29 February 2016
တမလွန် က သင့်ကို ဆက်သွယ်ဖို့ ကြိုးစားနေတယ် ဆိုတာ ပြတဲ့ လက္ခဏာ (၇) ရပ်
သေဆုံးသွားသူ တစ်ယောက် က သင့်ကို တစ်ခုခုပြောဖို့ ကြိုးစားနေတယ် လို့ ခံစားဖူးပါ သလား။
တမလွန် ဘဝ ကနေ လူ့ဘဝ ကို ဆက်သွယ်ဖို့ ဆိုတာ ဖုန်းခေါ်သလို လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဝိညာဉ် က သင့် ကို ဆက်သွယ်ချင်တဲ့ အခါ အောက်ပါ အချက်တွေ နဲ့ ဆက်သွယ် တတ်ပါတယ်။
၁။ အိပ်မက်
အိပ်ပျော်နေတဲ့ အချိန်မှာ ဝိညာဉ်ဖြစ်သွားတဲ့ ကိုယ့်ရဲ့ချစ်ခင်သူ တစ်ယောက်က ကိုယ့်ကို ဆက်သွယ်ဖို့ ပိုလွယ် သွားတယ်လို့ ဆိုပါတယ်။ အိပ်မက်တိုင်းတော့ သူတို့ လာမလည်ပါဘူး။ အိပ်မက် ဟာ အရမ်းကို ရှင်းလင်း ပြတ်သားနေပြီး အိပ်ရာ က နိုးပြီး တာတောင် အချိန် အတော်ကြာအထိ သတိတရ ရှိနေသေးရင် အိပ်မက် မဟုတ်ဘဲ တကယ်ဖြစ်ခဲ့တာလို့ သင်ကိုယ်တိုင် သတိထားမိပါလိမ့်မယ်။
ငွေတိုးချေးစားသော သူတော်ကောင်း
လွန်ခဲ့တဲ့နှစ်ပေါင်း အတော်ကြာလောက် က မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ထဲမှာ ငွေတိုးချေးစားတဲ့ သူတော်ကောင်းကြီး တစ်ယောက်ပေါ်ထွက် ခဲ့ဘူးတယ်။ 
သူ့ကို တစ်နယ်လုံးက ကြည်ညိုလေးစားကြတယ်။  အခုအချိန်ထိအောင် တစ်သသပြောကြတုန်း ပါ။ ဆရာတောင်  ပျော်ဘွယ်မြို့ကို တရား တစ်ည သွားဟောတာနဲ့ သိခဲ့ရတာ။ သူက အတိုးကို အနည်းဆုံး ယူတယ်။   ဥပမာ တစ်ရာနှစ်ကျပ်တိုးလောက်ပေါ့ ။
ထူးခြားချက် ကတော့ ယာတစ်ကွက်ကို ငါးသောင်း နဲ့ အပေါင်ခံ ထားတယ် ၊ အဲဒီ လယ်ကို လုပ်စားရင်း နဲ့ အရင်းကြေသွားပြီ ဆိုရင် ပေါင်တဲ့သူကိုခေါ်ပြီး တစ်ခါတည်းပြန်ပေး လိုက်တယ်။ လစဉ် ရတဲ့ အတိုးနဲ့ တင်ကျေနပ် လိုက်တဲ့ သဘောပေါ့ ။ 
သူခြံရှေ့မှာ စာရေးထားတယ် စား ရေး အတွက် အခက်အခဲ ရှိရင် စပါး တစ်တောင်းနှင့် ဆီတစ်ပုလင်း လူတိုင်း လာယူနိုင်သည် တဲ့။ အိမ်ရှေ့မှာ ဆီကို ရာဝင်အိုးကြီးနဲ့ ထည့်ထားပြီး၊ စပါးကိုတော့ အမိုး လုပ်ပြီး ပုံပေးထားတယ်။ 
စပါးတို့ ဆီတို့ လာယူတဲ့ သူကို သူပြောတဲ့ စကားလေးက....
