Showing posts with label နိုင်ငံတကာ သတင်းများ. Show all posts
Showing posts with label နိုင်ငံတကာ သတင်းများ. Show all posts

16 December 2020

ဒီမိုကရက်တွေရဲ့ ကလိမ်ကကျစ်

 



   🍄  အချိန်ရရင်ဖတ်ကြည့်ကြပါ ။

ဒီမိုကရက်တွေရဲ့ ကလိမ်ကကျစ်ကို ဖွင့်ချထားတာ၊ အမေရိကန်တွေ နေဝင်ချိန်စပြီလို့ အလကားရေးတာမဟုတ်ဘူး။ နှစ်ပေါင်း (၇၀) လောက် သူများနိုင်ငံတွေရဲ့ပြည်တွင်းရေးကို စိတ်ကြိုက်ခြယ်လှယ်နေတဲ့ အမေရိကန်ဟာ အိုဘားမား၊ ဟီလာရီကလင်တန် တို့လက်ထက်မှာ အကြီးအကျယ် နိုင်ငံရေးနဲ့ ကိုယ်ကျိုးစီးပွား မသမာ အဂတိမှုတွေရှိခဲ့ရာကနေပြီး အမေရိကန် ရဲ့ပြည်တွင်းရေးကို ရုရှားတွေ ဝင်ကစားလာတယ် ။


၂၀၂၀ ရွေးကောက်ပွဲ မှာတော့ အမေရိကန်ရွေးကောက်ပွဲဟာ....

ရုရှား နဲ့ တရုတ်တွေရဲ့ အားပြိုင်ရာရွေးကောက်ပွဲတစ်ခု အဖြစ် ပီပီပြင်ပြင် ပြောင်းလဲသွားပါတော့တယ် ။


John Solomon နဲ့ Seamus Bruner တို့က အမေရိကန် အတွင်းရေး... အထူးသဖြင့် ဒီမိုကရက်တွေရဲ့ မျက်နှာဖုံးကိုခွာပြီး နိုင်ငံကို ဘယ်လိုရောင်းစားခဲ့တယ် ဆိုတာကို....



ဒီမိုကရေစီကို တိတ်တစ်ဆိတ် အသေသတ်ခဲ့သူ

 



အမေရိကန်တွေ အင်အားချိနဲ့သွားအောင် ကိုယ်ကျိုးစီးပွားနဲ့ အလဲအထပ် လုပ်ခဲ့သူ ( အမေရိကန်ရဲ့ နန်းမတော်မယ်နု )


အကုသိုလ်ကြီး တစ်ခု ကျူးးလွန်ထားသလို လိပ်ပြာမလုံတဲ့ စုဖုရားလတ် လိုသူ ။


နှစ် (၂၄၀) ကျော် ရှင်သန်ခဲ့တဲ့ အမေရိကန် ဒီမိုကရေစီကို တိတ်တစ်ဆိတ် ဝိညာဉ်မဲ့ အသေ သတ်သွားတဲ့သူ၊


သူမ မျက်နှာဖုံးကို တစ်လွှာချင်း ခွာချလိုက်သောအခါ... အရောင်းရဆုံး စာအုပ် တစ်အုပ်ဖြစ်စေခဲ့တဲ့ ..


28 September 2019

ဟိုချီမင်း (Ho Chi Minh)





ဗီယက်နမ် လွတ်မြောက်ရေးခေါင်းဆောင် ဟိုချီမင်း လက်ထက်မှာ ပြင်သစ် နဲ့ စစ်ပွဲ ။အမေရိကန် နဲ့ စစ်ပွဲများ အံ့မခန်းလောက်အောင် တိုက်ခိုက် အန်ုင်ယူခဲ့တာ မိတ်ဆွေတို့ သိပြီးဖြစ်မှာပါ။

နိုင်ငံရေးမှာလည်း အလွန် ပါးနပ်လိမ္မာသူဖြစ် ပါတယ်။အမေရိကန် နဲ့ အကြိတ်အနယ် ရင်ဆိုင် တိုက်ခိုက်နေရချိန် ရုရှား နဲ့ တရုပ် ကလည်း မတည့် ။ ဒါပေမဲ့ နှစ်ဘက်လုံး မျှ အောင်ပေါင်းပြီး နှစ်ဘက်လုံးဆီက ကူအညီ နဲ့ အမေရိကန် ကျူးကျော်စစ်ကို တွန်းလှန်သွားခဲ့တာ မို့ နိင်ငံရေးမှာ အလွန်ပါးနပ်တယ်လ်ို့ ချီးကျူးတာပါ။


ခေါင်းဆောင်မှု မှာတော့ သူ့ရဲဘော်တွေဖြစ်တဲ့ လေဇွမ် တ်ို့ ဖန်ဗန်ဒေါင်း တို့ ဆိုတာ ဒေါင်ဒေါင် မည် သဘောတရားရေး သမားတွေဖြစ်ပါတယ်။ သူတို့ တစ်ဦးချင်းဆီကို က ပါတီနဲ့ နိုင်ငံတော် ကို ဦးဆောင်သွားနိင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ဟို သေတဲ့အထိ သစ္စာစောင့်သိ ရိုသေအောင် ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။


ကိုးကွယ်မှု နဲ့ ပတ်သက်ရင်လည်း တစ်ကယ် လေးစားလောက်ပါတယ်။ ကိုယ်တိုင် က နယ်
ချဲ့ တော်လှန်ချိန်မို့ တွေဝေမှု မရှိအောင် ကွန်မြူနစ် ဝါဒ ကို လက်ခံ ကျင့်သုံးပေမဲ့ ပြည်သူ အများ စု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို မနှိပ်ကွပ်တဲ့အပြင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အကာ အကွယ် ပေးခဲ့လို့ ဗုဒ္ဓဘာသာပြည်သူ တစ်ရပ်လုံးရဲ့အချစ်တော် ခေါင်းဆောင် ဖခင်ကြီးဖြစ်ခဲ့ပါတယ်။




27 August 2019

ကမ္ဘာကျော် ထောက်လှမ်းရေးသမား တစ်ဦး ( သို့မဟုတ် ) တာကီအို ယိုရှိကာဝါ




ဂျပန်ရေတပ်မတော်ရဲ့ လေသူရဲ တစ်ဦးဖြစ်တဲ့ တာကီအို ယိုရှီကာဝါဟာ ဆေးဆင့်နိမ့်လို့ လေသူရဲ အလုပ်မှ အနားပေးခြင်းကို ခံရပါတယ်။ ဘဝကို ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေ ရ ပါတယ်။

တစ်နေ့ -

" မင်းကို ဒို့ စောင့်ကြည့်နေတာကြာပြီ။ မင်းကို အကြောင်းအရာတစ်ခု ပြောမယ်။ နားထောင် ချင်လဲ ရတယ်။ နားမထောင်ချင်ဘူး ဆိုလဲ ရတယ်" လို့ပြောပြီး လူတစ်ယာက်က ဂျပန်ရေ တပ် ထောက်လှမ်းရေး ကဒ်ပြားကို ထုတ်ပြ မိတ်ဆက်ရင်း ပြောလာပါတယ်။

ယိုရှီကာဝါ က နားထောင်ချင်ပါတယ် ဆိုတော့ -

" နားထောင်ချင်တယ်ဆိုရင် ပြောပြမယ်။ ပြောတဲ့အကြောင်းအရာကို မင်းအနေနဲ့ လက်ခံချင်လဲ ရတယ်။ လက်မခံချင်လဲ ရတယ်။ ဒါပေမဲ့ အခုပြောမဲ့အကြောင်းအရာကို တစ်ခြားသူ တစ်ယောက် ကို ပြောပြဆွေးနွေးလို့ မရဘူး။ ပြောပြ ဆွေးနွေးမယ်ဆိုရင် မင်းရဲ့အသက် အတွက် တာဝန်မယူဘူး " လို့ ထပ်ပြီးပြောလာတယ်။

ယိုရှီကာဝါက agree ဆိုမှ Pearl Harbor attack မှာ သူပါဝင်ရမဲ့ ကဏ္ဌကို ပြောပြတယ်။ ပြောလာတဲ့အလုပ်ကို သူကလက်ခံလိုက်တော့ သူ တပ်က ထွက်ခဲ့တဲ့လေသူရဲ ရာထူးလစာ ရဲ့ (၂) ဆနဲ့ သဘောတူခဲ့ကြတယ်။



14 December 2018

အန္တရာယ်ကြီးသော စစ်နှုတ်ခမ်းဝ ကစားကွက်များ



စစ်၏ အငွေ့အသက်အပြည့်ပါသော သတင်း (၁) ပုဒ်ကို ရက်ခြား ဖတ်လိုက်ရသည်။ တစ်ပုဒ်က ယူက ရိန်းမှစစ်သင်္ဘော (၃) စီးကို ရုရှား စစ်သင်္ဘောများက ဖမ်းဆီးလိုက်သည့် သတင်းနှင့် အခြား သတင်း တစ်ပုဒ်က အင်္ဂလိပ် စစ်သင်္ဘောတစ်စီးကို ရုရှား စစ်လေယာဉ် (၁၇) စီးက အနီးကပ် ပျံသန်းမောင်းထုတ်လိုက်သည့် သတင်း ဖြစ်သည်။

