေးမင်း ပေါ်ဖို့  နှစ်တစ်ရာ အလိုက ကြားရမယ် ။
ဘုရားပွင့်ဖို့  နှစ်တစ်ထောင် အလိုက ကြားရမယ် ..   ဆိုတဲ့ အတိတ် နိမိတ် တဘောင် ဆိုတာတွေကို 

ကမ္ဘာ့ခေါင်း ဆောင်တွေ မသိကြဘူး ။

အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ရှပ်တော့ပ် ဟာ မဟာစည် သာသနာ့ ရိပ်သာမှာ တရားထိုင်ပြီးတော့ သမာဓိ ရလာတဲ့အခါ အရင် ဘဝတွေရဲ့ သုံးဘဝ အထိ ပြန်ပြောနိုင်တယ် ။ အဲဒါကို သမိုင်း သုတေသီတွေက ငယ်ငယ်က သမိုင်း စာအုပ်တွေ အဖတ်များလို့  ဖြစ်သွားတာပါတဲ့ ။



ဘီးပေါက်လျှင် တိမ်း မမှောက်စေဖို့




အဝေးပြေး လမ်းများတွင် ကားတာယာ ရုတ်တစ်ရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများ အတွက် အ သက် အန္တရာယ်များဆုံး မတော်တစ်ဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ 
HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများ အတွက် အဆိုပါ တာယာ ပွင့်ခြင်းများ ပို၍ ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။
ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာ ပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက် အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် “ရုတ်တစ်ရက် တာယာပွင့် ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါ အချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။

၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ် အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။
တာယာပွင့်စဉ် အရှိန်လျော့နည်းလေ သင့် အသက်ရှင်ရန် အခွင့် အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခု အနက် အသေအပျောက် အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130 km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှ မဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။

၂။ တာယာပွင့်စဉ် ဘရိတ် ရုတ်တစ်ရက်မနင်းရ
အပြော လွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏ အလေ့အထနှင့် ဦးနှောက် အယူအဆအရ ကားရုတ်တစ်ရက် တစ်ခုခု ချို့ယွင်းသည်နှင့် ဘရိတ် အုပ်မိတတ်ကြပါသည်။ ကားတာယာ ပွင့်၍ ထိန်း သိမ်း ရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တစ်ဘက်သို့ ဆွဲချသွားလိမ့် မည်။

၃။ ရုတ်တစ်ရက် အရှိန်မြှင့်ခြေနင်း (လီဗာ) ကို မလွှတ်ရ
ကားတာယာပွင့်စဉ် မိမိ နင်းထားသော လီဗာကို ရုတ်တစ်ရက် မလွတ်ဘဲ ဖြေးညင်းစွာ လျှော့ချရန် ဖြစ်ပါ သည်။ လီဗာကို (၃) စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။ ပွင့်နေသော တာယာခွေ ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလို အရှိန်လျော့သွားမည် ဖြစ်ပါသည်။ သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ် ဖွင့်ထားလျှင် အမြန်ပိတ်ပါ။

17 December 2017

ပရောဖက်ရှင်နယ်လစ်ဇင် { Professionalism }



တစ်ချို့က " ကြေးစား " လို့ပြန်ဆို၊ နားလည်ကြတယ် ။
ကြေးစားချင်စားမယ်၊ မစားချင်မစားဘူး၊ ကြေးစားတာက အဓိက မဟုတ်ပါ၊ မိမိ ကျွမ်းကျင်ရာကို လုပ်ကိုင်ခြင်းသာဖြစ်ပါတယ် ။


 ဥပမာ.... ပန်းချီဆရာလို့ အမည်ခံလိုက်ရင် ပန်းချီကို တန်းဝင်အောင် ကျွမ်းကျင်ရပါလိမ့်မယ်၊
( ကျွမ်းကျင်မှု၊ ကျွမ်းကျင်ပညာရှင်သာဖြစ်ပါတယ် )


