30 September 2015

တစ်ကယ့် ဘ၀ထဲ တိုးဝင်လာသည့် ဖေစ့် ဘွတ်ခ် ပေါ်မှ လူမှုပြဿနာ များ



 

တကယ်တမ်း တွင် ပြဿ          နာ ကဘာမျှကြီးကြီး ကျယ်ကျယ် မဟုတ်။ အေမီချို က ၎င်း၏ ခင်ပွန်း ကလေး ပုခက် လွှဲပြီး ဟင်းချက်နေသည့် ဓာတ်ပုံ တစ်ပုံကို သူငယ်ချင်းများ ကိုပြချင် သည့်စိတ်၊ အိမ် အလုပ်များ ကူ လုပ်ပေး သည့် ခင်ပွန်းဖြစ်သူ ကို ကြွားဝါချင် စိတ်ဖြင့်သာ ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာပေါ် တင် လိုက်ခြင်းဖြစ်ပါသည်။ 

သို့သော် အေမီချိုမေ့လျော့နေသည့် အချက်ကား ၎င်း၏ များပြားလှစွာသောဖေ့စ်ဘွတ်ခ် သူငယ်ချင်းများ ထဲ တွင် ၎င်း၏ယောက္ခမကြီး လည်း ပါဝင်နေသည် ဆိုသည့် အချက်ဖြစ်သည်။ ပြဿ    နာကား အေမီချို တင် ထားသော ဓာတ်ပုံအောက် မှာ ယောက္ခမကြီး က အောက်ပါ အတိုင်း ကွန်မန့် (ခေါ်) မှတ်ချက် တစ်ခုရေး ရာ မှ စတင်တော့သည်။

‘ယောက်ျား ကို  အိမ်အလုပ်တွေ မတရား ခိုင်းတာ  အမျိုးကောင်း သမီး မဟုတ်ဘူး’

ထို မှတ်ချက်ကို ဖတ်လိုက် ရသော အခါ အေမီချို သွေးဆူ သွားသည်။ အေမီချို့ ထက် ပို သွေးဆူသည် ကား အေမီချို ၏ ဖေ့စ်ဘွတ်ခ် သူငယ်ချင်း ထဲမှာ ရှိနေသည့် မိခင်ဖြစ်ပါသည်။ 


၎င်းက ဖေ့စ်ဘွတ်ခ် ဓာတ်ပုံအောက် က အေမီချို  ၏ယောက္ခမ မှတ်ချက် ကိုမြင်နေရသည်။   ခမည်း ခမက်တော် သူက သမီး ကို အမျိုးကောင်း သမီးမဟုတ်ဟု ဆိုသော စကားက သူ့ကိုပါ တိုက်ရိုက် သက်ရောက်နေ သည်မဟုတ်ပါလား။ 


 ဖေ့စ်ဘွတ်ခ်ပေါ် တွင် ခမည်း ခမက် များ အပြန် အလှန် စကားစစ်ပွဲနွှဲကြ ၏။ သူ့ဘက် ကိုယ့်ဘက် အမျိုးများ၊ မိတ်ဆွေများ က လိုက်ခ် (like) များနှိပ်ကာ အားပေးကြ၏။ ကွန်မန့် မှတ်ချက်ပေါင်း ၂၀ကျော် အပြန် အလှန်ရေး အပြီးမှာတော့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဘလော့ဂ်ပြီး ပွဲသိမ်းလိုက်ကြ၏။ အပြင်မှာ လည်း တစ်ယောက်နှင့် တစ်ယောက် စကားမပြောကြတော့။



28 September 2015

စိတ်ရည် စိတ်သွေး ဆိုသည်မှာ


                                                 Emotional quotient
 
အရမ်းကို မှောင်မည်းနေတဲ့ လမိုက်ည တစ်ည ရဲ့ သန်းခေါင်ယံ အချိန်၊ ခြံကျယ်ကြီး တစ်ခြံထဲ က နှစ် ထပ် တိုက် ရဲ့အပေါ်ထပ် မှာ လူသုံးယောက် အိပ်နေကြတယ်။ အဲဒီ အချိန်မှာ အောက်ထပ်ကနေ ကျွီ ဆိုပြီး တံခါး ပွင့်လာတဲ့ အသံ ကို သူတို့ သုံးယောက်စလုံး ပြိုင်တူ ကြားလိုက်ကြရတယ်။ 
 
သရဲ သိပ်ကြောက်တဲ့ သူက..သရဲ..သရဲ ဆိုပြီး အော်ဟစ် လို့ ခေါင်းမြီးခြုံနေလိုက် သတဲ့။ သရဲ ကို မယုံ၊ ဒါ သူခိုးဝင်တာပဲ ဖြစ်ရမယ် လို့ ထင်တဲ့ နောက် တစ်ယောက် ကတော့ တွေ့တဲ့ ပစ္စည်း ကောက် ကိုင် ပြီး အောက်ထပ် ကို ဆင်းချသွားလေရဲ့။ သရဲလည်း မသိ၊ သူခိုး လည်း ဂရု မစိုက်တဲ့ နောက်ဆုံး တစ်ယောက် ကတော့ တုတ်တုတ်မျှ မလှုပ်၊ ဆက်အိပ်နေလိုက်တယ်။ 
 
ဒီဖြစ်စဉ် ကို ကြည့်ရင် ကျွီ ဆိုတဲ့ အသံလေး က လှုံ့ဆော် လိုက်တာချင်းတော့ တူတယ်၊ ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီ ရဲ့ ခံယူချက်ပေါ် မူတည်ပြီး သူတို့ ရဲ့ တုံ့ပြန်ပုံ ကွာသွားတာကို တွေ့ရပါလိမ့်မယ်။ အခက်အခဲ ဆိုတာကို စိတ်ညစ် စရာလို့ မြင်ပြီး ဝေးဝေး က ရှောင်ချင်တဲ့ သူက အသက်ကြီး လို့သာ လူကြီး ဖြစ် သွားရုံ ရှိနေချိန်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဆိုတာ ကိုယ့်ရဲ့ တိမ်မြုပ်နေတဲ့ အရည် အသွေးတွေ ပေါ်လာဖို့ အတွက် အခွင့်အလမ်း ပဲလို့ ခံယူပြီး တက်တက်ကြွကြွ ရင်ဆိုင်ကျော် လွှားလိုက်တဲ့ သူက ဘ၀ မှာ အများ လေးစားရသူ အဖြစ် အောင်မြင်လာတယ်။  
ဆင်းရဲကျပ်တည်း တဲ့ မိသားစု က ပေါက်ဖွားလာတာချင်း တူပေမယ့် တစ်ယောက်က ဒါကို စိတ် ထွက်ပေါက် ပေးရင်း နဲ့ လူဆိုး လူမိုက် စာရင်းဝင် ဖြစ်သွားတယ်၊ နောက် တစ်ယောက်ကတော့ ငါ ဒီအခြေ အနေ အဆိုး ကနေ လွတ်မြောက်ဖို့ ပညာမှ တစ်ပါး တခြားလမ်း မရှိဘူးလို့ ခံယူပြီး ကြိုးစား လိုက်တာ ပါမောက္ခ ကြီးတွေ သူဌေးကြီးတွေ ဖြစ်လာကြတယ်။

25 September 2015

ပိုက်ဆံ ကို သုံးသင့်တဲ့နေရာ (၅) မျိုး နဲ့ မသုံးသင့်တဲ့ နေရာ(၅)မျိုး


Lwin Pyin's photo.
 


ပိုက်ဆံ ဟာ ကျွန်တော်တို့ နေ့စဉ် ဘဝ အတွက် မရှိမဖြစ် အရာပါ။ အမြဲတမ်း သုံးစွဲနေရ တဲ့ ဒီ ပိုက်ဆံ ကို မှန်မှန် ကန်ကန် အသုံးချတတ် ဖို့ လိုအပ်ပါတယ်။ ဒီလို မှ မဟုတ်ရင်တော့ ပေါ်သမျှ အသစ် အသစ်သော အရာတွေ ကို ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ 

ဒီတော့ ကျွန်တော်တို့ ရဲ့ ပိုက်ဆံတွေ ကို ဘယ်နေရာ မှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။
 

ပိုက်ဆံ ကို အရမ်း မသုံးသင့်တဲ့နေရာ (၅) မျိုး ကတော့......

၁။ အီလက်ထရောနစ် ပစ္စည်းများ
ယနေ့ အခါ အီလက်ထရောနစ် ပစ္စည်းတွေ ဟာ ကျွန်တော်တို့ ဘဝတွေ အတွက် မရှိ မဖြစ် အရာတွေ ပဲ ဖြစ် ပါတယ်။ ဒါပေမယ့် ဒီ ပစ္စည်းတွေ ကို လိုအပ် တာထက် ပိုပြီး မဝယ်ယူသင့် ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ် အသစ်တွေ ထွက်ရှိ လာတာကြောင့်ပဲဖြစ်ပါတယ်။ 

ဒီတော့ အသစ်တွေ ထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ ပစ္စည်းတွေ ကို ဝယ်ယူရင်း အချိန် တစ်ခုထိ သုံးသင့် ပါတယ်။

၂။ အိမ် အလှဆင် ပစ္စည်းများ
လူတိုင်းကတော့ ကိုယ့်အိမ်လေးကို လှချင်ကြတာပါပဲ။ ဒါပေမယ့် အခြား သူတွေရဲ့ အပြင်အဆင်တွေ ကိုတွေ့ တိုင်း၊ စာအုပ်တွေ ထဲမှာမြင် ရတိုင်း လိုက်လံပြောင်းလဲ ဖို့တော့ မကြိုးစားသင့် ပါဘူး။ တော်ရုံပဲ အသုံးပြုသင့် ပါတယ်။

သန္ဓေတည်ခြင်း ကို ဗုဒ္ဓ နှင့် သိပ္ပံ နှီးနှောယူပုံ

ဦးမြင့် ခိုင် စိတ်ပညာ's photo.


အဋ္ဌကထာ ပြဆိုပုံ........
သုန္ဓေ ဝတ္တုမှီ မာတာပိတူသု ဧကဝါရံ
သန္နိပတိ တေသု ယာဝ သတ္တဒိဝဿာနိ
ခေတ္တမေဝ ဟောတိ


သားအိမ် ၌ ဥတုသွေး စင်ကြယ်သောအခါ မိဘနှစ်ဦး တို့  တစ်ကြိမ် သံဝါသပြုထား လျှင် ခုနှစ်ရက် ပတ်လုံး သန္ဓေ တည်နိုင်သည် ။

ကလလ အဗ္ဗုဒ ပေသိ ဃန ဃန မှ ခေါင်း လက် ခြေ ခက်မ ငါးဖြာ ပေါ်လာသည် ဆိုသော စကားနှင့် သိပ္ပံ မှ ဆဋ္ဌမ ပတ် အစမှာ ခေါင်းပေါ် လာသည် ဆဋ္ဌမပတ် အကုန်မှာ လက် ခြေ များပေါ်လာသည် ဟု ပြဆိုချက်
ညီညွတ်သည် ပဉ္စမ ပတ် ၌ ခတ်မ ငါးဖြာ ပေါ်လာသည် ဟူသော အဋ္ဌကထာ မှာ ဆေးပညာနှင့် အနည်း ငယ် ကွဲလွဲနေသော် လည်း ပဉ္စမပတ် အဆုံးနှင့် ဆဋ္ဌမပတ် အစမှာ တဆက်တည်းဖြစ် ၍ နီးစပ်သည် ။


မိခင် ၏ မျိုးစေ့အိမ် မှ အိုဗာ သည် ဥတုသွေး ပေါ်ပြီးနောက် ၁၃ ရက် ၁၄ ရက်မြောက်သောနေ့ ၌ မှည့် ၍ မျိုးစေ့အိမ် မှ ကျွတ်ကျ လာသည် ။ 

၎င်းအိုဗာ သည် သပြစ်သီး မှည့်နှင့် တူသည် ဥတုသွေး လာပြီးနောက် ၃ ရက် ၄ ရက် ၅ ရက် အတွင်း သံဝါ သပြုသော် လည်း သန္ဓေ မတည်နိုင်ပေ ။

ဆေးပညာ အယူအရ သုတ်ပိုးနှင့်သားဥ မပေါင်းစပ် မိလျှင် ၄ နာရီ ၃၆ နာရီ သို့ မဟုတ် ၂ ရက် ၃ ရက်ကြာ လျှင် သုတ်ပိုးသေ သည် ။