တိုက်ဆိုင်မှု မဟုတ်လောက်အောင်နောက်ခံများက ရှိနေပါ၏။ အသေအချာ တွက်ချက်ဖန်တီးပြီးမှ ပြဿနာဖြစ်စေသည်ကိုလည်း အလွယ်တစ်ကူတွေ့နိုင်ပါ၏။

ယူကရိန်း စစ်သင်္ဘောပြဿနာ
တစ်ချိန်က ယူကရိန်းသည် ဆိုဗီယက်ယူနီယံ လက်အောက်မှဖြစ်သည်။ ဂိုဘာချောဗ် လက်ထက်စစ်အေး လွန် ကာလ ဆိုဗီယက်ယူနီယံကြီး ပြိုလဲသွားချိန်တွင် ခွဲထွက်ခဲ့သော နယ်မြေဖြစ်၏။ ယူကရိန်း - ရုရှား သည်နှစ်မွှာအသဲဟု တင်စားရလောက်အောင် နှစ်ကိုယ့် တစ်စိပ်နိုင်ငံဖြစ်သော်လည်း၊ အမေရိကန် CIA တို့၏ ထိုးဖောက် ဝင်ရောက်မှုဖြင့် အမေရိကန် လိုလားသောအစိုးရ တက်ရောက်လာချိန်တွင် ခရိုင်းမီးယားကို ရုရှား ကသိမ်းယူလိုက်ပြီး၊ ယူကရိန်းနယ်မြေထဲသို့ ရုရှားတပ်များအလုံးအရင်းနှင့် ထည့်သွင်းကာ၊ နယ်စပ်တွင် က တုတ်ကျင်းများ တူး၍ အပြင်မှ ထိန်းချုပ်ထားလိုက်သည်။

ရုရှားကို ထိန်းချုပ်ရန် ယူကရိန်းသည် အနီးကပ် အကောင်းဆုံးသောနယ်မြေဖြစ်သည်။ ရုရှား ကို ထောက်ခံသော ထုထည်ကြီးမားသည့် ယူကရိန်း နယ်သားများရှိသလို၊ အမေရိကန် လိုလားသော သူများက လည်း အများအပြားပင် ရုရှားတို့ အငိုက်မိသွားခဲ့ပါ၏။ 

CIA ၏ ထိုးဖောက် စည်းရုံးမှုဖြင့် အမေရိကန် လိုလား သော အစိုးရတက်ရန် ဖြစ်လာသည်။ ခရိုင်းမီးယား တွင် ရုရှား၏ အရေးပါသော ရေတပ်စခန်း ရှိနေရာ ရုရှားအ နေဖြင့် ခရိုင်းမီးယားကို လက်သွက်ခြေသွက်သိမ်းယူလိုက်ရတော့၏။

ယူကရိန်းပြဿနာက ထိုဖြစ်စဉ်ဖြင့် လွန်ခဲ့သော (၅) နှစ်ခန့်က စတင်ခဲ့သည်။ ဆိုဗီယက် ယူနီယံကြီး ပြိုလဲသွားပြီး၊ နယ်မြေ အများအပြား ပဲ့ထွက်ခဲ့သည်။ အချို့ကနေတိုး အဖွဲ့ဝင်အဖြစ်ပင် ဝင်ရောက်သွားခဲ့ရာ ... ရုရှားသည် အလွန်အမင်း အားနည်းစွာ ကျန်ရစ်ခဲ့ပါ၏။ 

ပူတင် သမ္မတဖြစ်လာပြီးနှစ် (၂၀) ကာလတွင် ရုရှား ကို ပြန်လည် တည်ဆောက်ခဲ့ရာ ... စစ်ရေးတွင် အမေရိကန်တို့ကပင် ပြန်၍ သတိထားရသည့် အခြေအနေကို တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတော့၏။

၂၀၁၉ - မတ်လတွင် ယူကရိန်း၌ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်သည်။ လက်ရှိ အမေရိကန် လိုလားသော အစိုးရအနေဖြင့် များစွာမသေချာတော့။ ပင်လယ်နက် အတွင်း ရုရှားရေပိုင်နက်ကို ကျုးကျော် လာသော ယူကရိန်းသင်္ဘော (၃) စီးကို ရုရှားရေတပ်က ဖမ်းဆီးလိုက်သည်။


အားပြိုင်မှု တစ်ခုရဲ့သိသာတဲ့ အဖြေ



Defensive offense ဆိုတာ...ခံစစ်ကို အခြေခံတဲ့ တိုက်စစ်၊
အခု... ထရမ့် သုံးနေတဲ့ ဗျူဟာ မြန်မာ့ လက်ရှိအစိုးရမှာလည်းတွေ့ရတယ် ။
( သူတို့ကိုယ်တိုင်က သိချင်မှ သိမှာ )

တရုတ်က... Offensive defense ဘမောင်တို့ခေတ် စစ်တုရင် စကားနဲ့ ဆိုရင် စစ်စီလီယမ် ခံစစ်၊ ချက်ခြင်းတိုက်စစ်ကိုပြောင်းနိုင်တယ်၊ ခေတ်သစ်မှာ... ဘလစ်ဇ်ဖြစ်လာတယ်။

ကုန်သွယ်စစ်ကို အားလုံး တားနေတဲ့ကြားက ထရမ့် က စတင်ခဲ့တယ် ။ နှစ်ဖက်နာကြတယ်၊ နောက်ဆုံးမှာ
နိုင်ငံရေး စနစ်က တရုတ်ကို ပံ့ပိုးပေးသွားမယ်လို့ ကြိုတင်သုံးသပ်ပေးခဲ့ပါတယ်၊ အခု စပြီး အဖြေက
တစ်ဖြည်းဖြည်းပေါ်လာပါပြီ၊

ရက် (၉၀) ကုန်သွယ်စစ်ကို ခဏရပ်ဆိုင်းကြတယ် ။ ဟွာဝေ CFO ကို ဖမ်းပြတာနဲ့ စမ်းသပ်မှု တစ်ခုကို

လုပ်ကြတယ်၊ Huawei ကို ဈေးကွက်ပိတ်လိုက်တယ် ။ တရုတ်ဖက်ကလည်း ကနေဒါ လူမျိုး သံတမန်ဟောင်းကို ချက်ခြင်းဖမ်းပြပြီး iPhone ရဲ့တရုတ်ဈေးကွက်ကို ပိတ်ပစ်လိုက်တယ် ။

တရုတ်ရဲ့ တုန့်ပြန်မှုက (၂၄) နာရီအတွင်း ဖြစ်တာဆိုတော့ Offensive defense လက္ခဏာ အပြည့်တွေ့

ရပြီး အမေရိကန်ဖက်က တန်ပြန်မှုမတွေ့ရသေးဘူး။

ဒီနေရာမှာ ထရမ့် ရဲ့အကြပ်အတည်းက အတော်ကြီးတယ် ။ သူ့ရှေ့က သမ္မတတွေလို စားကောင်းသောက် ကောင်း နေသွားရင်... နောက်ဆယ်စုနှစ်မှာ တရုတ်က သာသာလေး ကျော်သွားတော့မယ် ။


တရုတ် နဲ့  ရွယ်မတူခင်မှာ စွန့်စားမှ သမ္မတရဲ့တာဝန်ကြေပြီး အမျိုးသား အကျိုးစီးပွားအရေးကို ထမ်းဆောင်နှိုင်မှာ။

တရုတ်နဲ့ ထိပ်တိုက်တွေ့မှုကို ရှောင်ရင် နောင် (၁၀) နှစ်မှာ အမေရိကန်နေရာဖယ်ပေးရမယ်၊
တရုတ်နဲ့ ထိပ်တိုက်တွေ့ရင်... နိုင်ခြေရှိတယ် ။ ဗျူဟာမှန်ဖို့တော့လိုတာပေါ့လေ။
Reverse theory အရ တရုတ်က အမေရိကန်နဲ့ ထိပ်တိုက်မတွေ့ပဲ နောင် (၁၀) နှစ်ကိုစောင့်မှာပေါ့။

27 September 2018

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် ပတ်သက်၍ ပြောကြားချက်



သမ္မတထရန့် ၏ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှ မြန်မာ ပရိတ်သတ်ကြီး အကြိုက်တွေ့ဖွယ် ပြောကြားချက်များ ၊

