29 August 2017

Twitter Media အသုံးပြုပြီး မီဒီယာ တိုက်ခိုက်ရေး နည်းစနစ်များ




"" Twitter ဘာကြောင့် သုံးရတာလဲ ""

Twitter  မီဒီယာ ဟာ..ကမ္ဘာမှာ လူဦးရေ  Total Number of Monthly Active Twitter Users:328 million Last updated: 8/12/17၂၀၁၇ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့နောက်ဆုံး စာရင်းအရ ၃၂၈ သန်း အသုံးပြုနေပြီး ၊Facebook မီဒီယာထက် စာရင်တော့..သန်းနှစ်ထောင်ကျော် သုံးနေတဲ့ Facebook ထက် နဲတယ်လို့ ယူဆနိုင်ပါတယ်။

ဒါပေမယ့်  Twitter Features တွေက ပိုမို လုံခြုံမှူပေးနိုင်တာရယ်။ Privacy နဲ့ Media တွေ အတွက် ပိုထိရောက်မှူတွေ ရှိတာရယ်၊ နိုင်ငံတစ်ကာ အကြီးအကဲတွေ လက်ခံသုံးစွဲနေကြတာရယ်၊ US နိုင်ငံသား သန်း ၇၀ နီးပါးက အများဆုံး အသုံးပြုနေကြတာတွေရယ်ကြောင့် နိုင်ငံတစ်ကာကို တင်ပြတဲ့သတင်းတွေဟာ တွစ်တာမှာ ပိုမိုထိရောက်စေတော့တာဖြစ်ပါတယ်။

Facebook မီဒီယာက သုံးစွဲသူ User အနေနဲ့ ရှုပ်ထွေးပြီး သတင်းမှန် ရရှိဖို့ခက်ခဲတဲ့ အတွက်နိုင်ငံတစ်ကာ မီဒီယာတွေကTwitter ကို ပိုမိုပြီးယုံကြည်တဲ့ အလေ့အထ ဟာလည်း အနောက်နိုင်ငံတွေမှာ ထွန်းကားနေလျှက်ရှိပါတယ်။

ဒါကြောင့်မို့ Twitter Media အသုံးပြုပြီး မီဒီယာ တိုက်ခိုက်ရေး နည်းစနစ်ကို ရေးသား တင်ပြရတာပဲဖြစ် ပါတယ်။


"" Twitter မှာ အသေးစိတ်ဆောင်ရွက်ရန် အချက်များ "'
**********************************************************
...Twitter အကောင့် ရယူပုံနဲ့ အကြမ်းဖျဉ်း အသုံးပြုနည်းတွေကိုတော့ ကျွန်တော်အောက်က Link မှာရေးပြခဲ့ပြီးဖြစ်ပါတယ်။ ပြန်လေ့လာနိုင်ပါတယ်။

https://www.facebook.com/myanmarsitthwe/posts/517523231944266?hc_location=ufi

..............................................................................

ဒီတော့..Twitter အကောင့်တစ်ခု လက်ထဲရောက်လာပြီ ဆိုရင်၊ အသေးစိတ်ဆောင်ရွက်ရမည့် အချက်တွေရှိလာပါတယ်။ သူ့ရဲ့ အသုံးအနှုန်းတွေကလည်း ကွဲပြားပါတယ် ။ အောက်ပါ အချက်တွေသတိထားပါ။

၁။ Facebook မှာ Post ကို Twitter မှာ Tweet လို့သုံးပါတယ်။





18 August 2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ ဘန်ဒါဘန် ခရိုင်တွင် အနှစ် ၅၀၀ ခန့် အုပ်ချုပ်လာခဲ့သည့် မရမာလူမျိုး စော်ဘွား ဗိုလ်မင်းများ



ဘင်္ဂလားဒေ့်ရှ်နိုင်ငံ စစ်တကောင်းဒေသသည် ရှေးယခင်က မြန်မာ ပိုင်နက်အတွင်း ရှိပြီး မရမာ၊ သက်၊ မြို နှင့် ရခိုင် လူမျိုးများနေထိုင်ခဲ့ကြသည်။ 

စစ်တကောင်းဒေသကို သုံးခရိုင် ပိုင်း၍ ဗိုလ်မင်း ဘုရင်၊ ချက္ကမ ဘုရင်နှင့် မင်း ဘုရင်တို့ ခွဲခြား အုပ်ချုပ် ခဲ့ ကြသည် ။ မရမာနှင့် ရခိုင် လူမျိုး အများကို ကြီးမှူး ရသည့် ဗိုလ်မင်း ဘုရင်သည် ဘုရင်သုံးပါး ၏ အဓိပတိဖြစ်ခဲ့သည်။

ဗိုလ်မင်း ဘုရင်တို့က မိမိ တို့သည် ဒုတိယ မြန်မာနိုင်ငံတော်တည် ဟံသာဝတီပြည့်ရှင် ဘုရင်နောင်
မင်းတရားကြီး၏ သားတော် နန္ဒ ဘုရင်မှ ဆင်းသက်သော အနွယ်တော်များဖြစ်သည် ဟု ယုံကြည်ထားကြသည်။ မှတ်တမ်း မှတ်ရာလည်း အခိုင်အမာ ရှိကြောင်းဆိုသည်။

နန္ဒ ဘုရင်လက်ထက်မှ ယနေ့ခေတ် အထိ စစ်တကောင်းဒေသကို အုပ်ချုပ်ခဲ့သော ဗိုလ်မင်း ဘုရင် နန်းဆက် မှာ ၁၅ ဆက် ရှိပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တည်ထောင်ပြီးနောက်တွင် ဗိုလ်မင်းတို့ အုပ်ချုပ်ရာ စစ်တကောင်းဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းရောက်ရှိသွားလေသည်။

ဗိုလ်မင်း တို့သည် အုပ်ချုပ်ရေးအာဏာ မရှိတော့သော်လည်း ဒေသခံ အကြီးအကဲများ၊ ပြည်နယ် တိုးတက်ရေးကော်မတီဝင်၊ အကြံပေး အရာရှိများအဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရက ယနေ့တိုင် အသိအမှတ်ပြုကာ အလေးပေး ဆက်ဆံခဲ့သည်။





