25 November 2016

အမျိုးသမီး အင်္ဂါကို မလုပ်သင့်သည့် အရာများ ( ကျမ်းမာရေး အတွက် အရေးကြီးသည်)


(၁) ပြွတ်နဲ့ထိုးသွင်းပြီး ရေမဆေးရ



တစ်ချို့က Douching Advice (ရေပြွတ် ကဲ့သို့သော) အရာများ သုံးပြီး ယောနိ အတွင်းပိုင်း ကို ထိုးသွင်းကာ သန့်ရှင်းရေးလုပ်ကြပါတယ် ။ ပိုးသတ် သန့်စင် ထားကြောင်း ကြေငြာထားရင်လည်း အသုံးပြုဖို့ မ သင့် ပါဘူး။ သားအိမ် အတွင်းပိုင်းဟာ အရမ်းနူးညံပြီး pH ပမာဏ လွန်ကဲတဲ့ ရေနဲ့ တွေ့ရင် ပျက်စီးတတ်သလို အခြားဘေး ထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။

(၂) လက်ဖြစ် ဆေးဝါးများ မသုံးရ 

 တစ်ချို့တွေက ရာသီလာတဲ့ အခါမျိုးမှာ အင်္ဂါရောင်ရမ်းမှုကို သက်သာစေဖို့ ပေါင်းမြက် နဲ့ အုံခြင်း၊ လက် ဖက်ခြောက် အဖန် ရည်နဲ့ ဆေးခြင်း၊ ရေခဲ သွင်းခြင်းများ လုပ်တတ်ကြပါတယ်။ ဒါတွေကို လုံးဝ ရှောင်ရှား ရမယ် ဆိုတာာ အမျိုးသမီးတိုင်း သိ စေချင်ပါတယ်။ 

 (၃) အရာဝတ္ထု  များနဲ့ ကျဉ်းမြောင်းအောင် မပြုလုပ်ရ 

 လင်ယောက်ျား ရဲ့ အလိုကို လိုက်ပြီး အရာဝတ္ထု၊ ဖော့၊ စက္ကူ  အစရှိတဲ့ ပစ္စည်းတွေ သုံးပြီး လမ်းကြောင်း ကျဉ်းမြောင်းအောင် လုပ်ခြင်း၊ ကျောက်ချဉ် ကဲ့သို့သော အရာများ လိမ်းခြင်းဟာ သားအိမ်ခေါင်း ကင်ဆာ ကိုတောင် ဖြစ်စေနိုင်သည် အထိ ဖြစ် စေပါတယ်။ 

 (၄) ပရဆေးများ မသုံးရ  

ပရဆေးတွေ နဲ့ ဟုတ်နိုးနိုးဖြင့် အင်္ဂါ ကို လိမ်းခြင်း၊ မိမိ ဘာသာ တက်သလောက် မှတ်သလောက် လုပ်ခြင်းတွေကို ရှောင် ရပါမယ်။ ရောဂါဆိုးတွေ ပေးတဲ့ အရာတွေ ဖြစ်ပါတယ်။ 



23 November 2016

ကျမတို့ ဖတ်ခဲ့ရသော စာပေများ ၊ ထိုမှ ကျမတို့ သိခဲ့ရသော လိင်စိတ် အလွဲများ



ကျမ က ငယ်ငယ် ကတည်းက စာအုပ်တွေကို အဖော် လုပ်ပြီး ပျော်အောင်နေခဲ့ရသူ တစ်ယောက်ပါ။ နယ် မြို့ ငယ်တွေမှာ ဝန်ထမ်း အဖြစ်တာဝန်ထမ်းဆောင်တဲ့ ကျမ အဖေနဲ့ အမေ က ကျမ ပညာရေးအတွက် ကျမ ကို အဘိုး အဘွားနဲ့နေစေခဲ့ပါတယ်။ 

အဘိုးအဘွား ဟာ ကျောင်းပညာရေး ကို အားပေးကြသူတွေဖြစ်ပေ မဲ့ ရှေးလူကြီးများဖြစ်တဲ့ အလျောက် ကစားခုန်စားလုပ်တာ၊ သူငယ်ချင်း အပေါင်းအသင်း ထားတာမျိုး၊ အပြင် ထွက်တာမျိုးကို ပျက်စီး သွားမှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်းပြင်းထန်ထန် ပိတ်ပင်ထားပါတယ်။

 ခေါင်းရင်းအိမ်မှာ ရှိတဲ့ ရွယ်တူ မိန်းမဖော်နှစ်ယောက်နဲ့တောင် ကစားခွင့် မရှိခဲ့ပါဘူး။ အဲတော့ ကျမ အချိန်တော်တော် များများ ဟာ အဘိုး နဲ့ အဘွား ရဲ့ အိမ်အပေါ်ထပ်မှာ ရှိတဲ့ မိုးသောက်ပန်း၊ တေဇ၊ ရွှေသွေး၊ ရှုမဝ စတဲ့ စာအုပ်တွေနဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်။ 

အဲ့ဒီတုန်းက တော်တော် ငယ်သေးတာမို့ ကျမဟာ အရုပ်မ လှလှလေးတွေ သဘောကျလို့ ဖတ်ခဲ့ တာပါ။ နောက်ပိုင်း စာပါ အကြောင်းအရာတွေကို ကျမ စိတ်ဝင်စားလာပြီး ကျမ ရဲ့သူရဲကောင်းတွေက စာတွေ၊ ကာတွန်းတွေထဲက အမျိုးသားတွေဖြစ်လာပါတယ်။ အိပ်ရာဝင်တိုင်း အဒေါ် အငယ်ဆုံးက အသံနေ အသံထားနဲ့ ပြောပြတဲ့ စနိုးဝှိုက် ပုံပြင်ကို အင်မတန် သဘောကျခဲ့ပြီး ကာတွန်းထဲမှာ ဖတ်ရတော့လည်း စနိုးဝှိုက် လို ပန်းသွေးသန်းတဲ့ ပါးလေးတွေ၊ လှပကြည်စင်တဲ့ အသားအရေနဲ့ တစ်နေ့နေ့ တစ်ချိန်ချိန် အရွယ်ရောက် ရင် လာကယ်မဲ့ မင်းသားလေးကို စိတ်ကူးယဉ်ရတာ အမောပါပဲ။  

ကျမ ၅ တန်းရောက်လို့ မိဘတွေ နဲ့အတူပြန်နေတော့ မေမေ့ ဝတ္ထုတွေကို ခိုးဖတ် တတ်လာပါတယ်။ နွမ်ဂျာသိုင်း၊ လွန်းထားထား၊ ပုညခင်၊ မောင်လှမျိုး (ခြင်းချောင်းခြံ)၊ မောင်စိန်ဝင်း (ပုတီးကုနန်း) နဲ့ နောက် ကျမ မမှတ်မိတော့တဲ့ ရောင်းတန်းဝင် ဝတ္ထု အချို့ပေါ့။ အဲဒီ အချိန်ထိ ကျမဟာ အချိန်တန်အရွယ်ရောက်ရင် လာကယ်မဲ့ အမျိုးသား တစ်ယောက်ကို စောင့်တဲ့ စိတ်ကူးယဉ်ကောင်မလေး တစ်ယောက်ပဲဖြစ်နေသေး တယ်။ 