ကျော မလုံတော့သော ပြည်သူတို့ ဘဝ




အလုပ်ဆင်းပြီး နေအိမ်သို့ ပြန်နေကြသော ရန်ကုန်မြို့ မှ ပြည်သူ အချို့ကို စက်တင်ဘာ ၂၁ ရက် ညက တွေ့ရစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)




အချိန်က ၁၀ နာရီ ကို စွန်းစွန်းကျော်နေပြီ။ သူနေထိုင်ရာ ကျောက်မြောင်းရပ်ကွက်ကလည်း လူအပြတ်သား။ အနောက် က ထက်ကြပ်မကွာ လိုက်လာသော လူစိမ်းနှစ်ဦး ကို မမေခင်ကျော် (အမည်လွှဲ) အစောပိုင်း ကတည်း က သတိထားမိနေသည်။ လက်ထဲ က စလင်းဘက် ကို ကျစ်ကျစ် ပါအောင်ဆုပ်ရင်း ရှေ့တွင် မဝေးတော့သည့် သူ ၏ တိုက်ခန်း သို့ တတ်နိုင် သမျှ မြန်မြန် မပြေးရုံ တစ်မယ် ခပ်သွက် သွက် လျှောက်နေ သည်။ 

တိုက်ခန်း အရှေ့ရောက်ခါနီး မှ မမေခင်ကျော် တစ်ချက် သတိရသည် က အိမ်မှာ ရှိသည့် အဖေ့ ကို တိုက် ခန်းရှေ့ တွင် ထွက်ခေါ်ရန်။ ပူထူနေ ၍ သူလည်း ဒီလောက်ပဲ စဉ်းစားမိ​ ၍ အဖေ့ ကို ဖုန်းလှမ်း ဆက်ထား သည်။ အဖေ ကလည်း လာခေါ်မည်ဟု ဆိုသည်။ သို့သော် သူနောက်ကျသွားလေပြီ။ 


ဖုန်းချပြီးသည်နှင့် နောက်မှ ‘‘ဟဲ့...ကောင်မ’’ဆိုသည့် အော်သံနှင့် အတူ ကုပ်ကို ကိုင်၍ နံဘေးရှိ တိုက်နံရံ တစ်ခု ကို ဆွဲခေါ် သွားပြီး နံရံနှင့် ထပ်ခါ ထပ်ခါ ဆောင့်ပစ် ခံရသည်။ လဲကျ သွားချိန်တွင် ခေါင်းကို တက် နင်း ထားပြီး လက်ကိုင်အိတ်နှင့် ဖုန်း ကို လုယူသွားခဲ့ကြသည်။ 

ယခု ကဲ့သို့ မမေခင်ကျော် အကြမ်းဖက် လုယက် ခံရသည် မှာ ငါးလ အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ် သည်။ မေလ အတွင်းက တာ မွေမြို့နယ် မင်္ဂလာသိဒ္ဓိလမ်းထောင့် တွင် ဓားဖြင့်ထောက် လုယက် ခံခဲ့ရ ဖူးသည်။ 

သြဂုတ် ၂၅ ရက်တွင် ကျောက်မြောင်း ၌ ဒုတိယ အကြိမ် ထပ်မံဖြစ်ပွားခဲ့သည် ဟု မမေခင်ကျော် ၏ ဖခင် က ပြောသည်။ သို့သော် ယခု အဖြစ်အပျက်ကတော့ သူတို့ မိသားစု အတွက် ယူကျုံး မရဖွယ်ရာ အတိ ဖြစ်ခဲ့ သည်။ ထို လုယက်မှုနှစ်ခု ကြုံပြီးနောက် မမေခင်ကျော် မှာ စိတ် ကစဥ့် ကလျားနှင့် စိတ် မူမမှန်သည့် အခြေ အနေ ဖြစ်သွားခဲ့ခြင်းကြောင့်ပင်။ 


24 September 2015

လူဦးခေါင်းခွံ များနှင့် ဆေး ဖေါ်နေသည့် အောက်လမ်း ဆရာများ





ထိုင်းနိုင်ငံ ဦဒေါင်ဌာနီ အရပ်တွင် မတော်တဆ ဖြစ်ရပ် များကြောင့်သေဆုံးသွားသူများ ( အစိမ်းသေ) မြုပ်နှံ ထားသည့် အုပ်ဂူများ အား တူး၍ သေဆုံးသူ ဦးခေါင်း များ ဖြတ်ယူ သွားသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ် ပွားနေ သဖြင့် သက်ဆိုင်ရာ ရဲအရာရှိ များ က ပြစ်မှု ကျူးလွန်သူများ အား လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။



စက်တင်ဘာလ ၁၅ ရက်နေ့က နမ့်စုံကျေးရွာ မှ ဇွဲကြိုးချသေဆုံး ခဲ့သည့် လူငယ် တစ်ဦး၏ အလောင်းအား ဦးခေါင်းဖြတ် ခိုးယူသွားသူ အမျိုးသမီး တဦးအား စတင် ဖမ်းမိခဲ့ပြီးနောက် မှာ သူမနှင့် အတူ ပူးပေါင်းကြံစည် ကြ သူ အောက်လမ်း ဆရာနှစ်ဦး အနက် အာထစ် ခွန်ကလရင် "ဆရာအောင် " (ထွက်ပြေးနေဆဲ) နှင့် ဆရာနလုံ ဆိုသူ အား သူ ပုန်းခိုနေသည့် နေအိမ်တွင် ဖမ်းမိခဲ့သည်။
 

တရားခံများက အစိမ်းသေ သူ၏ ဦးခေါင်းအား ဆေးရေစိမ် ၍ အရိုးအား အဆောင် အဖြစ် စီရင်ကာ ဘတ်ငွေ တစ်သိန်း (ကျပ်သိန်း ၃၀) ဖြင့် ရောင်း စားေ နခြင်းဖြစ်သည်။



23 September 2015

ကမ္ဘာ့ အသက် အငယ်ဆုံး Apple ပရိုဂရမ်မာ


ကိုဝင်းထက်လင်း စည်းလုံးခြင်းအင်အား's photo.


ကမ္ဘာ့ အသက် အငယ်ဆုံး Apple ပရိုဂရမ်မာ ကတော့ စင်္ကာပူနိုင်ငံ က ကလေးငယ် Lim Ding Weng ဖြစ်ပါ တယ်။ သူ့ အသက် ၉ နှစ် အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ ပါတယ်။
 
သူဟာ အသက် ၇ နှစ်အရွယ် ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချ ခဲ့သူ ဖြစ်ပါ တယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း iTune စတိုး မှာ ဒေါင်းလုခ် ဆွဲမှု အကြိမ်ပေါင်း ၈သိန်း ၈သောင်း ကျော်လွန် ခဲ့ပါတယ်။ 

ယင်း App ကို စတင် ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်း က ထုတ်တဲ့ Apple IIGS ကွန်ပျူတာ နဲ့ ပြုလုပ် ခဲ့ တာ ဖြစ်ပါတယ်။ 

ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန် က CNN ရုပ်သံလိုင်းမှ လည်း အင်တာဗျူး ခဲ့ပြီး စင်္ကာပူမြို့  ရဲ့  ဂုဏ်ရှိန်ကြီး ရတဲ့ အကြောင်းအရင်း မှာ ယင်း ကလေးငယ် Lim Ding Weng ကို ထည့်သွင်း ခဲ့ပါတယ်။ 


ချိုင်းသား ဖြူနေစေမယ့် သဘာဝ နည်းလမ်းများ


ပြည်မြန်မာ's photo.




လက်မောင်းအောက် ချိုင်းသား မည်းနေသူတွေ စိတ်ညစ်မနေနဲ့တော့နော။ ကိုယ့် ရဲ့လက်တစ်ကမ်း မှာပဲ အလွယ် ရနိုင်တဲ့ ပစ္စည်းတွေနဲ့ ပဲ ပြုပြင်လို့ရနေပြီ။ နည်းလမ်းတွေ ကို လွယ်လွန်းလိုက်တာ ဆိုပြီး အထင်တော့ မသေးပါနဲ့။ အချိန် နဲ့ စိတ်ရှည်မှု ပဲ လိုပါတယ်။

(၁) အာလူး က သိပ်ကောင်းတဲ့ သဘာဝ အရောင်ချွတ်ဆေး ပါ။ သူ့မှာ အက်ဆစ်ပျော့တွေ ပါဝင် တာကြောင့် အရေပြား ကို မယားယံစေပါဘူး။ အာလူး ကို ပါးပါးလေးတွေ လွှာလှီး လိုက်ပြီး ချိုင်းနေရာ ကို ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်တိုက် ရပါမယ်။

 ပြီးရင်တော့ ရေ ကြက်သီးနွေးလေး နဲ့ ဆေးချလိုက်ပေါ့။ ချိုင်းသားလေး မြန်မြန်ဖြူချင်ရင် အနည်းဆုံး တစ်နေ့ ၂ ခါ လောက် လုပ်ပေးပါ တဲ့။ လွယ်တယ် မလား။

(၂) လီမွန် ဆိုတဲ့ ရှောက်သီး၊ သံပုရာ၊ သံပုရို သီးတွေ ကလဲ သဘာဝကို က သန့်စင် သုတ်သင်ပေးတဲ့ ပစ္စည်း ပါ။ သူ့မှာ က ရောဂါပိုးတွေ သန့်စင်ပေးတဲ့၊ ဘက်တီးရီးယား သန့်စင်ပေးတဲ့ ဓာတ်တွေ ပါပြီးသား။ လီမွန် မှာ  ပါတဲ့ အက်ဆစ် ဂုဏ်သတ္တိတွေ က တောက်ပစေခြင်း နဲ့ ဆဲလ်အသေတွေ ကို ဖယ်ရှားပေးနိုင်ပါတယ်။
 

 ရေမချိုးခင် သံပုရာသီး ကို အစိပ်လိုက်လေး လှီးလိုက်ပြီး ချိုင်း ကို ပွတ်ပေးရပါမယ်။ ပြီးရင်တော့ အသား အရေ မခြောက် သွားရအောင် moisturizer တမျိုးမျိုး လိမ်းထား လို့ ရပါတယ်။
 

20 September 2015

သင် ၏ နေအိမ် မျက်နှာလှည့်သော အရပ် ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း




လာဘ်ပွင့်စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထို ယတြာ နည်းများစွာ တွင် လူတစ်ဦး တစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ် များကို အဓိက ထား၍ ဆောင်ရွက်ခြင်း များကိုသာ တင်ထားတာ များပါတယ်။ 
 
အခုပြောမှာ ကတော့ မိမိနေအိမ် ၏ မျက်နှာ လှည့်ရာ အရပ် ကို အဓိက ထား၍ လာဘ်ပွင့်အောင် လာဘ် လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။ 
 
အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာ အကျိုးကျေးဇူးတွေ ကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသား အားလုံး မိမိ တို့၏ လုပ် ငန်းဆောင်တာ များ မှာ ထူးထူး ကဲကဲ အောင်မြင်ခြင်း၊ အေးအေး ချမ်းချမ်း ဖြတ် သန်းနိုင်ခြင်း၊ စီးပွားရေး များ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿ        နာတွေ အဆင် မပြေမှု့တွေ အတိုက် အခိုက်တွေ ကနေ လွတ်မြောက်နိုင်ပါတယ်။ 
 
မိမိတို့နေအိမ် သယာစေရန် တိုးတက်စေရန် အကျိုးပြုစေ ပါတယ်။ ဒီနည်း ကို ဆောင်ရွက်မယ့် သူတွေ က မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိ ကျကျ သိစရာ မလိုပါဘူး။ မိမိနေအိမ် က ဘယ်ဘက် ကို မျက်နှာ မူသလဲ။ အဲဒီ မျက်နှာ မူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။


အပါယ်လေးပါး မှ လွတ်မြောက်စေနိုင်သော ကုသိုလ် (၇) မျိုး


နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ's photo.
 