အိမ်ရှင် အသင်းကို အနိုင်ယူခဲ့သည့် မြန်မာအသင်း အပြန်ခရီးတွင် အခက်အခဲများစွာ ကြုံခဲ့ရ



သြဂုတ် ၁၇ ရက် က ကျင်းပသည့် ဆီးဂိမ်းစ် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် အိမ်ရှင် မလေးရှား အသင်းအား အနိုင် ရခဲ့သည့် မြန်မာ အမျိုး သမီးအသင်းသည် ဟိုတယ် သို့ အပြန်တွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရ သည်။

မြန်မာ အမျိုးသမီးအသင်း လိုက်ပါ စီးနင်းသည့် ကားအား မောင်းနှင်သည့် ယာဉ်မောင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သောကြောင့် ကွင်း၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ခဲ့ရပြီး အိမ်ရှင် အသင်းကို ဂိုးပြတ် အနိုင်ရ ပြီး ဖြစ်ပွား ခဲ့သောကြောင့် မလေးရှားနိုင်ငံ၏ စီစဉ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည် ။


 ” ပြိုင်ပွဲ ကြီးကြပ်သူရဲ့ ပြောကြားချက်အရ ပထမ ယာဉ်မောင်းက နေမကောင်းလို့ ဆိုပြီး အိမ် ပြန်သွားပါတယ်။ နောက်တစ်ယောက်ကို ပြောင်းလဲ ခဲ့ပေမယ့် အချိန်မီ ရောက်မလာခဲ့ပါဘူး။ 

ယာဉ်မောင်း အပြောင်းအလဲမှာ တစ်ခြားယာဉ်မောင်း တစ်ဦးကို ပြောင်းခဲ့ပေမယ့် စထွက်ထွက်ချင်းမှာ 
အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားမျိုးနဲ့ ကြုံခဲ့ရပါတယ်။ 





17 August 2017

စာပေကျမ်းဂံ လာ ဆဲပုံ ဆဲနည်း (၁၀) မျိုး



အခုတစ်လော ဆဲကြ ဆိုကြတဲ့ အသံတွေ မိုးမွှန်နေအောင် ကြားနေရပေသည် ။ တစ်ကယ့် လူရိုသေ ရှင်ရိုသေ ဆရာတော်ကြီးတွေပါ မချန် ရစရာ မရှိအောင် ဆဲနေကြသဖြင့် ခုခေတ် လူတွေ မသိသေးသော စာပေ ကျမ်းဂံလာ ဆဲပုံ ဆဲနည်းများ ရေးပြချင်စိတ် ပေါက်လာလေသည်။

စာပေ ကျမ်းဂံလာ ဆဲနည်း တို့သည် ရှေး နှစ် ထောင် ပေါင်းများစွာ ကာလက ဆဲနည်း ဆိုနည်းတွေဆိုတော့ ပေါရဏ= ရှေးအလွန်ကျသော ဆဲနည်းမျိုးတွေဖြစ်သဖြင့် တစ်ချို့သော ဆဲနည်းများ ယခုခေတ် လူငယ်များနား လည်နိုင်မည်မဟုတ်ပေ။ 

တစ်ချို့သော ဆဲနည်းများသည် လူပုဂ္ဂိုလ်များ နားမလည်နိုင် ရဟန်း အချို့သာ နားလည်နိုင်လေသည် ။ အချို့သော ဆဲနည်း မျိုးများကား ရဟန်းတော်တွေ ကိုယ်တိုင်တောင် နားမလည်နိုင်တော့ပေ ။ (ဓနိဋ္ဌက သ၀ိဋ္ဌကစသော) သိပ်ရှေးအလွန်ကျသော ဆဲနည်းမျိုးများကိုကား နိဿယ ကျမ်းပြုဆရာ အဋ္ဌကထာ ဆရာတို့တောင် နားလည်နိုင်ကြဟန် မတူပေ။

နက်နဲ ခက်ခဲလွန်းသော တိမ်မြုတ်ပျောက်ကွယ်နေသော ဆဲနည်းများကို ဖေါ်ထုတ်ချင်လိုစိတ်ပေါက်လာပေသည်။ အဆဲသင်ပေးဖို့ မဟုတ် ဗဟုသုတ အကျိုးငှါ ရေးသား တင်ပြခြင်းသာဖြစ်ပေသည် ။ မိမိ ရေးသား တင်ပြခြင်း မပြုပါက လူသာမန်တို့ ဗဟုသုတ အဖြစ် သိခွင့်ရတော့မည် မဟုတ်ပေ။ 

တစ်ကယ်တော့ (မြတ်စွာဘုရားရှင် ၏ စကားတော် မှန်သမျှသည် သစ္စာလေးပါးမှ လွတ်သော စကားမည်သည် မရှိသောကြောင့် ဆဲနည်း ဆိုနည်း ဆိုပေမဲ့ အကုသိုလ်တွေ ထုတ်ဖေါ်နေသည်ဟု မထင်စေချင်ပါ ။ သစ္စာလေးပါးမှ မလွတ်သော တရားသာ ဖြစ်ပေသည် ။)

ဆဲနည်းသည် အကျဉ်းအားဖြင့် ဆယ်မျိုးဖြစ်သော်လည်း အကျယ်ကတော့ ရာကျော် ထောင်ကျော်ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ခုခေတ် လူတို့ ဆဲနေကြသည့် ဆဲနည်း မျိုးများသည် ဆဲနည်း ဆယ်မျိုး အနက် အဘယ့်ဆဲနည်းထဲ ပါသည်ကို မိမိတို့ ဖာသာ ဆင်ခြင် သုံးသပ်ကြစေလိုပါသည်။

ဆဲ-ဆိုသော စကားကို ပါဠိလို သြမသတိ ဟု ဆို၏ ။ ထိုသြမသတိ ကို မြန်မာပြန်ပါက ဆဲရေး ၏ ကဲ့ရဲ့၏ လို့ပြန်ရ၏ ။ ထို့ကြောင့် ဆဲရေးခြင်းမှာ ကဲ့ရဲ့ခြင်း လည်းပါလေ၏ ။ အလိုမကျလို့ ကဲ့ရဲ့ အပြစ်တင်ခြင်းသည်လည်း ဆဲရေးခြင်း တစ်မျိုးပင်။

