Showing posts with label ကျောက်မျက် ၇တနာ နှင့် သက်ဆိုင်သမျှ. Show all posts
Showing posts with label ကျောက်မျက် ၇တနာ နှင့် သက်ဆိုင်သမျှ. Show all posts

21 November 2018

သန့်စင်တဲ့ ရွှေ ဆိုတာ




ကမ္ဘာ့ ရွှေဈေးကွက်မှာ စံသတ်မှတ်ချက်အရ 24-karat gold ၂၄ ကာရက် ရွှေကို သန့်စင်တဲ့ရွှေ
(Pure gold) အဖြစ် သတ်မှတ် လက်ခံထားပါတယ်။


ရာနှုန်းပြည့် (100%) သန့်စင်တဲ့ရွှေ ဆိုတာ မရနိုင်ပါဘူး။ ဒါကြောင့် ကုန်သွယ် ရောင်းဝယ်ရာမှာ ၉၉.၉၅%
သန့်စင်မှု ရှိတဲ့ ရွှေကိုပင်လျင် သန့်စင်တဲ့ရွှေ အဖြစ် ရွေးချယ်သတ်မှတ် ခွင့်ပြုချက် ပေးထားပါတယ်။


အောက်ပါ ကမ္ဘာ့ရွှေသန့်စင်မှု အသိအမှတ်ပြု စံနှုန်းအရ ရွှေသန့်စင်မှု ၉၅.၈၃% ပါဝင်တဲ့ ရွှေကိုပင်လျင်
၂၃ ကာရက် ရွှေ အဖြစ် သတ်မှတ်ထားတာကို တွေ့ရပါတယ်။
95.83–99.95% = 23K (acclaimed 95.83%)
 
ရွှေတိဂုံ စေတီတော်ကြီးမှာ ကပ်လှူပူဇော်ထားခဲ့တဲ့ ရွှေတွေကို ခွာယူ စစ်ဆေးခဲ့ရာမှာ ရွှေပါဝင်မှု ၉၈.၉၁%
ရှိကြောင်းသိရပါတယ်။
 
Gold coating လုပ်တဲ့နေရာမှာ ပြဒါး (Mercury) များ ပါဝင်နေတယ်လို့ ဆိုပေမယ့် ရွှေ ဆိုတာ ပြဒါး နဲ့ မကင်းနိုင်ဘူး ဆိုတာ ရွှေလုပ်ငန်း လုပ်ဖူးသူတိုင်း သိနားလည်ပြီးသား ကိစ္စတစ်ခုပါ။ ထူးဆန်းတဲ့ ကိစ္စရပ် တစ်ခု မဟုတ်ပါဘူး။
 
ဘယ်လိုပဲဖြစ်ဖြစ် စေတီတော်ကြီးက နမူနာရွှေပြားတွေ ကို ပြန်လည်သန့်စင်ရာမှာ ရွှေသန့်စင်မှု ၉၈.၉၁%
ရှိတယ်ဆိုတဲ့အချက်ဟာ" ရွှေတိဂုံစေတီတော်ကြီးမှာ ကပ်လှူပူဇော်ထားခဲ့တဲ့ ရွှေတွေဟာ အစစ်အမှန်တွေ
ဖြစ်တယ်" လို့ အတည်ပြုနိုင်ပါလိမ့်မယ်။
 

29 June 2016

ရွှေ ကို လက်ဝတ်ရတနာ ထက် အမှတ်တရ ပစ္စည်း အဖြစ် ပြောင်းလဲ ထုတ်လုပ်လာ





မြန်မာနိုင်ငံတွင် ရွှေဈေး တစ်ကျပ်သားလျှင် ငွေကျပ် ရှစ်သိန်း ဝန်းကျင်ဖြင့် စံချိန် တင် မြင့်တက် ခဲ့ပြီးနောက် ရွှေ ဝယ်လိုအားနှေးကွေး လာချိန် ရွှေဆိုင်များ အနေဖြင့် လက်ဝတ် ရတနာပစ္စည်း သက်သက် ထုတ်လုပ်ရောင်း ချခြင်းထက် ရွှေနှင့်ပြုလုပ်ကာ အမှတ်တရ ပစ္စည်းများ အဖြစ် ပြောင်းလဲ ထုတ်လုပ်ရောင်း ချမှု များပြား လာကြောင်း မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများထံမှ သိရသည်။