“ကလေးမ ,,,,,, အပေါ်ယံကြည့်ရင် စပါး တစ်တောင်း နဲ့ ဆီ တစ်ပုလင်း ရတဲ့ ကလေးမ က ဦးကိုကျေးဇူး တင် ရမှာ၊ နက်နက် နဲနဲတွေးကြည့်ရင် ဦးက ကလေးမ ကိုကျေးဇူးတင်ရမှာပါ၊
23 February 2016
မွေးသက္ကရာဇ်နောက်ကွယ် က လျှို့ဝှက်ချက်များ
ဗေဒင်ဝါသနာအိုး's photo.
ကိုယ်မွေးတဲ့ ရက်၊ လ ၊နှစ်တွေ က ကိုယ့် အရည်အသွေး နဲ့စိတ်နေ စိတ်ထားကို ပြောပြနေပါတယ်။
မွေးသက္က၇ာဇ် ကပြောတဲ့ အသံတွေ ကို တစ်ခါလောက် နားစွင့်ကြည့်ရအောင်။
တွက်နည်း က လွယ်ပါတယ်။ မွေးနေ့၊ မွေးလ၊ မွေးနှစ် ကို ဂဏန်း တစ်ခုတည်းရအောင် ပေါင်းရမှာပါ။
ဥပမာ .. အနေနဲ့ပြပါမယ်။
မတ် ၂၀ ၁၉၅၀
၃+၂၀+၁၉၅၀ = ၁၉၇၃
၁+၉+၇+၃ = ၂၀
၂+၀= ၂
သည်တော့ ၂ ကို သွားကြည့်ရမှာပါ။
အခု ဖွင့်ဆို ရှင်းလင်းချက်တွေ ကို ကြည့်ရအောင်။
၁ ဂဏန်းသမား မူလရင်းမြစ်
၂ ဂဏန်းသမား ငြိမ်းချမ်းရေး အကျိုးတော်ဆောင်
၃ ဂဏန်းသမား ပျော်ရွှင်မြူးထူးတဲ့သူ
၎ ဂဏန်းသမား ရှေးရိုးစဉ်လာ သမား
၅ ဂဏန်းသမား ရွေ့လျားနေတတ်သူ
၆ ဂဏန်းသမား ရိုမန်တစ်ဖြစ်တဲ့သူ
၇ ဂဏန်းသမား စူးစမ်းသူ
၈ ဂဏန်းသမား ပြသနာရှင်း တတ်သူ
၉ ဂဏန်းသမား အနုပညာရှင်
၁... မူလရင်းမြစ်
၁ တွေဟာ အခြေခံ ကျတဲ့သူတွေဖြစ်တယ်။ သူတို့ဆီ က အိုင်ဒီယာ အသစ်တွေ အမြဲထွက်လာလေ့ ရှိ တယ်။ ခေါင်းလည်း မာကြတယ်။ သိပ်လည်း ရိုးသားတယ်။ လိုချင်တာ ရှိရင် ရအောင် ညှိနှိုင်းနိုင်ကြတယ်။ ကိစ္စ တစ်ခု ကို ဦးဆောင်ဖို့ ၀န်မလေးဘူး။ ခေါင်းဆောင်လည်း ဖြစ်တတ်ကြတယ်။ 
သတိထားရမှာက သူများ ရဲ့စိတ်ကူး ကလည်း သူ့နေရာနဲ့သူ  ကောင်းတယ် ဆိုတာပါပဲ။ 
နာမည်ကြီး ၁ ဂဏန်းသမားတွေ - တွမ်ဟန့်၊ ကာရိုးဘားနက်၊ နန်စီရေဂင်
၂... ငြိမ်းချမ်းရေး အကျိုးတော်ဆောင်
၂ တွေဟာ သံတမန်ဖြစ်ဖို့ မွေးလာသူတွေပါ။ တခြားသူတွေ ရဲ့ လိုအပ်ချက်၊ ခံစားချက်တွေ ကို သူတို့သိ တယ်။ သူတပါး ကို ဦးစားပေး စဉ်းစားတတ်တယ်။ သူတို့ဟာ တစ်ယောက်တည်း မနေချင်ကြ ဘူး။