လူ့အခွင့်အရေးကောင်စီဟာ ကုလသမဂ္ဂကြီး တစ်ခုလုံးကို အရှက်ရအောင် လုပ်နေတယ်လို့ ကျွန်တော် မနှစ် ကလည်း ကုလသမဂ္ဂကြီးကို သတိပေးခဲ့ဖူးပါတယ်။ လူ့အခွင့်အရေးကောင်စီဟာ တစ်ကယ် လူ့အခွင့် အရေး ချိုးဖောက်နေတဲ့သူတွေကိုတော့ အကာအကွယ်ပေးထားပြီး ကျွန်တော်တို့ အမေရိကန်နဲ့ မိတ်ဆွေ နိုင်ငံတွေကိုတော့ လာလာ ပုတ်ခတ်နေပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီ က လူ့အခွင့်အရေးကောင်စီ ကို ပြုပြင် ပြောင်း လဲဖို့ အတွက် ကုလအနေနဲ့ ဘာတွေဘာတွေ လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြ ပေး ထားပြီး သားဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာမှဖြစ်မလာသေးပါ။ ဘာမှလဲ မပြောင်း လဲသွားသေးပါ။ အဲ့တော့ အမေရိကန်ကပဲ တာဝန်ယူပြီး စလုပ်ရပါတော့မယ်။ ကျွန်တော်တို့ နိုင်ငံသည် လူ့အခွင့်အရေးကောင်စီ ကနေ နှုတ်ထွက်ပါတယ်။ ခင်ဗျားတို့ အချိုးတွေပြင်ပါ။ အချိုးတွေ မပြင်မချင်း ကျွန်တော်တို့ ပြန်မလာပါ။

အိုင်စီစီ နှင့် ပတ်သက်၍ ပြောကြားချက်

အမေရိကန်သည် အိုင်စီစီ ကို လုံးဝ အသိအမှတ်မပြုပါ။ အိုင်စီစီ တွင် တရားစီရင်ခွင့် မရှိပါ၊ တရားဝင်မှုမရှိပါ၊ လုပ်ပိုင်ခွင့်လည်း မရှိပါ။ အိုင်စီစီ ဟာ နိုင်ငံတိုင်းက နိုင်ငံသားတိုင်းအပေါ်ကို အလုံးစုံတရားစီရင်ခွင့် Universal Jurisdiction လောက်နီးနီးရဖို့ တောင်းဆိုနေပါတယ်၊ တရားမျှတမှုကို ချိုးဖောက်နေပါတယ်၊

10 March 2018

ထရမ့် နဲ့ ကင်ဂျုံအန်



မေလထဲမှာ ထရမ့် နဲ့ ကင်ဂျုံအန် တို့တွေ့ဆုံကြပါလ
ိမ့်မယ် ။
ထရမ့် အတွက် ကင်ဂျုံအန်နဲ့ တွေ့ဆုံမှုဟာ အဆုံးစွန်သော အမြင့်ဆုံး စမ်းသပ်မှုတစ်ခုဖြစ်
တယ်လို့ဆိုကြတယ် ။

နှစ်ဘက် ကန့်သတ်လိုလားချက်တွေဟာ တစ်ဖက်နဲ့ တစ်ဖက်မလိုက်လျောနှိုင်တာတွေရှိမှာဖြစ်တဲ့အတွက်
ချက်ခြင်း ပြေလည်ဖို့မလွယ်လှပါဘူး၊

ကင်ဂျုံအန်အနေနဲ့ ထောက်လှမ်းရေး ဆိုင်ရာ အတွင်းသတင်း ကြီးကြီးမားမား ရ
ထားဟန်ရှိတယ်၊
Time strategy ကစားဖို့ ဖြစ်လာပါလိမ့်မယ်၊

နောက် သံသယတခုက...
ကင်ရဲ့သဘောထားဘာလို့ U turn ပြောင်းလဲသွားရတာလဲ ၊
May be not his real attitude.

သူ့ ICBM ကို လိုချင်တဲ့ အဆင့်ရောက်ဖို
့ လိုလာလိမ့်မယ် ။ အဲ့ဒီအဆင့်ရရင် Leverage ရော Bargaining power ရော အပြည့်နီးပါးလောက်ရမယ်ဆိုတာ ကြိုတွက်ထားပြီးလဲဖြစ်ပါလိမ့်မယ် ။

နောက်တစ်ချက်က
တောင်တရုတ်ပင်လယ် ကျွန်းတွေက
ိစ္စ... ထရမ့် ရဲ့အာရုံ ကို diversion ပေးလိုက်တဲ့ သဘောလဲပါနှိုင်နေတယ် ။

13 January 2018

သမိုင်း တစ်လျှောက် သမ္မတသက်တမ်း တစ်နှစ်အတွင်း အအောင်မြင်ဆုံးဖြစ်လာတဲ့ ထရမ့်



သူ့ကို အစွန်းရောက်လို့ပြောေ
ပြာ၊ စိတ်မနှံ့တဲ့သူလို့ပဲ ပြောပြော သူကတော့ လုပ်စရာရှိတာ ဆက်လုပ်ခဲ့ တာပဲ။ သူဟာ အကောင်းဆုံးကျောင်းကနေ စီးပွားရေးနဲ့ ဆိုင်တဲ့ဘွဲ့ကို ရခဲ့တယ်၊ ရုပ်သံ အစီအစဉ်တွေမှာ ဆယ်စုနှစ်နဲ့ချီ အောင်မြင်ခဲ့တယ် ။

ဒေါ်လာ ဘီလီယံပေါင်းများစွာ အမြတ်ထွက်တဲ့စီးပွားရေးလုပ်ငန်းကို လုပ်ခဲ့တယ်၊ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို တစ်ခါပဲ ၀င်အရွေးခံပြီး တစ်ခါထဲမှာပဲ သမ္မတ ဖြစ်ခဲ့တယ်၊ သူ့ကိုရတာ အမေရိကန် ပြည်သူတွေကံကောင်းတယ်လို့တောင် ပြောလိုက်သေး။

အခုတော့ အမေရိကန်စီးပွားရေးဟာ သူသမ္မတဖြစ်လာပြီးနောက်ပိုင်
း ပညာရှင်တွေမှန်းထားတာထက် ကျော်လွန်ပြီး တိုးတက်လာခဲ့ပြီ။ အလုပ်လက်မဲ့နှုန်းက အနိမ့်ဆုံးထိ ကျဆင်းခဲ့သလို အလုပ်အကိုင်သစ် သိန်းနဲ့ချီ ဖန်တီးပေးနိုင်ခဲ့ပြီ။ GDP က မျှော်မှန်းထားတာထက်ပိုပြီးတက်လာခဲ့ပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေ ၊ အသေးစား စီးပွားရေး လုပ်ငန်းတွေကလဲ အကုန်အောင်မြင်တော့ ဘာလိုဦးမှာလဲ။

သူသမ္မတဖြစ်လာတော့ ဒီမိုကရက်တွေက နည်းလမ်းမျိုးစုံနဲ့ တိုက်ခိ
ုက်ခဲ့ကြတယ်။ ထရမ့်ကို မကြာခင်ပြုတ်တော့ မယ်လို့ ထင်ရလောက်အောင် ရုရှားနဲ့ ပတ်သက်မှုတွေ၊ လိင်ပိုင်း ဆိုင်ရာ စွပ်စွဲချက်တွေ၊ ထရမ့်ရဲ့မကောင်းသတင်းတွေ မျိုးစုံဖြန့်ခဲ့ကြတယ်။ ခုတော့ အဲဒီစွပ်စွဲချက်တွေ အလကားဖြစ်ကုန်လို့ ဟီလာရီ ကလင်တန် တို့ ဒီမိုကရက်တွေ နောက်ထပ် တိုက်ကွက်သစ် စဉ်းစားနေရပြီ။

သူဘာတွေလုပ်ခဲ့ပြီး ဘာတွေ အောင်မြင်ခဲ့သလဲဆိုရင် .......

သမ္မတ သက်တမ်း ပထမရက် ၁၀၀ အတွင်း အမေရိကန် အတွက် အကျိုးမရှိတဲ့ ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှု
 စာချုပ် ကနေ နုတ်ထွက်တယ်။ ပြည်ထောင်စု တရားသူကြီးချုပ်အသစ်ခန့်တယ်။ မွတ်ဆလင် ၆ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်တော့ သူနဲ့ ပြည်နယ် တရားရုံးတွေအကြား တိုက်ပွဲဆင်နွှဲ ခဲ့ရသေးတယ်။ တရားစီရင်ရေး စနစ်မှာ သမ္မတလည်း ဥပဒေ အထက် မရှိဘူးဆိုတာ သက်သေပြခဲ့တယ်။



28 December 2017

အမေရိကန် ၏ နေ၀င်ချိန်လား ... အာရှ ၏ မီးတောက်သစ်လား



အမေရိကန် ရဲ့အမျိုးသား လုံခြုံရေး မူဝါဒသစ်နဲ့Israel မြို့တော်ကို ဂျေရုဆလင် အဖြစ် တရားဝင် သတ်မှတ် ကြောင်း သဘောထားကြေညာချက်တွေနောက်မှာ..ကမ္ဘာကြီးရဲ့အင်အား ချိန်ခွင်လျှာပြောင်းလဲမှူနဲ့US  ပြည်တွင်းရေး မတည်ငြိမ်မှူတွေ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံရေးသုတေသီတွေက သုံးသပ်ကြပါတယ်။

...ပထမဆုံး အမေရိကန်ပြည်တွင်းရေးကို တင်ပြရရင်..
...အရှေ့အလယ်ပိုင်းက သတင်းစာတွေမှာတော့..အမေရိကန်ရဲ့ကြေညာချက်ဟာ သူတို့ရဲ့ အီရန်နဲ့ ရှီရိုက်တွေကို အမြစ်ဖြုတ် တိုက်ခိုက်ဖို့ လက်မလျှော့ဘူး ဆိုတာပြလိုက်တာလို့ဆိုပါတယ်။ သူတို့ဟာ အမေရိကန်ပြည်သူတွေကို အမှန်တရားကို ဖုံးကွယ်ထားတဲ့ လှည့်စားမှူတွေနဲ့အာရုံလွှဲနေပြီး၊ အကြီးစားလိမ်ညာမှူတွေနဲ့ အီရန်ကို ချေဖျက်ဖို့ကြိုးစားနေတယ်လို့သုံးသပ်ပါတယ်။
US new foreign policy: Creation of the ‘illusion of truth’
US would like not to surrender their Iran idea when all evidences are against them. To do so, they try to distract the public by talking about anything other than ways in which their policies will benefit them,lying so “colossal” that no one would believe that someone “could have the impudence to distort the truth so infamously.