အပါယ်လေးပါး ဆိုတာ ငရဲ၊ တိရိစ္ဆာန် ၊ပြိတ္တာ၊ အသူရကာယ် တို့ဖြစ်ပါတယ်။ အပါယ် ဆိုတာ က (အပါယ) ဆိုတဲ့ ပါဠိပုဒ် ကနေ ဆင်းသက်လာတာပါ။ 

(အပါယ) မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ် ရှိပါတယ်။ အပ=ကင်းခြင်း၊ အယ = ကုသိုလ်တရား နှစ်ပုဒ် ပေါင်း လိုက်တော့ ကုသိုလ် တို့မှ ကင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ဆိုလိုတာက အပါယ်လေးဘုံသား တို့မှာ ကုသိုလ်တွေ မှ ကင်းခြင်း ၊ ကုသိုလ် တရား တို့ကိုပြုလုပ်နိုင်စွမ်း မရှိခြင်း ချမ်းသာခြင်း တရား တို့မှကင်းခြင်း လို့ အဓိပ္ပါယ် ရပါ တယ်။ မှန်ပါတယ်။ 

အပါယ်လေးဘုံ ကိုရောက်သွားပြီ ဆိုရင် ကုသိုလ် တရားတွေ ကိုပြုလုပ်နိုင်စွမ်း မရှိသည့် အတွက် ကောင်းသော ဘုံ ဌာန ကို ပြန်ရောက်ဖို့ အင်မတန် မှ ခက်ခဲပါတယ်။ အကုသိုလ် ကံ အဟုန်တွေ ကုန်ဆုံး မှ သာ ကောင်းရာဘုံ ကိုရောက်စေတာပါ။

ငရဲဘုံ ဆိုရင်လည်း ငရဲသူ၊ ငရဲသား တို့ရဲ့ ဆင်းရဲဒုက္ခအလွန်ကြီး ပါတယ်။ သံရည်ပူ များနှင့်လောင်းခံ ရခြင်း ၊ခွေးနက်ကြီး များရဲ့ ကိုက်ခဲခြင်း ကို ခံရခြင်း၊ ဓါး ၊ လှံ တို့ဖြင့် ထိုးခံ ရခြင်း စသည်ဖြင့် ဒုက္ခများ စွာ ဖြစ်နေ တဲ့နေ ရာ၊ ချမ်းသာ ဆိုလို့ မြူမှုန် တစ်မှုန် မျှမရှိလိှု့  ငရဲ လို့ခေါ်တာပါ။ 


18 September 2015

ကိုယ်ဝန်ဆောင် မိခင်များ သိကောင်းစ၇ာ




ကိုယ်ဝန်ဆောင်  မိခင်များ အတွက် လိုအပ်တဲ့ ဗဟုသုတ များကို ဖတ်ရတာ လွယ်ကူစေရန် အတွက် တစ်စု တစ်စည်း ထဲပြန်လည်ဖော်ပြလိုက်ပါတယ်။  

(HAPPY MOM ကိုယ်ဝန်ဆောင် ခေါင်းအုံးများ အား အဆင့်မြှင့်တင် ထုတ်လုပ် ထားပြီး ၀ယ်ယူ လိုပါက 01-683372 / 09-73235636 တွင် ဆက်သွယ် ၀ယ်ယူနိုင်ပါသည်။)

( ၁ ) ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို ပုံစံ အိပ်ရ မှာလည်း?
( ၂ ) ကိုယ်ဝန်ဆောင် မိခင် များ သိထား သင့်သော အခြေခံ ဆောင်ရန် ရှောင်ရန် အချက် အလက်များ.....
( ၃ ) လုပ်သင့် သလား၊ မလုပ်သင့် ဘူးလား? ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ ။
( ၄ ) ကြောင် များမှ အဓိကဖြစ်ပွားသောToxoplasmosis ရောဂါ အကြောင်း သိကောင်းစရာ။
( ၅ ) ကိုယ်ဝန်ဆောင်ချိန် ကာလ အပိုင်းအခြား အလိုက် စားသုံးသင့်သည့် အကောင်းဆုံး အစား အစာများ
( ၆ ) ကိုယ်ဝန်ဆောင် မိခင်များ ညအချိန်တွင်ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေမည့် နည်းလမ်း ကောင်းများ
( ၇ ) ကလေး မီးဖွားဖို့ ဆေးရုံ ကို ဘာတွေယူဆောင်သွားဖို့လိုအပ်သလဲ။
( ၈ ) ကိုယ်ချစ်တဲ့သူကိုယ်ဝန်ဆောင်ရင် ကိုယ်ဘာ လုပ်ပေးရမှာလဲ။
( ၉ ) ကိုယ်ဝန်ရစေဖို့ အကူအညီဖြစ်စေမည့် နည်းလမ်းကောင်းများ။ ( ၁၀ ) မိခင်ကော ကလေးပါ ကျန်းမာဖို့ မိခင်နို့ တစ်မျိုးတည်း သာ တိုက်ကြစို့ ။
( ၁၁ ) ကိုယ်ဝန်ဆောင် များ ကျန်းမာစေရေး နည်းလမ်းကောင်းများ ။







 


 

( ၁ ) ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုပုံစံ အိပ်ရ မှာလည်း?
ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးတစောင်း အိပ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ အထူး သဖြင့် ဘယ် ဖက်ကိုစောင်း အိပ်ခြင်း သည် ကလေးထံသို့ သွေးလည်ပတ်မှူ  ပိုမိုကောင်းမွန် စေပါသည်။ ထို့ အတူ မိခင် ၏ အချင်းမှတဆင့် ကလေးထံ သို့ အဟာရ ဓါတ်များ ပိုမိုရောက်ရှိစေပါသည်။
 

ဘယ်ဖက် သို့ တစောင်း အိပ်ခြင်းဖြင့် ကျောက်ကပ် အတွင်း မှ အညစ်အကြေးများ... နှင့် အရေများ ကို ပိုမို ထိရောက်စွာ ဖယ်ရှား ပေးခြင်းအားဖြင့် ခြေလက် အဆစ်အမြစ်များ ရောင်ရမ်းခြင်း ကို လျှော့ချ ပေးပါ တယ်။


သင့်လက် အမူအရာက ပြောတဲ့ သင် ၏ စိတ်နေသဘောထား



1 - သင့် လက်နှစ်ဖက် ကို ဆုပ်ကိုင် ကြည့်ပါ
2- လက်ပိုက် ကြည့်ပါ...

 အထက်ဖော်ပြပါ ပုံများ ထဲမှာ သင်\ လက်ပိုက်ပုံ ၊လက်ဆုပ်ကိုင်ပုံ နှင့် တူညီသည် ကို ရွေးပါ
။ပြီးနောက် သင့် ၏ စိတ်နေသဘောထား ကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။


R-R

သင်ဟာ ယဉ်ကျေးတဲ့သူ တစ်ယောက်ဖြစ်ပြီး အခြားသူတွေ ရဲ့စကားကို နားထောင်ပေးလေ့ရှိသူပါ။ အခြားသူတွေ ရဲ့ ခံစားချက်တွေ ကို စာနာ တတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဟာ အားနာတတ်သူပါ။ ဒီ အားနာတဲ့ စိတ်ကြောင့်ပဲ အခွင့်အရေး တချို့ ဆုံးရှုံးခဲ့သူပါ။ အချစ်ကို ကိုးကွယ်သူလည်း ဖြစ်ပါတယ်။


 

အျ​ဖဴ​ေ​ရာင္ သေ​ကၤ​တမ်ား

http://crownedwithpurpose.com/wp-content/uploads/2011/06/canstockphoto4656743.jpg 


  စေတနာနှင့်
မေတ္တာ ထိုထို၊ တောင်မြင်းမိုရ် သို့
နှိုင်းဆို ဂိုဏ်းနွယ်၊ ဘုရားနှယ် ဟု
အဘယ် လမ်းကြောင်း၊ သက်မွေးကျောင်းမျှ
ပိုကောင်း ဖို့ရာ၊ မရှိ ပါတည့်
ဆရာ မည်စွ၊ အာစရိယ
အဖြူရောင် ၏ သင်္ကေတ။


  အဖြူသက်သက်၊ မေတ္တာ လက်မှ
ဆင်းသက် ပညာ၊ လိုလား စွာဖြင့်
သကာရည်နို့၊ ခံယူ စို့မည်
အဖို့ ဘာဂ၊ လူ့ဘဝ ကို
အလှ စခန်း၊ ပန်းခင်းလမ်း မှ
လျှောက်လှမ်းစေအံ့၊ မျှော်လင့် ငံ့ရင်း
ကြံ့ကြံ့ ခိုင်ခိုင်၊ ဆီမီးတိုင်တွေ
မြိုင်မြိုင် ထွန်းညှိ၊ အလင်းဖြည့်ဟု
တပည့် ဘဝ ကျောင်းမှာ စ
အဖြူရောင် ၏ သင်္ကေတ။


အေးမြတေးသံ

http://myanmarschoolsproject.org/wp-content/uploads/2014/02/cover-2.png



*        မှောင်နှင့် မည်းမည်း၊ တောနက် ထဲဝယ်
          ခက်ခဲ မတ်စောက်၊ ကွေ့လိမ်ကောက်သော
          တစ်ယောက် သွားသာ၊ လမ်းမှ လာ၍ ---- ။

*        ဝက်ဝံ သစ်ကျား၊ သားရဲ များ၏
          ကြီးမား အန္တရာယ်၊ အသွယ်သွယ် ကို
          သွေဖယ်ရှောင်ကွင်း၊ ရဲစိတ် သွင်း၍ ---- ။

*        နှစ်ရက် သုံးရက်၊ ရက်ဆက် ခရီး
          အရှည်ကြီး ကို၊ ငြီးငွေ့မောဟိုက်
          ရင်ထဲ လှိုက်ဖို၊ စိတ်ထဲ ငို၍ ---- ။

*        ပညာဝေငှ၊ စာသင်ပြဖို့
          ဝေးလှသီခေါင်၊ သည်ရပ်ချောင် သို့
          တောတောင်ဖြတ်ကာ၊ ရောက်ခဲ့ ရာဝယ် ---
          ရင်မှာ မချိ၊ ညည်းတွား မိလည်း ---- ။


လရောင် အောက်က တောခွေးများ
















အိမ်ပေါက်စေ့ မုန့်ညင်းစေ့ ရှာသလို
ပြက္ခဒိန်ထဲ
သေနတ် တချက် မပေါက်ဖူးတဲ့နေ့ရက် တရက်ကို
အိပ်မက်ရင်း နဲ့လိုက်ရှာ...

ကြာလာတော့
ကိုယ့် အနာဖေး ကိုယ် ထိုင်ခွာနေရတာ ကိုပဲ
အရသာ တခုလိုဖြစ်လာ.....

ဒဏ်ရာ ကင်းမဲ့တဲ့ သူရဲကောင်း ဆိုတာ
လိမ်ညာဖြီးဖြန်းသူပဲဖြစ်လိမ့်မယ်...လို့ အဆိုရှိလေရာ

 မနက်တုံး ဆီက ကြော့ဆုံးမှာ
နှင်းဆီဟာ ခွာလိပ်လို့

ကွန်ပျူတာ ဆာဗာ ဆိုသည်မှာ

http://home.messiah.edu/~hb1220/server.jpg


ကွန်ပျူတာ ဆာဗာ ဆိုပြီး ပြောနေကြတယ် ဘာရယ် လို့ တိတိ ကျကျ သိလှတဲ့သူ နည်းမယ် ထင်ပါတယ်။ ကွန်ပျူတာ ကတော့ ပြောစရာ သိပ်လိုမယ် မထင်ပါဘူး အားလုံး သိကြတယ်။ ဆာဗာ (Server) ဆိုတာ က ခုခေတ်မှာ ကျောင်း၊ ရုံး၊ တက္ကသိုလ်၊ ဆေးရုံက အစ အားလုံး သုံးလာကြပါပြီ။ 

ဘာကြောင့်လဲ ဆိုတော့ ကွန်ပျူတာ သုံးတယ် ဆိုတာ တစ်လုံးတည်း မဟုတ်တော့ဘူး။ နေရာတိုင်း မှာ ကွန်ပျူတာတွေ အများကြီး သုံးလာကြတာ ဆိုတော့ အဲဒီ ကွန်ပျူတာ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ လိုလာ တယ်။ 

ဒါကြောင့် ဆာဗာ ဆိုတာလည်း ပေါ်ပေါက်လာရတယ်။ ဆာဗာ ကို ဘယ်လို ရည်ရွယ်ချက် နဲ့ သုံးရတယ် ဆိုတာ သိဖို့လိုတယ်။

လူတွေက “ဆာဗာ ကတော့ ကျနေပြီ” “ဆာဗာ ကို ချိတ်လို့ မရဘူး” စသဖြင့် ပြောဆို သံတွေ ဌာနဆိုင် ရာတွေ နဲ့ လုပ်ငန်းတွေ မှာ ကြားလာရတယ်။ 