ကျွန်တော် နှစ်သက်လို့ ဗိသုကာ ယူခဲ့ပါတယ် ။ သာမန်အားဖြင့် ကျွန်တော့် ပရော်ဖက်ရှင်နယ်လို့ပြောရမှာပါ ။ ဒါပေမဲ့ ဗိသုကာနဲ့ဝေးသွားတာ နှစ် (၃၀) လောက်ဖြစ်သွားတော့...
ဗိသုကာနဲ့ ထိတွေ့မှုမရှိတော့....
ဗိသုကာဟာ ပရောဖက်ရှင်နယ် မဟုတ်တော့ပါ ။


ဥပဒေ သင်ခဲ့ဖူးတယ် ။
ကုမ္ပဏီ ကိစ္စတွေမှာ စာချုပ်တွေလုပ်ရတော့ ဥပဒေနဲ့ ထိတွေ့ရပါတယ်၊
ထိတွေ့မှုဟာ.... ကျွမ်းကျင်မှုအဆင့် မဟုတ်ပါ ။
ဒါကြောင့် ဥပဒေဟာလည်း ကျွန်တော့် အတွက် ပရော်ဖက်ရှင်နယ်မဖြစ်ပါ။



ဒီနေ့ပြဿနာဟာ Jack of all trades ... ဆိုတဲ့ အားလုံးကို သိနေ၊ တတ်နေတယ်လို့ ကိုယ့်ကိုယ် ကို ထင်နေကြတာပါပဲ ။ နောက်ဆုံး စမ်းသပ်လိုက်ရင်... Master of none ဆိုတဲ့ ဘယ်နေရာကိုမှ
ကောင်းကောင်း ဦးမဆောင်နှိုင်တာ တွေ့ကြရပါလိမ့်မယ်။