 ပေါင်း သင်း ဆက်ဆံရေး နဲ့ သူငယ်ချင်းတွေဟာ သူတို့ အတွက် သိပ် အရေးကြီးပြီး သည် ဆက်ဆံရေးကြောင့် ဘ၀ မှာ အောင်မြင် ကြတယ်။ ဒါပေမယ့် ဆက်ဆံရေး မပြေလည်တာထက် စာရင် တစ်ယောက်တည်းနေဖို့ကို ပဲ ရွေးချယ်တာ လည်း သူတို့ပါပဲ။ 
ပင်ကို အားဖြင့် ရှက်တတ်သူတွေဖြစ်တာကြောင့် ကိုယ့်အကြောင်းကိုယ် ထုတ်ပြောတတ်ဖို့၊ သိုဝှက်မထား ဖို့ လေ့လာသင့် ပါတယ်။
ထင်ရှားတဲ့ ၂ တွေ- ဘီလ်ကလင်တန်၊ မက်ဒေါနား၊ သောမတ်စ်အယ်ဒီဆင်၊ မိုးဇက်
အချွတ်ကြမ်းတဲ့ ကမ်းဘရစ်ခ်ျ တက္ကသိုလ် ကျောင်းသူတွေ
ရန်ပုံငွေ ရှာဖွေရေးပွဲဖြစ်ပေမဲ့ စိတ်ပျက် စရာတွေ နဲ့ အဆုံးသတ်ခဲ့ ပါတယ်။
နာမည်ကျော် ကမ်းဘရစ်ခ်ျ တက္ကသိုလ်ကြီး မှာ တက်ရောက်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ဟာ ဖက်ရှင် ရှိုးပွဲ တစ်ခု ပြုလုပ်ပြီး ကိုယ်ဟန်ပြခဲ့ကြပါတယ်။ 
ရှိုးပွဲ မှာ သူတို့ ဝတ်ဆင်တဲ့ ဝတ်စုံတွေ ဟာ အငြင်းပွားစရာတွေ ဖြစ်နေပြီး အဖော် အချွတ် များလွန်း လို့ ဝေဖန် ခံနေရပါတယ်။
ထိုင်း တော်ဝင်သမီးတော် အတွက် ဒေါ်လာလေးသောင်းတန် အိမ်သာ
အိမ်သာ ရဲ့ အကျယ်အဝန်း ဟာ ၈ ကုဗမီတာ ကျယ်ဝန်းပြီး လေအေးပေးစက် အပြည့် တပ်ဆင်ထားပါတယ်။
ထိုင်းနိုင်ငံ ရဲ့ တော်ဝင် သမီးတော်အတွက် ဒေါ်လာလေးသောင်းခန့် တန်ဖိုး ရှိတဲ့ အိမ်သာကို ကမ္ဘောဒီးယား အစိုးရ က ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။ 
ထိုင်း ဘုရင့်သမီးတော် မဟာ ချက်ကရီ သီရိဒုံ  ဟာ ကမ္ဘောဒီးယားနိုင်ငံ ကို အလည်အပတ် လာရောက် မှာဖြစ်ပါတယ်။
အဆိုပါ အိမ်သာရဲ့ အကျယ်အဝန်း ဟာ ၈ ကုဗမီတာ ကျယ်ဝန်းပြီး လေအေးပေးစက် အပြည့် တပ်ဆင် ထား ပါတယ်။ သီရိဒုံ အတွက် အိမ်သာ ကို သီတင်းနှစ်ပတ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရတယ် လို့လည်း သိရပါ တယ်။ 
အိမ်သာ ရဲ့ ဆောက်လုပ်မှု ကုန်ကျငွေ ဟာ ကမ္ဘောဒီးယားနိုင်ငံ ရဲ့ ပျမ်းမျှ တစ်နှစ်စာ ဝင်ငွေထက် ၆၆ ဆ ပိုမို များပြားနေပါတယ်။ 
21 February 2016
ဖုန်း ဆိုတာ ပန်းလေးတွေကြွေစေဖို့ မဖြစ်ပါစေနဲ့
Myo Myint Maung's photo.