ဆဲရေးခြင်း ဆယ်မျိုးကား----
၁။ ဇာတိ
၂။ နာမ
၃။ ဂေါတ္တ
၎။ ကမ္မ
၅။ သိပ္ပ


16 August 2017

မြန်မာနိုင်ငံက ဘာမြူဒါ ( သို့ ) ပြန်လမ်းမဲ့ ရေကန်



ဘာမြူဒါ ဆိုရင် အဖြေရှာဖို့ ခက်ခဲတဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ နေရာလို့ အားလုံး သိပြီးဖြစ်မှာပါ။ အဓိက ကတော့ အဲဒီနေရာကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေ လေယာဉ်တွေ အစအန မကျန်ပဲ ပျောက်ပျောက်သွားတတ်လို့ပါပဲ။ 

ဘာမြူဒါတြိဂံ လိုပဲ နေရာတစ်ခု မြန်မာနိုင်ငံမှာ ရှိတယ်လို့ ဆိုရင် မသိသေးသူများ အံသြသွားနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဘာမြူဒါနဲ့ ခပ်ဆင်ဆင် တူတဲ့ ပြန်လမ်းမဲ့ ရေကန်လို့ အမည်ပေးထားတဲ့ ရေကန်တစ်ခုဟာ အိန္ဒိယမြန်မာ နယ်စပ် နာဂဒေသ မြန်မာ့မြေပေါ်မှာ တည်ရှိနေပါတယ်။

 ဒေသခံတွေ ကတော့ ဒီကန်ကို သူတို့ ဘာသာစကားနဲ့ နောင်ယန်းအင်း လို့ ခေါ်ပြီး အများဆုံး သိကြတဲ့ နာမည် ကတော့ The Lake Of No Return (ပြန်လမ်းမဲ့ ရေကန်) ဖြစ်ပါတယ်။




ဒုတိယ ကမ္ဘာစစ် အတွင်းက လက်နက် ခဲယမ်း နဲ့ အသုံးအဆောင် ပစ္စည်းတွေ သယ်ဆောင်ဖို့ ဖောက်လုပ်ထားတဲ့ လီဒို လမ်းမကြီး (သို့) အိန္ဒိယ-တရုတ်-မြန်မာ လမ်း ရဲ့ဘေး ပန်ဆောင်ကျေးရွာ အနီးမှာ တည်ရှိနေတဲ့ကန်ဖြစ်ပါတယ်။ 


မှတ်တမ်းများ အရ ဒီကန်ကို ဖြတ်သန်း သွားခဲ့တဲ့ မဟာမိတ် အမေရိကန် လေယာဉ်ပေါင်းများစွာ ဟာပျောက် ဆုံးခဲ့ဖူးပါတယ်။ တစ်ကယ်တော့ လေယာဉ်တွေဟာ ရေကန်ထဲကို ပျက်ကျ ခဲ့တာဖြစ်ပါတယ်။

 နောက်တစ်ခါ ကတော့ ဒါဇင်ပေါင်းများစွာ ပါတဲ့ ဂျပန် စစ်တပ် တစ်တပ်ဖြစ်ပါတယ်။ စစ်ရှုံးနိမ့်ပြီး ထွက်ပြေးလာတဲ့ ဂျပန်စစ်တပ်ဟာ မျက်စိလည်ပြီး ဒီနေရာကို ရောက်တဲ့အခါ စခန်းချခဲ့ပါတယ်။ အဲဒီ စခန်းချစဉ် ရက်ပိုင်းအတွင်းမှာပဲ ငှက်ဖျားရောဂါအပြင်းအထန် ကူးစက်ခံရပြီး အားလုံးသေဆုံးကုန်ကြပါတယ်။



မောင်တော တိုက်ခိုက်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ ကျုးကျော်စစ် ဖြစ်သည်။





Aqa Mul Mujahidin AMM အကွာမူလ် မူဂျာဟီဒင်လို့ နာမည်ပြောင်းထားတဲ့ Rohingya Solidarity Organization RSO သွေးစည်းညီညွတ်ရေး အကြမ်းဖက် အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ လေ့ကျင့်ပေးခဲ့။
နယ်မြေ ကျဉ်းပြီး လူဦးရေ ပေါက်ကွဲနေတဲ့ ဘင်္ဂလားဒေ့ရှ့် ဟာ မြန်မာပြည် ရခိုင်ဖက်ခြမ်းကို လိုချင် မျက်စောင်း ထိုး နေတာ နိုင်ငံတစ်ကာက သိတဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ ဒီကိစ္စ္စကို မဖုံးနိုင် မဖိနိုင်ပဲ ၂၀၁၄ မတ်လ တုံးက Dhaka Tribune သတင်းစာမှာ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီ တွေဟာ ဆန္ဒ ခံယူပွဲ ကျင်း ပပြီး အများစု သဘောတူရင် မြန်မာပြည်က ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ့် နဲ့ ပေါင်းသင့်ကြောင်း ရေးသားခဲ့လို့ အဲဒီတုံးက မြန်မာ အစိုးရနဲ့ အကြီးအကျယ် ပြဿနာ တက်ခဲ့ ကြပါတယ်။
ဘင်္ဂလားဒေ့ရှ့် အစိုးရရဲ့ ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံ ရခိုင် ပြည်နယ်ကို နည်းမျိုးစုံနဲ့ ကျုးကျော် ၀င်ရောက်လာတဲ့ ဘင်္ဂါလီ တွေဟာ။ ဘယ်တော့မှ ပြန်မှာ မဟုတ်ပါဘူး။ သူတို့ဟာ ရခိုင်ပြည်နယ်ကို နည်းမျိုးစုံနဲ့ ကျုးကျော် သိမ်းပိုက်ပြီး မြန်မာ တစ်နိုင်ငံလုံးကို ဆက်လက် သိမ်းပိုက်ဖို့ ရည်ရွယ်ထားကြတာပါ။ 