11 December 2017

သီတဂူဆရာတော် နှင့် ဒုဋ္ဌဂါမဏိ မင်းကြီး


(၁)
သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဟု ကြားလိုက်ရသော ဗုဒ္ဓဘာသာဝင်တိုင်း က စစ်ကိုင်းတောင်ရိုး အပါအဝင် မြန်မာတစ်ပြည်လုံး၌ ထူးထူးခြားခြား သာသနာပြုနေသော ပုဂ္ဂိုလ်ထူးအဖြစ် သိကြ သည်။ ဆရာတော်သည် ဘာသာဋီကာ ကျမ်းပြုအကျော် အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ၏ အန္တိမအဂ္ဂိဈာပနပွဲ၌ နောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓ တရားတော်ကို ဟောကြားခဲ့ရာမှ စတင်၍ နိုင်ငံကျော်ဓမ္မကထိက ဆရာတော်တစ်ပါး အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ထို့အပြင် ရေရှားပါးသော စစ်ကိုင်းတောင်ရိုး၌ သီတဂူ ရေအလှူတော်ကို တည်ထောင်၍ ရေလှူဒါန်းခြင်း ၊ ဂိလာနများ သက်တောင့်သက်သာ ဆေးကုသနိုင်ကြစေရန် သီတဂူ အာယုပါလ ဆေးရုံတည်ထောင်ခြင်း၊
ကမ္ဘာအနှံ့ ဗုဒ္ဓဘာသာပြန့်စေ ရန် သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးများ တည်ထောင်ခြင်း၊ကမ္ဘာအရပ်ရပ်၌ သီတဂူကျောင်းတိုက်ခွဲများနှင့် စေတီတော်များ တည်ထားခြင်း၊ စစ်ကိုင်းတောင်ရိုး၌ သီတဂူကမ္ဘာ့ဝိပဿနာအကယ်ဒမီကို တည်ထောင်ခြင်းစသော သာသနာပြုလုပ်ငန်း များကို မနေမနား ကြိုးစားခဲ့သည်။
မလေးရှားနိုင်ငံ၌ ဒုက္ခရောက်နေသော မြန်မာများအား လေယာဉ် လက်မှတ်လှူဒါန်း ခြင်း၊ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ ကုလားတို့၏ သတ်ဖြတ် အကြမ်းဖက်မှုများကြောင့် အတိဒုက္ခ ရောက်နေကြသော ဒေသခံ ရခိုင် တိုင်းရင်းသား တို့အား ထောက်ပံ့လှူဒါန်းခြင်းစသော လောက အကျိုးပြု လုပ်ငန်းများကိုလည်း အစွမ်းကုန် ဆောင်ရွက်ခဲ့လေသည်။
(၂)
သီတဂူ ဆရာတော်သည် မြန်မာနိုင်ငံ အတွင်းဝယ် တရားဟောရာ၌ ထိထိမိမိ ဟောတတ်သလို ကမ္ဘာ အ ရပ်ရပ်သို့ ကြွချီ၍ တရားဟောရာ၌လည်း အင်္ဂလိပ် ဘာသာဖြင့် ကျွမ်းကျွမ်းကျင်ကျင် ဟောတတ်သဖြင့် ရဟန်း ရှင်လူ ပြည်သူတို့ လေးစားရသော ဆရာတော်ဖြစ်သည်။
ဆရာတော်သည် ၈၈-ခု အရေးအခင်းကြီး အပြီးတွင် နိုင်ငံ့ခေါင်းဆောင်တို့ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ အုပ်ချုပ်ရန် လမ်းညွှန် ထားသော ရာဇောဝါဒ သုတ်တော်ကို ဟောကြားလိုက်ရာ အပြောင်းအလဲ 
လုပ်လိုကြသော မြန်မာပြည်သူတို့က နှစ်ထောင်းအားရ အားပေးကြသည်။
သို့သော်လည်း အစိုးရပိုင်းကမူ စိတ်လက် မကြည်မသာ ဖြစ်ရသည်။ သီတဂူ ဆရာတော်ကား သူမှန်သည်ဟု ယူဆလျှင် မိုးကောင်းကင်ကိုပင် ဒူးဖြင့် တိုက်ရဲသော သာသနာ့ အာဇာနည် ပုဂ္ဂိုလ်ထူးကြီးဖြစ်သည်။
သီတဂူဆရာတော်သည် ကမ္ဘာ့အနှံ့ခြေဆန့်နေသော သာသနာပြု ပုဂ္ဂိုလ်ကျော် ဖြစ်သည့်အလျောက် စစ်အစိုးရ လက်ထက်၌ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုများကို အားရကျေနပ်ပုံမရ၊ ထို့ကြောင့် ရာဇောဝါဒလို တရားတော်များကို မကြာခဏ ဟောကြားတတ်သည်။
ဟောကြားတိုင်း လည်း စစ်အစိုးရ မျက်ခုံးလှုပ်ခဲ့သည်။ သို့သော် စစ်အစိုးရ၏ သဘောထား ပျော့ပြောင်း နုညံ့လာခြင်း၊ ရဟန်းရှင်လူ ပြည်သူတို့၏ တစ်ခဲနက် တောင်းဆိုခြင်း၊ ရဟန်းသံဃာများကလည်း တစ်ခဲနက်အားပေးခြင်း စသော အကြောင်းများ ကြောင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ စနစ်ပေါ်ထွန်းပြီး ပြည်သူတို့ ရွေးကောက် တင်မြှောက်သော အစိုးရသစ်သည်ပင် မြန်မာနိုင်ငံကို အုပ်ချုပ်နေပြီဖြစ်သည်။


09 December 2017

သမ္မတကြီး ကျန်းမာရေးကြောင့် ရာထူးနေရာ အပြောင်းအလဲ ရှိနိုင်တယ်

         သမ္မတကြီး ကျန်းမာရေးကြောင့် ရာထူးနေရာ အပြောင်းအလဲ ရှိနိုင်တယ် ဆိုတဲ့ နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကို

အင်တာဗျူး  .... သင်းနုဆွေ
သမ္မတ အပြောင်းအလဲရှိတယ်။ ကြာသာပတေးနံတွေ ဖြစ်နိုင်တယ်လို့ ခပ်ရဲရဲဟောခဲ့သူ နက္ခတ်ဗေဒပညာ ရှင် ဦးဇေယျာကို နဲ့ တွေ့ဆုံပြီး မေးမြန်းခဲ့ပါတယ်။
မေး  ။ ဆရာ မင်္ဂလာပါရှင့်။ နိုဝင်ဘာလ ၂၉ ရက်နေ့က ဆရာ့ရဲ့ သမ္မတကြီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ထားတာတွေ့ရပါတယ်။
ဖြေ  ။ - ကျွန်တော်တို့က ဒီ မဇ္ဈိမ သတင်းဌာနနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာထဲမှာ ၂၀၁၇ ထဲမှာဖြစ်မယ့် တိုင်းပြည်ရဲ့ ကံကြမ္မာကို ဒီလိုပဲ အင်တာဗျူး  ရိုက်ပြီးတော့ ထုတ်လွှင့်ခဲ့တယ် ။ အဲဒီလို ထုတ်လွှင့်ခဲ့တဲ့ နေရာမှာ အရေးကြီးဆုံးအရာလေးတစ်ခုပေါ့။ 
အဲဒါ ကတော့ နိုင်ငံတော် သမ္မတကြီး အနေနဲ့ ကျန်းမာရေး အညံ့ကြုံနိုင် တယ်။နောက် ဒီ သမ္မတ အပြောင်းအလဲပေါ့။ ကျန်းမာရေးကြောင့် သမ္မတ အပြောင်းအလဲဖြစ်မယ်ဆိုတဲ့ အနာဂတ်ဟောကိန်းလေး တစ်ခု ထုတ်ပြန်ပေးလိုက်တယ်။ အဲဒီအချိန်မှာလည်း နိုင်ငံတော်သမ္မတကြီး ကတော့ ကျန်းမာရေးဒေါင်ဒေါင်မြည်ပဲပေါ့။ ဒီလိုဖြစ်လိမ့်မယ်လို့ လည်း ဘယ်သူမှ မျှော်မှန်းမထားတဲ့ အကြောင်းအရာ ပေါ့။ 
ဒါပေမယ့် ကျွန်တော်တို့ နက္ခတ်တွေမှာကြတော့ တိုင်းပြည်နိုင်ငံမှာပဲဖြစ်ဖြစ် ၊ တိုင်းပြည်နိုင်ငံအတွက် အရေးကြီးတဲ့ လူပုဂ္ဂိုလ် ပဲဖြစ်ဖြစ် ကျွန်တော်တို့ ပညာရပ်တွေက ရှေ့ကို ကြိုပြီးတော့ ဖတ်ကြားရတဲ့ ပညာရပ်တွေပေါ့ ။ ပညာရပ်တွေမှာ ကျွန်တော်တို့က မြင်တဲ့ အခြေအနေကို ထိန်ချန်ပြီးတော့လည်း ပြောလို့မရဘူး ။  မဖြစ်နိုင်တာကိုလည်း ပိုလျှံပြီး ပြောလို့မရဘူး။ 
ကျွန်တော်တို့ ပညာရပ်မှာ သတ်မှတ်ထားတဲ့ ဥပဒေသတွေ ရှိတယ်။ ဒီလိုသတ်မှတ်ထားတဲ့ ဥပဒေသတွေမှာ ရာနှုန်းပြည့် ဆိုတာကတော့ ဖြစ်တဲ့ အချက်တွေလည်း ရှိတယ်။ မဖြစ်ခဲ့တာတွေလည်း ရှိတယ်။ သို့သော်ငြားလည်း တော်တော်လေးကို မှန်ကန်အောင် ခန့်မှန်းနိုင်တဲ့ ဥပဒေသတွေရှိပါတယ်။ အဲဒီ ဥပဒေသတွေနဲ့ ကျွန်တော်တို့က ထုတ်ပြန်ခဲ့တာ။
ဒီမှာမှ သမ္မတကြီး ရဲ့ ဇာတာပေါ့။ သမ္မတကြီး ဦးထင်ကျော်ကို NLD ပါတီ အနေနဲ့ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်မယ်လို့ ဆုံးဖြတ်ကတည်းက သူ့ဇာတာကို ရအောင် ကျွန်တော်တို့ ရှာဖွေစုဆောင်းပြီးပြီ ။ နောက် တစ်ချက်က အဲဒီကာလတွေမှာ NLD အစိုးရဖြစ်မယ့်အချိန်မှာ ကျွန်တော် ကိုယ်တိုင် ကြာသာပတေး ၊ စနေ ဒီသားသမီးတွေ တိုင်းပြည်မှာ နိုငံတော် သမ္မတဖြစ်မယ်လို့ ကြိုပြီးတော့ သတင်းထုတ်ပြန်ပေး ၊ဟောကိန်းထုတ်ပေးခဲ့တယ်။ 