ဒါပေမဲ့ ကျမ ကံကောင်းတာက ၆ တန်းနှစ်မှာ စာဖတ်တဲ့ သူငယ်ချင်းတစ်ယောက် နဲ့ ပေါင်းခွင့် ရခဲ့ပြီး ကျမဖတ်တဲ့ စာအုပ်တွေဟာ ပါရဂူ တို့ မြသန်းတင့် တို့ဖြစ်လာပါတယ်။ တစ်ဖက် ကလည်း ဖေဖေက ကောင်းသန ရဲ့ သမီးလေးဖတ်ဖို့ တို့၊ သော်တာဆွေ ရဲ့ ဘော့ပရစ်စ်တီး တို့၊ ဖေမြင့် ရဲ့ စိတ်ဓာတ်မြှင့်တင်ရေး စာအုပ်တော်တော် များများကို ဝယ်ပေးပါတယ်။

 မေမေ နဲ့အဒေါ်တွေ ရဲ့အချစ် ဝတ္ထုတွေကို ခိုးဖတ်ပေမဲ့ ဖေဖေ နဲ့ သူငယ်ချင်းတွေညွှ န်းတဲ့ စာအုပ်တွေကို ဖတ်ရင်း ဖေမြင့် ရဲ့မဟာဂရုဏာရှင်များ စာအုပ်ထဲက မာသာထရီဇာ တို့၊ ဖလောရင့်နိုင်တင်ဂေးလ် တို့၊ မြသန်းတင့် ဘာသာပြန်တဲ့ သုခမြို့တော် စာအုပ်ထဲက ကိုပါးစကီး တို့က ကျမ အားကျရတဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျမဖြစ်ချင်တဲ့ လူမျိုးတွေဖြစ်လာတယ်။ 

ကျမ အပျိုဖော် ဝင်စမှာ ဂျူး စာအုပ်တွေဖတ်ရတယ်။ ကျမ စဖတ်ရတဲ့ စာအုပ်က ကြာတော့သည် လည်း မောင့် စကား။ စာအရေး အသားနဲ့၊ ဇာတ်အိမ် အဖွဲ့အနွဲ့ကောင်းလွန်းတဲ့ ဂျူး က သူ့ဇာတ်ကောင်တွေ နဲ့ ကျမ ကို အညာဒေသ၊ ပဲခူးရိုးမ၊ ဧရာဝတီမြစ်ကမ်းနံဘေး၊ ဒေသ အစုအဖွဲ့ပိုင် သစ်တောတွေဆီ ကနေ လာဗန်ဒါပန်းခင်းတွေထိ ဆွဲငင်ခေါ်ဆောင်သွားတယ်။ 


သိပ္ဗံနည်းပညာကို လေးစားမလား ၊ အယူသီးတာပဲ ဆက်ပြီး လက်ခံမလား



ကျွန်တော်တို့ နိုင်ငံရဲ့သိပ္ဗံနည်းပညာ ကဏ္ဍမှာ ကြုံခဲ့ဖူး သမျှကတော့ အားနည်းချက်တွေနဲ့ချည်းပါပဲ။ လူ ငယ် ပညာရှင်တွေ့ရင်လည်း ပျက်သွားတဲ့ ပညာရေးကြောင့် အားမရဘူး။ အသက်ကြီးတဲ့ ဆရာကြီး တွေနဲ့ကျတော့လည်း ပညာအဟောင်းကို ဆုပ်ကိုင်ထားတဲ့သူတွေပဲ များများစားစားတွေ့ရတယ်။
 ခေတ်မှီ နည်းပညာသစ်ကို ဆက်လေ့လာ သင်ယူလိုတဲ့စိတ် မရှိတာကို အားမရပြန်ဘူး။ နောက်ဆုံးတော့ သိပ္ဗံဆိုင်ရာ ဟာသများ အမျိုးမျိုးထွက်နေတာပဲ။ ဘာစွမ်းအင်မှ မသုံးပဲ ရေနဲ့ လျှပ်စစ်ထုတ်တဲ့ စက်တီထွင်ထားတယ် လို့ သတင်းပျံနှံ့ပြီး ဝေဖန်သူ မတွေ့ခဲ့ဘူး။ ရွာထဲမှာ နွားသုံးပြီး လျှပ်စစ် ထုတ်တဲ့ တီထွင်မှု ၊ နေရာ အလိုက်သတ္တုတူးနေပြီး ခေတ်မှီနည်းပညာ သုံးထားတာ ၂ နေရာပဲတွေ့တယ် ။ 
တမင် သက်သက် မဟုတ်ပေမယ့် နည်းပညာ မရှိပဲ ပြုလုပ်ထားတဲ့ စားသုံးလို့ မသင့်တဲ့ အစားအသောက်များ ၊ မှိုပါတဲ့မြေပဲ ကြိတ်မိလို့ ဖြစ်တဲ့ပြဿ      နာကိုမသိပဲ ရောနှောဆီကြောင့်မစားသုံးသင့်လို့ ပြောနေတဲ့အသံ ၊ နိုင်ငံတကာမှာ သုံးနေတဲ့ လုံခြုံ စိတ်ချမှုရှိတဲ့ သိုလှောင်နည်းမသုံးပဲ ထုတ်လုပ်နေတဲ့ ဇီးယို နဲ့ ယိုမျိုးစုံကို အများအပြားစားသုံးနေတယ်။ 
ဒီရက်ပိုင်းမှာ အချို့ အချို့တွေက ကိုယ့်အခြေအနေ ကိုယ်မသိပဲ ဇွတ်လုပ်ခိုင်းနေတဲ့ နျူဓာတ်ပေါင်းဖိုကိစ္စ ၊ အခြေခံ လုပ်ငန်းစဉ်တောင် မပြည့်စုံတဲ့ သံရည်ကျို စက်ရုံက ထွက်တဲ့ ပစ္စည်းများ အဆောက်အအုံထဲတွေ ထည့်သုံးနေတာတောင် ဝေဖန်သံ မကြားတဲ့ဆောက်လုပ်ရေး လောက ၊ စသဖြင့် ဝမ်းနည်းစရာတွေချည်းပါပဲ။
တစ်ခါတုန်းက ဆရာဦးမြင့်က eleven ကနေထွန်းနိုင် ကို “ကျွန်တော်တို့ပြောနေတဲ့ စကားမှ မတူတာ” လို့ သရော်ခဲ့ဖူးတယ်။ အခု ကျွန်တော်ပြောမယ့် စကားက ပိုဆိုးတယ် ၊ နားမလည်တဲ့ အပြင် ဒေါသပါထွက်စေတယ်။ 

12 November 2016

တန်ဆောင်မုန်း လပြည့်နေ့ ၊သာမညဖလ အခါတော်နေ့




 မြန်မာ့ ရိုးရာ ၁၂-လ ရာသီ ပွဲတော်များ အနက် တန်ဆောင်မုန်းလ ဟာ တစ်မူ ထူးခြားတဲ့ လဖြစ်ပါတယ်။

● ဒီလ မှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
● ကထိန် သင်္ကန်း အလှူပွဲတော်၊
● မသိုး သင်္ကန်း ရက်လုပ် ပူဇော်ပွဲတော်၊
● မဲဇလီဖူးသုပ် ဝေငှသော ပွဲတော်၊
● ကျီးမနိုး ပွဲတော်၊
● သာမညဖလ အခါတော်နေ့ ပွဲတော် တို့ကို ကျင်းပလေ့ရှိကြပါတယ်။  