အကြမ်းဖက် နဖူးစည်းတွေ တပ်ပြီး လေ့ကျင့်နေကြတဲ့ ဘင်္ဂါလီ အကြမ်းဖက်တွေကို ဆော်ဒီ နဲ့ ကူဝိတ်တို့က ရရှိတဲ့ ရန်ပုံငွေတွေနဲ့ ဘင်္ဂလား စစ်တပ်က လေ့ကျင့်ပေးနေတာဟာ ကြာပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအဖြစ်မှန်ဟာ အမေရိကန် ရဲ့ အကြမ်းဖက် အားပေး ပေါ်လစီအောက်မှာ တိမ်မြုပ် နေခဲ့ပါတယ်။ ထို့အပြင် ကိုယ့်နယ်မြေ ကိုယ် ကာကွယ်နေတဲ့ မြန်မာပြည်ဟာ အကြမ်းဖက် အားပေး မီဒီယာတွေ ရဲ့  ချောင်ပိတ် ခံနေရပြီး။ ကျုးကျော် ခိုးဝင် ဘင်္ဂါလီတွေကို လက်မခံမှုနဲ့ နိုင်ငံတစ်ကာမှာ အပြစ်တင်ခံ နေရပါ တယ်။
တစ်ကယ်တော့ ဘင်္ဂလား စစ်တပ်ဟာ ဒီ ဘင်္ဂါလီ-ရိုဟင်ဂျာ အကြမ်းဖက်တွေကို စစ်သင်တန်းပေးနေတာ  ကြာလှပြီ ဖြစ်ပြီး ၂၀၁၂ မောင်တော အရေးအခင်း အပြီးမှာ OIC/ တူရကီ နဲ့ ဆော်ဒီ တို့ဆီက ရန်ပုံငွေ ပိုမို ရရှိခဲ့ပြီး အကြမ်းဖက် စစ်သင်တန်းကို ထပ်မံ အားဖြည့် ဆောင်ရွက်လာခဲ့ကာ လူအင်အား လက်နက် အင်အား စုဆောင်းပြီး အချိန်ကောင်းကို စောင့်နေခြင်း ဖြစ်သည်။
ဒီ ဘင်္ဂါလီ - အကြမ်းဖက်တွေဟာ။ သူတို့ရဲ့ အကြမ်းဖက် နယ်မြေသိမ်း လုပ်ငန်းတွေကို ဖုံကွယ်ရန်။ နိုင်ငံတစ်ကာမှာ လိမ်ညာ ၀ါဒဖြန့်ရန် Arakan Rohingya Union ARU အာရကန် ရိုလိမ်ညာ အစည်းအရုံး ကို အမျိုးသား သစ္စာဖောက် ရှမ်းလူမျိုး ဟန်ညောင်ဝေ ရဲ့ အကူအညီနဲ့ OIC ရုံးချုပ်မှာ ၂၀၁၁ ထဲက ဖွဲ့စည်း ထားပြီး နိုင်ငံတစ်ကာ ကို လိမ်ညာ ၀ါဒဖြန့် အလှုငွေ ကောက်ခံပြီး AMM/ RSO တွေကို ငွေကြေး ထောက်ပံ့ခြင်း ။ ကိုယ့်အိမ် ကိုယ် မီးရှို့တဲ့ ဘင်္ဂါလီတွေကို လျော်ကြေးပေးခြင်း စသည်တို့ကို တစ်စိုက် မတ်မတ် ဆောင်ရွက်နေခဲ့ ကြတာ ဖြစ်ပါတယ်။
ဘင်္ဂလား စစ်တပ်က လေ့ကျင့်ပေးထားပြီး ဘင်္ဂလားမှာ အခြေစိုက်တဲ့ AMM/RSO တွေဟာ ၂၀၁၂ ကနေ စပြီး မြန်မာဖက်ခြမ်း ရခိုင်ပြည်နယ်ထဲမှာ တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေခဲ့ပါတယ်။
AMM/RSO ရဲ့ အောင်မြင်ခဲ့တဲ့ အကြမ်းဖက်မှု တစ်ခု ကတော့ ၂၀၁၂ နိုဝင်ဘာလမှာ မြန်မာ နယ်ခြားစောင့် တပ်က လက်နက်မဲ့ စစ်အင်ဂျင်နီယာ ၃ ဦးကို နယ်စပ်မှာ ဖမ်းဆီး ဘင်္ဂလားဖက်ကို ခေါ်ဆောင်သွားပြီး ခေါင်းဖြတ် သတ်ခဲ့တာ ဖြစ်ပါတယ်။ 




12 August 2017

နိုင်ငံတော် လုံခြုံရေးနှင့် ပါဝါ ထိန်းညှိခြင်း



နိုင်ငံတော် လုံခြုံရေး ဟူသော National Security မှာ များစွာ ကျယ်ပြန့်လှပြီး ခပ်လွယ်လွယ် တွေးမြင်၍ မရတတ်၊ တမံပေါက်သေးမှ ဆည်ကြီး တစ်ခုလုံး ပြိုလဲသွားနိုင်သည် အထိ အန္တရာယ်ရှိလှပါ၏။ 

အာရပ်-အစ္စရေး (၆) ရက်ကြာ စစ်ပွဲက သင်ခန်းစာ ထင်ရှားစွာပေးခဲ့ပြီး ဖြစ်သည် ။ အမေရိကန်တွင် WTC ဟူသော ကမ္ဘာ့ ကုန်သွယ်ရေးညီနောင် အဆောက်အဦး အတိုက်ခိုက် ခံရပြီးနောက်ပိုင်း National Security ကို ပိုမိုတောင့်တင်း ခိုင်မာစေရန် Homeland Security ဟူသော အမိမြေ လုံခြုံရေးကို ထပ်မံဖွဲ့ စည်း လိုက်ပုံ ကို လေ့လာလျှင် အခြားနိုင်ငံများ မည်မျှ နိုင်ငံတော် လုံခြုံရေးနှင့်ပတ်သက်ပြီး အလေးထား ဆောင်ရွက် နေကြသည်ကို များစွာ ရှင်းပြရန်မလိုဘဲ အလွယ်တစ်ကူ သဘောပေါက်နိုင်ကြဖွယ် ရှိ၏။