G-spot နှင့် ကာမ သုခ



( အသက်​ ၁၈နှစ်​ ပြည့်​မှ ဖတ်​ပါ )
မိန်းက​လေးတိုင်း ​တောင့်​တပြီး ​ယောက်​ကျား​လေးတိုင်း အားကျ စေဖို့ အတွက်​ပါ။
G- spot

အမျိုးသမီး လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်း တစ်ခုမှ မယုံကြည် နိုင်လောက်ဖွယ် သက်တောင့် သက်သာ ရှိမှုနှင့် ကာမ ဆန္ဒ ပြည့်ဝ ကျေနပ်စေမှု (အထွဋ်အထိပ် အရသာ) တို့ကို ဖြစ်ပေါ်စေသော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပါ။
ထိုနေရာလေးက အမျိုးသမီး ယောနိ အင်္ဂါလိုပဲ အလွန် တုန့်ပြန်ခံစား လွယ်သော တစ်ရှူး များဖြင့် တည်ဆောက် ထားပြီး မိန်းမကိုယ် (ယောနိ အင်္ဂါ) ၏ အတွင်း အရှေ့ပိုင်းတွင် တည်ရှိပါတယ်။ 

အမျိုးသားများ၏ လိင်တံ အင်္ဂါ ကဲ့သို့ပင် နှိုးဆွပေးသည့် အခါ မာကြော တောင့်တင်း လာပြီး တုန့်ပြန်တတ်သည့် ထပ်တူညီ သဘာဝလည်း ရှိပါတယ်။

အဲ့ဒီ အစိတ်အပိုင်းလေးကို တို့ထိရာမှာ နူးညံ့ငြင်သာစွာ ထိတွေ့ရန် အထူး လိုအပ်ပါတယ် ။ ဖြစ်နိုင်လျင်  လက်ချောင်းလေးဖြင့် အပြားလိုက် သာသာ ယာယာ နှိပ်နယ်ပေးခြင်းဖြင့် အမျိုးသမီး ၏ ခံစားမှုကို နှိုးဆွ    ရယူနိုင်ပါတယ် ။ (သင်ပေးသလိုဖြစ်သွားရင်လဲ သင်ပေးတယ်ပဲပေါ့ )


အမျိုးသမီး အတော်များများမှာ ယောနိအင်္ဂါ ထိပ်ရှိ လွန်းပုံသဏ္ဍန်ရှိ (အစေ့)လေး ကို နှိုးဆွပေးခြင်း အားဖြင့် ကာမ ဆန္ဒ အမြင့်ဆုံး ခံစားတတ်ကြပါတယ်။ အဲ့ဒီလိုနှိုးဆွပေးခြင်းသည် ဆက်ဆံမှု ၏ အစပိုင်းတွင်သာ ဖြစ်ပြီး အထွဋ်အထိပ် ကာလ မရောက်မီ အတွင်း ပျိုးယူပေးသော အဆင့်တွင်သာ ရှိပါသေးတယ်။
ကာမ ဆန္ဒနိုးကြွခြင်းနှင့် အထွဋ်အထိပ် ခံစားခြင်းတို့မှာ ကွဲပြား ခြားနားခြင်းကို ကောင်းစွာ နားလည်  သဘောပေါက်ရန် ဆက်ဆံမည့် စုံတွဲတိုင်း သတိပြုသင့်ပါတယ်။  အချို့က စိတ်ဆန္ဒ နှိုးကြားရုံ သက်သက်သာ ရှိပြီး ကာမ ဆက်ဆံ၍ ပြီးဆုံးချိန်တွင် အပြည့်အ၀ မကျေနပ်ကြခြင်းမှာ နားလည်မှု လွဲမှားခြင်းကြောင့်သာ    ဖြစ်ပါတယ်။
G -spot ၏ နိုးဆွမှုသည် အပေါ်ယံမှ တုန့်ပြန်လာခြင်းမျိုး မဟုတ်ဘဲ အမျိုးသမီး အင်္ဂါ ယောနိ ၏ အတွင်း 
ပိုင်း အကျဆုံးသော အပိုင်းမှ တုန့်ပြန်လာသည့် ခံစားမှု ရသကောင်း ဖြစ်သည်။ လိင်ပိုင်း ဆိုင်ရာ ပညာပေးခြင်း အားနည်းမှုကြောင့် အမျိုးသမီး အတော် များများသည် G-spot ၏ အရသာထူးကို ခံစားဖူးသော တွေ့ကြုံဖူးသော တုန့်ပြန်မှု အလွန်နည်းပါး ကြပါတယ်။