ဒီအထဲမှာ သာမညဖလ အခါတော်နေ့ ပွဲတော် ကျင်းပခြင်း ရဲ့ အကြောင်းရင်းကို တင်ပြလိုပါသည်။

အဇာတသတ်မင်း ဟာ ဒေ၀ဒတ်နှင့် ပေါင်းမိပြီး ခမည်းတော် ဗိမ္ဗိသာရမင်း ကို သတ်ခဲ့မိ ပါတယ်။
ဒီအချိန်က စပြီး အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။ သူ၏ မျက်လုံးတွေကို “လှံချက်ပေါင်း အရာအထောင်”တို့နဲ့ ထိုးဆွခြင်း ခံရသလို ဝေဒနာ စွဲကပ်ခဲ့ပါတယ်။ ဒီဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့် မှ ကုစား၍ မရ ဖြစ်နေခဲ့ပါတယ်။ 

ဒီအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက် အရ တိတ္ထိ ဆရာကြီး ၆-ယောက် တို့ထံ ရှေး ဦးစွာရောက်သွားပါတယ်။ ဒါပေမဲ့ တိတ္ထိ ဆရာကြီး ၆- ဦး ဟာ အဇာတသတ်မင်း ၏ ရောဂါဝေဒနာ ကို ပျောက်ကင်းရန် နည်းပေး လမ်းညွှန်မှု မပြုနိုင်ခဲ့ပါဘူး။

 နောက်ဆုံးတော့ စိတ်သောကတွေ သက်သာအောင် ဇီဝက အမတ်၏ အကြံပေးချက် အရ မြတ်စွာဘုရားထံသွားရောက် ဖူးတွေ့ဖို့ သွားရောက်ခဲ့ပါတယ်။ မြတ်စွာဘုရားထံ ရောက်ရှိခဲ့တဲ့ ည ဟာ တန်ဆောင်မုန်းလပြည့် ည ဖြစ်ပြီး ဇီဝက ဦးဆောင်တဲ့ “ မိန်းမ စစ်သည်တော် ၅၀၀” တို့ဟာ အဇာတသတ် မင်းကြီး မကြောက် ရွံဖို့နဲ့ မြတ်စွာဘုရားရဲ့ကျောင်းတော် ဆီမီး အလင်းရောင် ထိန်ထိန် လင်းစေဖို့ တန်ဆောင်တိုင် လို့ ခေါ်တဲ့ မီးတိုင်တွေကို ကိုင်ဆောင် ထွန်းညှိကာ မြတ်စွာဘုရားရဲ့ကျောင်းတော်ကို ထိန်လင်းစေတာ ကို အစွဲပြုပြီး “တန်ဆောင်တိုင်ပွဲတော်”ကို ကျင်းပခဲ့ကြပါတယ်။ 

ဇီဝက လှူဒါန်းတဲ့ ကျောင်းတော်ကို ရောက်တဲ့ခါမှာ ဥယျာဉ်တော်ထဲမှာ တစ်ထောင်ငါးရာ တစ်ဆယ်သော
ရဟန်း အပေါင်းခြံရံလျက် တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးနေတော်မူသောမြတ်စွာဘုရား ကိုတွေ့မြင်
လိုက် ရတဲ့အခါ အဇာတသတ် ဟာ ကြည်ညိုသော သဒ္ဓါတရားတွေ ဖြစ်ပွားပြီးငြိမ်သက်တည်ကြည်သော
ရဟန်းတို့ကိုရှေးက တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးပါ တကားလို့ တည်ကြည်သော စိတ်ထားဖြင့် နှုတ် မှရေရွတ်ပြီး အလွန်ကြည်ညိုသွားပါတော့တယ်။ 

ထိုအခါ မြတ်စွာဘုရားက “သာမညဖလ သုတ်”ကို ဟောကြားသော်လည်း အဇာတသတ်ဟာ ဘုရားရှင်ထံမှ တရားတော် ကို ကြည်ညို သဒ္ဓါပွားနာကြားပြီး တရားသဖြင့် မင်းပြုခဲ့ပေမယ့်ဒေ၀ဒတ် ဟူသော ပညာမဲ့ ယုတ်မာသူကို မှီဝဲ ဆည်းကပ်မှု ကြောင့် အဇာတသတ် ဟာ ကြီးလေးသော အမှားကြီးဖြစ်တဲ့ ကံကြီးငါးပါးထဲက ပိတုဃာတက အဖ ကို သတ်တဲ့ကံဖြစ်သော ဖခင် ဗိမ္ဗိသာရ မင်းကြီးကို သတ်မိတဲ့ ကံကြောင့် မြတ်စွာ ဘုရားရှင်ဟောကြားသော တရားတော်ကိုနာကြားပေမယ့် သောတပတ္တိဖိုလ် မရဘဲ နောင်တမလွန် ဘ၀ မှာလည်း အပါယ်ငရဲ ၌ ကျခဲ့ရပါတယ်။  

သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့် အတွက် အဇာတသတ်မင်း အဖို့ အိပ်မပျော်သော ရောဂါဝေဒနာ လည်း ငြိမ်းအေးပျောက်ကွယ် သွားခဲ့ပါတယ်။ ဒါတင် မကဘဲ ခမည်းတော်ကို သတ်ခဲ့မိတဲ့ သူရဲ့ အမှားကိုလည်း ကြီးစွာနောင်တရခဲ့ပါတယ်။ 

 ပြီးတော့ မြတ်စွာဘုရားထံမှာ............

(၁) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) ၀န်ခံခြင်း၊
(၂) (ခမည်းတော်ကို သတ်ခဲ့ မိတဲ့ အပြစ်ကို) တောင်းပန်ခြင်း၊
(၃) (ထိုကဲ့သို့သော မကောင်းမှုကို နောင်တစ်ဖန် မလုပ်တော့ပါ ဟု) ကတိပေးခြင်း၊ တို့ကို လုပ်ဆောင်ခဲ့ ပါတယ်။ 

 ●အဇာတသတ် မင်းကြီးဟာ သာမညဖလ သုတ် တရားတော်ကို ကြားနာရပြီး သူ့အပြစ်တွေကို ဒီလို ကုစား ခဲ့တာကြောင့် “မဟာ အ၀ီစိ ငရဲ”တွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့တဲ့ “လောဟကုမ္ဘီ ငရဲ” ၌သာ ကျရောက်ပြီး နောင်သော အခါမှာ “၀ိဇိတာဝီ” မည်တဲ့ ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ရ ပါလိမ့်မယ်။ 

 ဤကား သာမညဖလသုတ် ကို နာကြား ရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း ၏
ဖြစ်ရပ်မှန်ပင် ဖြစ်သည်။

ဤတွင် သာမညဖလ တရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည် သင့်သည်ဟု ခံယူမိသည်။
သာမညဖလ ဟူသည် “ရဟန်းပြုခြင်း၏ အကျိုးများ”ကို ဖော်ပြချက်ဖြစ်သည်။


သစ္စာလေးပါး



(၁) ဒုက္ခသစ္စာ (ဆင်းရဲခြင်း အမှန်) 

မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို  ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။ တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။ ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဥာဉ် တို့ကို သက္ကာယ ဟုခေါ်သည်။ သက္ကာယ ဟူသည်မှာ ထင်ရှား ရှိသော ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။ သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ- ဆင်းရဲ အစစ်အမှန် ဟူ၍ ခေါ်သည်။
(လိုရင်းကား ရုပ်နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာဖြစ်ပေသည်။)