''အခုခေတ် ဝယ်လိုအားပြောင်းလာတဲ့ အခါမှာ ရွှေထည် ကို လက်ဝတ်ရတနာ အဖြစ် ဝယ်ယူခြင်း သာမက ရွှေ နဲ့ပြုလုပ်ထားတဲ့ အမှတ်တရ ပစ္စည်းများ အဖြစ် ပြုလုပ်ရောင်းချလာတာ တွေ့ရပါတယ်။ 

ဒီလို ဝယ်လိုအားပြောင်း လဲ လာတာနဲ့ အညီ ရွှေထည် ပစ္စည်း ထုတ်လုပ်သူ ရွှေဆိုင်တွေ အနေနဲ့ ဝယ်ယူ သူတွေ အကြိုက် 24 K ရှိတဲ့ ရွှေတွေ ကို နိုင်ငံတစ်ကာ နည်းပညာတွေ အသုံးပြုပြီး ပြောင်းလဲထုတ် လုပ်ရောင်းချ လာကြပါတယ်'' ဟု ရွှေလုပ်ငန်းရှင် တစ်ဦးဖြစ်သော အောင်သမာဓိ ရွှေဆိုင် မှ ဒေါ်ဖြူဖြူအောင် က ပြောသည်။

24 K  ရွှေ သည် မြန်မာနိုင်ငံတွင် အမြင့်ဆုံး ထုတ်လုပ်နိုင်သည့်  22 K  အဆင့် ထက် တစ်ဆင့်မြင့်သော ရွှေ အမျိုးအစား တစ်မျိုးဖြစ်သည်။ 24 K အမျိုး အစားရှိရွှေ ကို နိုင်ငံတကာ အဆင့်မြင့်နည်းပညာ အသုံးပြုကာ
ရွှေပန်း ပွင့်၊ ရွှေပန်းစည်း ၊  ရွှေပန်းချီကား၊ ရွှေသော့ချိတ်၊ အထင်ကရ ပုဂ္ဂိုလ်များ ၏ ပုံရိပ်များ စသည့်ဖြင့် အဆင့်မြင့်ရွှေ ကိုအသုံးပြုကာ အမှတ်တရ လက်ဆောင်ပစ္စည်းများအဖြစ် ပြောင်းလဲ ထုတ်လုပ်ရောင်းချ လာကြောင်း သိရသည်။

 
ကမ္ဘာ့ ရွှေဈေးမြင့်တက်လာခြင်း၊ မြန်မာနိုင်ငံ တွင် ရွှေထွက်နှုန်း ကျဆင်း လာခြင်း တို့ကြောင့် ရွှေဈေးနှုန်းမြင့် တက်ရခြင်းဖြစ်ကြောင်း၊ ရွှေဈေးနှုန်းမြင့်တက်မှုကြောင့် ရွှေ အသုံးပြုမှု အနည်းအများ ကို ပြုလုပ်နိုင်သည့် အမှတ်တရ ပစ္စည်းများ အဖြစ် ပြောင်းလဲ ထုတ်လုပ်လာကြကြောင်း၊ ရွှေနှင့်ပြု လုပ်သော အမှတ် တရ ပစ္စည်း များ ကိုလည်း ဝယ်ယူမှု များပြား လာကြောင်း သိရသည်။


21 September 2013

မြန်မာပြည် မှ ကမ္ဘာ့ အရှားပါးဆုံး ကျောက်





ပုံမှာမြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခဲ့သူ ကတော့ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ 


၁၉၅၀ ခုနှစ်နောင်းပိုင်း က မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်း မှာ တူးဖော်တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး သူ့ အမည် Pain ကို အစွဲပြုကာ Painite လို့  အမည်ပေးလိုက်ခြင်းဖြစ်ပါတယ်။ 

ဓာတုဗေဒ အခေါ် ကတော့ Borateဖြစ်ပါတယ်။



ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စတဲ့ သတ္တုဓာတ်တို့ပါဝင်ပြီး ခရိုမီယံ၊ ဗနေဒီယံ စတဲ့ သတ္တုတို့နည်း အနည်းငယ်ရောစပ် ပါဝင်တယ်လို့ သိရပါတယ်။