လက်သည်းပေါ်မှာ အစင်းကြောင်းတွေ ဘာကြောင့်ဖြစ်ရသလဲ





လက်သည်း တွေကို လက်ချောင်းမှာ ရှိတဲ့ သက်ရှိ အရေပြား ဆဲလ်လေးတွေနဲ့ ပြုလုပ်ထားတာဖြစ်တဲ့ အတွက် နှင်းခူ လိုမျိုး အရေပြားရောဂါ တစ်ခုခုဖြစ်ပြီ ဆိုရင် လက်သည်းခွံပေါ်မှာ အစင်းကြောင်းတွေဖြစ်လာတတ်ပါတယ်။ အရေပြား ခြောက်သွေ့ခြင်းကြောင့်လည်း ဒီ အစင်းကြောင်းတွေကိုဖြစ်စေနိုင်သလို ခန္ဓာ ကိုယ်မှာ အသားဓာတ်၊ ကယ်ဆီယမ်၊ ဇင့် နဲ့ ဗီတာမင် A ချို့တဲ့ရင်လည်းဖြစ်တတ်ပါတယ်။
 ဒေါင်လိုက် အစင်းကြောင်းများ
လက်သည်း ထိပ်ကနေပြီး လက်သည်း ပန်းကုံးအထိ ဒေါင်လိုက် အမြှောင်းတွေပေါ်တတ်ပါတယ် ။ အ သက် အရွယ်ကြီးရင့်လာတဲ့ သူတွေမှာ ဆဲလ်တွေ သေပြီး အသစ်တစ်ဖန်ပြန်လဲတာနှေးတဲ့ အတွက် လက်သည်းပေါ်မှာ အစင်းကြောင်းတွေ မသိမသာပေါ်တတ်ပါတယ်။ 
ဒီ အစင်းကြောင်းတွေ အပြင် လက်သည်း အရောင်နဲ့ ထိတွေ့မှု အပြောင်းအလဲတွေပါ ဖြစ်လာတယ် ဆို  ရင်တော့ ရောဂါ တစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ် ။ trachyonychia လို့ခေါ်တဲ့ လက်သည်းရောဂါတစ်မျိုးမှာဆိုရင် လက်သည်းတွေက အရောင်ပြောင်းရုံသာမက ကြွတ်ဆတ်ပြီး မျက်နှာပြင်က ကြမ်းတမ်း လာပါတယ်။
သံဓာတ် ချို့တဲ့ ပါကလည်း လက်သည်း ပေါ်မှာ ဒေါင်လိုက် အစင်းများပေါ်ခြင်း၊ လက်သည်းခွက်ခြင်း (သို့) ဇွန်းပုံစံ ဖြစ်နေတတ်ပါတယ်။
ကန့်လန့်စင်းများ
Beau’s line လို့ခေါ်တဲ့ လက်သည်းပေါ်က ကန့်လန့် အစင်းကြောင်းနက်နက်တွေ ကတော့ ပြင်းထန်တဲ့ ရောဂါ တစ်ခုခုရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ခံရောဂါကို မကုသရင် လက်သည်းကြီးထွားမှုလည်း ဆက်မရှိတော့ပါဘူး။ ရုတ်တစ်ရက် ကျောက်ကပ်ရောဂါတွေမှာ Beau’s line တွေပေါ်တတ်ပါ တယ်။ 
လက်သည်းခြေသည်း အချောင်း ၂၀ လုံးမှာ ဒီ အစင်းကြောင်းတွေ တွေ့ရင်တော့ ပါးချိတ်ရောင်၊ သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါ၊ ဆစ်ဖလစ်ရောဂါ စတာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ကင်ဆာ ဆေးသွင်းကုသခြင်း ခံယူနေရင်လည်း Beau’s lines တွေပေါ်တတ်ပါတယ်။ 
လက်သည်းကို ထိခိုက်မိပါက လက်သည်းအောက်မှာ အနီရောင် (သို့) အညိုရောင် အစက်တွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် လက်သည်းကို ထိခိုက်ဒဏ်ရာ ရထားတာမရှိဘဲ လက်သည်းအောက်ထဲမှာ ညိုပုတ်ပုတ်၊ အမဲ၊ အနီ စတဲ့ အရောင်တွေပြောင်းနေတယ် ဆိုရင် ဒါတွေက နှလုံး အမြှေးပါးရောင်ခြင်း (သို့) melanoma လို့ခေါ်တဲ့ အရေပြား ကင်ဆာကဲ့သို့သော ပြင်းထန်တဲ့ရောဂါ တစ်မျိုးမျိုးရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