မိန်းခလေးတိုင်း ဖတ်သင့်ပါတယ်
ဖုန်း ဆိုတာ ပန်းတွေကြွေစေဖို့လား
@@@@@@@@@@@@@@@@@@@
' တောက် '
ညီမငယ် ၏ ဒိုင်ယာရီ စာအုပ်ကို ပိတ်ရင်း ကျွန်မတောက်ခေါက်လိုက်မိသည်။ မိုက်ရိုင်းလိုက်သည့် အကောင် လူမဆန်လိုက်သည့် အကောင်။ ထို အကောင်မျိုးတို့နှင့် ထိတွေ့စေနိုင်သော အဓိကတရားခံ တစ်ဦးအား လည်း စိမ်းစိမ်း ကားကားကြည့်မိသည်။
ခေတ်မှီ Touch ဖုန်းလေး လှပသည်။ အသုံးဝင်သည်။ သို့သော် အန္တရာယ်များသည်။သေစေနိုင်သည်။
ဖုန်းလေးကို ကိုင်လိုက်မိသည်။ တုန်ရီနေသော လက်တို့ကြောင့်အောက်သို့ပြုတ်ကျ သွားသည်။ 
အထိန်းအကွပ်မဲ့ကျဆင်းသွားသော ဖုန်းလေးက ကြမ်းပြင်ထက်မှာငြိမ်ငြိမ်လေး တိတ်ဆိတ်လျက်။ မကြာသေးမီက ခွေခွေလေးလဲကျနေခဲ့သော ညီမငယ်လေး အတိုင်းပင်။ မျက်ရည်တို့က အတိုင်းသား စီးကျလာသည်။ ညီမငယ် ညီမငယ် ကံဆိုးလိုက်တာကွယ်။
'''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
'အစ်မ အစ်မ သိလား'
'သမီးမှာ ချစ်သူရှိနေပြီ'
'အလဲ့ ဟုတ်လှချည်လား'
'ပြပါဦး ညီမ ရဲ့'
'ဘယ်သူတုန်း ဘယ်ကတုန်း'
'ဟောဒီမှာကြည့် '
မတ်တပ်ရပ်လျက် ရိုက်ထားသောယောကျာ်းလေး တစ်ဦး၏ ပုံ
'အမယ် မဆိုးပါဘူး ချောသားဟ '
'အစ်မလိုတော့ အပျိုဟိုင်းကြီး အဖြစ်မခံနိုင်ပေါင်'
'အမလေးလေးတော် ဖြစ်ရလေ'
'နာမည်က ဘယ်သူလဲ ဘာလုပ်လဲ ဘယ်မှာနေလဲ'
'အဟီး ဘာမှ မသိဘူး နာမည်လေး တစ်ခုဘဲသိတာ'
'အေ ပြောစမ်းပါဦး'
'ကိုထက်လွင် တဲ့ အစ်မရဲ့'
'ကျန်တာတော့ ဘာမှမသိ'
'အင် ဒါနဲ့ညည်းက ဘယ်လို ချစ်သူဖြစ်တာတုန်း'
'အမယ်လေး ငါ့အစ်မ အပျိုကြီးရယ်'
'ဒါကြောင့် အပျိုကြီးဖြစ်နေတာပေါ့'
'ဒီခေတ်က online ခေတ်လေ အစ်မရဲ့'
'online ခေတ် online ပေါ်ကတွေ့တာ အစ်မရေ'
11 February 2016
တွေးမိတိုင်း ပျော်တယ်
လူတွေ ဟာ ရာခိုင်နှုန်းပြည့် နေရာတိုင်းမှာတော်တဲ့သူ မရှိဘူး၊၊ တနေရာမှာတော်မယ်၊ နောက် တနေရာမှာ သင့်ရုံပဲ၊၊ ကိုယ်အားသန်တဲ့ အလုပ်ကို လုပ်ပြီး ကိုယ့်ဘဝ ကိုယ် အဆင်ပြေအောင် စိတ်ချမ်းသာအောင် နေ သွားနိုင်ဖို့ပဲ အရေးကြီးပါတယ်၊၊ 
