Showing posts with label ၇ယ်ရွှင်ဖွယ်ရာ. Show all posts
Showing posts with label ၇ယ်ရွှင်ဖွယ်ရာ. Show all posts
03 October 2016
ဝိုင်နီ နဲ့ ၀ိုင်ဖြူ
လင်မယားနှစ်ယောက် အိမ်ထောင်သက်နှစ် (၃ဝ) ရှိခဲ့ပြီ။ တစ်နေ့မှာယောက်ျားဖြစ်သူက မိန်းမ ကို လေသံအေးအေးနဲ့ "မိန်းမရေ... ငါတို့ လက်ထပ်ခဲ့တာ နှစ် (၃ဝ) ရှိခဲ့ပြီ။ နင်လည်း ပင်ပန်းခဲ့ပြီ။ ဒါကြောင့် နောက်တစ်ပတ်က စပြီး နင့်ကို ရာထူးတိုးပေးမယ်" လို့ပြောတယ်။
ယောက်ျားရဲ့ အပြောကိုကြားတော့ မိန်းမ က ဝမ်းသာအားရနဲ့ "ဘာရာထူး တိုးပေးမလို့လဲ?" မေးတယ်။
"အင်း.... နောက်တစ်ပတ် ငါမယားငယ် ယူမလို့၊ အဲတာ နင့်ကို မယားကြီး ရာထူးပေးမယ်" ဆိုပြီး ရက် မကြာခင်မှာ ယောက်ျားက မယားငယ်ယူလိုက်တယ်။
ဒါနဲ့ မယားကြီးက ယောက်ျား ကို "ရှင်က မယားငယ်ယူပြီ ဆိုတော့ ညအိပ်တဲ့ အခါ ဘယ်လို စီစဉ်ထားသလဲ ? တစ်ရက်ခြားစီ အိပ်မှာလား? သေချာကြိုပြောထားနော်။ ကျွန်မ က ငြင်းခုန်ရန်ဖြစ်တာမျိုး မလိုချင်ဘူး။ ပြီးတော့ တရားမျှမျှတတ လုပ်နော်။ တနင်္ဂနွေနေ့ ကို ရှင့် နားရက်လို့ သတ်မှတ်လိုက်မယ်"
ယောက်ျား က ခဏလောက်စဉ်းစားပြီး "အင်း... ညစာစားတဲ့ အချိန် ငါ ဝိုင်နီသောက်ခဲ့ရင် မယားငယ် နဲ့အိပ် မလို့။ တစ်ကယ်လို့ ဝိုင်ဖြူသောက်ခဲ့ရင် နင်နဲ့ အိပ်မလို့... အဲလိုပဲ မှတ်လိုက်။ ဒီညက သူနဲ့ယူစ ဆိုတော့ ငါ ဝိုင်နီသောက်မယ်ကွာ" လို့ ပြောတယ်။
မင်္ဂလာညမို့ မယားကြီး ကလည်း ယောက်ျား ကို မနှောင့်ယှက်ချင်တာနဲ့ ဘာမှ မပြောဘဲ စူပုတ်ပုတ်နဲ့ ကိုယ့်အခန်းထဲ ဝင်သွားခဲ့တယ်။
နောက်တစ်နေ့ ညစာ စားတော့ မယားကြီးက ယောက်ျားကိုမေးတယ်။
"ကဲ... ဒီည ဘယ်လိုလဲ?"
"အင်း.. မနေ့ညက သောက်ထားတဲ့ ဝိုင်နီက တစ်ဝက်ကျန်သေးတယ်။ မသောက်ဘဲ ဒီအတိုင်း ထားရင် အရသာ ပျက်သွားတတ်တယ်။ နှမြောစရာကြီး.. ဒီညလဲ ငါ ဝိုင်နီသောက်ပါရစေနော်"
29 June 2016
ဦးဇင်း သာဝ အလိမ်ခံရ
ကိုသာဝ ဆိုသူက နေ့စဉ် လိုလို မူးမူးပြီး မိန်းမနှင့် မကြာခဏ ရန်ဖြစ် စကားများကြတတ်တယ် တဲ့။
့ မိန်းမဖြစ်သူ က အကောင်းဆုံးနည်းလမ်း ရှာပြီး ဘုန်းကြီးကျောင်းသို့ သင်္ကန်းသွားဝတ်ပါရန် တိုက်တွန်း လိုက်တယ်တဲ့။
့ တစ်နေ့တော့ ကိုသာဝ က သင်္ကန်း ၀တ်ဖြစ်သွားတယ် ။ တစ်ပတ်လောက်ကြာသော် ဦးဇင်းသာဝ က လူ ဘ၀နှင့် ဦးဇင်း ဘ၀ကို စဉ်းစားတယ်။
“အင်း အိမ်ထက် စာရင် သင်္ကန်း ၀တ်ရတာ ပိုအေးချမ်းတယ်”
(၂) လ ကြာသော် လူထွက်ချင်စိတ် မရှိ မိန်းမဖြစ်သူက လူထွက်ရက်ကိုမျှော်နေသည် ။
(၃) လ ရောက်သော်လည်း လူထွက်ဖို့ အသံ မကြား တစ်နေ့တွင် မိန်းမဖြစ်သူက…
““ဦးဇင်း ဘုရား တပည့်တော်မ တို့၏ ခြံစည်းရိုး ပေါက်ပြဲနေပြီး လူ ၀င်လိုက် ခွေး ၀င်လိုက် နဲ့ ဘယ်လို လုပ်ရ မလဲဘုရား””
““ဟ ကပ္ပိယကြီး ရှိတယ်လေ သု့ကို ကာခိုင်းလိုက်””
ဒီလိုနဲ့ နောက်တစ်လ လည်း လူ မထွက် ဒီတစ်ခါ..
““ဦးဇင်း ဘုရား မိုးတွေကလည်း ကျလာပြီ အိမ်ခေါင်မိုးလည်း မလုံဘူး ဘယ်လို လုပ်ရမလဲဘုရား””
““ကပ္ပိယကြီးကိုလုပ်ခိုင်းလိုက်””
နောက်(၁) လ ကြာလဲ မထူး.........
““အင်း ဘယ်လို လုပ်ရမလဲ””
နောက်တစ်နေ့ တွင် ခြေထောက် ထော့နဲ့ ထော့နဲ့ နဲ့ သွားပြီး…
““ဦးဇင်း ဘုရား…..တပည့်တော်မ ၏ပေါင်ကြား မှာ အနာစိမ်း အကြီးကြီးပေါက်နေလို့ ကပ္ပိယကြီး ကိုပဲ ညှစ်ခိုင်းတော့မယ်ဘုရား”” လို့ လျှောက်ပြီးပြန်လှည့်သွားသည်။
Subscribe to:
Posts (Atom)