ရောဘတ်ဒေးဗစ်စတီး ဆိုတဲ့ CIA အေးဂျင့်ဟောင်း တစ်ဦးကတော့ ဘယ်လို ထုတ်ပြောလာသလဲဆိုရင်၊ ကမ္ဘာကြီးဟာ ဇီယွန်ဝါဒကို လက်မခံကြောင်း UN မှာ ပြသလိုက်တာဖြစ်ပြီး အမေရိကန်ရဲ့ ပါလက်စတိုင်းတွေကို မျိုးတုန်းသတ်ဖြတ်သလို ဖြစ်စေမည့် မူဝါဒကို လက်မခံကြောင်း ပြသနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
Robert David Steele hailed the recent UN General Assembly’s vote against the US decision to recognize Quds as the capital of Israel, saying it shows the world is aligned against Zionism and its genocidal policies against the Palestinians.


14 October 2017

ဘင်္ဂါလီများ နိုင်ငံသားဖြစ်ရေး ကုလသမဂ္ဂ၏ တွန်းအားပေးမှု မှားယွင်းဟုဆို


မြန်မာနိုင်ငံရှိ ဘင်္ဂါလီ (ရိုဟင်ဂျာ ဟု မူရင်းဖော်ပြထား) များ၏ အခွင့်အရေးများကို ကာကွယ်ပေးရမည်  ဖြစ်သော်လည်း ၎င်းတို့နိုင်ငံသားဖြစ်ရေးအတွက် ကုလသမဂ္ဂ၏ တွန်းအားပေးမှုသည် မှားယွင်းကြောင်း မြန်မာ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူ ကက်သလစ် ဘုန်းတော်ကြီး James Mawdsley က ပြောသည်။ 

ဆက်လက်ပြီး ၎င်းက အနောက်အုပ်စု အစိုးရများ၊ NGOs များနှင့် မီဒီယာများ၏ တုံ့ပြန်မှုသည် အလွဲလွဲ အချော်ချော်ဖြစ်နေသည်ဟုလည်း ပြောကြားသည်။ အနောက်အုပ်စုတွင် ဖြစ်ပေါ်နေသော ထင်မြင် ယူဆ
ချက်၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂသည် ဘင်္ဂါလီ ထောင်ပေါင်းများစွာအား နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာနိုင်ငံကို စဉ်ဆက် မပြတ် ဖိအားပေးနေကြောင်း၊ 

ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးအဖွဲ့ကလည်း နိုင်ငံသားဖြစ်ခွင့်ပေးရေးအတွက် ဥပဒေ အပြောင်းအလဲ တစ်ရပ်ပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း၊ လန်ဒန်မြို့မှ သည် ၀ါရှင်တန်ဒီစီ အထိ လော်ဘီများ က ဤအဆိုပြုချက် အပေါ် ကျယ်ကျယ်ပြန့်ပြန့် လိုလား ထောက်ခံနေ ကြကြောင်း James Mawdsley က ပြောကြားခဲ့သည်။

ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ရန် တွန်းအားပေးနေသည့် ပြင်ပ အင်အားစုများ အနေနှင့် အတိတ်မှ အမှားများ၏ တစ်ခုကို သင်ခန်းစာ ယူသင့်ကြောင်း၊ ဗြိတိသျှအင်ပါယာသည် အိန္ဒိယ တိုက်ငယ်တွင် ခွဲခြားအုပ်ချုပ်မှု၏ ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုရှိသည့် မဟာဗျူဟာ တစ်ရပ်ကို ကျင့်သုံးခဲ့ကြောင်း၊ 

ဤမဟာ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံသည် အိန္ဒိယ၊ မူဆလင် အမြောက်အမြားကို မလွှဲမရှောင် သာလက်ခံခဲ့ရ ကြောင်း၊ ခုအခါ ကမ္ဘာကြီးသည် ပိုမိုကြီးမားသော လူအုပ်စုကြီး တစ်ခု စုပြုံကျလာမှုကို မြန်မာနိုင်ငံ အနေနှင့် လက်ခံရန် ကြိုးပမ်းနေကြောင်း၊ 

ဤအချက်သည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် အမှတ်အသားကို ခြိမ်းခြောက် အန္တရာယ်ပြုရာရောက်ကြောင်း၊ အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုနေကြကြောင်း ၎င်းက ပြောကြားသည်။



05 October 2017

လာအို ဟာ မြန်မာ ကို ဘာကြောင့် ကျော်တက်သွားနိုင်သလဲ



လူဦးရေ ၆ သန်းကျော်သာ ရှိပြီး မြေပြန့်နည်းပါး တောင်တွေ ပေါတဲ့ ကုန်းတွင်းပိတ် နိုင်ငံငယ်လေး ဟာ 
အမြန်ဆုံး တိုးတက်လာတာ အံ့မခန်းပါပဲ။

နောက်ဆုံး ကျန်ရှိနေတဲ့ ကွန်မြူနစ် နိုင်ငံငယ်လေး တစ်ခုပေမယ့် အဓိက အားကောင်းတဲ့ နိုင်ငံခြား export၊ ဘီလီယံချီ တန်တဲ့ အခြေခံ အဆောက်အဦးတွေဖြစ်တဲ့ ကျည်ဆံရထားလမ်း နဲ့ အမြန် လမ်းမကြီးများ၊ ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ထူခြား ပြောင်မြောက်တဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို ထိန်းထားနိုင်ခဲ့ တယ်။

ဘီလီယံချီ ရင်းနှီးမြုပ်နှံမှုတွေကို တရုတ်၊ ထိုင်း နဲ့ ဗီယက်နမ် တို့မှ ရရှိခဲ့တယ် ။ မြန်မာနိုင်ငံ မှာတော့ နိုင်ငြံ
ခား ရင်းနှီးမြုပ်နှံမှု လာမယ့် နိုင်ငံတွေ များလှပေမယ့် ဟိုဟာ ကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုး နဲ့ ချီတုံ ချတုံဖြစ်ပြီး တစ်ကယ်ကောင်းတဲ့ ကိုရီးယား samsung ရဲ့ ၄.၅ ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုတော့ လွဲခဲ့ရ တယ်။
လာအို ဟာ ရေအားလျှပ်စစ် အပေါ်မှာ အသက်ရှု မှားလောက်အောင် ရည်မှန်းချက်ကြီးတွေ ရှိတယ်။ အမျိုးသား တံဆိပ်ထဲမှာ ဆန်စပါး နဲ့အတူ ရေကာတာကြီး တစ်လုံးပုံပါ ထည့်ထားတဲ့ အထိပဲ။ နိုင်ငံတွင်း ဆည်ကြီး ၁၃ လုံး ဆောက်ထားပြီး နောက်ထပ် အလုံး ၇၀ ထပ်ဆောက်မှာဖြစ်တယ်။
၁၀၀၀ မီဂါဝပ် ထွက်တဲ့ နမ်သီယွန်-၂ ဆည်ကြီးဟာ ကမ္ဘာ့ဘဏ်နဲ့ ADB ဘဏ်က တစ်စိတ် တစ်ပိုင်း 
ထောက်ပံ့ ခဲ့ပြီး ၂၀၁၀ မှာ စတင် လည်ပတ်တယ်။ ဒီဆည်က ၂၅ နှစ် အတွင်းမှာ လာအို အတွက် ၂ ဘီလီယံ ဒေါ်လာကို ရှာဖွေပေးမှာဖြစ်တယ်။




20 September 2017

ဒို့လဲ အစ္စရေးထံမှ နည်းယူပြီး အိန္ဒိယလို လုပ်သင့်ပြီ



အကြမ်းဖက်ရန် ကာကွယ်ရန် India Border Security Force(BSF) အိန္ဒိယ( BSF) က ပါကစ္စတန် ဘက်
မှ အကြမ်းဖက်သမားတွေ ဝင်လာသည့် အတွက် အိန္ဒိယ နိုင်ငံတွင်း ထပ်မဝင်နိုင်အောင် အစ္စရေး ၏  အဆင့်မြင့် နည်းပညာ ယူပြီး Automatic guns,radar,ရေအောက် sensors နှင့် မြေအောက် Sensors , အဆင့်မြင့် electronic ထောက်လှမ်းရေး ကရိယာများ များ တပ်ဆင်ပြီး  Central Control room မှ စောင့် 
ကြည့်နိုင်အောင် လုပ်ထား ပါတယ်။

