Showing posts with labelေ၇ွှလောက နှင့် သက်ဆိုင်သမျှ. Show all posts
Showing posts with labelေ၇ွှလောက နှင့် သက်ဆိုင်သမျှ. Show all posts

26 October 2015

ရွှေဆိုင်ကြီးများ က တရားဝင်ရောင်းနေတဲ့ ပေါင်မရ ရောင်းမရ ရွှေထည် များနှင့် လုပ်စား ခံနေရ သူများ




မြန်မာနိုင်ငံတွင် ခိုင်မာသည့် ရင်းနှီးမြုပ်နှံမှု စီးပွားရေး ဈေးကွက် မရှိသည့် အတွက် ၂၀၁၅ ခုနှစ် အစောပိုင်း မှ စတင်ပြီး၊ ပြိုဆင်း လာသော အိမ်ခြံမြေဈေးကွက်ကြောင့် ရင်းနှီးမြုပ်နှံသူ များ အနေဖြင့် နိုင်ငံခြားငွေကြေး ဒေါ်လာဈေးကွက် အတွင်း သို့ ၀င်ရောက် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လာကြသည်။

ထိုသို့ ရင်းနှီးမြုပ်နှံမှု များကြောင့် ဒေါ်လာဈေးနှုန်း များ တရိပ်ရိပ် တက်လာ ခဲ့၍ အစိုးရ အနေဖြင့် ထိန်းချုပ်မှု များ ပြုလုပ် လာခဲ့သောကြောင့် ရင်းနှီးမြုပ်နှံ သူများ အနေဖြင့် အခြားဈေးကွက် တစ်ခုဖြစ်သော ရွှေဈေးကွက်သို့ မြှားဦးလှည့်လာပြန်သည်။ 

ယင်း အတွက်ကြောင့် ရက်သတ္တပတ် နှစ်ပတ်ခန့် အတွင်း ရွှေတစ်ကျပ်သား လျှင် ငါးသောင်းခန့် အထိ ဈေးနှုန်း များ မြင့်တက် လာခဲ့သည်။

ဈေးတက်လည်း ရှုံး၊ ဈေးကျ လည်း ရှုံး၊ ရွှေ ဆိုတာ အရှုံးပဲလား….
ရွှေ စုဆောင်းသူများ အနေဖြင့်လည်း ရွှေ စုဆောင်းရန် ၀ယ်ယူခြင်း များကြောင့် ရွှေဈေး များ တတ်လာခဲ့ချိန် တွင် အခြေခံ လူတန်းစား တစ်ချို့ မှာ ယခင် စုဆောင်း ၀ယ်ယူ ထားသော ရွှေလေးများ အား ထုခွဲရောင်း ချဖြင်းဖြင့် အမြတ် ရလိုရငှား ပြန်လည် ရောင်းချခြင်းများ ရှိလာ ခဲ့သည်။

သို့သော် ယင်း ကဲ့သို့ ပြန်လည်ရောင်းချ ရာတွင် ယခင် ၀ယ်ယူထားသော ရွှေဆိုင် မှာ မူလဆိုင် နေရာတွင် မရှိတော့ သဖြင့် နီးစပ်ရာ ရွှေဆိုင် များတွင် ၀င်ရောက် ရောင်းချခဲ့ ရာမှ ပြဿ         နာပေါင်းစုံ စတင်လာ ခဲ့တော့ သည်။

ရွှေများ မှာ ရွှေရည် မပြည့်မှီခြင်းနှင့် အရောင် အဆင်း မွဲနေခြင်း များကြောင့် မည်သည့် ရွှေဆိုင် ကမျှ လက်ခံ လိုခြင်း မရှိ သလို ပေါင်နှံ ရာတွင်ပင် အပေါင်ဆိုင် မှ အဆမတန် ဈေးနှိမ်ခြင်းများ ကို ချိုးချိုး ဖဲ့ဖဲ့ ခံလိုက်ရသော အခါ ရွှေ ၀ယ်ခဲ့ မိသည် မှာ မှားနေပြီလားဟု ပင် ထင်မြင်ဖွယ်ရာ ရှိနေသည်။