Showing posts with label ကဗျာ ကဏ္ဍ. Show all posts
Showing posts with label ကဗျာ ကဏ္ဍ. Show all posts

24 March 2016

ညီမလေးရေ ... မိုးတွေသည်းနေတယ်





(၁)

ညီမလေးရေ...
မိုးတွေသည်းနေတယ်...
ကောင်းကင်ကြီးမှာ...သက်တန့်ရောင်စဉ်တွေပေါ်ထွန်းတိုင်း
ပျော်နေတတ်တဲ့..ညီမလေး..
ခပ်ရေးရေး ပုံဖော်မိတဲ့ အတွေးထဲ..
နွေးနွေးထွေးထွေးမှ ရှိရဲ့လား ..

(၂)

ညီမလေးရေ...
ဘ၀ဆိုတာ..ဆုတောင်းရုံ တစ်ခုတည်းနဲ့
လင်းကနဲ ရှင်းကနဲ မြင့်မားလာတတ်တဲ့
ခပ်ပေါပေါ အရာတစ်ခု မဟုတ်ခဲ့ဘူး
ရိုးသားပါမှ ... ကြိုးစားပါမှ
တို့ ဘ၀တွေ..တိုးပွားလာရမယ်...........

(၃)

တချို့တွေက ရိုင်းတယ်
ကောက်ကျစ် တဲ့ မာယာ မျက်နှာ ဖုံးတွေနဲ့
အပြုံး ချိုချိုတွေ ကိုယ်စီ ချိတ်ဆွဲလို့
သိုးတွေလို ဖြူစင်နေပြတယ်
ငါ့... ညီမလေးရေ
ခေတ်..စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း
ကိုယ့်ဘ၀ကိုယ် မမေ့ဖို့ပဲလိုတယ်.............

 
(၄)

လှိုင်း ဘယ်လောက်ကြီးကြီး...လှေအောက်ရောက်စမြဲ
ဇွဲကြီးသူတို့ဟာ အောင်ပွဲခံ စမြဲတဲ့
ဆင်းရဲ...ချမ်းသာ..ဒီနှစ်ဖြာကြား
ဗျာများ မနေစေနဲ့
တစ်ချိန်... တို့အားလုံးရဲ့ မရဏ ပန်းတိုင်မှာ
ဘယ်လိုမှတ်တမ်းမျိုး ကို ရေးထွင်း ချင်ခဲ့သလဲ
ဘယ်လိုမှတ်တိုင်မျိုး ကို စိုက်ထူချင်ခဲ့သလဲ
ခပ်ရဲရဲသာတွေးဖို့ လိုတယ်..............

(၅)

ညီမလေးရေ...
အချစ် ဆိုတာကိုလည်း အလွယ် မယုံနဲ့
အလွယ် ယုံလို့...ပုံမှား မိသူတွေ
ပြောင်းလဲတတ်တဲ့ ၁၅၀၀ သဘောတရားမှာ
ညီမလေးတစ်ယောက်...အလိုက်သင့်မှ စီးမျောနိုင်ရဲ့လား
ရင်ခုန်ခြင်းကို ဘ၀ ဆိုတဲ့ အသိနဲ့ ထိမ်းချုပ်လို့
အချစ်နဲ့ ဦးနှောက် ကို ညီမျှခြင်းချ
အတည်တကျ..ချစ်ခြင်းနဲ့သာ ဆုံဆည်းရစေ

 

18 September 2015

အျ​ဖဴ​ေ​ရာင္ သေ​ကၤ​တမ်ား

http://crownedwithpurpose.com/wp-content/uploads/2011/06/canstockphoto4656743.jpg 


  စေတနာနှင့်
မေတ္တာ ထိုထို၊ တောင်မြင်းမိုရ် သို့
နှိုင်းဆို ဂိုဏ်းနွယ်၊ ဘုရားနှယ် ဟု
အဘယ် လမ်းကြောင်း၊ သက်မွေးကျောင်းမျှ
ပိုကောင်း ဖို့ရာ၊ မရှိ ပါတည့်
ဆရာ မည်စွ၊ အာစရိယ
အဖြူရောင် ၏ သင်္ကေတ။