ရန်သူ ကပ်လာပါက  အလို အလျှောက် သိနိုင်ပြီး ရန်သူအား အဆင့်မြင့် ကင်မရာ တပ်ထားသော Automatic gun မှ  အကြမ်းဖက်သမား အား တိတိ ကျကျ ပစ်ခတ် နိုင်အောင် အဆင့်မြင့် Security System တပ်ဆင် ထားပါသည် ။







07 August 2017

၂၀၂၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ရှိနေတဲ့ နပန်းသမားကြီး The Rock



နာမည်ရင်း Dwyane Johnson ဖြစ်ပေမယ့် ကြိုးဝိုင်း အတွင်းမှာ The Rock ဆိုတဲ့ နာမည်နဲ့ လူသိများတယ် ။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင် အတွင်းက အအောင်မြင်ဆုံး နပန်းသမားဘဝကို ဖြတ်သန်းနေတယ်။ အဲဒီနောက် ရုပ်ရှင်လောကထဲ ဝင်လာတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ နာမည်ကျော် ဟောလီးဝုဒ် မင်းသားပေါင်းများစွာကို ကျော်တက်ပြီး တစ်နှစ်တာ ဝင်ငွေ အ ကောင်းဆုံးမင်းသား ဖြစ်လာတဲ့သူက အခုတော့ နောက်ထပ်ခြေလှမ်း အနေနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲကိုပါ ပါဝင် ယှဉ်ပြိုင်လာဖို့ ရှိနေပါပြီ။

၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ လှုံ့ဆော်ရေး အဖွဲ့ကိုလည်း တရား ဝင် ဖွဲ့စည်းလိုက်တာ တွေ့ရသလို Run the Rock 2020 ခေါင်းစဉ်နဲ့ ဒီအဖွဲ့ကနေ လာမယ့် အိမ်ဖြူတော်မှာ သမ္မတနေရာ ရရှိရေး အတွက် လုပ် ဆောင်သွားတော့မယ်လို့ ဆိုပါတယ်။ အခုလို ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခြင်းနဲ့ လက်ရှိ ဆောင်ရွက်စရာရှိတာတွေကို လုပ်ဆောင်မှုကိုတော့ The Rock ကိုယ် တိုင် လုပ်ဆောင်နေတာ မဟုတ်ဘဲ Kenton Tilford အမည်ရှိ ကိုယ်စားလှယ် နဲ့ ဆောင် ရွက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်းကလည်း The Rock က နည်းဥပဒေတွေ အတိုင်း လိုက်နာဆောင်ရွက်ကြိုးစားသွားမှာပါလို့ အခုအ ကြောင်းနဲ့ ပတ်သက်ပြီး အရိပ်အမြွက် ဖြေကြားခဲ့တာလည်း တွေ့ရပါတယ်။ လက်ရှိ သမ္မတ ထရမ့်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေ အပေါ် သူ့ရဲ့ အမြင်ကို မေးမြန်းမှုမှာလည်း ကျနော်သာ သမ္မတ တ ယောက်ဆိုရင် အလွန်ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ 

အရေး ကြီးတာတွေကို လုံးဝ မမှားယွင်းစေရ အောင် လုပ်ဆောင်မယ် ။ ခေါင်းဆောင်ဟာ နိုင်ငံ တစ်နိုင်ငံအတွက် အရေးအပါဆုံးပါ ။ အားလုံးအတွက် တာဝန်ခံနိုင်စွမ်း ရှိရမယ် လို့ ယူဆမိပါတယ်လို့ ဖြေသွားပါ တယ်။

ဒါပေမယ့် ခေါင်းဆောင်ဟာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အားလုံးကို တာဝန်ယူရမယ် ဆိုတာကို လူတိုင်းကတော့ လက်ခံချင် မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလို လက်မခံချင်သူတွေကို လက်ခံအောင် ကျနော်  လုပ်ဆောင်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆို တော့ ကျနော်လည်း ပြည်သူ တစ်ယောက်ဖြစ်လို့ပါပဲ ။ ကျနော်တို့ လုပ်ဆောင်သမျှ အကျိုးဆက်ကို ကျနော်တို့ ခံစားရမယ် ။

သ ဘောထားတွေ ကွဲလွဲမှုတွေ ရှိချင် ရှိမယ် ။ ဒါပေမယ့် ကိုယ့်ကို လက်မခံသူတွေကို လိုက်ပြီး တောင်းဆိုနေဖို့ မလိုအပ်ဘူး၊ ဒါပေ မယ့် သူတို့အတွက်ပါ အကောင်းဆုံး လုပ်ဆောင် ပေးသွားဖို့ပဲ လိုအပ်တာပါလို့ သူက ဆက်ပြောသွားတာလည်း တွေ့ရပါ တယ်။

25 July 2017

US ရဲ့ Area 51 အကြောင်း လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း



အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်ထဲက..Area51 ဆိုတဲ့ ထိပ်တန်း လျှို့ဝှက်ဒေသမှာ ရှိတဲ့Alien Research Center ဟာ သက်ရှိဂြိုလ်သားတွေကို မွေးမြူလေ့လာ စမ်းသပ်မှူတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ မရေရာတဲ့ သတင်းတွေပေါ်ထွက်ခဲ့တာကြာပြီဖြစ်ပါတယ်။

အမေရိကန် သမတတွေတောင် မရောက်ဖူးတဲ့ ဒီနေရာဟာ လျှို့ဝှက်လွန်းပြီး သီးခြား တီထွင် သူတွေနဲ့ သီးခြား ကွပ်ကဲမှူတွေ လေတပ်တစ်ခုလုံးရဲ့ အကာအကွယ်တွေ ရယူထားတာလို့ဆိုပါတယ်။

လက်ရှိ အခြေအနေမှာ တိတ်တစ်ဆိတ် လေ့လာသူတစ်ဦးက Area 51 တည်ရှိရာတောင်ကြီးကိုကောင်းကင်ဂြိုလ်တုပုံက တစ်ဆင့်လေ့လာတွေ့ရှိခဲ့ပြီး တောင်ကြီးရဲ့ ပုံစံက ပန်းကန်ပြားပျံ ပုံစံမျိုးဖြစ်နေတဲ့ အပြင် ၊တောင်ရဲ့အောက်ခြေမှာ ဂြိုလ်သားတွေ အသုံးပြုတဲ့ ယဉ်ပျံတွေ ၀င်ထွက်ရာ အပေါက်မျိုး လုပ်ဆောင်ထားတာကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အဲ့ဒီ နေရာကို UFOHangar ဂြိုလ်သားယဉ်တွေ သိမ်းဆည်းရာနေရာ အဖြစ် ခေါ်ဝေါ်သတ်မှတ်နေကြပါ တယ်။ အဲ့ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေကို မြင်တွေ့ခဲ့သူတစ်ဦးက ဖော်ထုတ်ထားတဲ့ ဗီဒီယိုဖိုင် တစ်ခုလည်းထွက်ပေါ်လာခဲ့ပါတယ်။