တစ်ခါ မအောင်မြင်ရုံနဲ့၊ တနေရာမှာ မထူးချွှန်ရုံ နဲ့ ဘယ်နေရာမှာမှ သုံးမရတော့ဘူး၊ ဘယ်တော့မှ အဆင် မပြေနိုင်တော့ဘူး၊ ဘယ်တော့ မှ လူရာ မဝင်တော့ဘူးလို့ မတွေးသင့်ဘူး၊၊ ကျောင်း မှာခြောက် တန်းလောက် ပဲနေရတဲ့ Thomas Edison ဆိုတဲ့ လူဟာ ကမ္ဘာကျော် တီထွင်သူ သိပ္ပံပညာရှင်ကြီး ဖြစ်လာတယ်၊၊ 
ကိုယ့်ကိုယ် ကို အကျဉ်း အကျပ်ထဲရောက်အောင် မလုပ်သင့်ဘူး၊၊ ကိုယ်မှန်း သလောက် ရာနှုန်းပြည့်ဖြစ်မှ၊ ကိုယ် စိတ်ကူး ယဉ် ထားသလို ဖြစ်မှလို့ တွေးထားရင် ကိုယ်တကယ်တွေ့ကြုံရတာတွေ၊ အခြေအနေတွေ၊ လူတွေ (ဒီ အထဲမှာ ကိုယ်လည်းပါတယ်) ဟာ ကိုယ် မှန်းထားတာနဲ့ အံဝင် ဂွင်ကျဖြစ်မှာ မဟုတ်တဲ့အတွက် စိတ်ဆင်းရဲရမယ်၊ စိတ်ဓာတ်ကျမယ်၊ ကိုယ့်ကိုယ် ကို အထင်သေးမယ်၊၊ 
အဲဒီတော့ လက်တွေ့မဆန်တဲ့ မြင့်လွန်းတဲ့ အဆင့်ကို မှန်းထားရင် မမှီနိုင်တော့ဘူး၊၊ ပေးရတဲ့ အချိန်နဲ့ အင်အားလည်း မတန်တဆ ကုန်မယ်၊၊ တတ်နိုင်မှာ မဟုတ်ဘူး၊၊ အဲသလို ဆိုရင် ကိုယ့်ကိုယ်ကို အကျပ် အတည်းထဲရောက်အောင်၊ အပြစ်တင်စရာ မလွတ်အောင်၊ အကွက်ဆင်ပြီးချောက်ချ သလို ဖြစ်နေပြီ၊၊ 
 ကောင်းအောင် မကြိုးစားရဘူးလို့ မဆိုလိုဘူးနော်၊ စိတ် ချမ်းချမ်းသာသာ နဲ့ လုပ်ဖို့ လိုတယ်လို့ ပြော ချင် တာပါ၊၊ စိတ်ရောဂါ အဖြစ်ခံပြီး မလုပ်သင့်ဘူး ဆိုတာကို သဘောပေါက်စေချင်တယ်၊၊
03 February 2016
အိုသွေး ပိုင်ရှင်
Lah Wah Shee's photo.
အိုသွေး ပိုင်ရှင် အများစုက....
လူတစ်ယောက်ကို ချစ်မိသွားရင်.....
® ချစ်တယ် ဆိုတဲ့ စကား ကို တော်ယုံ မပြောလိုဘူး။
...
® ချစ်ပြီဆို၇င်လည်း အသေ ချစ်တာ .. အရမ်း ချစ်တာ.. အရမ်း လည်း ရစ်တာ..
® မရစ်တော့ဘူး.. တိတ်နေမယ်ဆို.. တစ်ခုခု ကို အလို မကျ ခံစားနေရပြီဆိုတာပဲ..
ဒါလေး ကိုတော့ အိုသွေးချစ်သူ သတိလေး ထားပေးပါ..
® လူတိုင်း နဲ့ စကားပြောတတ်ပေမယ့် ရင်ထဲ ချစ်တဲ့သူ တစ် ယောက်တည်း သာ ရှိတယ် ဆိုတာ သိ ထားပေး ပါ..