အလားတူ ပဲ ကွန်ပျူတာ အင်တာနက် ဆိုင်ရာ ပစ္စည်းတွေကို သုံးနေရင်လည်း The server is down ဆိုတာ နဲ့ Cannot establish connection to server ဆိုတဲ့ စာတန်းတွေနဲ့ လည်း မကြာကြာ ရင်ဆိုင် ဖူးကြမယ် ထင်ပါတယ်။ 

အင်္ဂါဂြိုဟ် ပေါ်တွင် ထူးဆန်းသည့် ပုံရိပ် များ ထပ်မံတွေရှိ

http://images.techtimes.com/data/images/full/130380/floating-spoon.jpg?w=600

ဝါရှင်တန်၊ စက်တင်ဘာ ၃

အမေရိကန် အာကာသ သိပ္ပံ NASA အဖွဲ့ကစေလွှတ် ထားသည့် အင်္ဂါဂြိုဟ် သွား Curiosity အာကာသယာဉ် က ရိုက်ပို့ ထား သည့် ပုံများ တွင် ကျောက်တလားခေါင်း၊ ပိရမစ်၊ ဖွတ်နှင့် နောက်ဆုံး ဇွန်း ကဲ့သို့သော ပျံနေ သည့် ယာဉ်ပုံစံ များပါ တွေ့ရှိခဲ့ရ ကြောင်း Reuters သတင်း တွင်ဖော်ပြထားသည်။

နောက်ဆုံးတွေ့ရှိခဲ့ သည့် ဇွန်းပျံ ပုံကို UnmannedSpaceflight.com ပေါ် တွင် တင်ပေးထားပြီး ပျံသန်းနေ သည့် အသွင် နှင့် အောက်တွင် အရိပ်ထင်နေသည့် ပုံ များကို ပြတ်သားစွာတွေ့ရှိ ခဲ့ရကြောင်း ယင်း သတင်းက ဆိုသည်။

အင်္ဂါဂြိုဟ် သွား Curiosity ယာဉ်က ရိုက်ပို့ ထားသော ပုံများ သည် မထင် မရှားဖြစ်နေသည် ဆိုသော်လည်း မကြာသော ကာလ တွင် ဓာတ်ပုံများ ကို ဆက်စပ်ပြီး တစ်ခုခု ထူးခြားမှု များကို ဖော်ထုတ်နိုင် မည် ထင်ကြောင်း SETI သုတေသန အဖွဲ့က ပြောကြားသည်။

အင်္ဂါဂြိုဟ် ပုံရိပ် များတွင် အထူးခြားဆုံး ပုံရိပ် များမှာ သမ္မတ အိုဘားမား မျက်နှာနှင့် တူသော ကျောက်ဆောင် ၊ အမျိုးသမီး တစ်ဦး ၏ အသွင်သဏ္ဍန် များဖြစ်ပြီး ပညာရှင်များ ကြားတွင် အငြင်းပွားစေနိုင်ခဲ့သည့် ပုံရိပ် များဖြစ်ခဲ့သည်။


ဆယ်ကျော်သက်တွေ အိပ်ချိန် နဲလာလို့ ပိုအိပ်ကြဖို့လို


ဆယ်ကျော်သက်တွေ အိပ်ချိန်နည်းလာလို့ ပိုအိပ်ကြဖို့လို


လေ့လာမှု အသစ်တွေ အရ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် အတွင်း မှာ ဆယ်ကျော်သက် လူငယ်တွေ ရဲ့ အိပ်ချိန်ဟာ တဖြည်းဖြည်းလျော့ပါး လာခဲ့ပြီး အခုအခါ အိပ်ချိန် အနည်းပါးဆုံး ကာလကို ရောက်နေပြီလို့ ဆိုပါတယ်။ 

သုတေသီ တွေက လွန်ခဲ့တဲ့နှစ်နှစ်ဆယ် အတွင်းမှာ ဆယ်ကျော်သက် လူငယ်ပေါင်း သုံးသိန်း နီးပါးကို မေးမြန်းပြု စုထား တဲ့ အချက်အလက် အရ မျက်မှောက်ခေတ် မှာ လူငယ်တွေ ရဲ့ အိပ်ချိန်ဟာ သမိုင်း တလျှောက်မှာ အနည်းပါးဆုံး ကာလ ကိုရောက်နေပြီလို့ ဆိုပါတယ်။

ဆယ်ကျော်သက် တစ်ဦး ဟာ တစ်နေ့ ကို ခုနှစ်နာရီ အိပ်ရင် လုံလောက်တယ် ဆိုပေမယ့် ဒီ ခုနှစ်နာ ရီပြည့် တဲ့ အထိ ဆယ်ကျော်သက်တွေ အိပ်စက်ခြင်း မရှိတော့တာဖြစ်ပါတယ်။ 

ကျွမ်းကျင် သူတွေ အကြံပြုထားတာ ကတော့ ဆယ်ကျော်သက်တွေ ဟာ တနေ့ ကို ကိုးနာရီ ကနေ ဆယ် နာရီကြား အိပ်သင့်တယ် ဆိုတာပါပဲ။ 


ပိုးမွှား အများဆုံး ရှင်သန်တတ်သည့် ပိုက်ဆံအိတ်


10680_798760126859672_4837870742601820396_n


ပိုက်ဆံ များကို သွင်းလိုက် ထုတ်လိုက် လုပ်နေရသော နေ့စဉ် သုံး ပိုက်ဆံအိတ် တွင် လက်များတွင် ကပ်ပါ လာသော ရောဂါပိုးမွှား များ ကပ်ငြိနေတတ်သည်။

သိပံ္ပပညာရှင် များ ၏ အဆိုအရ ပိုက်ဆံများ အပေါ် တွင် တုပ်ကွေး ရောဂါပိုးမွှား များသည် ပျှမ်းမျှ (၁) နာ ရီ ကြာအောင် ကပ်တွယ် နေတတ်ကြသည် ဟု ဖော်ပြထား သည်။

ရောဂါ ပိုးမွှား အပြင် ဗိုင်းရပ်စ် တို့သည်လည်း နှာခေါင်းပေါက် မှ ထွက်သောနှာရည် မှ တစ်ဆင့် ငွေ စက္ကူ  များပေါ်တွင် (၁၇) ရက် အထိ နေထိုင်နေတတ်ကြသည်။

သို့ဖြစ်၍ မိမိ တို့၏ ပိုက်ဆံ အိတ် များကို (၁) ပတ်လျှင် (၁) ကြိမ် ဆေးကြော သန့်စင်ပါ။ 


သင့် မျက်နှာပေါ် က ၀က်ခြံတွေ က သင့် ရဲ့ ကျန်းမာရေး အခြေအနေ ကို ပြောပြနေတာ သင် သိပါရဲ့လား


11022543_642736575855441_724041821141128836_n

 
သင့် နှဖူး၊ နှာခေါင်း၊ ပါး၊ နား နဲ့ မေးစေ့ဝန်းကျင်တွေ မှာ ၀က်ခြံတွေ မကြာ ခဏပေါက်တတ် ပါသလား။ သင့်နှဖူး အပေါ်ဖက် ဆံစ တစ်ဝိုက်မှာ ၀က်ခြံပေါက်ခြင်း ဟာ သင့် အစာအိမ် ရဲ့ အစာခြေဖျက်မှု စွမ်းအင်နဲ့ သက်ဆိုင်နေပါတယ်။ 

ဝက်ခြံပျောက်ကင်းစေ ဖို့ အစာခြေဖျက် အား ကောင်းစေမဲ့ အစားအသောက်တွေ ဖြစ်တဲ့ ဘယ်ရီသီး၊ သံပရာ ရည်နဲ့ Green Tea တို့ ကို များများ စားသောက်ပေးဖို့ လိုအပ်ပါတယ်။

နှဖူး အောက်ပိုင်း မျက်ခုံး နား မှာ ၀က်ခြံပေါက်ခြင်း ကတော့ ည အိပ်ရာဝင်ချိန် မမှန်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ စိတ်ဓာတ် ကျခြင်းတို့ကြောင့် ဖြစ်ပါတယ်။ 

ဝက်ခြံပျောက်ကင်းစေဖို့ နည်းလမ်းကောင်းတွေ ကတော့စောစော အိပ် ပါ။ ည ၁၁နာရီ မတိုင်ခင် အိပ်ရာ ၀င်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ စိတ် ဖိစီးမှုလျှော့ချ ပါ။ ရုပ်ရှင်ကြည့်ပါ။ တရား ထိုင်ပါ။ သို့မဟုတ် ရေကြာ ကြာ ချိုးပါ။

နှာခေါင်း မှာ ၀က်ခြံပေါက်ခြင်း ကတော့ နှလုံးနဲ့ သက်ဆိုင်ပါတယ်။ Blood Pressure နှင့် စိတ် ဖိစီးမှု တို့ကြောင့်ဖြစ် ပါတယ်။ နည်းလမ်း ကတော့ အတူတူ ပါပဲ။ စိတ်ဖိစီးမှုလျှော့ချပါ။ ရေကြာကြာ ချိုးပါ။
သီချင်း နားထောင်ပါ။ မိမိနှစ်သက်ရာ အပန်းဖြေနည်း တစ်မျိုးမျိုြး
ဖင့် အနားယူပါ။

Air-con က ကျန်းမာရေး အတွက် ဘယ်လောက် အန္တရာယ် များလဲဆိုတာ


s1



ပူအိုက်ခြင်း မှ ကာကွယ်ပေးနိုင်တာ အရေး မကြီးပါဘူး။ သုတေသီ အများစု အခိုင် အမာပြောဆို ထား တာတော့ air-con ကို အားမကိုးသင့်ဘူး ဆိုတာပါပဲ။ 

Air-con ကို ပုံမှန် မသန့်ရှင်းပေး ပါက ကျန်းမာရေး ကို အန္တရာယ်ဖြစ်စေနိုင် တဲ့ အကျိုးဆက်တွေသာ ရှိပါ တယ်။

Air-con ထဲ မှာ ဘက်တီးရီးယား နဲ့ မိုခရိုအော်ဂင်နီယမ် အမြောက် အများ နေထိုင်ပါတယ်။ သူတို့တွေ ထဲ တခါ တလေမှာ သေစေနိုင်တဲ့ legionella ဘက်တီးရီးယားခေါ် အန္တရာယ် အများဆုံး အရာတွေ ရှိပါတယ်။

အဲဒီ ဘက်တီးရီးယား မှာ ပုံမှန် ထိန်းသိမ်းမှု မလုပ် မထားတဲ့ စက်တွေ မှာ ကြီးထွား ဖွံ့ဖြိုးပြီး မျိုးပွားကြ ပါ တယ်။

 ရောဂါ လက္ခဏာတွေ ဘက်တီးရီးယား ပိုးမွှားများ အားနည်းခြင်း၊ နွမ်းလျခြင်း၊ ကြွက်သား နာကျင်ခြင်း၊ ခန္ဓာကိုယ် အပူချိန် ၃၉ ဒီဂရီထိထက် များနေခြင်း၊ သလိပ် မပျော်ဘဲ ချောင်းဆိုးခြင်း စတာတွေ ဖြစ်တဲ့ အခါ ရောဂါ လက္ခဏာများ ဖြစ်ပေါ်ပါတယ်။

ပါရာစီတမော နဲ့ တွဲ၍ စားသောက်ရန် မသင့်သော အစားအသောက် အချို့ကို အများ သိရှိ ရလေအောင် မျှဝေ လိုက်ပါတယ်





၁။ ပါရာစီတမော ကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ် ပါတဲ့ အရာများ နဲ့ အချဉ်ဓါတ် ပါတဲ့ အရာများနဲ့ တွဲ မသောက်သင့်ပါဘူး။
 
၂။ ပါရာစီတမော ကို ကဖင်းဓါတ် ပါတဲ့ အစားအသောက် များနဲ့ တွဲပြီး မသောက်သင့် ပါဘူး။ တစ်ကယ် လို့ သောက်မိလျှင် လည်း တစ်နေ့ ကို (၂) လုံးထက် ပိုသောက်မိလျှင် အန္တရာယ် ရှိပါတယ်။
 
၃။ ပါရာစီတမော ဟာ အရက်၊ ဘီယာ တို့နဲ့ လည်း မတည့်ပါဘူး။
 
၎။ ပါရာစီတမော ကို အခြား ပါရာဆေးပါတဲ့ Decolgen တို့ လိုဆေး နဲ့ တွဲမသောက်သင့်ပါဘူး။
 