(၂) သမုဒယသစ္စာ (ဆင်းရဲခြင်းဖြစ်ကြောင်းအမှန်) 

နှစ်သက် သာယာ ပြီးဆာနေတဲ့ တဏှာဟာ သက္ကာယ ခေါ်တဲ့ ရုပ်နာမ် ခန္ဓာ ဒုက္ခသစ္စာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းပါဘဲ လို့ သိစေလိုတာပါဘဲ ။ တဏှာ ဆိုတဲ့ ပါဠိက ဆာတယ် လို့ အနက်ရှိတယ်။ ဆာတယ်ဆိုတာ စားချင်ပြီး ဆာတာ သောက်ချင်ပြီး ဆာတာ မျိုးပါဘဲ။ နှစ်သက် သာယာတာလဲ ဆာ တဲ့ သဘောဘဲ။ 
လိုချင်တာ တောင့်တရတာ..၊ ရချင်တာ ခံစားချင်တာတွေ လဲ ဆာတဲ့ သဘောပဲ၊ ယခုလူတွေဟာ အကောင်းတွေ ကို မြင်ရလို့လဲ အားမရဘူး၊ ထပ်ကာ ထပ်ကာ မြင်ချင်နေတာပဲ၊ ကြားလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြားချင်နေတာပဲ၊ နံလို့လဲ အားမရဘူး၊ ထပ်ကာ ထပ်ကာ နံချင်နေတာပဲ၊ စားလို့လဲ အားမရဘူး၊ ထပ်ကာ ထပ်ကာ စားချင်နေတာပဲ၊ တွေ့ထိလို့လဲ အားမရဘူး။ ထပ်ကာ ထပ်ကာ တွေ့ထိပြီး ခံစား ချင်နေတာပဲ၊ အာရုံကောင်းတွေကို စိတ်ကူးကြံစည်လို့လဲ အားမရဘူး၊ ထပ်ကာ ထပ်ကာ ကြံချင်နေတာပဲ၊ အဲဒီလို အားမရနိုင်တာဟာ ဆာတဲ့ သဘောပဲ။
(လိုရင်းကား တဏှာသည် သမုဒယ သစ္စာပင်တည်း)

(၃) နိရောဓ သစ္စာ

နိရောဓသစ္စာ ဆိုတဲ့ နိဗ္ဗာန် တရားက အသိခက်တယ်၊ အပြောရလည်း ခက်တယ်၊ မိမိတို့ သန္တန် မှာ ရှိနေတဲ့ ရုပ်နာမ် များလို မိမိတို့ မျက်မှောက် မှာရှိနေတဲ့ ရုပ်ဝတ္ထုများ လို သိဖို့လည်း မလွယ်ဘူး၊ ပြောဖို့လည်း မလွယ် ဘူး၊ သက္ကာယ နိရောဓော ဆိုတာကို ဒဲ့ဒိုးပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာ ဆိုတဲ့ ရုပ်နာမ် တို့၏ ချုပ်ခြင်း ကင်းငြိမ်းခြင်းလို့ ပြောရမှာပဲ၊ ဒါပေမဲ့ အဲဒီ ရုပ်နာမ်တွေ ချုပ်တာ ကလည်း ဖြစ်ပြီးတော့ ချုပ်ပျက် သွားတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်နေကျ ရုပ်နာမ်တွေ အကြောင်း မရှိလို့ လုံးလုံး မဖြစ်ဘဲ ချုပ်ခြင်း ကင်းငြိမ်းခြင်း ကိုသာ ဆိုလိုတယ် ဒါကြောင့် ဒီမှာ အကြောင်းဖြစ်တဲ့ သမုဒယ တဏှာ ၏ ချုပ်ခြင်းဖြင့် ဖော်ပြထားတာပါပဲ။
( ထေရီမ ဖြေဆိုတော်မူထားသော တိုက်ရိုက် အဖြေမှာကား တဏှာချုပ်ခြင်း ပင်ဖြစ်ပါသည်။)


ဗုဒ္ဓ ၏ အစွမ်းထက်သော ဆေးကောင်း လက်နက်ကောင်းများ




ဗုဒ္ဓဘာသာ လူကြီး လူငယ်များသည် အိပ်ရာဝင် အိပ်ရာထတိုင်း အနန္တ ငါးပါးကို ရှိခိုးဝတ်ပြု၍ ဣတိပိသော စသော ဂုဏ်တော်များ၊ ရတနသုတ်၊ မေတ္တသုတ်၊ မောရသုတ် စသော ပရိတ် တရားတော်များ ကို ရွတ်ဆိုလေ့ ရှိကြသည်။ အလွန် မွန်မြတ်လှသော အလေ့ အကျင့်ဖြစ်၏။ လောကီ လောကုတ္တရာ အကျိုးများ ဧကန်ရရှိမည့် အကျင့်ကောင်းများ ဖြစ်သည်။

ပရိတ်တော်များကို မြတ်ဗုဒ္ဓ သည် အခါအခွင့် အားလျော်စွာ ဖြစ်ပေါ်သော အခြေအနကို လိုက်၍ ဘေးအန္တရာယ် ကင်းရှင်းစေခြင်း၊ ကျန်းမာ ချမ်းသာစေခြင်း၊ လူဆိုး၊ နတ်ဆိုး ရန်များကို အောင်နိုင်စေခြင်း၊ လောကီလော ကုတ္တရာ အကျိုးစီးပွား တိုးပွားစေခြင်းငှါ ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ ထိုထို ပရိတ်တော်များကို ဗုဒ္ဓ ဘာသာတိုင်း နားကြားဖူးကြသည်သာ ဖြစ်၏။ သံဃာတော်များ ရွတ်ဆို သည်ကို နာကြားရုံ မက ကိုယ်တိုင်လည်း ရွတ်ဆို၍ မိမိအကိျုး၊ သူတစ်ပါး အကျိုးကို ဖြစ်ထွန်းစေကြ၏။

မိဘ ဘိုးဘွား သားသမီး ဆွေမျိုးမိတ်ဆွေများ အတွက် ကျန်းမာ ချမ်းသာ ရောဂါပျောက်ကင်းရန် ကောင်းကျိုးမင်္ဂလာ ပွားတိုးရန် အနီးအနားတွင် ရွတ်ဆိုပေးလေ့ ရှိကြသည်။ ထိုသို့ပြုလုပ်ရာတွင် ရသင့်သော အကျိုးကို ပြီးမြောက်အောင် ရွတ်ဆိုသူ အင်္ဂါ ၃-ပါး (သို့မဟုတ် ၄-ပါး)။

နာယူသူ၏ အင်္ဂါ ၃-ပါး၊ (သို့မဟုတ် ၄-ပါး) ကို ကောင်းစွာ ဂရုစိုက်၍ ပြည့်စုံအောင် ကြိုးစားရန် လိုပေသည်။ ယင်း လိုအပ်ချက် အင်္ဂါ များကို ဖော်ပြရသော် နာယူသူသည်-...............