ဟစ်တလာ ဘာ့ကြောင့် ဂျူးတွေကို သတ်သလဲ



သမိုင်းနောက်ကွယ်က သွေးစွန်းသော တနင်္ဂနွေ ( Bloody Sunday )
ဒုတိယကမ္ဘာစစ် အစ ပိုလန်ကို ဝင်ရောက် တိုက်ခိုက်ခြင်း ၁၉၃၉ ခုနှစ် အစ ဂျာမန် - ပိုလန် ပဋိပက္ခမှာ ပိုလန်တွေက ဂျာမန် ပိုင်နက် အရှေ့ ပရပ်ရှား ပြည်နယ် ထဲကို ပိုလန် ရဲ့ ကမ်းခြေမြို့ ဖြစ်တဲ့ ဒန်းဇစ် (Danzig) ကနေ ပိုမို ကျူးကျော် ဝင်ရောက်ခြင်း ကနေ အချင်းများ ရာက ပြဿနာ ကြီးထွား လာခဲ့ပါတယ်။
ဟစ်တလာက ဒီပြဿနာ အပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ကမ်းလှမ်း ပေမယ့် တည်ကြည်​လေးနက်စွာ ဆွေးနွေး ညှိနှိုင်းခြင်းကို ပိုလန်တွေက ငြင်းဆန် ပယ်ချ ခဲ့ပါတယ်။
ပိုလန်ထဲရှိ လူနည်းစု ဂျာမန် တိုင်းရင်းသား​တွေ လုံခြုံ့ရေး အတွက်လည်း ဟစ်တလာမှာ သောက ပွေလာပြီး ဦးစားပေး စဉ်းစားစရာ ဖြစ်လို့ လာပြီ ဖြစ်ပါတယ်။
၁၉၃၄ ခုနှစ် ကတည်းက အရှေ့ ပရပ်ရှား နဲ့ ဒန်းဇစ်မြို့ကို ပိုလန်တွေ က ဖြတ်တောက် ထားရှိခဲ့ပြီး ဝါဆော အစိုးရက ဒီ ဆိပ်ကမ်းမြို့ကို စစ်ရေး အတွက် အရေးပါ အရာရောက်မှန်း သိလို့ ထိန်းချုပ်ထားခဲ့ကြပါတယ်။ ထိုနည်းတူပင် အနောက် ပရပ်ရှားရှိ ဆိပ်ကမ်း မြို့နှစ်မြို့ ကိုလည်း ထိုနည်းတူ ပိတ်ဆို့ထားရှိပါ တယ်။
ဟစ်တလာက ပြေလည်အောင် ဆွေးနွေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ သော်လည်း မအောင်မြင်ပါ။ အင်္ဂလိပ် နှင့် ပြင်သစ် နောက်ခံ အင်အား ရှိနေတဲ့ အတွက် ပိုလန်က ဒီ ပြသဿနာ အပေါ် ခေါင်းမာပြီး ဂျာမနီ နဲ့   ကောင်းစွာ ဆွေးနွေး ညှိနှိုင်းခြင်း မပြုတာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ပြသာနာရဲ့မီးစကို မီးတောက် ဖြစ်အောင် မီးရှို့ပေးမယ့် ကိစ္စတစ်ခုကိုလည်း ဝါဆောအစိုးရက မဆင်မခြင် ထပ်မံ လုပ်လာ ပါတယ်။
အနောက်ဖက်ရှိ ပိုလန် နယ်စပ်ကို နယ်မြေ ချဲ့ထွင်တဲ့ အနေ နဲ့ အနောက်ဖက် ဘာလင်ဖက် ကို ရုတ်တ ရက် စီမံကိန်း ချပြီး မြေနေရာ တိုးချဲ့လာတဲ့ အပြင် ပိုလန် နိုင်ငံ တစ်ဝှမ်းလုံးရှိ တိုင်းရင်းသား လူမျိုးတွေ အပြင်း ဂျာမန် အခြား မျိုးနွယ်စုတွေ ကိုလည်း လူမျိုးရေး၊ ဘာသာရေး အရ စနစ်တစ်ကျ ခွဲခြား ဖိနှိပ် သတ်ဖြတ် မှု့တွေ လုပ်လာ ခဲ့ပါတယ်။
ညစဉ် လိုလို ပိုလန် နယ်စပ် တစ်လျှောက် သေနတ်သံများ ကြားကြ ရပြီး ဂျာမနီ ထဲ ပြေးဝင် ခိုလှုံ သူတွေ တစ်နေ့တစ်ခြား ပိုများ လာ နေပါတယ်။


04 July 2017

မြောက်ကိုရီးယား နှင့် ထိုင်ဝမ် အရေးတို့ကြောင့် အမေရိကန် နှင့် တရုတ် ဆက်ဆံရေး ဆိုးရွားလာ


ထိုင်ဝမ် သို့ အမေရိကန် က လက်နက်များ ရောင်းချခဲ့မှု နှင့် မြောက်ကိုရီးယားနှင့် ဆက်နွှယ်သော တရုတ် ဘဏ် တစ်ခုအား အမေရိကန် က ပိတ်ဆို့ အရေးယူမှုတို့အား ပေကျင်း က ဒေါသ ထွက်ခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဇွန် ၃၀ ရက်တွင် ခပ်တန်းတန်းဖြစ်သွားခဲ့ကြောင်း သိရသည်။
 ပြီးခဲ့သော ဧပြီ တွင် ဖလော်ရီဒါ ရှိ ၎င်း၏ အပန်းဖြေ စခန်း၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သမ္မတရှီကျင်ပင်း အား ဧည့်ခံတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ အကြား ပြေလည်ခဲ့သော ဆက်ဆံရေးသည် အမေရိကန် ၏ ရုတ်တရက် လုပ်ဆောင်မှုနှင့် တရုတ် ၏ ဒေါသတစ်ကြီး တုံ့ပြန်မှုတို့ကြောင့် အက်ကြောင်း ထင်သွားခဲ့ပြီဖြစ်သည်။
အမေရိကန် ၏ လုပ်ရပ်များသည် Mar-a-Lago အပန်းဖြေ စခန်း ၌ တွေ့ဆုံမှုမှ အရေးပါသော စိတ်ဓာတ်အား ဆန့်ကျင်လိုက်ခြင်းဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေး ၏ အထွေထွေ လမ်းကြောင်းနှင့် ရှေ့နောက် မညီ ဖြစ်နေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် လူကန်က ပြောကြားခဲ့သည်။
 မြောက်ကိုရီးယား ၏ ငွေကြေးများအား ခ၀ါ ချခဲ့သည်ဟု စွပ်စွဲချက်ဖြင့် တရုတ် တန်တုံဘဏ် အား အမေရိကန် ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ကိုင်ခြင်း သို့မဟုတ် စာရင်း ဖွင့်ခြင်းများကို ပိတ်ပင်သွားမည်ဟု အမေရိကန် ဘဏ္ဍာရေး ဌာန က ထုတ်ပြန်ခဲ့ပြီးနောက် ၀ါရှင်တန် အနေဖြင့် ၎င်း ၏ မှားယွင်းနေသော လုပ်ရပ်များအား ရပ်တန့်ပစ်ရန် လူ က တိုက်တွန်းခဲ့သည်။
တရုတ်က ပြန်လည် ပေါင်းစည်းရန် စောင့်ဆိုင်းနေသည့် သူပုန်ပြည်နယ် ဟု စဉ်းစားထားသော ထိုင်ဝမ် သို့ အမေရိကန် အစိုးရက ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချရန် အတည် ပြုခဲ့မှု ကို လည်း အပြင်းအထန် ကန့်ကွက်ကြောင်း လူက ပြောကြားခဲ့သည်။
 ဟောင်ကောင်တွင် အခြေခံ အကျဆုံး အခွင့်အရေးများနှင့် ပတ်သက်၍ စိုးရိမ် မိကြောင်း  အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်မှုသည် တာဝန်မဲ့သော မှတ်ချက်များဟု လူက တုံ့ပြန်ခဲ့သည်။ ဗြိတိန်က ကိုလိုနီဟောင်း ဟောင်ကောင် အား တရုတ်ထံ ပြန်လည်လွှဲပြောင်းပေးမှု အနှစ် (၂၀) အခမ်း အနားတက် ရောက်ရန် တရုတ်သမ္မတ ရှီကျင်ပင်း က ဟောင်ကောင်သို့ ပထမဆုံး အ ကြိမ်သွားရောက်စဉ် ယင်းအခြေအနေများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

07 June 2017

စစ်မီး အားကောင်းလာဦးမည့် အရှေ့ အလယ်ပိုင်း (သို့မဟုတ်) ထရမ့် ၏ အရှေ့အလယ်ပိုင်း အခင်းအကျင်းသစ်



( ၅. ၆. ၁၇) နေ့တွင် ကမ္ဘာက စိတ်ဝင်စားသော သတင်းတစ်ခု တက်လာသည်၊ ကာတာ ကို ပစ်မှတ် ထားပြီး ဆော်ဒီအာရေးဗီးယား ဦးဆောင်ကာ ဘာရိန်း၊ အီဂျစ်၊ ယူအေအီး(အာရပ်စော်ဘွားများနိုင်ငံ)၊ ယီမင်၊ လစ်ဗျား၊ မော်လ်ဒိုက် ပါဝင်သော ပင်လယ်ကွေ့ “ဆွန်နီ” နိုင်ငံများက သံတမန် အဆက်အသွယ် ဖြတ်တောက် လိုက်သည်၊ အကြောင်းပြချက်က ကာတာနိုင်ငံသည် Muslim Brotherhood ဟူသော မွတ်စလင်သွေးသောက် အကြမ်းဖက်များကို နောက်ကွယ်က ထောက်ပံ့နေသောကြောင့်ဟု ဆိုသည်။ ဘရားသားဟုဒ်ကြောင့် ဒေသတွင်း မငြိမ်မသက်မှုကို ကြီးမားစွာဖြစ်စေခဲ့သည်ဟု စွပ်စွဲသည်၊
.
တစ်မူး ပိုရှုကြသူများ 
********************
မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုစသော မောင်မွဲနိုင်ငံများ ၏ နိုင်ငံရေးကို “အာဏာရှင်” “ဗဟိုချုပ်ကိုင်မှုကြီးသော” စသဖြင့် ပုဒ်ထီး၊ ပုဒ်မ အမျိုးမျိုး တပ်၍ ပုံကြီးချဲ့ကားကြသော် လည်း များစွာ မရှုပ်ထွေးလှ၊ အီလစ်နိုင်ငံရေး၊ ချမ်းသာသောနိုင်ငံများ ၏ နိုင်ငံရေးက မျက်နှာဖုံးစွပ်၏ နောက်ကွယ်တွင် များစွာရှုပ်ထွေး လှသည်၊ အာဏာရှင်နိုင်ငံရေးထက် ပို၍ကြောက်စရာကောင်းပြီး၊ ပို၍ ရက်စက်တတ်လေ့ရှိသည်၊ ပြည်သူ့ရှေ့က မားမား မတ်မတ် အကျိုးပြု သယောင်နှင့် ကိုယ့်ပြည်သူကို ပြန်၍ စတေးလိုက်သည်များပင် ရှိခဲ့ကြသည် (ယနေ့ ၉/၁၁ အရေးအခင်းသည် ဝိဝါဒကြီးမားစွာ ကွဲပြားနေသော ဖြစ်ရပ်တစ်ခု)။