၅။ ပါရာစီတမော ကို တခါသောက်ရင် အနည်းဆုံး (၄) နာရီခြားသင့်ပါတယ်။ (၂၄) နာရီ အတွင်း အများဆုံး (၈) လုံး ထက် ပိုမသောက်သင့်ပါဘူး။
 
၆။ ပါရာစီတမောကို (အခြား အချိုရေ၊ အချဉ်၊ စတဲ့ အထက်က ဖော်ပြခဲ့ တာတွေနဲ့ ရောမသောက်သော် လည်းပဲ) အလွန်အ ကျွံ သောက်မိလျှင် ကျောက်ကပ် နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။
 
ပါရာစီတမော တင် မကပဲ အကိုက်အခဲပျောက်ဆေး များနဲ့ အင်္ဂလိပ်ဆေးတော်တော် များများ ဟာ ဂတ်စ် ပါ တဲ့ အချိုရည် များ၊ အချဉ်ဓါတ် ပါတဲ့ အရာ များနဲ့ တွဲ မသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်း ဆုံး ပါ။
 

ဘုရားရှင် ၏ အံ့ဖွယ် ( ၁၈ ) ပါး






(၁) ၀တ်တော် မူသော သင်္ကန်းတော် သည် ဖွပ်ဆိုး ရခြင်း၊ ဟောင်းနွမ်းခြင်း မရြှိုခင်း

(၂) ပရိက္ခရာ (၈) ပါး ကို ဆောင်တော် မူလျှင် ကိုယ်နှင့် မထိ လက်လေးသစ်မျှ ကွာခြင်း။

(၃) တော်ထွက်တော် မူစဉ် က ပယ်ဖြတ်မူသော ဆံတော် သည် လက်နှစ်သစ် မျှသာ တစ်သက် ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေး လျှင် လက်တော် စင် ၊ လက်တော်ဆေး ၊သပိတ်တော် စင်၏။

(၅) မုန်ညင်းစေ့ မျှသော ကြုတ်ထဲ သို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆) ပါး လွှတ်တော် မူသော် အရပ် (၁၀) မျက်နှာ ကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျ သတ္တ၀ါသို့ လိုက်၍ ကိုယ်တော်မှ တစ်ပါး နိမ္မိတ ဘုရားပေါင်း များစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) ခေတ်သုံးပါး တို့၌ အမိုက်တိုက် ကိုလည်းကောင်း၊ အလင်း ကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင် တွင် လ၀န်း ကဲ့သို့ မြင်တော်မူခြင်း။

17 September 2015

အောင်မြင်ရန် လိုက်နာ ကျင့်သုံး သင့်သော ၁၉ ချက်




အောင်မြင်သော သူတွေမှာ ကောင်းတဲ့ အကျင့်လေးတွေ ရှိပါတယ်။ ဒီလို အကျင့်လေးတွေ ရှိတာကြောင့် လည်း သူများ နဲ့မတူပဲ အလုပ်ကိုအောင်မြင်အောင် လုပ်နိုင်ကြပါတယ်။ သူတို့လုပ်နေကျဟာလေးတွေက ဘာတွေဖြစ်မလဲ ဆိုတာကို လွယ်လွယ် ကူကူ ရှင်းပြပါရစေ။

၀၁. အချိန် ဆိုတာ အမြဲတမ်း လက်ထဲမှာ ထားရှိနိုင်မဲ့ ပစ္စည်းမဟုတ်ပါ။
လူငယ်တွေတော်တော် များများ ဟာ အောင်မြင်ရန် အတွက် တဆင့်ချင်း တတ်လှမ်းဖို့အတွက် အချိန်က အကန့်အသတ် ရှိတယ် ဆိုတာကို သိထားဖို့လိုပါတယ်။
 

ကုမ္ပဏီ ဝင်ချိန် ကတော့ အတူတူဖြစ်ပေမဲ့ သူ ကတော့ တဖြည်းဖြည်း ရာထူးတွေ တတ်သွားတယ် လို့မြင်နေရသော သူကတော့ ကြိုးစားဖို့လိုပါလိမ့်မယ်။

၀၂. ဥာဏ်ကောင်းက အကြောင်းမဟုတ်ပါ။
ဥာဏ်ကောင်းတဲ့ သူတိုင်း အလုပ်မှာတော်တယ် အောင်မြင်နေတယ် လို့ မထင်ပါနဲ့။ အလုပ်မှာ က ကျောင်း လို စာမေးပွဲ မရှိပေမဲ့ အလုပ် ဆိုတဲ့စာမေးပွဲ မှာတော့ အဖြေက ရှိစမြဲပါ။

၀၃. မနက်စောစော အလုပ်လုပ်ခြင်း က မြန်မြန် အလုပ်လုပ်နိုင်ပါတယ်။
ည မှ လုပ်သင့်တာ ကတော့ ဘယ်တော့ လုပ်လုပ် ရတဲ့ အလုပ်ကိုလုပ်ပါ။ မနက်ပိုင်းနေ့လည်ပိုင်း မှာတော့ တွေ့သင့်တဲ့ သူနဲ့တွေ့၊ စဉ်းစားသင့်တာတွေ ကို စဉ်းစားရမှာပါ။

၀၄. ဖုန်းပြောပါ။
အချို့သော သူတွေက ဖုန်းကြောက်ပါတယ်။ အချင်းချင်းတွေ့ဖို့ အဆင်မပြေရင် ဖုန်းနဲ့ဆက်သွယ်ပါ။

၀၅. အလုပ်စောစော လာပါ။
အလုပ် စဝင်သော သူကို ရည်ရွယ်ပါတယ်။ ဒီ အလုပ် အကြောင်းကောင်းကောင်း မသိသေးသော သူတွေ အတွက် ကတော့ အလုပ် ကိုစောစော လာပြီးလေ့လာ တတ်နိုင် သလောက်ကြိုးစားပြီး လုပ်ဖို့
အရေးကြီး ပါတယ်။


ထေရ၀ါဒ အဓိပ္ပါယ် - သီတဂူ ဆရာတော်




Dhamma Wizaya's photo.


၂၀၁၁ ခုနှစ် ဇွန်လ ၂ ရက်နေ့ ည (၉း၃၀) တွင် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ထေရ၀ါဒဓမ္မ အသင်း
သီတဂူ သံဃ၀ိဟာရ ၌ သီတဂူ ဆရာတော် မိန့်ကြားတော်မူသော ထေရ၀ါဒ အဓိပ္ပါယ်
 

Theravada Dhamma Society of Florida
 


 ထေရ၀ါဒ ဆိုတာ Originally maintenance teaching of the Buddha ပဲ။ Nothing changed through 2600 years of the journey နှစ်ပေါင်း ၂၆၀၀ အတွင်း ဘာမှပြောင်းလဲမှု မရှိ ပဲနဲ့ မူရင်း အတိုင်း ထိန်းသိမ်း လာခဲ့တဲ့ ဓမ္မ ကို ထေရ၀ါဒ ဓမ္မ ခေါ်တယ်။
 

ပထမ အဓိပ္ပါယ်က Nothing added new idea into original teaching of the Buddha. မူလ ပိဋကတ် သုံးပုံ ထဲမှာ Idea အသစ်တွေ ဘာမှမ ထည့်ဘူး။
 

 နောက် ဒုတိယ အဓိပ္ပါယ်က Nothing remove any original teaching from the Tipitaka. ပိဋကတ် သုံးပုံ က မူရင်း အဆုံး အမတွေ ဘာမှနှုတ်မပစ်ဘူး။ ဘာမှ ထုတ်ပယ် မပစ်ဘူး။
 

 နောက် တတိယ အဓိပ္ပါယ်က Nothing changed and rewrite, no substitute. အစားထိုးပြောင်းလဲတဲ့ အနေနဲ့ အသစ်ပြန်ရေးတာ ဘာမှ မရှိဘူး။ အဲဒီ အချက် သုံးချက်နဲ့ပြည့်စုံတဲ့ ဓမ္မကို ထေရ၀ါဒ ဓမ္မ ခေါ်တယ်။
 


ထေရ၀ါဒ အသင်းကို တည်ထောင်တဲ့ သူတွေဟာ ထေရ၀ါဒ အကြောင်းကို နားလည် ထား ဘို့ လိုလိမ့် မယ် ။ ထေရ၀ါဒ ဆိုတာဘာလဲ လို့ မေးလာတဲ့ အခါ ဘာမှ မသိရင်တော့ မဖြစ်သေးဘူး။
 

 ထေရ ဆိုတာ Great Elder Disciple of the Buddha. မြတ်စွာ ဘုရား ရဲ့ တပည့်သာဝက မထေရ်ကြီး တွေ ကို ထေရ ခေါ်တယ်၊ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာမောဂ္ဂလာန်တို့၊ ရှင်မဟာကဿ       ပတို့စတဲ့ ဘုရားထံမှာ ရဟန်းဖြစ်ကြတဲ့၊ ဘုရား လက်ထက် က ရဟန္တာ မထေရ်ကြီး တွေကို ထေရ လို့ခေါ်တယ်။ အဲဒီ ထေရ တို့ ရဲ့လမ်းစဉ်ကို လိုက်တဲ့ Tradition ကို Theravada tradition လို့ခေါ်တယ်။
 

 နှစ်ပေါင်း ၂၆၀၀ ကာလ အတွင်းမှာ (၆) ကြိမ် သင်္ဂါယနာ တင်ပြီးပြီ၊ သင်္ဂါယနာ ဆိုတာ Sangha Convention ခေါ် တယ်။ (၆) ကြိမ် လုံးလုံး ဘာလုပ်သလဲ ဆိုရင် အထက် မှာ ပြောခဲ့တဲ့ အချက် သုံးခုနဲ့ အတည်ပြု  ခဲ့တဲ့ ပိဋကတ် သုံးပုံကို Reconfirm ပြုလုပ်တာကို သင်္ဂါယနာ တင်တယ်ခေါ်တယ်။
 

16 September 2015

သင် ဘယ်လို အိမ်မျိုး နဲ့ နေရမလဲ

ဗေဒင်ဝါသနာအိုး's photo.


ကျွန်နုပ် ဧ။် အဘိုးတစ်ဦး သည် ကုန်ထမ်းသော အလုပ်ဖြင့် ပင်ပန်း ဆင်းရဲစွာ အသက်မွေး ရလေဧ။်။ သို့ရာ တွင် ၄င်းဧ။် အိမ်ကလေးမှာမူ သပ်သပ် ရပ်ရပ်နှင့် အတော်ကလေး တန်ဖိုးကြီးလေဧ။်။

အမွေ ရထားသော အိမ်ကလေးဖြစ်ဧ။်။ ထို့ကြောင့်လည်း ထို အိမ်ကလေး ကို မထုခွဲရက် ပဲ အဆင်းရဲ ခံကာ နေ ထိုင်ခဲ့လေဧ။် တစ်ခါသော် အဘိုးတို့ ရပ်ကွက်တွင်မီးလောင်ရာ ထို အိမ်ကလေး ပါသွားလေတော့ ဧ။်။ 

အစကပင် ချို့ ငဲ့ ရှာသောအဘိုး သည် အိမ်ကောင်းကောင်း ပြန်မဆောက်နိုင်တော့ပဲ ၀ါးတဲ ကလေးဖြင့် သာ လျှင် နေ၇၇ှာလေတော့ဧ။်။ သို့ရာတွင် ထို ၀ါးတဲကလေးဖြင့် နေထိုင် ရပြီး ၆လခန့် အကြာမှာပင် အဘိုးသည် ထီပေါက်လေတော့ဧ။်။ 

စီးပွားများ ထူထောင်ကာ လူချမ်းသာ တစ်ဦး ဖြစ်လာခဲ့ဧ။်။ မြို့လယ် တစ်နေရာတွင် မြေကွက် တစ်ကွက် ၀ယ်ခါ စတိုးဆိုင်ကြီး တစ်ဆိုင် ဖွင့်ခဲ့ပေဧ။်။ 

သို့ရာတွင် အဘိုးသည် “ငါ မြို့လယ်ခေါင်က အိမ်မှာနေတဲ့ ရက်တွေ ဆိုရင် ငါ့ စတိုးဆိုင် က ကျီးနဲ့ ဖုတ်ဖုတ် ဆိုသလိုဘဲ လုံးဝ မရောင်း၇ဘူးဟေ့ ၀ါးတဲလေးမှာနေတဲ့ ရက်တွေ ဆိုရင်တော့ ငါ့ဆိုင် က ကြက်ပျံမကျ ဆိုသလိုပဲ အရမ်းစည်ကားပြီး ရောင်းကောင်းတော့တာပဲကွ” ဟု ဆိုကာ ၀ါးတဲ ကလေးတွင်သာ သွား ကာနေလေဧ။်။

ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ရာတွင် အလေးမထား မိသော အမှားလေးများ







ပဋ္ဌာန်း မှာ အသံထွက်လေးတွေ မှားနေတာ ကို အများ အားဖြင့် အသံထွက် ကို သတိမထားပဲ လွယ်လွယ် ပူဇော်နေကြပါတယ်။

သတိထား ပူဇော်ရမယ့် အမှားလေးတွေ က—

ငါးပါးသီလ ယူရာ မှာ အဟံဘန္တေ တိသရဏေနသဟ …
 

(၁) ပဉ္စသီလံ မှာ” ပြင်စသီလံ”လို့ အသံမှား ထွက်ကြပါတယ်။
(အမှန်က “ပင်စသီလံ” လို့ အသံထွက်ရပါမယ်)။


(၂) ဓမ္မံ ယာစာမိ မှာ “ဓမာ ယာစာမိ” လို့ အသံ မှား ထွက်နေကြပါတယ်။
(“ဓမ်မာ ယာစာမိ” လို့ အသံထွက် ရပါမယ်)


(၃) ဒုတိယမ္ပိ, တတိယမ္ပိ   မှာ ..
(“ဒုတိယမ်ပိ,တတိယမ်ပိ” ပါ။ အဲဒီ မှာ”ဒုတိယမ်မိ,တတိယမ်မိ” နဲ့
“ပိ” ဆိုတဲ့ အသံ ကို “မိ” လို့ မှားယွင်း စွာ အသံထွက်နေကြပါတယ်)။


(၄) အဒိန္နာဒါနာ မှာ  – “အဒိန်န ဒါန” ဆိုပြီးရေးချ ( –ါ )သံ ပျောက်နေကြပါတယ်။
(“အဒိန်နာ ဒါနာ” ဆိုပြီး ရေးချ သံလေးကို သတိထား ပူဇော်စေလိုပါတယ်)။



ပဋ္ဌာန်း ပူဇော်ရာမှာ လည်း —အသံ ကို ဆွဲ မပူဇော်ရပါ။
 

(း ) ဝစ္စနှစ်လုံးပေါက်သံ မပါ ရပါ။
ဥပမာ- ဟေတု ပစ္စယောတိ (ဟေတု ” ပြစ်စယောတိ” မဟုတ်ပါ။)
“ပစ်စယော” သာဖြစ်ပါတယ်။ ပြစ် ဆိုတဲ့(ြ ) ရရစ်သံ မပါရပါ။


မိမိအား အကြောင်းမဲ့ ပြောဆို တိုက်ခိုက် စွပ်စွဲ ခံနေရပါ က ဒီယတြာ လုပ်ပါ

ဗေဒင်ဝါသနာအိုး's photo.


သင်၏ ဘ၀ တွင် တစ်ခါ တစ်ရံ ကိုယ့် ဖာသာ အေးအေးဆေးဆေး နေနေ ပါလျှက်နှင့် တစ်စုံ တစ်ယောက် က ပြဿ       နာ လာရှာခြင်း ၊ ရန်စခြင်း များ ခံရတတ်သည်။ 

ထိုအခါ မျိုးတွင် သင်သည် အထက် တွင် ဖော်ပြထားသော " ၀ိမုတ္တိ " အင်း ကို ကူးယူပြီးလျှင် ဖယောင်းတိုင် ကို ပတ်၍ မီးထွန်းပါ။ 

မီးထွန်းသော အခါတွင် ကြွေပုဂံပေါ်တွင် ထွန်းရ ပါမည်။ သံပန်းကန် ၊ မယ်လမင်း ပန်းကန်  များနှင့် မရပါ။

ဤသို့ သင်ပြုလုပ်လိုက်လျှင် ထိုသူ သည် သင့်အား ရန်မပြုနိုင်ပဲ သူတို့ ဒုက္ခနှင့် သူတို့ အလုပ် ရှုပ်နေ လိမ့် မည်။ 

ဘာလို့ ဆင်းရဲတာလဲ

 ဗေဒင်ဝါသနာအိုး's photo.



ဆင်းရဲသား တစ်ယောက်က ဘုရားရှင် ကိုမေးတာ" ဘာဖြစ်လို့ ကျွန်တော်မျိုး ဟာ မွဲတေ ဆင်းရဲနေရ တာ လည်း"ဘုရား.......

ဘုရားရှင် က ပြောပါတယ်။ သင်ဟာ" ပေးကမ်းခြင်း နဲ့ ပေးကမ်းနည်း ကို မသိလို့ ပါပဲ။

ဆင်းရဲသား က ပြန်ပြောတာ ကျွန်တော်မျိုး" မှာ.....ပေးကမ်း စရာ ဘာမှ မှ မရှိတာ..... ဆိုတော့" မြတ်စွာ ဘုရားရှင်  သင်ပေးတာက " သင့် မှာ ရှိနေတာတွေ မနည်းပါဘူး။

မျက်နှာ- အပြုံးတွေပေးစွမ်းနိုင်တယ်။ လန်းဆန်းမှု-တက်ကြွမှု-ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။
 
ပါးစပ်- - သင်"သူတပါး ကို ချီးမွမ်းစကားတွေ-အားပေး စကားတွေ-မင်္ဂလာရှိ ကောင်းမွန်တဲ့ စကားတွေ ပြောပေး လို့ရနိုင်တယ်။
 
နှလုံးသား -တစ်ပါးသူ ကို ရင်ဖွင့်ပြနိုင်တယ်  စစ်မှန်ခြင်းတွေ "ဖြူစင်ရိုးသားမှုတွေ" နဲ့ မေတ္တာ တရားတွေ ပေး စွမ်းနိုင်တယ်။
 
မျက်လုံး- တစ်ပါးသူ ကို ကောင်းမွန် တဲ့ စေတနာ အမြင် နဲ့ မြင် ကြည့်လို့ ရတယ် နွေးထွေးဖော်ရွေ တဲ့ အကြည့် နဲ့ ပေးစွမ်းနိုင်တယ်"
 
ကိုယ်ခန္ဓာ-သူ့ ကို အသုံးချပြီး သူတပါး ကို ကူညီနိုင်တယ် ၊


ဒါကြောင့် သင်ဟာ မဆင်းရဲ ပါဘူး။ စိတ်ထဲ က နှိမ့်ချ ဆင်းရဲခြင်းတွေက သာလျင် ဆင်းရဲခြင်း အစစ်ဖြစ် တယ်။

15 September 2015

သင့်ကိုယ် သင် နေ့စဉ်ပြန်မေးသင့်သော မေးခွန်း (၅)ခု






စီးပွားရေး လုပ်ငန်းတွေမှာအောင်ချင်သူတွေ အတွက်တော့ အခုအောက်မှာဖော်ပြထားတဲ့ မေးခွန်း(၅) ခုကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့် ပါတယ်။ ဘ၀မှာအောင်မြင်တဲ့ သူတွေက သူတို့ တိုးတက်ဖို့ ပြန်ဆန်းစစ် တတ်ကြပါတယ်။ 

အကယ်၍ သင်ဟာ ကုမ္ပဏီ တစ်ခုကို ဦးစီးနေသူ၊ အဖွဲ့တစ်ခုကို ဦးစီးနေသူ ဆိုရင်တော့ ပိုပြီးတော့တောင် သင့်တော် ပါတယ်။

(၁) ဒီနေ့ ငါ့ရည်မှန်းချက် အတွက် အလုပ် လုပ်ခဲ့ရဲ့လား?
သင်ရည်မှန်းထားတဲ့ ရည်မှန်းချက် တစ်ခု အတွက် ယနေ့ သင် ဘာလုပ်ခဲ့ပါသလဲ? သင် ရည်မှန်းချက် ထား တာ ကတော့ဟုတ်ပါပြီ။ ဒါပေမယ့် ရည်မှန်းချက် အတွက် သင် ပုံမှန် အားထုတ်မှု ရှိရဲ့လား အရေးကြီးပါ တယ်။ သင့် ရဲ့ ရည်မှန်းချက်တွေ ကို စိတ်ထဲမှာ တစ်စိုက် မတ်မတ်နဲ့ သတိရနေခြင်းက သင့်ကို ပိုကြိုးစားဖို့ အားတွေဖြစ်စေပါတယ်။


(၂) ရပ်တန့်ဖို့ လိုအပ်တဲ့ ဘာ မကောင်းတဲ့ အကျင့်တွေ ငါ့မှာ ရှိနေလဲ?
အကျင့်ဆိုးတွေ ကတော့ လူတိုင်းမှာ ရှိနေတတ်ပါတယ်။ သင့်မှာလည်း ရှိတယ်၊ ကျွန်တော့် မှာလည်း ရှိတယ်။ လူတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒိ အကျင့်ဆိုးတွေ က သူများတွေကို အနှောင့်အယှက်ပေး တတ်တယ် ဆို ရင်တော့ သင် ရပ်တန့်ဖို့ကြိုးစားသင့်ပါတယ်။ 


ဥပမာ ...သင်က သူများ စကားပြောရင် ဆုံးအောင် နားမထောင်တတ်တဲ့သူ ဆိုရင်တော့ ဒါဟာ သူများ အတွက် အနှောက် အယှက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူများကို စိတ်အနှောက်အယှက်ပေးနိုင်တဲ့ အကျင့် ဆိုးတွေကိုဖျောက်ဖျက်ပါ။


အခက် အခဲတွေ အမြန်ဆုံး ပြေလည်နိုင်မယ့် နည်း လမ်း




လက်ရှိ အဆင်မပြေမှုတွေ ဖြစ်နေတယ် ဆိုရင် ဦးဆုံး သင့်ရဲ့ မှားနေတဲ့ အမှန်တွေ ကို ပြန်ကြည့်ပါ..
 

၁။ မနက်စောစောထခြင်း
မနက်စောစောထပြီး အလုပ် လုပ်တာက ပတ်ဝန်းကျင် အနှောင့်ယှက်ကင်း တာကြောင့် အေးအေးဆေးဆေး စဉ်းစားပြီး လုပ်နိုင်ပါတယ်။ အမေရိကန် ဒေါ်လာ ၁၀၀ တန်မှာ ပါတဲ့ Benjamin Franklin ဟာ မနက်စော ထပြီး အလုပ် လုပ်သူအဖြစ် ထင်ရှားပါတယ်။


၂။ စိတ်ထဲပေါ်လာရင် ချက်ချင်းချရေး
ခေါင်းထဲမှာပေါ်လာတဲ့ ဘယ်လို အကြံဥာဏ်ပဲဖြစ်ဖြစ် ချက်ချင်းရေးမှတ် ထားပါ. ပြန်ဖတ်တတ် တဲ့ အကျင့် ကိုမွေး ပါ။ အလွယ်တကူ ပြန် ဖတ်ရှုနိုင်တဲ့ မှတ်စု (သို့) ဖုန်းကို သွားလေရာဆောင်ထားပါ။


၃။ လမ်းလျှောက်ခြင်း
အိမ် မှ ရုံး အသွား လမ်းလျှောက်တာမျိုး မဟုတ်ပဲ လေကောင်းလေသန့် ရတဲ့ ပတ်ဝန်ကျင်းမှာ လမ်းလျှောက် မယ် ဆိုရင် စိတ်ကို ကြည်လင်ပေါ့ပါးစေပါတယ်။ နံနက်ခင်း မှာ လမ်းလျှောက်တဲ့ အကျင့် ကိုပြုလုပ်သူဟာ အကြံကောင်းဥာဏ်ကောင်း တွေ ပိုရလာမှာ အမှန်ပါ။



ဝိုင်ဝိုင်း - ဂျူးလိယက်

14 September 2015

ပြန်ဆုံနိုင်မယ့် ၇က်လေး တစ်၇က်

ဒီ သီချင်းလေး က တက္ကသိုလ် ကျောင်းသား ဘ၀ကေ၇းဖြစ်ခဲံ့ တဲ့ အမှတ်တ၇ သီချင်းတွေထဲက တစ်ပုဒ်ပါ... Original သီချင်း လေး၇ဲ့ နာမည်ကိုတော့ အိမ်နဲ့ အဝေးတစ်နေ၇ာမှာေ၇ာက်၇ှိနေ၇တဲ့ အတွက် မှတ်သား ထားတာတွေ ထဲမှာ ပြန်လည်၇ှာဖွေ တင်ပြပေးဖို့ အဆင်မသင့်တော့ပါ.. 