® အူတိုပြီး ရန်သွား ရှာတာတွေ ရစ်တာတွေ သွားမလုပ်ပါနဲ့..သင်ပဲ စိတ်ညစ်ရမှာမို့ပါ ။
® ဘာလို့လဲ ဆိုတော့ အိုသွေးတွေက ဖြေရှင်းချက်ပေးတာတွေ ချော့ရမယ့် အလုပ်ဆို လုံးဝ ဆို လုံးဝ လုပ်လို့ မပျော်တာမို့ ..  အချော့ခံချင်တဲ့ သင် ... ဂရုစိုက်တာ အလေးထား တာ လိုချင် တဲ့ သင် ကပဲ အလျော့ပေးရ မှာ သေချာပါသည်။ 
® အိုသွေး အချင်းချင်း rs ထားမယ် ဆိုရင်တော့ နားလည်မှုလေးထားပြီး... သြော်.. သူက အိုသွေး. ငါ့လည်း အိုသွေးမို့.. သူ့ အကျင့်စရိုက် စိတ်နေ စိတ်ထား ငါ့လိုပဲ ရှိမှာဆိုပြီး အလျော့ပေးပြီးချစ်ကြ ပါလို့. စာနာ စိတ်ထားလေးမွေးကြပါလို့..
သားရှင်တို့ အတွက် သားယောက်ျားလေးများ ကို ပြုစု ပျိုးထောင်နည်းများ
Lwin Pyin's photo.
လိမ္မာရေးခြား ရှိပြီး ထူးချွန် ထက်မြက်တဲ့ သားလေးတွေ ကိုကြည့်ပြီး  သူတို့ ရဲ့ မိဘ အုပ်ထိန်းသူ...တွေ ဘယ်လို များ ပြုစုပျိုး ထောင်လိုက်ပါလိမ့် ဆိုပြီး အတု ယူချင်စိတ် ဖြစ်ပေါ်မိပါ သလား။ 
ကိုယ့် သားလေးတွေ ကြီး ပြင်း အရွယ်ရောက်လာ ချိန်မှာ  ထူးချွန် ထက်မြက်အောင်မြင် သူတွေ ဖြစ်စေချင်ပါ သလား။
ကလေး တစ်ယောက် ထူးချွန် ထက် မြက်ပြီး လိမ္မာ တဲ့ လူကြီး လူကောင်း ဖြစ်လာဖို့ မိဘ အုပ်ထိန်းသူတွေ အပေါ်မှာ လည်း မူတည် နေပါတယ်။
အထူး သဖြင့် သားယောက်ျား လေးတွေ ကို မွေးထားတဲ့ သားရှင် မိဘတွေ ဟာ ကိုယ့် သားလေးတွေ လမ်းမှား မရောက် စေဖို့ နဲ့ လိမ္မာရေးခြားရှိပြီး  ထူးချွန် ထက်မြက် တဲ့ လူကြီး လူကောင်းတွေ ဖြစ်လာစေ ဖို့ ပျိုးထောင်ပေးသင့်တဲ့ နည်းလမ်း တစ်ချို့ ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်စေရန် သင်ပေးခြင်း
......................................................................................................
သားလေးတွေ ပေါင်းသင်း ဆက်ဆံရေး ကောင်းစေဖို့  အိမ်မှာ မိဘတွေ က သင်ကြားပေး ခဲ့တဲ့ ကလေးတွေ ဟာ အရွယ်ရောက် လာတဲ့ အခါ အောင်မြင်ကြကြောင်း တွေ့ရှိရ တယ် လို့ လေ့လာ သိရှိရပါတယ်။ 
အိမ်မှာ သင့် သားလေးနဲ့ စကားပြောတဲ့ အခါ ''ဘာလဲ''၊ ''အင်း'' စတဲ့ တိုတောင်းတဲ့ စကားတွေ နဲ့ မပြောဘဲ သင့် သားလေး ပွင့်ပွင့် လင်းလင်း ပြောဆို တတ်လာအောင် စိတ်ရှည်ရှည် ထားပြီး ပြောပေးဖို့ လိုပါတယ်။