ကာတာကို Muslim Brotherhood အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်နေသည်ဟု ဆွန်နီ အုပ်စုက စွပ်စွဲခဲ့ကြသည်၊ ဦးဆောင်နိုင်ငံဖြစ်သော ဆော်ဒီက "IS" တို့ကို တစ်နည်း တစ်ဖုံမက၊ နည်းမျိုးစုံဖြင့် ထောက်ပံ့နေပါသည်ဟု ပူတင်က ဖွင့်ချခဲ့ပြီး ဖြစ်သည်၊ "IS" အကြမ်းဖက်ကို အမေရိကန် ဦးဆောင်သော နေတိုး အုပ်စုက တိုက်ခိုက်နှိမ်နင်းသည်ဟု ဆိုသည်၊ လေကြောင်းမှ ဗုံးကြဲသလိုနှင့် လက်နက်၊ ရိက္ခာများ ချပေးခဲ့သောပုံကို ပူတင်က ထုတ်ပြခဲ့သည်။ "IS" တို့၏ အရေးပါသော အမိန့်ပေး စခန်းအချို့တွင် အမေရိကန် တပ်မှူးအချို့ တို့ကို တွေ့ခဲ့ရသည်။

အလိုမကျသောနိုင်ငံများတွင် စစ်တပ်မှ အာဏာသိမ်းလျှင် ပြင်းပြင်း ထန်ထန် ဝေဖန်လေ့ ရှိသော် လည်း၊ အီဂျစ် တွင် မော်စီ ကို ဖြတ်ချ၍ ဗိုလ်ချုပ်ကြီး စီစီ က အာဏာ သိမ်းသောအခါ ဟီလာရီကလင်တန် က “ ဒီမိုကရေစီ ကို ထိန်းသိမ်းတာပါ” ဟု ခပ်တည်တည် ပြောခဲ့သည်၊ မည်သို့ မျက်နှာဖုံးစွပ်ကြစေကာမူ ကိုယ်ကျိုးစီးပွား အပေါ်သာ အခြေခံကြပြီး၊ တစ်ခါတစ်ရံ ဟန်ဆောင်နိုင်ကြကာ၊ တစ်ခါတစ်ရံ ခပ်ပြောင်ပြောင် ဆို တတ် ကြ၊ လုပ်တတ်ကြသော နိုင်ငံရေး ၊ သကာရည်အောက်က အဆိပ်ရည် အပြည့် နိုင်ငံရေးသာဖြစ်၏ ။ (မြန်မာပြည်သူတို့ ဤအချက်ကို ကောင်းစွာ နားလည်ထားနိုင်ကြဖို့ ကောင်းပါသည်)။
.
Muslim Brotherhood ဆိုသည်မှာ
*************************************
မွတ်စလင်သွေးချင်းညီအကို အဖွဲ့ဟု မြန်မာလို ပြန်ဆိုနိုင်မည့် Muslim Brotherhood အဖွဲ့ကို အီဂျစ်တွင် (၁၉၂၈) ခန့်က စတင် သန္ဓေတည်ခဲ့သည်၊ ဆွန်နီ အဓိက အုပ်စုဖြစ်ပြီး တရားဝင် အဖွဲ့အစည်း ဖြစ်လာကာ ထိုမှတစ်ဆင့် နိုင်ငံတစ်ကာတွင် ရုံးခွဲများ ဖွင့်လှစ်နိုင်ခဲ့ကာ အခြားသော လူမှုရေး၊ ကယ်ဆယ်ရေး စသော ပုံသဏ္ဍာန်များဖြင့်လည်း ဖြန့်ကျက်နိုင်ခဲ့သည်။

ဘရားသားဟုဒ် အဖွဲ့ဝင် တို့သည် ပြင်းထန်သော အယူဝါဒ ရှိကြသူများဟု ဝေဖန်ခံရ၏။ Sharia Law ဟူသော အစ္စလာမ်ဥပဒေ ကို ကျင့်သုံးရန် ကြိုးစားကြသူများ ဖြစ်ကြသည်၊ ဘရားသားဟုဒ် ၏ အယူအဆ သဘော တရားကို အကောင်အထည်ဖော်ခဲ့သော အယ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကို စတင် တည်ထောင်သူတစ်ဦးဖြစ်သည့် အဗ္ဗဒူလာ ယူဆွတ် အက်ဇမ် (Abdullah Yusuf Azzam) မှာ Jordan Muslim Brotherhood မှ ဖြစ်သည်။ မူရင်း Muslim Brotherhood သည် ရောက်ရှိသောနိုင်ငံပေါ် မူတည်၍ အီဂျစ်ဘရားသားဟုဒ်၊ေ၈ျာ်ဒန်ဘရားသားဟုဒ်၊ အီရတ်ဘရားသားဟုဒ် စသဖြင့် အမည် အမျိုးမျိုးဖြင့် တည်ရှိရှင် သန်ခဲ့ကြသည်။

ဘရားသားဟုဒ် တို့သည် အစွန်းရောက် အယူအဆရှိကြသူများ ဖြစ်သဖြင့် တစ်ခါတစ်ရံတွင် အစိုးရများ၏ တရားဝင် ရပ်တည်မှု့ အဖွဲ့အစည်းမှ ဖျက်သိမ်း ခံခဲ့ရသည် မျိုးလည်း ရှိကြသည်။ အီဂျစ်တွင် မူဘာရတ်ပြုတ်ကျပြီး လွတ်လပ်စွာ ရွေးချယ်မဲပေးကြရာမှ အီဂျစ်ဘရားသားဟုဒ် ဖြစ်သော မော်စီ သမ္မတဖြစ်လာသည်၊ အမေရိကန်သည် "IS" တို့ကို နောက်ကွယ်မှ ထောက်ပံ့နေသော် လည်း ဘရားသားဟုဒ်နှင့် အစေးကပ် ဟန်-မတူ၊ ထို့ကြောင့် အီဂျစ်သမ္မတဖြစ်လာသူ မော်စီ သည် သမ္မတ သက်တမ်း (၁) နှစ်ခန့်သာ ကြာလိုက်သည်၊ ဗိုလ်ချုပ်ကြီးစီစီ ၏ အာဏာသိမ်းခြင်းကို ခံလိုက်ရတော့၏။ ဗိုလ်ချုပ်ကြီးစီစီ မှာ အရာရှိငယ် ဘဝတွင် အမေရိကန် စစ်သင်တန်း တက်ခဲ့သူဖြစ်ပြီး၊ အီဂျစ်ဘရားသားဟုဒ် အဖွဲ့အစည်းကို မတရားအသင်း ကြေညာခဲ့လိုက်သည်။
.
သမ္မတ မော်စီ လက်ထက်တွင် အရွေးချယ်ခံဖြစ်သည်ဟု ယုံကြည်မှု ပြင်းထန်ခဲ့ဟန် ရှိသည်၊ ဘရားသား ဟုဒ် ၏ တင်းမာသည့် အယူအဆ သဘောတရားဖြစ်သော ရှရီယာ ဥပဒေကို တည်ဆဲ ဥပဒေများ နှင့် ဖြည်းဖြည်း ချင်း အစားထိုးရန် ကြိုးစားရာတွင် မော်စီ ကို ထောက်ခံသော အုပ်စု/ကန့်ကွက်သောအုပ်စု များကြား ကြီး မားသောပဋိပက္ခများ ဖြစ်လာခဲ့သည် ။

 မော်စီ ကန့်ကွက်သူများကို စီအိုင်အေ က ထောက်ခံ ထားသည်၊ ပဋိပက္ခ တစ်ဖြည်းဖြည်း ကြီးထွားလာရာ မီးရှို့ ဖျက်ဆီးမှုများ၊ အုပ်စုလိုက် တိုက်ခိုက်မှုများ အထိ ကျယ်ပြန့်လာသဖြင့် နောက်ဆုံး အီဂျစ်စစ်တပ် မှ အာဏာ သိမ်းလိုက်တော့သည်။ အီဂျစ် အဓိကရုဏ်းတွင် သေဆုံးသူစုစုပေါင်း (၈၁၇) ဦးမျှ အထိ ရှိခဲ့သည်ဟုဆိုသည်။