ငယ်ငယ် က အန်တီ နွဲ့၇ည်ဝင်း ဒီသီချင်း သံစဉ်လေးကို ဆိုခဲ့ဖူးတာ နားထောင်ခဲ့၇ဖူးပါတယ်... သီချင်း ချစ်တတ်သူ အားလုံးကိုလဲ မင်္ဂလာပါ လို့ နှုတ်ခွန်းဆက်ပါတယ်.......... ကိုကျော်ကြီး


လေးဖြူ - အရင်လိုပါပဲ

ဝိုင်ဝိုင်း - အိမ်ပြန်ချိန်

ကော်ဖီသောက်ပြီး တွေးလိုက်ကြရအောင်

 


ကော်ဖီသောက်ကြည့်ပြီး ကြိုက်တဲ့ ကော်ဖီ အပေါ်မူတည်ပြီး ဘယ်လိုဖြစ်မလဲ။
ကြိုက်တဲ့ ကော်ဖီ အပေါ်မူတည်ပြီး ဘယ်လို လူမျိုးဖြစ်မလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
အောက်မှာ ကော်ဖီ ၈ မျိုး ရှိပြီး အဲဒီ အထဲက ကိုယ်ကြိုက်တဲ့ ကော်ဖီကို ရွေးကြည့်ပါ။





 

13 September 2015

ဆီးချို၊ သွေးချို (Diabetes).

 "ဆီးချို၊သွေးချို (Diabetes) (26 photos)

ဆီးချို၊သွေးချို (Diabetes) (ကျန်းမာရေးအသိပညာ အလှူဒါန ဖြစ်ပါသည်။ မည်သူမဆို share လုပ်နိုင်ပါသည်။)

ဆီးချိုဟု ခေါ်ဆိုကြသော်လည်း သွေးထဲတွင် အချိုဓါတ်များ ခြင်း ဖြစ်ပါသည်။ သွေးထဲက နေမှ ဆီးထဲမှာပါလာတာပါ။ လူအများစုက ဆီးချိုရှိမှန်းကို မသိကြပါဘူး။ အခြားရောဂါစစ်ရင်း သိတာ၊ ဒါမှမပာုတ် ဆီးချိုကြောင့် အရမ်း နာမကျန်းဖြစ်မှပဲသိတတ်ကြပါတယ်။ ဆီးချိုရှိနေပြီ ဆိုရင် လူတစ်ယောက်မှာ အောက်ပါ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

• ရေငတ်ခြင်း၊ အာခြောက်ခြင်း 
• ဆီးသွားများခြင်း 
• ညဘက်ဆီးခဏခဏ ထသွားရခြင်း 
• ပင်ပန်းနွမ်းနယ်ခြင်း၊ နေလို့မကောင်းခြင်း 
• သိသာစွာ ကိုယ်အလေးချိန်ကျသွားခြင်း 
• အမြင်အာရုံမကောင်းတော့ခြင်း၊ေ၀၀ါးလာခြင်း
• မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ ရောင်ခြင်း 
• ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း 
• စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း 

 ဆီးချိုကို ဘယ်လိုစစ်ဆေးမလဲ 

 သကြားဓါတ် စစ်ဆေးခြင်း

 သွေးတွင်း သကြားဓါတ်ကိုလည်း စစ်ဆေးရပါတယ်။ အောက်ပါ အချက်တွေ ရှိမယ်ဆိုရင် ဆီးချို ရှိမရှိ အတည်ပြုနိုင်ပါတယ်။ 

Fasting plasma glucose ≥ 7.0 mmol/L (126 mg/dL) 
 Random plasma glucose ≥ 11.1 mmol/L (200 mg/dL)

သတိပြုရန် အချက်က ဆီးချို ရှိမရှိ သွေးတွင်းဓါတ်ကို စစ်ဆေးရင် အများအသုံးများတဲ့ လက်ထိပ်ကသွေးကို ဖောက်ပြီးမစစ်ရပါဘူး။ အကြောထဲက သွေးကို ဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါတယ်။ လက်ထိပ်ကသွေးကို ဖောက်စစ်တာက ဆီးချိုရှိတဲ့သူမှာ ဆီးချိုပုံမှန် ရှိရဲ့လားဆိုတဲ့နေရာမှာ သုံးရတာပါ။ အထက်ပါအတိုင်းစစ်ဆေးပြီးလို့ အဖြေက နည်းနည်း အမြင့်ပိုင်း ရောက်နေပြီဆိုရင် ဆီးချိုရှိမရှိ စစ်ဆေးရန် အခြားနည်းတွေကိုဆက်ပြီး စစ်ဆေး ရပါသေးတယ်။ 

 ဆီးချိုရောဂါ အမျိုးအစား

 ဆီးချိုရောဂါမှာ Type I နဲ့ Type II ၂မျိုးရှိပါတယ်။ ကုသရပုံခြင်းက မတူလို့ပါ။ Type I က အသက်ငယ် သူတွေမှာဖြစ်ပြီး Type II က အသက်ကြီးတဲ့ သူတွေူမှာဖြစ်ပါတယ်။ 

 ဆီးချို အမျိုးအစား Type 1 နဲ့ Type 2 ခွဲခြားပုံ

Type 1 

- စဖြစ်တဲ့အသက် < 40 yrs 
- ရောဂါလက္ခဏာပေါ်ချိန် Weeks 
- ကိုယ်အလေးချိန် - Normal or low 
 - Ketonuria - Yes 
 - Rapid death without treatment with insulin - Yes 
 - Autoantibodies - Yes 
 - Diabetic complications at diagnosis - No 
- ဆီးချိုမျိုးရိုး - Uncommon 
 - Other autoimmune disease - Common 

 Type 2

- စဖြစ်တဲ့အသက် > 50 yrs
- ရောဂါလက္ခဏာပေါ်ချိန် Months to years
- ကိုယ်အလေးချိန် Obese
 - Ketonuria - No
 - Rapid death without treatment with insulin - No
 - Autoantibodies - No
 - Diabetic complications at diagnosis - 25%
- ဆီးချိုမျိုးရိုး - Common
 - Other autoimmune disease - Uncommon

ဆီးချိုရောဂါကို အမျိုးအစားခွဲခြားရာမှာ သိသာထင်ရှားတဲ့အချက်တွေကြောင့် ခွဲခြားရ လွယ်ပေမယ့် တချို့လက္ခဏာတွေကတော့ ၂မျိုးစလုံးမှဖြစ်တတ်လို့ ခွဲခြားရခက်ပါတယ်။ ဆီးချို အမျိုးအစားပာာ ခွဲလို့မရဖြစ်နေပြီး ကုသမှုကို တုံ့ပြန်ပုံပေါ်မူတည်ပြီးမှသာ ခွဲခြားလို့ ရလာတတ်ပါတယ်။

 ဆီးချို Type I ပာာ အသက် ၄၀အောက်တွေမှာ အဖြစ်များပြီး တခြား ကိုယ့်ခန္ဒာကိုယ်ကို ပြန်တိုက်တဲ့ ရောဂါတွေနဲ့တွဲနေတတ်ပါတယ်။ 

 ဆီးချို Type II ကတော့ အသက်ကြီးသူတွေမှာ အများစုဖြစ်ပြီး သွေးတိုး၊ နှလုံးရောဂါတွေနဲ့ တွဲဖြစ်တတ်ပါတယ်။

 ဆီးချို Type I ပာာ အင်ဆူလင်မထွက်လို့ အဓိက အင်ဆူလင်ကို လိုအပ်တဲ့ အမျိုးအစား ဖြစ်ပြီး Type II ကတော့ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း ကျဆင်းလာတဲ့အတွက် အင်ဆူလင် မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းတက်တဲ့ ဆေးတွေပဲလိုအပ်ပါတယ်။

 အင်ဆူလင်ဆိုတာ ခန္ဒာကိုယ်ထဲက ပုံမှန်အားဖြင့် သရက်ရွက်ကနေထွက်တဲ့ ပောာ်မုန်း တစ်မျိုးပါ။ အဲဒီ အင်ဆူလင်က ခန္ဒာကိုယ်က စားသုံးလိုက်တဲ့ သကြားဓါတ်ကို ဆဲလ်တွေက အကျိုးရှိရှိ သုံးစွဲနိုင်ဖို့အတွက် အကူအညီပေးရပါတယ်။ အဲဒီ အင်ဆူလင် မရှိရင်သော် လည်းကောင်း၊ အဲဒီအင်ဆူလင်ကို ခန္ဒာကိုယ်က တုံ့ပြန်နိုင်စွမ်းကျလာရင်သော်လည်းကောင်း ဆီးချိုဆိုတာ ဖြစ်ပေါ်လာပါတယ်။

 ဆီးချိုရောဂါကိုကုသရာမှာ သုံးမျိုးရှိပါတယ်။ 

 ပထမအချက်ကတော့ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ နေထိုင်မှုပုံစံ၊ အစားအသောက်ကို ပြင်ဆင်ရပါမယ်။ 

 နောက်၂မျိုးကတော့ သောက်ဆေးနဲ့ ထိုးဆေးကုထုံးတွေပဲဖြစ်ပါတယ်။ 

 ဒီမှာ တစ်ခု သိထားသင့်တာက ဆီးချို၊ သွေးတိုးရောဂါတွေပာာ ပျောက်ကင်းအောင် ကုသလို့မရဘဲ ရောဂါမဆိုးဝါးအောင်၊ ပုံမှန်အတိုင်းပဲ ရှိနေအောင် ထိန်းထားလို့ပဲရပါတယ်။

Type I အမျိုးအစားတွေပာာ အင်ဆူလင်မထွက်တဲ့အတွက် အန္တရယ်ရှိပါတယ်။ အင်ဆူလင်ကို အသက်ရှင်ဖို့အတွက်လိုအပ်လို့ သောက်ဆေးနဲ့မရဘဲ ထိုးဆေးကို သုံးရပါတယ်။ ထိုးဆေးကို ထိုးရာမှာလည်း အသက်ရှင်နေသမျှ ကာလပတ်လုံး ထိုးနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Type I သမားတွေပာာ ဆီးချိုအထူးကုများနဲ့ ပြသပြီး ကုထုံးခံယူရပါတယ်။ 

Type II အမျိုးအစားလို့ထင်ပြီဆိုရင်တော့ အရင်ဆုံးလုပ်သင့်တာက နေထိုင်၊ စားသောက်မှု ပုံစံကို ပြောင်းလဲပစ်ရပါမယ်။ လေ့ကျင့်ခန်းမှန်မှန်ုလုပ်ခြင်း၊ အချိုရှောင်ခြင်း၊ ပာင်းသီးပာင်းရွက် နှင့် အသီးအနှံများ ပုံမှန်စားခြင်း၊ အရက်၊ ဆေးလိပ်ရှောင်ကျဉ်ခြင်းတို့ကို လုပ်ရပါတယ်။ ဒီလို အမျိုးအစားတွေမှာတော့ အဲလို နေထိုင်စားသောက်မှုပုံစံကို ပြောင်းပေးရင် ဆီးချိုကို ထိန်းထား နိုင်ပါတယ်။ အဲလိုမျိုး ပြောင်းလဲလို့မှ ဆီးချိုကို မထိန်းထားနိုင်ဘူးဆိုရင်တော့ သောက်ဆေး များကို မှီဝဲရပါတယ်။

 ဆီးချိုရောဂါအတွက် ဆေးထိုးနေရသူတွေ ဆေးသောက်နေရသူတွေအတွက် သွေးတွင်း သကြားဓါတ်ကို စစ်ဆေးခြင်းက အလွန်အရေးပါပါတယ်။ ဒီလိုဆီးချိုရှိပြီးသားသူတွေမှာ သွေးတွင်းသကြားဓါတ်ကို စစ်ဆေးရင်တော့ လက်ထိပ်ကသွေးကို ယူပြီး အများစစ်နေတဲ့ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးလို့ရပါပြီ။