အသက်ကြီးလာတဲ့ တစ်နေ့ သင် နောင်တရမဲ့ အရာ (၁၀) ခု


✍️အသက်ကြီးလာတဲ့တစ်နေ့  သင် နောင်တရမဲ့ အရာ(၁၀) ခု
(1) အခွင့်ရေး ရတုန်း ခရီး မထွက် ခဲ့တာ ၊
(2) သင့်အပေါ် မကောင်းတဲ့ ချစ်သူရည်စား ဇနီး မယား လင်ယောက်င်္ကျား ကို မပြတ် နိုင်ခဲ့တာ ၊
(3) တစ်ပါးသူရဲ့ သင့်အပေါ် အမြင်တွေကို အင်မတန် အလေးထားနေ ခဲ့တာ ၊
(4) ချစ်တယ် လို့ ပြောဖို့ ကြောက်နေ ခဲ့တာ ၊
(5) အလုပ်ကိုပဲ ဦးစားပေး လုပ်နေ ခဲ့တာ ၊
(6) သင့် ခလေးတွေနဲ့ အချိန်မယူ ဖြစ်ခဲ့တာ ၊
(7) သင့် မိဘတွေနဲ့  အချိန် များ များ မဖြုန်းဖြစ်ခဲ့တာ ၊
(8) မစွန့် စားရဲ ခဲ့တာ ၊


01 December 2017

တရုတ် One Belt One Road OBOR



ရခိုင်- ဘင်္ဂလီ -အမေရိကန် China Containment Policy CCP -
တရုတ် One Belt One Road OBOR -
ပုလဲသွယ် String of Pearls SOP -
Kra Canal ကရား တူးမြောင်း
ရခိုင်- ဘင်္ဂလီ - အမေရိကန် CCP -
တရုတ် OBOR
 
အမေရိကန် ကကော ဗြိတိန် ကပါ ethnic cleansing တို့ genocide တို့ ပြောလာလို့၊ ရှေ့လ ဒီဇင်ဘာလ ကုလသမဂ္ဂမှာ ရခိုင် အရေးကို အဲလို စကားလုံးတွေ ပြောပြီးတော့ကို တင်ပြဆွေးနွေးတော့မှာ ဆိုလို့၊ စိတ်ပူ တဲ့သူတွေက အဲဒါမဟုတ်ပါဘူးလို့ ကာချင်တဲ့အတွက် ကာဖို့ အချက်အလက်တွေ ရှာနေကြတာ ပင်ပန်းလှပါတယ်။
 