ယနေ့ မြန်မာနိုင်ငံ၏ ရခိုင်ဒေသသည် များစွာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်၊ အစိုးရ ၏ အန္တရာယ် တစ်ခုအပေါ် အသိအမြင် ချို့တဲ့လွန်း၍ လိုအပ်သော စီမံဆောင်ရွက်မှုများ ကို ကောင်းစွာ မဆောင်ရွက်ခဲ့၊ အမျိုးသား အကျိုးစီးပွားဟူသော "National Interest" ၏ ခေါင်းစဉ်တွင် အမျိုးသားလုံခြုံရေး ဟူသော " National Security " က ထိပ်ဆုံး ဦးစားပေးတွင် ရပ်တည်နေပါ၏။ လုံခြုံရေး မရှိဘဲ အခြား မည်သည့် အကျိုးစီးပွားမှ မဆောင်ရွက်နိုင်ပါ ။

ကိုယ့်ထက် အစစအရာရာ သာလွန်နေသော ဖိလစ်ပိုင် လို နိုင်ငံမျိုးမှာပင်လျှင် တစ်ချက် အလစ် အငိုက်၌ မာရဝီ သည် အကြမ်းဖက်တို့ လက်အောက် နာရီပိုင်း အတွင်း ကျရောက်ခဲ့သည်၊ တစ်စိမ့်စိမ့် ထိုးဖောက်ထားသည်ကို ဗဟို အစိုးရက သတိ မမူခဲ့သောကြောင့် ဖြစ်၏။ ယနေ့တိုင် ပြန်တိုက်ယူ၍ မရသေးပါ။

မြန်မာနိုင်ငံ ရခိုင်ဒေသ အချို့နေရာများ ကျဆုံးသွားပါပြီဟု ဆိုနိုင် ပါပြီ ။ အမှန်တရားသည် အမှန်တရား သာ ဖြစ် ပါ၏၊ အမှန်တရား ရေးလျှင်၊ ပြောလျှင် … အသုံးမကျသူ အချို့က “အမုန်းစကား” ဟု မဆိုင်သော ပုဒ်မကို လိုသလို အရှက်မဲ့စွာ တပ်လာကြသေးသည်။ 

ယခုရက်ပိုင်း သတင်းများနှင့် အင်တာဗျူးများ အရ … အချို့သော ရွာများကို လုံခြုံရေးများပင် ဝင်ရောက် ၍ မရတော့ပါ ။ တရားဥပဒေ စိုးမိုးရေးတွင်လည်း ဗဟို အစိုးရမှ ချမှတ် ကျင့်သုံးသောစနစ်ကို လက်မခံကြတော့ ဘဲ ထိုရွာများ၏ ဘာသာရေး အခြေခံ စီရင်မှုများက လွှမ်းမိုးနေသည်ဟူသော အချက်က ဒေသ၏ အစိတ် အပိုင်း အချို့ ကျဆုံး သည့် လက္ခဏာဖြစ်ပါသည် ဟု ဆိုင်ရာပညာရှင်များက တစ်ညီ တစ်ညွတ်ထဲ ဝန်ခံကြပါ လိမ့်မည် ။ 
.
" မုန့်ဆီကြော် နှုတ်ခမ်းသားက စသည်၊"
****************************************
မုန့်ဆီကြော်ကို နှုတ်ခမ်းသားက စ၍ စားကြပါ၏ ။ ဖိလစ်ပိုင် မာရဝီသည်လည်း ဗဟို အစိုးရနှင့် ဝေးရာတွင် တည်ရှိသောနေရာ ဖြစ်ပါ၏။ နိုင်ငံ အချင်းချင်း စစ်ဖြစ်သည်မှ လွဲ၍ ကျန်ပုံစံဖြင့် ကျဆုံးခြင်း တွင် မုန့်ဆီကြော်နှုတ်ခမ်းသား မှ စခဲ့ကြသည်ချည်း ဖြစ်ပါ၏။

အိမ်ခြေ (၅ဝ) မျှ မရှိသော မြို လူမျိုးအုပ်စုတွင် (၈) ဦး အသတ်ခံရ၏။ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်၍ အလောင်းများမှာ မြင်၍ပင် မကောင်း၊ အချို့ အမျိုးသမီးမှာ အသတ်မခံရမီ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံလိုက်ကြရသေးသည် ။ ရွာတွင် မနေရဲသော သူတို့ ရွာကို စွန့်၍ ထွက်ပြေးလာခဲ့ကြ၏။ 

အချို့ ရွာများတွင် ရွာ လူကြီး ကို သူတို့ဘာသာ လူမျိုးဖြစ်လင့်ကစား ဗဟို အစိုးရနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆ လျှင်ပင် ခေါင်းဖြတ်သတ်ကြသည် ။ ဗဟိုအစိုးရ၏ အာဏာ သက်ရောက်မှုကို လက်မခံခြင်း ဖြစ်၏။ ဗဟို အစိုးရ၏ အာဏာ သက်ရောက်မှုကို ဖြတ်တောက်ခြင်း၊ ငြင်းဆန်ခြင်းဖြစ်၍ “ပုန်ကန်ခြင်း” ပင်ဖြစ်သည်၊

မနေရဲ၍ ရွာကို စွန့်ခွာကြလျှင် … ထိုနေရာကို သိမ်းယူခြင်းဖြင့် နယ်မြေ ချဲ့ထွင်ကြသည်၊ ချဲ့ထွင်ပြီး နယ်မြေတွင် ဗဟို အစိုးရ၏ အာဏာ မသက်ရောက်စေခြင်းဖြင့် အလိုအလျောက် သိမ်းပိုက် ပြီးသား ဖြစ်သွားတော့၏ ။ အခြေအနေ တစ်ခုခု ပေးလာလျှင် ခွဲထွက်ခွင့် တောင်းခံပြီး၊ ခွဲထွက်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ … ထိုဒေသတွင်းနေထိုင်သူ အများစုဖြစ်လာ၍ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းပါသည် ဆို လျှင် … မည်မျှ လုပ်ကိုင်ရ ခက်ခဲသွားမည်ကို စဉ်းစားကြည့်နိုင်သည် ။ဤသို့ဖြင့် တစ်စ တစ်စ ချဲ့ထွင်လာခဲ့လျှင် နောင်နှစ် (၃ဝ/၄ဝ) ၌ ရခိုင်ဒေသ တစ်ခုလုံး ကျဆုံး သွားနိုင်ပါသည် ။ 