  အဖြူသက်သက်၊ မေတ္တာ လက်မှ
ဆင်းသက် ပညာ၊ လိုလား စွာဖြင့်
သကာရည်နို့၊ ခံယူ စို့မည်
အဖို့ ဘာဂ၊ လူ့ဘဝ ကို
အလှ စခန်း၊ ပန်းခင်းလမ်း မှ
လျှောက်လှမ်းစေအံ့၊ မျှော်လင့် ငံ့ရင်း
ကြံ့ကြံ့ ခိုင်ခိုင်၊ ဆီမီးတိုင်တွေ
မြိုင်မြိုင် ထွန်းညှိ၊ အလင်းဖြည့်ဟု
တပည့် ဘဝ ကျောင်းမှာ စ
အဖြူရောင် ၏ သင်္ကေတ။


အေးမြတေးသံ

http://myanmarschoolsproject.org/wp-content/uploads/2014/02/cover-2.png



*        မှောင်နှင့် မည်းမည်း၊ တောနက် ထဲဝယ်
          ခက်ခဲ မတ်စောက်၊ ကွေ့လိမ်ကောက်သော
          တစ်ယောက် သွားသာ၊ လမ်းမှ လာ၍ ---- ။

*        ဝက်ဝံ သစ်ကျား၊ သားရဲ များ၏
          ကြီးမား အန္တရာယ်၊ အသွယ်သွယ် ကို
          သွေဖယ်ရှောင်ကွင်း၊ ရဲစိတ် သွင်း၍ ---- ။

*        နှစ်ရက် သုံးရက်၊ ရက်ဆက် ခရီး
          အရှည်ကြီး ကို၊ ငြီးငွေ့မောဟိုက်
          ရင်ထဲ လှိုက်ဖို၊ စိတ်ထဲ ငို၍ ---- ။

*        ပညာဝေငှ၊ စာသင်ပြဖို့
          ဝေးလှသီခေါင်၊ သည်ရပ်ချောင် သို့
          တောတောင်ဖြတ်ကာ၊ ရောက်ခဲ့ ရာဝယ် ---
          ရင်မှာ မချိ၊ ညည်းတွား မိလည်း ---- ။


လရောင် အောက်က တောခွေးများ
















အိမ်ပေါက်စေ့ မုန့်ညင်းစေ့ ရှာသလို
ပြက္ခဒိန်ထဲ
သေနတ် တချက် မပေါက်ဖူးတဲ့နေ့ရက် တရက်ကို
အိပ်မက်ရင်း နဲ့လိုက်ရှာ...

ကြာလာတော့
ကိုယ့် အနာဖေး ကိုယ် ထိုင်ခွာနေရတာ ကိုပဲ
အရသာ တခုလိုဖြစ်လာ.....

ဒဏ်ရာ ကင်းမဲ့တဲ့ သူရဲကောင်း ဆိုတာ
လိမ်ညာဖြီးဖြန်းသူပဲဖြစ်လိမ့်မယ်...လို့ အဆိုရှိလေရာ

 မနက်တုံး ဆီက ကြော့ဆုံးမှာ
နှင်းဆီဟာ ခွာလိပ်လို့

12 December 2013

မိုးမိသူများ ရဲ့ မှတ်တမ်း { ကဗျာ }

                                                                    Online Photo's

ကျွန်တော်တို့ ရပ်ကွက်က ရှိုးပွဲ
( ဘာ ..ဒီ ကလေးတွေ စားစရာမရှိပါဘူး ဆိုမှ
ဟိုဟာဝယ် ဒီဟာဝယ်နဲ့ 
ထုတယ် ကွာ အသုံးမကျတဲ့ အမျိုးတွေ
ဟေ့ ..ဒီတစ်ပါက် မပေးရင် အိမ်ပေါ်ကဆင်းဟေ့ ) 
ဒါ ကျွန်တော်တို့ ရပ်ကွက်က တီးခက်ပုံသံစုံပေါ့...............
 

နိုးစက်မလို ဘူး မထချင်လည်း ထ မသွားချင်လည်း သွား
အပြေးအလွှား အလုအယက် အပြိုင်အဆိုင် ဈေးဗန်းတွေချခင်းလို့ 
ခြင်္သေ့ လာအောင် ရင်ထဲက မီးစကိုဖုံး မျက်နှာတွေပြုံးလို့ 
L ဆိုင်းဆီ လို လည်း ရ စန္ဒီမြင့်လွင်လို လည်း ရ
ပါသမျှအမယ်အကုန်လိုက်ရွတ်ရတယ်................
 
သူတို့ အလင်းပေါက်က မျက်ရည်စကိုတော့ အိမ်ဝမှ ကျတာ
အဲလို ရထားလမ်းလို အဲလို မူလီပြုန်းတဲ့ ဘဝ
လောဘလည်းဖြစ် ဒေါသလည်းဖြစ် မောဟလည်းဖြစ်
ကျွန်လည်းဖြစ် ရေလည်းနစ်ပေါ့.................
 