၁။ ပဉ္စာနန္တရိယ ကံ ငါးပါးတည်း ဟူသော ကမ္မန္တရာယ် မရှိခြင်း
၂။ နိယတမိစ္ဆာ ဒိဋ္ဌိ ဟူသော ကိလေသန္တရာယ် မရှိခြင်း
၃။ ပရိတ်တော် ၏ အာနိသင် ကို ယုံကြည်သော သဒ္ဓါ တရားနှင့် ပြည့်စုံခြင်း
၎။ တည်ကြည်သော သမာဓိ သက္ကစ္စဂါရ၀ဖြင့် နာယူခြင်းတို့ ဖြစ်သည်။
ထို အချက်များတွင် (၁) (၂)သည် ကင်းလွတ်ပြီး ဖြစ်ကြ၏။ (၃)(၄)ကို စိတ်ဖြင့် ပြုပြင်ပေးနိုင်ကြပါ၏။


မြန်မာ နိုင်ငံ နှင့် ဗုဒ္ဒ သာသနာ



သာသနာ ဆိုတာ ပါဠိ စကားဖြစ်ပြီး ဗုဒ္ဓ ရဲ့ အဆုံးမ တရားတော်ကို ဆိုလိုသလို ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော် မူတဲ့ ဘီစီ ၅၄၄ ကနေ စရေတွက်တဲ့ သာသနာနှစ်ကို လည်း ရည်ညွှန်းတယ်။ ၁၈၆၁ ခုနှစ်မှာ ပညာသာမိ မထေရ်မြတ်ရေးတဲ့ ဗုဒ္ဓသာသနာ သမိုင်း (သာသန၀ံသ) ကနေ မြန်မာပြည်အတွင်း ဗုဒ္ဓသာသနာ ပြန့် ပွားလာပုံ ကို ခြေရာခံရတယ်။ အဲဒီ သမိုင်းကျမ်း အရတော့ ဗုဒ္ဓသာသနာ ဟာ ရာမည ပြည်မှာ စတင်ရောက် ရှိတယ်။

သာသနာနှစ် ၂၃၅ မှာ သောဏ နဲ့ ဥတ္တရ မထေရ်မြတ်နှစ်ပါးဟာ သထုံမြို့နယ်က ကေလာသ တောင်နားမှာရှိတဲ့ သုဝဏ္ဏဘူမိ လို့ ထင်ရှားတဲ့ ရာမညပြည်ကို သာသနာပြု ခရီးရောက်ခဲ့တယ် လို့ဆိုပါတယ် ။ သို့သော်လည်း ဒါဟာ အစဉ်လာသမိုင်းကျမ်းတွေ ရဲ့အဆိုဖြစ်ပြီးအသောက မင်းကြီးရဲ့ ကျောက်စာတွေမှာသာသ နာပြု ခရီးစေလွှတ်ခဲ့တဲ့နေရာ တွေကို ဖော်ပြတဲ့အခါ ဒီ မထေရ်မြတ်နှစ်ပါးရဲ့သုဝဏ္ဏဘူမိ သာသနာပြု  ခရီး ကို မတွေ့ရဘူး ။ အဲဒီ အစဉ်လာ သမိုင်းကျမ်းရဲ့အဆိုအရ ဗုဒ္ဓသာသနာဟာ သထုံကို ဗဟိုပြုပြီး အ ထက်မြန်မာပြည်ကိုပြန့်နှံ့ရောက်ခဲ့တယ် လို့ဆိုတယ်။

အနိရုန္ဓ (အနော်ရထာ) ဘုရင်ဟာ ၁၀၅၇ မှာ သထုံ ကိုအောင်နိုင်တဲ့အခါ မြန်မာပြည် အထက်ပိုင်းကို သန့်စင် တဲ့ ဗုဒ္ဓ ၀ါဒ သယ်ဆောင်ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။ သို့သော်လည်း အဲဒီ သမိုင်း အဆိုကို သက်သေပြဖို့ ခေတ်ပြိုင် သမိုင်း အထောက် အထား မတွေ့ရဘူး။ ဒီ အကြောင်းကို သမိုင်း အစောင်စောင်က ရေးကြပေမဲ့ အဲဒီ သမိုင်းကျမ်းတွေဟာ ခိုင်မာမူ အင်မတန် နည်းတယ်။ ထိုင်းတွေ ကတော့ အနိရုန္ဓဘုရင် ဟာ ဗုဒ္ဓ သာသနာ ကို သထုံက ရတာ မဟုတ်၊ နခွန် ပထွန် က ရတယ် လို့ ပြောကြတယ်။

အနိရုန္ဓ ဘုရင် ရဲ့ အမှတ် တံဆိပ်တော်တွေ တွေ့ရှိချက်အရ သူ့ရဲ့အင်ပါယာဟာ ဧရာဝတီမြစ်တောင်ဘက်သံတွဲ ကနေ၊ မြောက်ဘက် ရွှေလီမြစ်ဆုံ ထိ ကျယ်ပြန့်ပြီး သထုံ ဟာ အင်ပါယာ ပိုက်နက်ထဲမှာ ရှိခဲ့တယ်။ သို့သော်လည်း သထုံ ဟာ သန့်စင် တဲ့ ဗုဒ္ဓ၀ါဒ ရဲ့ ဗဟိုနေရာဖြစ်ပြီး အနိရုန္ဓဘုရင် ဟာ သထုံ ကိုအောင်နိုင်မှ ပုဂံ ကို သန့်စင်တဲ့ ဗုဒ္ဓ၀ါဒ ပြန့်ပွားစေခဲ့ တယ် ဆိုတဲ့ သမိုင်း အဆိုဟာ သံသယ ဖြစ်စရာ အများကြီးရှိ တယ်။

အစောပိုင်း ဗမာ လူမျိုးတွေဟာ အဲဒီ (၁၁) ရာစု မတိုင်ခင် ကတည်းက ဗုဒ္ဓ၀ါဒ နဲ့ ပတ်သက်ပြီး ထိတွေ့ပြီးပြီ လို့ ယူဆစရာ များစွာ ရှိတယ်။ ပျူတွေဟာ ဗမာ လူမျိုးတွေရဲ့ ယဉ်ကျေးမှု နဲ့ ကိုးကွယ်ရာ ဘာသာကို နောက်ကျဆုံး အေဒီ ၁၁၁၂ - ၁၃ ထိ လွှမ်းမိုး ခဲ့မယ် လို့ ခန့်မှန်းရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထိလိုင်မင်း (၁၀၈၄-၁၁၁၃) ရဲ့ သားတော်ဖြစ်တဲ့ ရာဇာကုမာရ မင်းသား ဟာ နာမကျန်းဖြစ်နေတဲ့ ဖခင် အတွက် ရည်စူးပြီးလှူဒါန်းတဲ့ အလှူ  မှတ်တမ်းကျောက်စာကို လေးဘာသာနဲ့ ရေးထိုးတဲ့ အခါ ပျူ ဘာသာ စကား ပါဝင်နေတယ်။ ပျူတွေရဲ့ မြို့တော်ဟာ ယနေ့ ခေတ် ပြည်မြို့ရဲ့ အရှေ့ဘက် (၄) မိုင်ဝေးတဲ့ သရေခတ္တရာ ဖြစ်ပြီး အေဒီ ၆၃၈ က တည်ခဲ့မယ်လို့ ယူဆရတယ်။ ပြီးတော့ ကရင်တွေ ၀င်ရောက်လာတဲ့ အခါ (၈) ရာစု အလယ်ပိုင်းလောက် မှာ ပျူတွေဟာ ရွှေဘိုမြို့နားက ဟန်လင်ကြီးမြို့ကို ရွှေ့ပြောင်း တည်ထောင်ပြီး အေဒီ ၈၃၂ မှာ ပျူ နိုင်ငံ ပျက်စီးသွားခဲ့တယ်။