ကာဖို့ အချက်အလက်တွေ ရှိနေ လည်း အပိုပါပဲ။ ချောင်းအောက်မှာ ငါရေသောက်လို့မရအောင် ချောင်း အထက်ကနေ ရေကိုနောက်အောင် နှောက်ခဲ့တာ အဲ့ဒီတုံးက နင် မမွေးသေးလို့ နင်မဟုတ် ဘူးဆိုရင်လည်း  နင့်အဖေ လုပ်တာ ဖြစ်မှာပဲ ဒါကြောင့် နင့်ကို ငါ စားခွင့်ရှိ တယ်ဆိုတဲ့ သိုးငယ်ကို ကိုက်စားဖို့ ၀ံပုလွေ policy က ချထားပြီးသား ဆိုတော့ ကာမနေကြနဲ့။ တရုတ်နဲ့ ရုရှား က ဘာလုပ်မလဲ ထိုင် သာကြည့်နေ လိုက်ကြ ။
 
တရုတ်နဲ့ ရုရှား က အဲ့ဒီအခါ သူတို့အလုပ် သူတို့ လုပ်လိမ့်မယ်။ အမေရိကန် အတွက်က ရခိုင်ဟာ ငြိမ်းချမ်း နေလို့ကို မဖြစ်ဘူး။ ဘင်္ဂလီ ကိစ္စမရှိရင်တောင် George Soros တို့က ဒေါက်တာအေးမောင် ဖြစ်ဖြစ် AA ကို ဖြစ်ဖြစ် တစ်နည်းနည်းနဲ့ နောက်ကွယ်က support လုပ်ပြီး တရုတ် invest လုပ်နေတဲ့ ရခိုင်မှာ တစ်ခုမဟုတ်တစ်ခု ပြဿနာပေါ်ေ နအောင် မီးမွှေးနေရမှာပဲ။ ဒါက အမေရိကန် သူ့အလုပ် သူလုပ်တာပဲ။
 
တရုတ်ကို အမေရိကန် ရဲ့ ၀ိုင်းပတ် ပိတ်ဆို့ရေးမှာ ပထ၀ီအနေအထား အရ ရခိုင်က ပါနေတော့ အဲဒီလို ပဲဖြစ်နေမှာပဲ။ အမေရိကန် နဲ့ EU က ရခိုင် အရေး မှာ ဘင်္ဂလီ ဘက်ကပဲ ရပ်မယ် ဆိုတဲ့ policy ကို ချ ထားပြီးသား။ တရုတ် invest လုပ်ထားတဲ့ ရခိုင်မှာ တရုတ် ကို အရူးမီးဝိုင်းဖြစ်နေအောင် ဘင်္ဂလီ ကိစ္စနဲ့ မီးမွှေးထားဖို့က အမေရိကန် ရဲ့ အလုပ်ပဲ။
 
အဲ့ဒီ အလုပ်ကို အမေရိကန် အစိုးရ အတွက် ကိုယ်စားလှယ် အဖြစ် ဟန်ဂေရီ+ဂျူး ကပြား အမေရိကန် သူဋ္ဌေးကြီး George Soros က လုပ်ပေးတယ်။ ရခိုင်ကိုဝင်တဲ့ INGO မှန်သမျှ Soros က ထောက်ပံ့ တယ်။ သူ့ပိုက်ဆံနဲ့ ရခိုင် နဲ့ ဘင်္ဂလီပြဿနာကို မဖြစ်ဖြစ်အောင်ကို လုပ် လို့ရတာ အကုန်လုပ်တယ်။
 
မည်သည့် အခြေအနေများက မည်သို့ပင် ရှိစေကာမူ not with standing anything ဘင်္ဂလီပြဿနာ ရခိုင်မှာ အမြဲရှိနေအောင် အမေရိကန်ဟာ ဖန်တီးနေရမယ်၊ ရခိုင်မှာ ငြိမ်းအေးနေရင်တောင် တရုတ်ကို လည်ချောင်း အရိုးစူးနေအောင် ရခိုင်မှာ မြန်မာ အစိုးရတို့ မြန်မာစစ်တပ် တို့က action ယူလာပြီး ကျွံလာအောင် ဘင်္ဂလီပြဿနာ အသစ်တွေ မပေါ်ပေါ်အောင် သူတို့က လူ့အခွင့် အရေးနဲ့ ထောက်လို့ ရအောင် အမြဲလုပ်နေမှာပဲ။