ဒါပေသိ တစ်ကိုယ်လုံး ဆီမ၀င်းတောင်မှ
မာန လေးတော့ လင်းကြတာထုံးစံပဲ
ဒီလို ခံစားမှုကို လက်တစ်ဖက်မှာ ဆေးအပ်ထိုးပြီး
ရင်ဘက်တစ်ခြမ်းနဲ့ တိုက်စစ်ကြည့်တာ
ကဗျာတော့မဟုတ်ဘူး ကဗျာဖြစ်တယ်................
 

ခင်ဗျားရော..ကျွန်တော်ရော.." o " လို့ မြင်၏ { ကဗျာ }

                                                    From...Online Photo's




တကယ်တော့ ခင်ဗျားရယ်

ကျွန်တော်ရယ်.....အရေပြားကြည့် သက်သက်ပါ

အ၀တ် ဗလာ..အသိ နတ္ထိ

ရော့ ဒီမှာကြည့်ပါ

ဘာမှမရှိ

ဘာမှ မရှိဘူး.........


 



လူ

ဥစ္စာ.

ရုပ်ရည်

ဗုံဆံပေါ်က

သကာရည်တွေပါဗျာ

ဟုတ်တယ်ဟုတ်.........

 

ပါးစပ်ထဲက.ဘာသာ { ကဗျာ }

(အတိတ်)


(က)
အမှတ်တမဲ့ မှ...အမှတ်တရ
အမှတ်တရမှ..အမှတ်တမဲ့ 
အဖြစ်အပျက် များစွာ မှ..အဖြစ်ပျတ်များ
ဘာဆို..ဘာမှ...ဘာမှကို မရှိချင်တာ အမှန်.ဒါပေမဲ့ 
မတူးဆွ ပါပဲ..အလိုလိုပေါ်ထွက်လာတတ် တဲ့ အခါ
ငိုက်မျည်းချိန်တောင်......ငြိမ်းချမ်းရေး မရ



(ခ)
ခုလောက်ဆို...သူ
ဟိုမှာ..ဆံစတွေ...ကာလာပြောင်းလို့ 
အင်္ကျီတွေ ပါးပါးလာတယ် တဲ့ 
မြန်မာ ထဘီတွေ..ကျွတ်ကျလို့ 
ပါးက..သနပ်ခါးတွေလဲ..ကျပျောက်ခဲ့ 

(ဂ)
ဒီမှာ..ချစ်သူ
ဒို့ နိုင်ငံမှာ.ယဉ်ကျေးမှု ဘာသာတွေ ပို့ ချတုန်းပဲ
ဒို့ နိုင်ငံမှာ..သင်္ကြန်မိုး သီချင်း နားထောင်နေတုန်းပဲ


02 December 2013

သွေး စို့ နေ ဆဲ ဘ ဝ အ နာ များ



 


`ထမင်းဖိုးလေး သနားပါ´တဲ့
အရေပြားတွေ တွန့်ကြေနေတဲ့
ထိုးဖြန့်လာခဲ့ လက်တစ်စုံ

အသက်သွေးကြောကိုပြတ်စေရဲ့
ဘယ်နှစ်နှစ်စာ ကိန်းအောင်နေတဲ့
ငတ်မွတ်သံတွေလဲ

အကြွေတစ်ရာလောင်းလှူရုံနဲ့

ရောင်းလို့မကုန် တဲ့ဝဠ်ကြွေးတွေပဲ
နို့နံ့မစင်သေးတဲ့ ကလေးလက်ကိုဆွဲ
လူကျို လမ်းကြား မကျန်
ခြေရာမွဲမွဲပေကျံ ခဲ့ပေါ့
တစ်ပါးသူကျန် ထမင်းကျန်ဟင်းသာ
သူတို့ဘဝတွေတောင့်တခဲ့
 

ဆီမပါတဲ့ ဆံစတွေအောက်က

ဘဝအချင်းချင်း ရိုကျိုးနေတဲ့
မုသားအကင်းဆုံး မျက်လုံးတွေ
ခရီးရှည်တွေ ထွက်ခွာဖို့
ပြင်ဆင်ထားတဲ့ အထုပ်အပိုးတွေ ထဲက
မပိုင်ဆိုင် လိုတော့တဲ့
သောကများ
ညတာရှည်လေ အိပ်မက်များလေပါပဲ


 

ရေ အိုး စင်





အိမ်ခြေယာခြေ မဲ့နေသူပါ
လမ်းနံဘေး သစ်ပင်တွေအောက်မှာ
ဇရပ်အအို အပျက်တွေထဲမှာ
ဒုက္ခသည် တစ်ချို့ရဲ့
လက်တစ်ကမ်း အကွာ သူ
ရပ်တည်နေခွင့် ရှိတယ်.....