07 August 2017

၂၀၂၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ရှိနေတဲ့ နပန်းသမားကြီး The Rock



နာမည်ရင်း Dwyane Johnson ဖြစ်ပေမယ့် ကြိုးဝိုင်း အတွင်းမှာ The Rock ဆိုတဲ့ နာမည်နဲ့ လူသိများတယ် ။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင် အတွင်းက အအောင်မြင်ဆုံး နပန်းသမားဘဝကို ဖြတ်သန်းနေတယ်။ အဲဒီနောက် ရုပ်ရှင်လောကထဲ ဝင်လာတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ နာမည်ကျော် ဟောလီးဝုဒ် မင်းသားပေါင်းများစွာကို ကျော်တက်ပြီး တစ်နှစ်တာ ဝင်ငွေ အ ကောင်းဆုံးမင်းသား ဖြစ်လာတဲ့သူက အခုတော့ နောက်ထပ်ခြေလှမ်း အနေနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲကိုပါ ပါဝင် ယှဉ်ပြိုင်လာဖို့ ရှိနေပါပြီ။

၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ လှုံ့ဆော်ရေး အဖွဲ့ကိုလည်း တရား ဝင် ဖွဲ့စည်းလိုက်တာ တွေ့ရသလို Run the Rock 2020 ခေါင်းစဉ်နဲ့ ဒီအဖွဲ့ကနေ လာမယ့် အိမ်ဖြူတော်မှာ သမ္မတနေရာ ရရှိရေး အတွက် လုပ် ဆောင်သွားတော့မယ်လို့ ဆိုပါတယ်။ အခုလို ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခြင်းနဲ့ လက်ရှိ ဆောင်ရွက်စရာရှိတာတွေကို လုပ်ဆောင်မှုကိုတော့ The Rock ကိုယ် တိုင် လုပ်ဆောင်နေတာ မဟုတ်ဘဲ Kenton Tilford အမည်ရှိ ကိုယ်စားလှယ် နဲ့ ဆောင် ရွက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်းကလည်း The Rock က နည်းဥပဒေတွေ အတိုင်း လိုက်နာဆောင်ရွက်ကြိုးစားသွားမှာပါလို့ အခုအ ကြောင်းနဲ့ ပတ်သက်ပြီး အရိပ်အမြွက် ဖြေကြားခဲ့တာလည်း တွေ့ရပါတယ်။ လက်ရှိ သမ္မတ ထရမ့်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေ အပေါ် သူ့ရဲ့ အမြင်ကို မေးမြန်းမှုမှာလည်း ကျနော်သာ သမ္မတ တ ယောက်ဆိုရင် အလွန်ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ 

အရေး ကြီးတာတွေကို လုံးဝ မမှားယွင်းစေရ အောင် လုပ်ဆောင်မယ် ။ ခေါင်းဆောင်ဟာ နိုင်ငံ တစ်နိုင်ငံအတွက် အရေးအပါဆုံးပါ ။ အားလုံးအတွက် တာဝန်ခံနိုင်စွမ်း ရှိရမယ် လို့ ယူဆမိပါတယ်လို့ ဖြေသွားပါ တယ်။

ဒါပေမယ့် ခေါင်းဆောင်ဟာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အားလုံးကို တာဝန်ယူရမယ် ဆိုတာကို လူတိုင်းကတော့ လက်ခံချင် မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလို လက်မခံချင်သူတွေကို လက်ခံအောင် ကျနော်  လုပ်ဆောင်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆို တော့ ကျနော်လည်း ပြည်သူ တစ်ယောက်ဖြစ်လို့ပါပဲ ။ ကျနော်တို့ လုပ်ဆောင်သမျှ အကျိုးဆက်ကို ကျနော်တို့ ခံစားရမယ် ။

သ ဘောထားတွေ ကွဲလွဲမှုတွေ ရှိချင် ရှိမယ် ။ ဒါပေမယ့် ကိုယ့်ကို လက်မခံသူတွေကို လိုက်ပြီး တောင်းဆိုနေဖို့ မလိုအပ်ဘူး၊ ဒါပေ မယ့် သူတို့အတွက်ပါ အကောင်းဆုံး လုပ်ဆောင် ပေးသွားဖို့ပဲ လိုအပ်တာပါလို့ သူက ဆက်ပြောသွားတာလည်း တွေ့ရပါ တယ်။

06 August 2017

မည်သည့် ဝင်ရိုးက - ကမ္ဘာကြီးကို မောင်းနှင်မလဲ



အမေရိကန်- ဆိုဗီယက်” ခေတ်ကို Bipolar ခေတ်ဟု တင်စားခဲ့၏။ စစ်အေး လွန်ကာလ နောက်ပိုင်း ဝင်ရိုး တစ်ချောင်း ပြုတ်ထွက်သွားပြီး ကမ္ဘာကြီး ဟန်ချက်မဲ့ခဲ့သည်။ အမေရိကန် ဟူသော ဝင်ရိုး တစ်ချောင်းတည်းကို ကမ္ဘာကြီး မေးတင်ရတော့၏။ 

များစွာ အင်အား နည်းပါးသွားသော ကွဲထွက်ကျန် ရုရှား သည် အမေရိကန် ကို ထိန်းညှိရန် လုံလောက်သော အင်အား-မရှိခဲ့၊ တရုတ် အနေဖြင့် Bipolar ရရန် ပထမပိုင်း ကြိုးစားကြည့်ခဲ့သော်လည်း ခါးမသန် ခါချဉ်ကောင်ဖြစ်၍ Multipolar ဖြစ်ရေးကိုသာ ဝိုင်းကြိုးစားရတော့သည် ။