အယ်ကိုင်ဒါ ၏ ခေါင်းဆောင်ဟု လူသိများသော “အိုစမာဘင်လာဒင်” ၏ ဂျီဟဒ် သဘောတရား များဆိုင်ရာ ခေါင်းကိုင် ဆရာကြီးမှာ ယူဆွတ်အက်ဇမ် ဖြစ်သည် ။ အိုစမာဘင်လာဒင် သေဆုံးခဲ့ပြီး ဆက်ခံ ခဲ့သော အယ် ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကြီး၏ ခေါင်းဆောင်ဖြစ်သော Ayman Mohammed Rabie al-Zawahiri မှာမူ အီဂျစ် ၈ျီဟဒ် အရေးတော်ပုံအဖွဲ့ကို စတင်ထူထောင်ခဲ့သူ ဖြစ်သည်။ 

အယ်ကိုင်ဒါကို စီအိုင်အေ ၏ သား ဟုတင်စားလျှင် အိုင်အက်(စ) သည် စီအိုင်အေ ၏မြေးဖြစ်လာပါလိမ့်မည် ။ ဘရားသားဟုဒ် သည် အစွန်းရောက်ဖြစ်ပြီး အိုင်အက်(စ)သည် အစွန်းရောက်အကြမ်းဘက်ဖြစ်သည်၊ ကွာခြားသည်က ဘရားသားဟုဒ် အနေဖြင့် အမေရိကန်ဩဇာ မခံခြင်းသာဖြစ်သည်။

18 May 2017

ညူကလီးယား စစ်ပွဲ အတွက်ပြင်ဆင်နေတဲ့ ရုရှား နဲ့အမေရိကန်


...ရုရှားသမတ ဗလာဒီမီယာပူတင် ဟာ..သူ့ရဲ့နောက်ဆုံးပေါ် Ilyushin Il-96-400 ညူကလီယား စစ်ပွဲကွပ်ကဲရေး DoomsDay ခေါ်တဲ့လေယဉ်ကြီးကို အဆင်သင့်ပြင်ခိုင်းထားကြောင်း သတင်းတွေကဖော်ပြ ပါ တယ်။ တူရကီသမတ အယ်ဒိုဂန်ကိုဖြုတ်ချပြီး CIA ရဲ့ကြိုးဆွဲတဲ့ သမတသစ် တင်မယ် ဆိုတဲ့ထောက်လှမ်းရေး သတင်းတွေအရလို့သိရပါတယ်။

...ဖယ်သူလာဂူလန် ဆိုတဲ့ တရားဟော ဆရာဟာ ၁၉၉၉ ခုနှစ်မှာ ကျန်းမာရေး အကြောင်းပြပြီး အမေရိကန်ကို ထွက်ခွာခဲ့ရာက၂၀၁၆ ခုနှစ် အာဏာသိမ်းမည့် အစီအစဉ်တွေမှာနောက်ကွယ်က CIA အေးဂျင့်တွေနဲ့ အတူကြိုးကိုင် ပတ်သက်နေခဲ့တာဖြစ်ပါတယ်။ ဒီနောက်ပိုင်း မအောင်မြင်တဲ့ အာဏာသိမ်းမှူဖြစ်အပြီးမှာအရှေ့အလယ်ပိုင်းကနေ တတိယကမ္ဘာစစ်မီးပြန့်ပွားဖို့ စပြီး မီးမွှေးနေတယ်လို့ဆိုပါတယ်။

...FBI ရဲ့ပေါက်ကြားလာတဲ့ သတင်းတွေအရ ဖယ်သူလာဂူလန် ရဲ့စိစစ်ချက်တွေမှာ သူဟာ အစ်စလမ်မစ်အစွန်းရောက် တစ်ဦးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒါပေမည့် ၂၀၁၆ ခုနှစ် အာဏာသိမ်းမှူ အပြီးမှာသူ့ကို မဖော်ပြတော့ဘဲ Hide လုပ်ထားခဲ့ပြီး အခုတော့ သူဟာ ဘယ်နေရာကိုရောက်ရှိနေသလဲ မသိဘူးဖြစ်နေပါတယ်။ 

...တူရကီအစိုးရရဲ့ ထုတ်ပြန်ချက်အရ ဖယ်သူလာဂူလန်ကို မူဆလင် အစွန်းရောက်တွေ အတွက်ထောက်ပံ့မှူတွေနဲ့ အရှေ့အလယ်ပိုင်းမှာ သူ့ရဲ့ကြွယ်ဝမှူတွေပေါင်းလိုက်ရင် ၂၂ ဘီလီယံကနေ ၅၀ ဘီလီယံ အထိတောင် ရှိတယ်လို့ဆိုပါတယ်။

..ပြီးခဲ့တဲ့ ၂၀၁၃ လောက်ကတော့ အယ်ဒိုဂင် ဟာ   ဒီအရာတွေကို သိနေပေမည့် ဖုံးကွယ် ထားခဲ့ပါတယ် ။ ဖယ်သူလာဂူလန်ဟာ အမေရိကန် တူရကီသံအမတ်နဲ့ ဆက်သွယ်ပြီး “moderateMuslim”project ဆိုတာကို အကောင်အထည်ဖော် လာတဲ့ အတွက် ဒါကိုဖျက်ဆီးဖို့ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။
CIA ဟာတူရကီကိုလက်ရွေးစင်အေးဂျင့်တွေနဲ့တိုက်ခိုက်ရေးသမားတွေကိုလေ့ကျင့်စေလွှတ်ခဲ့တယ်လို့ဆိုပါတယ်။အာဏာသိမ်းမှူဖြစ်ချိန်မှာတော့အယ်ဒိုဂန်ကရုရှားထောက်လှမ်းရေးတွေအကူအညီနဲ့သူတို့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။
...CIA ဌာနချုပ် လန်ဂလေ ဟာ ဖယ်သူလာဂူလန်ပြောသမျှကို နားယောင်ပြီး သူ့ အကူအညီနဲ့ အရှေ့ အလယ်ပိုင်းကရေနံတွေကို ISISတွေ လက်က ဆက်သွယ်ဝယ်ယူရေး စီစဉ်ခဲ့သလို ကမ္ဘာကြီးကိုရေနံ နဲ့ကြိုးကိုင်ဖို့စီစဉ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါတင်မက ဖယ်သူလာဂူလန်ဟာ ဟီလာရီကလင်တန် မဲဆွယ်ပွဲ စရိတ်အတွက်သူ့ဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာ တစ်သန်းတောင် ထည့်ဝင်ပေးခဲ့တယ်လို့ဆိုပါတယ်။


17 May 2017

ဂြိုဟ်တု ဓာတ်ပုံများအရ စွမ်းအားထက် နျူဒုံးကျည်များ ပိုင်ဆိုင်ထားတဲ့ ကင်ဂျုံအန်



ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများ အရ ကင်ဂျုံအန် ရဲ့ နျူ ဒုံးကျည်များဟာ ယခင် ထင်ထားတာထက်ပို၍ အင်အားကြီးမားတဲ့ လက်နက်များဖြစ်နေပြီး တာဝေးပစ် ဒုံးကျည်ဖြစ်နေတဲ့ အတွက် အမေရိကန်နိုင်ငံ အလက်စကာ နဲ့ ဟာဝိုင်အီ ပြည်နယ် အထိ ပစ်ခတ်နိုင်တဲ့ လက်နက်များဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို လေ့လာ အကဲခတ်နေတဲ့ စစ်ရေး ကျွမ်းကျင်အဖွဲ့များဟာ ဂြိုဟ်တု ဓာတ်ပုံများမှတစ်ဆင့်တွေ့ရှိခဲ့မှု အရ မြောက်ကိုရီးယား နိုင်ငံဟာ နျူ ဒုံးကျည်များကို အဆင်မြှင့်တင်မှုများပြုလုပ်နေပြီး မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်စခန်းကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများအရ ဟွာဆောင် – ၁၂ (Hwasong-12) ဒုံးကျည်များကို တွေ့ရှိ ခဲ့ပြီး ဒီ ဒုံးကျည်များဟာ မိုင်ပေါင်း ၄၅၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်များဖြစ်ပြီး အမေရိကန်ပိုင် ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းရှိ ဂွမ်ကျွန်း  (Guam)၊ ဟာဝိုင်အီ ကျွန်းနှင့် အလက်စကာ ရှိ စစ်အခြေစိုက် စခန်းများကို တိုက်ခိုက်နိုင်ပါတယ်။

စစ်ရေး ကျွမ်းကျင်သူများ ကတော့ မြောက်ကိုရီးယား ရဲ့ နျူ ဒုံးကျည်များ စမ်းသပ်မှုများ မအောင်မြင်ခြင်းဟာ Programme ကြီး တစ်ခုလုံး မအောင်မြင်ခြင်း မဟုတ်ဘူး လို့ပြောဆိုနေကြပြီး ဂျိုးဇက် အက်စ် ဘာမြူဒက်ဇ် (Joseph S. Bermudez )က ဝေါစရိဂျာနယ် နဲ့ အင်တာဗျုးတစ်ခုမှာ ” ကျွန်တော် ပူပန်နေတာက နျူ စမ်း သပ်မှုကို ပူပန်နေတာမဟုတ်ပါဘူး။