ကာလအလီလီရဲ့ဖောက်ပြန်မှု
လူအထွေထွေရဲ့ကျေးဇူးမသိတတ်မှု
အသက်မဲ့သူပေးစွမ်းခဲ့သမျှ
သက်ရှိတို့ဒုတိယအသက်ရှင်သန်မှု
အဖြည့်ခံမှ တကယ့်ကို
အဖြည့်ခံနေရသူ သက်သက်ပါ.....
 

သူ့ပိုင်ဆိုင်မှုရေတွေ ကုန်ချိန်
နောက်ထပ်ပြည့်လာဖို့ အတွက်
ထပ်လောင်း အဖြည့်ခံရ
ရိုးသားနေတဲ့ အနည်ထိုင်မှုတွေဟာ
သူ့ဘဝ အနှစ်သာရဖြစ်ခဲ့ရ ရှာပေါ့......


 

23 November 2013

သစ္စာလေးပါး အား လျှာဖျား နှင့် လျှက်ကြည့်ခြင်း




ညတွေနဲ့ မနက် အသေတွေဆီမှ
ဇာတ်အသေတွေနဲ့ ဝေနေတဲ့ မုသာဝါဒ တစ်ခင်းက
ညှီရော်နံ့သင်းပြီး...
ဝေခွဲမရတဲ. စာမျက်နှာတွေ
တစ်ခါ တစ်ခါ ငါ့ဆီမှာ ရောက်လာတတ်တယ်။




ပကာသန တစ်ဖက်ခြမ်းက
မွဲတေခြင်းရဲ့ ဝင်သက် ထွက်သက်
ငါဆီမှာ လာကပ်နေတယ်။
 


နိမိတ်ပုံ ရဲ့ အရောင်က တဆောင် တယောင်နဲ.
အိမ်ဦးခန်းမှာ လာပြီး "ပြောင်ရောင် " ပြီး
သုည အရောင်နဲ့ ခပ်မှောင်မှောင် ဘဝရဲ့ ရသက
ကျုပ်သွေးကနေ မွေးလာသလား အောက်မေ့ရတယ်။
 


23 September 2013

မြို့ပျက်ညတွေပါ ညီမလေးရယ် { ကဗျာ }






 


အခါအားလျှော်စွာ လွှတ်ချခဲ့တဲ့ တစ်စုံတစ်ရာမှာ
ကြယ် အဖြူကလေးတွေက တိုးတိုးလေးပြောတယ်
ကောင်းကင် တစ်ဖက်စွန်း မှာ မိုးတွေပြိုနေပြီတဲ့
ခက်တာပဲ ညီမလေးရယ်
ငါကလည်း ဘာကိုမှ ကြီးမြတ်တယ်လို့ မထင်မိတဲ့ကောင်ပါ .....

ပန်းခင်းလမ်းတွေ မဟုတ်မှန်းတော့သိခဲ့ပါတယ်
ရီဝေသွယ်ပြောင်းတဲ့ အမိန့် တစ်စုံတစ်ရာမှာ
ရှတတ အပြုံးတွေ ဘာလို့ ပျော်ဝင် နစ်မူးနေခဲ့ရသလဲ
ခါးတယ် ဆိုတာ ခံစားချက် သက်သက်ပါကွဲ့.................

အေးစက်နေတဲ့ ဆောင်းဥတုပေါက်ကလေးဟာ
၂၄ နာရီ ရဲ့ စက္ကန့်သံခြောက်ခြောက်ခြားခြားမှာပဲ
အိပ်မက်တွေ ကို ရိုက်နင်း ချိုးဖျက် သွားတယ်
ဒီလိုပါပဲကွယ် . . . ရေရေရာရာ ဆိုတာ ဘာဆိုဘာမှ မရှိပါဘူး.............

သွားခဲ့မိတဲ့ ခရီး တစ်ခုဟာလည်း
အဆုံးလည်း မရှိ အစလည်း မရှိ အရာရာ နတ္တိပေါ့ကွဲ့
အခုတော့ . . ဘာရယ် မဟုတ်ဘူး
ကိုယ့်ရင်ဘတ်  ကိုယ်ပဲ ပြန်ပြန် ငုံ့ကြည့်နေခဲ့မိတယ်
ခါးလိုက်တာ ညီမလေးရယ် . ...............