ပျူ မြို့ဟောင်းဖြစ်ခဲ့တဲ့ မှော်ဇာကုန်း ကို တူးဖော်တဲ့ အခါ အလွန် စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်း အထောက် အထားတွေ တွေ့ခဲ့ရတယ်။ အဲဒီ အထဲက အရေးကြီးဆုံး ရှာဖွေတွေ့ရှိမူ ဖြစ်တဲ့ ပါဠိ လက်ရေးမူ ရွှေပြား အချပ် နှစ်ဆယ် ကို ၁၉၂၀ မှာ တွေ့ရှိခဲ့တယ်။ အဲဒီ ရွှေပြားတွေမှာ ပါဠိ ပိဋကတ်တော်၊ နေရာ (၈)  နေရာ က ကောက်နုတ်ရေးသားချက် တွေပါရှိတယ်။ 


ပထမ ကောက်နုတ်ရေးသားချက်က ‘‘နိဒါနပါဠိတော်၊ သို့မဟုတ် ပဋိစ္စသမုပ္ပါဒ ပါဠိတော်’’ ဖြစ်တယ်။ 
ဒုတိယကောက်နုတ်ချက် မှာ ‘‘၀ိပဿ       နာ ဉာဏ်စဉ် ခုနှစ်ပါး’’ရေတွက်ပြထား တယ်။ 
တတိယ ကတော့ ‘‘ဗောဓိပက္ခိယ တရား သုံးဆယ့်ခုနှစ်ပါး ပါဠိတော်’’ ဖြစ်ပြီး ...
စတုတ္ထက ဗုဒ္ဓမြတ်စွာရဲ့ ဝေသာရဇ္ဇ ဉာဏ်တော် (၄) ပါး ဖြစ်တယ်။ 
ငါးခုမြောက်မှာ ဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော်တစ်ဆယ့် လေးပါး ဖြစ်ပြီး....
 ခြောက်ခုမြောက်ဟာ အမြတ်ဆုံးလေးပါးကို ဖော်ပြထားတဲ့ ဓမ္မပဒ ဂါထာတော်ဖြစ်တယ်။ 
ခုနှစ်ခုမြောက်ကတော့ ဗုဒ္ဓမြတ်စွာနဲ့ ရဟန်းတော်တွေ ရာဇဂြိုလ်မြို့ကို ဒေသစာရီကြွချီတော်မူကြောင်း ပါဠိတော်ဖြစ်ပြီး နောက်ဆုံး 
ရှစ်ခုမြောက် က မဟာပရိနိဗ္ဗာနသုတ်ကလာတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဂုဏ်တော်ကို ချီးကျူးပူဇော်တဲ့ ပါဠိတော်ဖြစ်ပါတယ်။ 

အဲဒီ ပါဠိတော် ရွှေပြားချပ် တွေနဲ့ အနီးအနား ပတ်ဝန်းကျင်မှာ ရှာဖွေတွေ့ရှိရတဲ့ သမိုင်းအထောက် အထားတွေ အရ ပါဠိ သုံးနှုန်းတဲ့ ဗုဒ္ဓ၀ါဒ ဟာ ပျူနိုင်ငံ ကိုရောက်နေပြီး ပျူတွေရဲ့ ပါဠိတော်နဲ့ အကျွမ်းဝင်မူဟာ မနိမ့်ကျဘူးလို့ ကောက်ချက်ဆွဲနိုင်တယ်။ ပါဠိ ဗုဒ္ဓသာသနာ ဟာ သရေ ခေတ္တရာမှာ ထွန်းကားနေပြီး ပုဂံ က ဗမာ တွေဆီ ထိအောင် ပြန့်ပွားလိမ့်မယ် လို့ ယူဆနိုင်စရာရှိတယ်။

ပျူတွေဟာ သူတို့ မြို့တော် ပျက်စီးသွားတဲ့အခါ ဗမာ တွေနဲ့ ရောနှောနေထိုင်ခဲ့ပြီး သူတို့ထက် အားကောင်းတဲ့ ဗမာ လူမျိုးတွေ ရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရတယ် လို့ သုံးသပ်ကြည့်နိုင်တယ်။ ဟန်လင်းကြီး မှာ ရေးထိုးခဲ့တဲ့ ပျူကျောက်စာ သုံးခု ပုဂံပြတိုက်မှာ ရှိတယ်။ တစ်ခုက ဟန်လင်းကြီးက ဖြစ်ပြီး ပုဂံမတိုင်ခင် ခေတ်က ရေးထိုးခဲ့တာဖြစ်တယ်။ နောက်တစ်ခုက ရာဇကုမာရ ကျောက်စာ (အေဒီ ၁၁၁၃) ဖြစ်တယ်။ နောက်ဆုံးကျောက် စာ တစ်ခု ကတော့ စာမျက်နှာ နှစ်ဘက် ရေးထိုးစာ ပါပြီး တစ်ဘက် ဟာ တရုတ် ဘာသာဖြစ်နေ တယ်။ အဲဒီ ကျောက်စာ ကိုတော့ ၁၂၈၇-၁၂၉၈ လောက်က ရေးထိုးခဲ့တာ လို့ ခန့်မှန်းရတယ်။ ပုဂံ ခေတ်တစ်လျှောက်လုံးမှာ ပျူ ကျောက်စာ ရေးထိုးမူ တွေ ဘာကြောင့် ရှားပါးနေရသလဲ ဆိုတာကို အောက်ပါ အတိုင်း ရှင်းပြ နိုင်ပါလိမ့်မယ်။

ပျူ  နဲ့ မွန် ယဉ်ကျေးမူ နှစ်ခု စလုံး ဗမာ တွေကို လွှမ်းမိုး ခဲ့ပေမဲ့ မွန် ယဉ်ကျေးမှု က ဘာကြောင့် အားသာသွား ရ သလဲ ဆိုတော့ ကျောက်ဆည်ဒေသမှာ အခြေချနေထိုင်တဲ့ မွန် လူမျိုးတွေရှိပြီး အဲဒီ မွန်တွေဟာ ဗမာ တွေနဲ့ ဒေသချင်း နီးစပ် နေလို့ဖြစ်တယ်။ (၁၂) ရာစုရဲ့ ဒုတိယ ဆယ်စုနှစ်ကို ရောက်တဲ့အခါ ဗမာ   ယဉ်ကျေးမှု အပေါ် မွန်တွေရဲ့လွှမ်းမိုးမှု ကျဆင်းသွား ကြောင်းတွေ့ရတယ်။ 


အကူးအပြောင်းကာလဖြစ်တဲ့ (၁၁၁၃-၇၄) အတွင်းရေးထိုးခဲ့တဲ့ ကျောက်စာတွေမှာ မွန်၊ သက္ကတ၊ ပါဠိ၊ ဗမာ စာတွေနဲ့ ရေးထိုးတာကို တွေ့ကြရတယ်။ ဒါဟာ ဘာကြောင့်တုန်းဆိုတော့ အဲဒီ အချိန်က ဗမာတွေဟာ အရေးအသား အတတ်မှာ မြေစမ်းခရမ်းပျိုး အဆင့်ဘဲ ရှိနေလို့ဖြစ်တယ်။ သို့သော်လည်း နောက်ဆုံးကျတော့ ဗမာ စကားဟာ ပြိုင်ဘက် ဘာသာ စကားတွေ အားလုံးကို လွှမ်းမိုးသွားခဲ့ပါတယ်။