ပြိုင်ဘက်မဲ့ အမေရိကန် အနေဖြင့် အရှေ့အလယ်ပိုင်း အန္တရာယ်ကြီးမားပုံကို သိရှိခဲ့သည်ဖြစ်ရာ စစ်ရေးအရ နိုင်ငံ အချို့ကို အရေးယူဆောင်ရွက်ခဲ့ခြင်းသည် တရုတ်တို့ ခေတ်ရောက်ရန် တွန်းပို့ပေးလိုက် သလိုဖြစ်ပြီး၊ ယဲလ်ဆင် ၏ လူရွေးချယ် မှန်ခဲ့မှု ကလည်း ရုရှား ကို တစ်ခေတ်ပြန်ဖြစ်စေခဲ့သည့် အကြောင်းတရားများဖြစ်သည်ဟု မြင်သည်။

ကုန်းတစ်ပတ်-ရေတစ်ပတ်ကို စိန်ခေါ်သည့် AAGC 
*************************************
ဆယ်စုနှစ် (၃) ခု နီးပါးမျှ စီးပွားရေး တိုးတက်ခွင့် ရှိလာသော တရုတ်သည် ဆန်ပြုတ် တစ်ခွက် လူ (၂) ဦး မျှဝေသောက်သုံးရာ ဘဝမှ ယနေ့ မာစီးဒီး၊ ဘီအမ်ဒဗလျူ စသော ဇိမ်ခံကားများ တစ်ဝီဝီ မောင်းသောဘဝသို့ တိုးတက်ခဲ့သည်၊ တရုတ် တိုးတက်မှုသည် တိန့်ရှောက်ဖိန် ၏ ခေါင်းဆောင်မှု မှန်ကန် ခဲ့သောကြောင့်ဖြစ် သည်မှာ ငြင်းမရခဲ့သလို၊ ပေါင်မုန့် နပ်မမှန်သော ရုရှား သည်လည်း ပူတင် ၏ ခေါင်းဆောင်မှု ကြောင့် ပြန် လည် အင်အားကောင်းလာသည်ကိုလည်း ငြင်းမရချေ။

တရုတ်က "B & R" ဟူသော "One Belt, One Road" ဟူသည့် “ကုန်းတစ်ပတ်၊ ရေတစ်ပတ်” အခြေခံ အဆောက်အဦး တည်ဆောက်ပြီး ကမ္ဘာ့ စူပါ-ပါဝါ သရဖူကို လွှဲပြောင်းယူရန် ခြိမ်းခြောက်နေဆဲတွင် အိန္ဒိယနှင့် ဂျပန်က ပူးတွဲ၍  AAGC (Asia – Africa Growth Corridor) ကို ချပြခဲ့ပါသည်။ 

ပါဝါ ဟန်ချက် ထိန်းညှိခြင်းဟု နားလည်နိုင်ပြီး၊ မည်မျှအောင်မြင်နိုင်သည်ကို ကမ္ဘာကြီးက စိတ်ဝင်စားခဲ့ကြသည်၊ အထူးသဖြင့် ယနေ့ စူပါ-ပါဝါလည်းဖြစ် ကမ္ဘာ့ ဦးဆောင်လည်းဖြစ်သော အမေရိကန် အနေဖြင့် စိတ်အဝင်စားဆုံးဖြစ်မည်မှာ မလွဲချေ။

အဘယ့်ကြောင့် အမေရိကန် က အခြားနိုင်ငံများထက် ပို၍စိတ်ဝင်စားရပါသနည်း ... ?
(၁) တရုတ် အနေဖြင့် B & R ကို လွတ်လွတ် ကျွတ်ကျွတ် ဆောင်ရွက် ခွင့်ရှိခဲ့လျှင် … ကမ္ဘာ့ အခင်းအကျင်းသစ် လုံးဝပြောင်းလဲသွားပြီး၊ သူ့ သရဖူကို တရုတ်လက် အပ်လိုက်ရပါလိမ့်မည်။

(၂) ကမ္ဘာကြီး၏ ဓနသည် တရုတ် ၏ အိတ်တစ်လုံးထဲသို့သာ စုပြုံ စီးဝင်သွားပါမည်။

(၃) ကမ္ဘာ့ ဓနကို တရုတ်၊ အိန္ဒိယ၊ ဂျပန် သို့ မျှဝေ စီးဆင်းစေနိုင်ခဲ့လျှင် ကမ္ဘာ့ သရဖူကို လွှဲပြောင်း ရယူရန် တရုတ်တို့ အတွက် အင်အား လုံလောက်စွာ ပံ့ပိုးမှု မရှိနိုင်တော့၊

(၄) အနောက်ကမ္ဘာသည် ရေပြည့်အိုး Saturated Point ပမာ ဖြစ်နေ သည် ဖြစ်၍ ကမ္ဘာ့ စီးပွားရေး စီးကြောင်း သည် အာရှ သို့သာ စီးဝင်မည့် လက္ခဏာ ရှိသည်ကို မလွန်ဆန်နိုင်၊ သို့သော် လည်း တရုတ်တစ်နိုင်ငံထဲသို့ မစီးဝင်စေလို၊ ဓန ပြန့်ထွက်စေ ခြင်းဖြင့် တရုတ် ကို အင်အား အပြည့်အဝ မရစေသော မဟာဗျူ
ဟာသဘောတရား ဖြစ်သည်။

တရုတ် သည် အမေရိကန် ကို စိန်ခေါ်သူဖြစ်လာခဲ့သလို၊ တရုတ် ၏ Belt and Road သည်လည်း AAGC ၏ စိန်ခေါ်မှုကို ယနေ့ခံခဲ့ရပါ၏။
.
" လေ့လာဆန်းစစ်ချက်"
*****************
"B & R" Vs. "AAGC"
သဘောတရား၊ နောက်ခံ၊ အခြေအနေပေါ် အခြေခံ၍ ဆန်းစစ်မှု Analysis လုပ်ဖို့ လိုအပ်လာ ပါ၏။ 
" B & R" နှင့် ပတ်သက်သော ဖိုရမ်ကို ကမ္ဘာကြီးသို့ ချပြရုံသက်သက် မကတော့ဘဲ ဖိတ်ခေါ် ရှင်းလင်းပွဲ၊ အမြင်ဖလှယ်ပွဲများ ကို တရုတ်တို့က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့၏။

 မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုနှစ်မေလတွင် ကျင်းပခဲ့သော ထိုပွဲကို သွားရောက် တက် ခဲ့သည်။ ဇူလိုင်လတွင် ထပ်မံ ကျင်းပခဲ့သော ပွဲသို့ စာရေးသူအား ဖိတ်ကြား သဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အမြင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေကို မြင်သိခွင့်ရခဲ့သည်။

ဖိုရမ် မတက်မီ စာရေးသူ ကိုယ်တိုင် လေ့လာထားခဲ့မှု့ အရ နိုင်ငံ (၈ဝ) ကျော် ပူးပေါင်းမည်ဟု သိထားခဲ့သော် လည်း၊ ဖိုရမ် တွင် နိုင်ငံ (၁ဝဝ) ကျော်မျှ ပြောင်းလဲ တိုးတက်သွားသည်ကို အံ့ဩစွာ သိလိုက်ရပါ၏။ 
ကမ္ဘာ့ လူဦးရေ ၏ (၇ဝ)% နီးပါးမျှ ဖြစ်သွားတော့၏။



မိခင် မေတ္တာဖွဲ့



ဒီနေ့ လစာ ထုတ်ရက်…
ကိုသောင်း တက်တက်ကြွကြွနှင့် အိမ်ပြန်လာခဲ့သည်။ မိန်းမဖို့ က ဘယ်၍ သားဖို့ က ဘယ်လောက်
သမီး ဖို့ က ဘာလေး ၊ စိတ်ထဲမှာ ခွဲတမ်းလေး ချလို့  ပီတိ စိတ်လေးနဲ့ အိမ်ပေါ်ကို လှမ်းတက်ရုံ ရှိသေး
"ထွီ"
သလိပ်တွေ အခဲလိုက်နဲ့ ဆီးထွေးခံလိုက်ရတော့ ကိုသောင်း အပျော်စိတ်တွေ ဘယ်ရောက်ကုန်မှန်း
မသိတော့ချေ…ပုဆိုးကို ဖြည်ဝတ် ခါချရင်းက…
"အမေ ကတော့ လုပ်ချလိုက်ပြန်ပြီ အိမ်ပေါက်ဝလေး ဘာလေး ကြည့်ပါအုန်းဗျ…
ကျွန်တော့ ပုဆိုးတွေပေကုန်ပြီ… ညစ်ပတ်လိုက်တာ…တစ်ကယ်ပဲ"
အမေအို က မျက်ကလူး ဆန်ပျာနဲ့…
"အမေ မမြင်မိလို့ ပါ သားရယ်… ချောင်းတွေ တစ်အား ဆိုးနေတာ သလိပ်ဟတ်လို့  ရတုန်းလေးမို့ 
အမြန်ထွေးချ လိုက်မိတာ… အမေပြန်သုတ်ပေးပါ့မယ် ။ လူလေး လာ လာ အပေါ်တက်ခဲ့"
"နေပါ အမေရာ…ကိုယ့် ဘာသာ ကိုယ်.
မိန်းမ ရေ … မောတယ်ကွာ ရေခပ်ခဲ့အုန်း"
ကိုသောင်း အမေ့လက်တွေကို ဖယ်လိုက်ပြီး အိမ်ပေါ်က ပက်လက် ကုလားထိုင်ပေါ် လှဲချလိုက်ရင်း…သူ့  မိန်းမ နဲ့ ကလေးတွေ တန်းစီခေါ်နေတော့၏။ ရလာတဲ့ လစာနှင့် တစ်ကွ ဝယ်ခြမ်း လာသည်များကို ခွဲတမ်းချနေတုန်း ကိုသောင်း အမေ့ဆီ တစ်ချက် လှမ်းကြည့်လိုက်မိ၏။

အမေက ဘုရားစင် ရှေ့ မှာဘုရား ရှိခိုးရင်းက ချောင်း တစ်ဟွတ်ဟွတ် ဆိုးနေလေသည်။
"မိန်းမ အမေ ချောင်းတွေ တစ်အား ဆိုးနေပါ့လား ဆေးလေး ဘာလေး ဝယ်မတိုက်ဘူးလား"
" ရှင့် အမေ က ဒီဆေးလည်း မကြိုက် ၊ ဟိုဆေး ဆိုလည်း ဘာဖြစ်နဲ့ နေပါစေ ဒီလောက် အဆိုးကြီးလည်းမဟုတ်ပါဘူး ။ မနက်ကျမှ အဆုတ်ပုံလေး ဘာလေး ဝယ်တိုက်လိုက်မယ်"
ကိုသောင်း ဘာမှ မပြောတော့ သူ့  မိန်းမပြောတာလဲ ဟုတ်မှာပါလေ ။ ရှေးရိုးဆန်တဲ့ သူ့ အမေ အကြောင်း
သူသာ အသိဆုံးမို့ လား…သူတို့ မိသားစု ဘဝက ကုမ္ပဏီ လခစား သူ့ ဝင်ငွေနှင့် အကျပ်တည်းကြီး
မဟုတ်ပေမယ့် သိပ် အချောင်လည်ကြီးလည်း မဟုတ်…
အဖေ မရှိကတည်းက သားအမိ နှစ်ယောက်တည်း ရုန်း ကန်လာရင်း သူ အိမ်ထောင်ပြုတော့ အမေ့ ကို အပါ ခေါ်ရသည်ပေါ့။ အိမ်ငှါး ဘဝနှင့် သူတို့  သားအမိကို အိမ်ပေါ် တက်နေခွင့်ပြု ခဲ့တဲ့ သူ့ မိန်းမကိုပဲကျေးဇူး တင်နေမိရ သည်။