 ၁။ အင်ဆူလင်ထိုးနေရတဲ့ သူတွေမှာတော့ သွေးတွင်းသကြားဓါတ်ကို နေ့တိုင်း စစ်သင့် ပါတယ်။ အဲလိုနေ့တိုင်းမှန်မှန် စစ်ပေးမှ လိုအပ်တဲ့ အင်ဆူလင်ပမာဏကို သိရှိနိုင် မှာဖြစ်ပါ တယ်။ အသင့်တော်ဆုံးကတော့ သွေးတွင်းသကြားဓါတ်ကို နေ့လည်စာမစားခင်တကြိမ်နဲ့၊ ညဘက် အိပ်ရာဝင်ခါနီးတစ်ကြိမ် စစ်သင့်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို 5-8mmol/L (90-144mg/dl) ကြားမှာ ရှိနေအောင်ထိန်းထားသင့်ပါတယ်။

 ၂။ သောက်ဆေး သောက်နေရတဲ့သူတွေ အတွက်ကတော့ လူနာ အဆင်ပြေသလို စစ်ဆေးလို့ ရပါတယ်။ နေထိုင်လို့ မကောင်းဘူး၊ ဆီးချိုတက်နေတယ်လို့ ထင်တဲ့အချိန်မှာ စစ်ဆေးသင့်ပါတယ်။ အခြားရောဂါတွေဖြစ်နေတဲ့အချိန်၊ Steroid ဆေးများ သောက်သုံးနေ ရချိန်၊ ကုသမှု အပြောင်းအလဲတွေလုပ်နေတဲ့အချိန်မှာ မှန်မှန် စစ်ဆေးပေးရပါမယ်။ ဖြစ်သင့်တာ ကတော့ တစ်နေ့ကို မနက်စာ မစားခင်တစ်ချိန်နဲ့ နေ့လည်စာစားပြီး ၂နာရီကြာတဲ့ အချိန်မှာ တစ်ကြိမ်စစ်ဆေး သင့်ပါတယ်။ နံနက်စာမစားခင်မှာ သွေးတွင်းသကြားဓါတ်ကို 4-7mmol/L (72-126mg/dl) နဲ့ နေ့လည်စာစားပြီး ၂နာရီအချိန်မှာတော့ 4-10mmol/L (72-180mg/dl) ကြားမှာရှိနေအောင် ထိန်းထား သင့်ပါတယ်။

 အခုဆက်လက်ဖော်ပြမှာကတော့ ဆီးချိုဝေဒနာရှင်တွေအတွက် လိုက်နာသင့်တဲ့ အချက်တွေ၊ ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုတွေ၊ မှီဝဲရမယ့် ဆေးဝါးတွေအကြောင်းပဲ ဖြစ်ပါတယ်။

 နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းပာာ Type I ရော Type II အတွက်ပါ သွေးတွင်း သကြား ဓါတ်ပုံမှန်ဖြစ်နေဖို့ အဓိကအကြောင်းအရင်းအနေနဲ့ပါဝင်နေပါတယ်။

 ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်လုပ်ခြင်း (ပုံမှန်အားဖြင့် တစ်နေ့ကို တစ်နာရီလောက် ကိုယ်လက် လှုပ်ရှားမှု ပြုပေးသင့်ပါတယ်။)၊ အစားအသောက်ကို ရွေးချယ်စားသုံးခြင်း၊ ရှောင်ကျဉ်ခြင်း၊ အရက်သောက်သုံးမှုကို လျော့ချခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်းတို့က ဆီးချိုဝေဒနာရှင်တစ်ယောက်အနေနဲ့ ပြုလုပ်ရပါလိမ့်မယ်။

 အစားအသောက်စားချိန်မှာ ဆီးချိုဝေဒနာရှင်တွေအတွက် Plate model လို့ခေါ်တဲ့ စားသောက်မှု ပုံစံတစ်ခုကို ရှင်းပြပါမယ်။ 

Plate model ဆိုတာ ပန်ကန်ပြား တစ်ချပ်နဲ့ နေ့လည်စာ၊ ညစာ စားသောက်တော့မယ်ဆိုရင် အဲဒီပန်ကန်ပြားရဲ့ ၅ပုံ၁ပုံကို အသား၊ငါး၊ ဥများကိုထားပါ။ ကျန်တဲ့ပန်ကန်ပြားရဲ့ တစ်ဝက်ကို ထမင်း၊ အာလူး၊ ပေါင်မုန့် တို့ကိုထားပါ။ ကျန်တဲ့တစ်ဝက်ကိုတော့ ပာင်းသီးပာင်းရွက်နဲ့ အသီးအနှံတို့ကို ထားရပါမယ်။ ဆီးချိုသမားတစ်ယောက်ပာာ အစားအသောက်စားတဲ့အခါမှာ အဲလိုမျိုးပုံစံမျိုးနဲ့ စားသုံးရပါမယ်။ ထို့ပြင် အဆီများသော အစားအစာများ၊ အငန်စာများ ကိုလျှော့စားရပါမယ်။ သကြားမပါတဲ့ အစားအသောက်များကို စားသုံးရပါမယ်။ 

 ဆီးချိုဝေဒနာရှင်တွေအတွက် ကိုယ်အလေးချိန်လျှော့ချခြင်းကလည်း အလွန်အရေးပါပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထားနိုင်ရင် သွေးတွင်းသကြားဓါတ်လည်း ပုံမှန်ဖြစ်လာ ပါလိမ့်မယ်။ ထို့ပြင် ၀ခြင်းရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါစတဲ့ ရောဂါတွေကိုလည်း ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်အလေးချိန်များတာပာာ ခန္ဒာကိုယ်က အင်ဆူလင်အပေါ်တုံ့ပြန်တာကို လျော့ကျစေလို့ သွေးတွင်းသကြားဓါတ်ကိုများစေပါတယ်။

 ဆေးကုထုံးအနေနဲ့ကတော့ Type I မှာတော့ အင်ဆူလင်အဓိကလိုအပ်လို့ အင်ဆူလင်ကိုပဲ ထိုးရပါတယ်။ အင်ဆူလင်ပာာ သောက်ဆေးပုံမျိုးလုပ်လို့မရတဲ့အတွက် သူ့ကိုထိုးဆေး အနေနဲ့ပဲ ရှိပါတယ်။ ခန္ဒာကိုယ်ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ထိုးရပါတယ်။

Type II မှာတော့ သောက်ဆေးအများအပြားရှိပါတယ်။ 

 နှစ်ပေါင်းများစွာစမ်းသပ်ခဲ့တာမှာတော့ Biguanides နဲ့ Sulphonylureas ပာာ ဆီးချိုကို ကုတာမှာ အဓိက ကုထုံးအနေနဲ့ရှိနေပါတယ်။ အခြားဆေးတွေအနေနဲ့ α-glucosidase inhibitors, the thiazolidinediones and the dipeptidyl peptidase 4 inhibitors တို့ရှိကြပါတယ်။ ဖော်ပြပါဆေးတွေကို ဆီးချိုရောဂါကို ကုတဲ့အခါမှာ တစ်ခုခြင်းသော် လည်းကောင်း နှစ်ခု သုံးခုတွဲပြီးသော်လည်းကောင်း ရောဂါအခြေအနေပေါ်မူတည်ပြီး အသုံးပြုရပါတယ်။

Biguanides 

ဒီအမျိုးအစားမှာတော့ Metformin လို့ခေါ်တဲ့အများသိကြတဲ့ ဆီးချိုဆေးပါဝင်ပါတယ်။ Metformin ပာာ အခုအခါမှာ ဆီးချိုရောဂါကိုကုသရာမှာ အဓိကအသုံးပြုကြပါတယ်။ Metformin ကိုဝတဲ့ Type I လူနာတွေမှာ အင်ဆူလင်နဲ့အတူတွဲဖက် အသုံးပြုပါတယ်။ ဒါပေမယ့် ဒီဆေးအမျိုးအစားပာာ Sulphonylureas ထက်စာရင်တော့ ဆိုးကျိုးပိုများပါတယ်။ Metformin ကို Sulphonylureas နဲ့လည်း တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။ Metformin ပာာ Sulphonylureas ထက်စာရင် ၀တဲ့သူတွေမှာပိုပြီး အသုံးပြုနိုင်ပါတယ်။ Metformin ပာာ အသည်းမကောင်းတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေ၊ အရက်အလွန် အကျွံသောက် သုံးသူတွေမှာ အသုံးပြုရင် Lactic acidosis လို့ခေါ်တဲ့ သေစေနိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်နိုင် ပါတယ်။ အဲဒီအခါမျိုးမှာဆိုရင်တော့ အင်ဆူလင်ကို အစားထိုးအသုံးပြုရပါတယ်။

Sulphonylureas

ဒီဆေးကိုတော့ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်နဲ့ ဆီးချိုကို ထိန်းလို့မရတော့တဲ့ မ၀တဲ့ လူနာတွေမှာ အသုံးပြုနိုင်ပါတယ်။ Metformin က အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို တတ်စေတဲ့ ဆေးဖြစ်ပြီး ဒီအမျိုးအစားကတော့ အင်ဆူလင်ပိုထွက်စေတဲ့ဆေးဖြစ်ပါတယ်။ Sulphonylureas ပာာကိုယ်အလေးချိန်ကိုတက်စေပြီး ခန္ဒာကိုယ်ကလည်း အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းကျ လာတတ်ပါတယ်။ ကျနော်တို့ဆီမှာ အများဆုံးအသုံးပြုတဲ့ Sulphonylureas ကတော့ Gliclazide, Glemipiride တို့ဖြစ်ကြပါတယ်။

 ဆီးချိုပာာ အန္တရာယ်ရှိတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆီးချိုကိုစောစောစီးစီး သိပြီး ကုသမှုခံယူ ထားရင်တော့ အခြေအနေကောင်းပေမယ့် နောက်ကျမှသိရင် တခြားရောဂါတွေနဲ့ပေါင်းပြီး ဆိုးကျိုး တွေများတတ်ပါတယ်။ အဲဒီအတွက် ဆီးချိုမဖြစ်အောင် အနေအထိုင်၊ အစား အသောက် တွေကို ဆင်ခြင်ရပါမယ်။ ဆီးချိုကို သတိအမြဲရှိနေရန်လိုအပ်ပြီး စစ်ဆေး နေသင့်ပါတယ်။ ဖြစ်လာရင်လည်း စောစောစီးစီး ကုသမှုခံယူသင့်ပါတယ်။ 

Credit to Dr. Thurein Hlaing Win ရေးသားထားသော မြန်မာပြည်တွင် အဖြစ်များသော ရောဂါများ ၃။ ဆီးချို၊သွေးချို (Diabetes) ဆောင်းပါးမှ ထုတ်နုတ် ဖေါ်ပြထားပါသည်။

MOMO Pharmacy Myanmar, 
အာရောဂျံ ဆေးခန်း၊ 
 အမှတ် (၁၆) ဗဟိုလမ်း၊ 
(၁၃) ရပ်ကွက်၊ သီရိမြိုင် ဘူတာရှေ့၊ 
 ရန်ကုန်။ 
Mobile : 09-4310-4163 & 09-3023-7389"


ဆီးချို၊သွေးချို (Diabetes) (ကျန်းမာရေး အသိပညာ အလှူဒါန ဖြစ်ပါသည်။ မည်သူမဆို share လုပ်နိုင်ပါသည်။)
ဆီးချိုဟု ခေါ်ဆိုကြသော်လည်း သွေးထဲ တွင် အချိုဓါတ် များ ခြင်း ဖြစ်ပါသည်။ သွေးထဲ က နေမှ ဆီးထဲ မှာပါ လာတာပါ။ 

လူအများစု က ဆီးချို ရှိမှန်းကို မသိကြပါဘူး။ အခြားရောဂါစစ်ရင်း သိတာ၊ ဒါမှမပာုတ် ဆီးချိုကြောင့် အရမ်း နာမကျန်းဖြစ်မှပဲသိတတ်ကြပါတယ်။ ဆီးချိုရှိနေပြီ ဆိုရင် လူတစ်ယောက်မှာ အောက်ပါ ရောဂါ လက္ခဏာတွေ ပြ တတ်ပါတယ်။

• ရေငတ်ခြင်း၊ အာခြောက်ခြင်း
• ဆီးသွားများခြင်း
• ညဘက်ဆီးခဏခဏ ထသွားရခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း၊ နေလို့မကောင်းခြင်း
• သိသာစွာ ကိုယ်အလေးချိန်ကျသွားခြင်း
• အမြင်အာရုံမကောင်းတော့ခြင်း၊ေ၀၀ါးလာခြင်း
• မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ ရောင်ခြင်း
• ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း
• စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း



Ein Lwan Thu - Y Wine အိပ်လွမ်းသူ

Chit San Maung Guitar Solo

Chit San Maung .......guitar instrumental