07 November 2016

လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့ မှာ သာမန်ထက် ပိုမိုကြီးမား ၊ တောက်ပ တဲ့ အံ့ဖွယ် လမင်းကြီး ဖြစ်ပေါ်မည်




အခု ရောက်ရှိနေတဲ့ နိုဝင်ဘာလ မှာတော့ လမင်းကြီး ကို ထူးခြားစွာမြင်တွေ့ရတော့မှာပါ။ နိုဝင်ဘာလ မှာ ကမ္ဘာဂြိုလ် ရဲ့  ဂြိုလ်ရံ တစ်ခုဖြစ်တဲ့ လ ဟာ ကမ္ဘာကြီး နဲ့ ပိုမို နီးကပ်လာမှာ ဖြစ်တဲ့အတွက် ကမ္ဘာပေါ်ကနေ ကြည့်ရှုတဲ့အခါ လ ဟာ သာမန်ထက် ကြီးမားနေမှာ ဖြစ်ပါတယ်။ 

ဒါမျိုး ဖြစ်စဉ်ဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ မှာ နောက်ဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ Science Alert သတင်း ဌာနရဲ့  ဖော်ပြချက် အရတော့ လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လ ဟာ သာမန်ထက် ၁၄ ရာခိုင်နှုန်း ခန့် ပိုမိုကြီးမားနေမှာ ဖြစ်ပြီး သာမန်ထက်လည်း ၃၀ ရာခိုင်နှုန်း ခန့် ပိုမိုတောက်ပနေမှာဖြစ်တယ်လို့ သိရပါတယ်။

 နောက်ထပ် တစ်ကြိမ် ဒီလို ထပ်ဖြစ်မယ့် အချိန် ကတော့ ၂၀၃၄ ခုနှစ် နိုဝင်ဘာလ အထိ စောင့်ဆိုင်းရဦးမှာပါ။ "ဘာကြောင့်လဲ ဆိုတော့ လ မှာ ကမ္ဘာ ကို လှည့်ပတ်နေဖို့အတွက် ဘဲဥ ပုံသဏ္ဍာန် ပတ်လမ်း တစ်ခုရှိပါတယ်။ 

ကမ္ဘာ ကို ပတ်နေတဲ့ အဲဒီ ပတ်လမ်း ရဲ့  တစ်ဖက် အခြမ်းမှာ လ ရောက်ရှိနေတဲ့အခါမှာ Perigee လို့ခေါ်ပြီး တစ်ခြား တစ်ဖက်အခြမ်း ကိုရောက်ရှိနေရင်တော့ Apogee လို့ ခေါ်ပါတယ်။ 

Perigee ဘက်အခြမ်း မှာ လ ရောက်ရှိနေတဲ့အခါ လ ဟာ မိုင်းပေါင်း သုံးသောင်းခန့် (၄၈၂၈၀ ကီလို မီတာ) ကမ္ဘာ နဲ့ နီးကပ်နေပါတယ်။ 

Apogee ဘက်အခြမ်း ကိုရောက်နေရင်တော့ လ ဟာ ကမ္ဘာ နဲ့ ပိုမို ဝေးကွာနေမှာပါ။" "လ ဟာ ကမ္ဘာကို လည်ပတ်နေသလို ကမ္ဘာ ဟာလည်း နေ ကို လည်ပတ်နေပြန်တဲ့ အတွက် နေ ၊ လ နဲ့ ကမ္ဘာ တို့ တစ်တန်းတည်း ရောက်ရှိသွားကြတဲ့ အခါမှာ Syzygy လို့ခေါ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာပါတယ်။ 


ပျားရည် ကို ဘာကြောင့် မှီဝဲသင့်သလဲ



ပျားရည် ကို ဘာကြောင့် မှီဝဲသင့်သလဲ ဘယ်လိုရောဂါတွေ အတွက် ကောင်းပါသလဲ ...

ပျားရည် ဟာ ကြာရှည်ခံသော အစားအစာ ဖြစ်ရုံတင် မကဘဲ ဆေးဘက် ဝင်သော အရည် တစ်မျိုး ဖြစ်ပါ တယ်။ 

အထူး သဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင် ရုံတင် မကဘဲ အခြားသော ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ပျားရည် ဟာ ချိုမြိန်သော အရသာ ရှိသည့်အတွက် လူတိုင်းကြိုက်နှစ် သက်လို့ မှီဝှဲရန် အဆင်ပြေတဲ့ အစား အစာ တစ်မျိုးဖြစ် ပါတယ်။

ပျားရည် ကို မှီဝဲလို့ ကာကွယ်ပေး နိုင်တဲ့ ရောဂါတွေ ကတော့ .......

(၁) ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) နှလုံးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) ပြည်တည်နာနှင့် အနာဆွေး၊ အနာဟောင်း အတွက်လည်း ပျားရည် ဟာ အသုံးဝင်ပါတယ်။
(၄) ခန္ဓာကိုယ် အတွက် ခွန်အား ကို ပေးစွမ်းပါတယ်။
(၅) ချောင်းဆိုးခြင်းများ အတွက်လည်း မှီဝဲပေးနိုင်ပါတယ်။


သံသရာ လည်ကြောင်းနှင့် သံသရာ ပြတ်ကြောင်း





သံသရာ လည်ကြောင်းမှာ
********************
၁။ စက္ခုဓါတ် ကိုလည်းကောင်း၊
ရူပဓါတ် ကိုလည်းကောင်း၊ စွဲ၍ စက္ခုဝိညာဏဓါတ် ဖြစ်ပါသည်။

သုံးပါးသော ဓါတ်တို့၏ ပေါင်းဆုံခြင်းကြောင့်ဖဿ            ဖြစ်ပါသည်။
ဖဿ           ဟူသော အကြောင်းကြောင့် ဝေဒနာ ဖြစ်ပါသည်။

ဝေဒနာ ဟူသော အကြောင်းကြောင့် တဏှာ ဖြစ်ပါသည်။
တဏှာ ဟူသော အကြောင်းကြောင့် ဥပါဒါန် ဖြစ်ပါသည်။

ဥပါဒါန် ဟူသော အကြောင်းကြောင့် ဘ၀ ဖြစ်ပါသည်။
ဘ၀ ဟူသော အကြောင်းကြောင့် ဇာတိဖြစ်ပါသည်။

ဇာတိ ဟူသော အကြောင်းကြောင့် ဇရာ မရဏဖြစ်ပါသည်။
စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊
ပြင်းစွာ ပင်ပန်းခြင်း၊ တို့လဲဖြစ်ကြရပါသည်။

ဤသို့သော အကြောင်း အဆက်ဆက်ဖြင့် ချမ်းသာ စသည် တို့နှင့် မရောမယှက်၊ သက်သက်သော ဤ   ဆင်းရဲ အစုကြီး ၏ ဖြစ်ခြင်း သည် ထင်ရှားလှပါသည်။
(စဉ်းစားဆင်ခြင်ပါက ထင်ရှားလှပါသည်။)

၂။ သောတဓါတ် ကိုလည်းကောင်း၊
သဒ္ဒ ဓါတ် ကိုလည်းကောင်း၊ စွဲ၍ သောတ၀ိညာဏ ဓါတ်ဖြစ်ပါသည်။
(ကြွင်းဆက်ပြီး ဆိုနိုင်လောက်ပြီ။)

၃။ ဃာနဓါတ် ကိုလည်းကောင်း၊
ဂန္ဓဓါတ် ကိုလည်းကောင်း စွဲ၍ ဃာန ၀ိညာဏဓါတ် ဖြစ်ပါသည်။

၎။ ဇိဝှာဓါတ် ကိုလည်းကောင်း၊
ရသဓါတ် ကိုလည်းကောင်း စွဲ၍ ဇိဝှာဝိညာဏဓါတ် ဖြစ်ပါသည်။

၅။ ကာယဓါတ် ကိုလည်းကောင်း
ဖောဌဗ္ဗဓါတ် ကိုလည်းကောင်း၊ စွဲ၍ ကာယ၀ိညာဏ ဓါတ်ဖြစ်ပါသည်။

၆။ မနောဓါတ် ကိုလည်းကောင်း၊
ဓမ္မဓါတ် ကိုလည်းကောင်း၊ စွဲ၍ မနောဝိညာဏ ဓါတ်ဖြစ်ပါသည်။

ရာသီခွင် (၁၂) ခု နဲ့ သူတို့ရဲ့ အချစ်ရေး




ရာသီခွင် တစ်ခုချင်းစီ မှာ အချစ်ရေး နဲ့ ပတ်သက်ပြီး မတူဘဲ ကွဲပြားနေတဲ့ အချက်လေးတွေ၊ စရိုက် လေးတွေ နဲ့၊ အခြေ အနေ သဘောတရားတွေ ရှိပါတယ်။

မိဿ           (Aries)
အချစ်ရေး နဲ့ပတ်သက်ပြီး အရမ်း ခံစားချက်ပြင်းထန်တယ်။ စိတ် အတက်အကျ အပြောင်းအလဲလည်း မြန်တယ်။

ပြိဿ          (Taurus)
ရိုးရှင်းတဲ့ အမြင်ပဲ ရှိတယ်။ တစ်ယောက်ယောက် နဲ့ စိတ်ချင်း ဆက်နွယ်မှု ရှိတယ်လို့ခံစားရရင် ချစ်မိသွားဖို့လွယ်ကူတယ်။

မေထုန်    (Gemini)
အပေါင်းအသင်း များတယ်။ ချစ်သူ ရှိရင်တောင် ချစ်သူကိုပေးစရာအချိန် မရှိသလောက်ဖြစ်နေမယ်။

ကရကဋ်    (Cancer)
စိတ်ကူးယဉ် ဆန်တဲ့ အချစ်မျိုးပဲ လိုချင်တယ်။ ရိုမီယို နဲ့ ဂျူးလိယက် လို ရိုမန်တစ်ဆန်ဆန် ချစ်ချင်တယ်။

သိဟ်     (Leo)
ချစ်သူနဲ့တောင် ခေါင်းနည်းနည်း မာတယ်။ ကိုယ်က အချစ်ရေးမှာ ကံဆိုးနေရင်တောင် ချစ်နေရင် မမှုဘူးဆိုတဲ့စိတ်မျိုး။

ကန်    (Virgo)
အသစ် အသစ်တွေကို စိတ်ဝင်စားလေ့ ရှိတယ်။ ချစ်သူ ဆိုရင်လည်း ရွေးစရာများ သလို၊ အများကြီးရွေးရတာကိုလည်း ကြိုက်နှစ်သက်သူပေါ့။



လက်ချောင်းလေးတွေ ကို စက္ကန့် ၆၀ လောက် နှိပ်ကြည့်တဲ့အခါ........




ကျန်းမာရေး နဲ့ သင့် လက်ချောင်းတွေ ဆက်စပ်နေလိမ့်မယ် လို့ တွေးကြည့်ဖူးပါသလား။ တစ်ကယ်တော့ သင့် လက်ချောင်းတွေကို နှိပ်ပေးခြင်း ပွတ် သပ်ပေးခြင်း အားဖြင့် သင် ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။

လက်မ -သင့် လက်မ ကို စက္ကန့် ၆၀ လောက် ပုံမှန် နှိပ်နယ်ပေးတာက နှလုံး နဲ့ အဆုတ် ကို အထောက် အကူပြုပါတယ်။ အအေးမိခြင်း နဲ့ အသက်ရှူ ရပ်ခြင်းလိုရောဂါတွေ အတွက် အထောက် အကူပြုပါ တယ်။နှလုံး နဲ့ ဆိုင်တဲ့ရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။

လက်ညှိုး -လက်ညှိုး ကို စက္ကန့် ၆၀ လောက် ပွတ်သပ်နှိပ်နယ်ပေးမယ် ဆိုရင် အစာအိမ် နဲ့ အူရောဂါတွေကို သက်သာစေပါတယ်။ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပူခြင်း တို့ကို သက်သာစေပါတယ်။

လက်ခလယ် -လက်ခလယ် က အိပ်မပျော်ခြင်း၊ စိတ်ငြိမ်ခြင်း များနဲ့ ဆက်စပ်နေပါတယ်။ ညဥ့်နက်တဲ့ အထိ အိပ်မပျော်နိုင်လို့ စိတ် မသက်မသာ ဖြစ်နေရင် လက် ခလယ် ကို စက္ကန့် ၆၀ လောက် ပွတ် သပ်ပေးပါက စိတ် သက်တောင့် သက်သာ နဲ့ မကြာမီ အိပ်ပျော်သွားနိုင်ပါတယ်။


ပုံပြင်




ပုံပြင် (၁)

ကြောင်နဲ့ ဝက် က သူငယ်ချင်းတွေ။
တစ်နေ့ သူတို့နှစ်ယောက် လမ်းလျှောက်လာရင်း ကြောင် က မုဆိုးထောင်ထားတဲ့ ကျင်းကြီးထဲ ပြုတ်ကျသွားတယ်။ ဝက် ကကြိုးအရှည်တစ်ချောင်း သွားရှာလာတယ်။


ကြောင်က ဝက် ကို ကြိုး ပစ်ချခိုင်းတယ်။ ဝက်က ကြိုး အခွေလိုက် ပစ်ချပေးလိုက်သည်။
ကြောင်က ဒေါသထွက်ပြီးပြောတယ်။


"နင် ဒီလိုပစ်ချတော့ ငါက ဘယ်လို တက်လာရမလဲ.. " တဲ့
" ဒါဆို ငါဘယ်လိုလုပ်ရမှာလဲ " လို့ ဝက် က မေးတယ်။


"ကြိုး တစ်ဖက်ကို လက်က ကိုင်ထားရမှာလေ.." လို့ ကြောင်ကပြန်ဖြေတယ် ။
ဝက် က ချက်ချင်း ကျင်းထဲ ခုန်ချလိုက်ပြီး ကြိုးစ ကောက်ကိုင်လိုက်သည်။


" ပြော... ခု ငါဘာဆက်လုပ်ရမှာလဲ "
ကြောင် ခဏတော့ ငိုင်သွားတယ်... ပျော်ပြီးဝက်ကို ထဖက်လိုက်သည်။


*** ( အချို့ လူတွေက သိပ် ဉာဏ် မကောင်းကြဘူး .. ဒါပေမယ့် သူတို့က သင့်ဘဝ  အဆုံးထိ ဘေးမှာ ထာဝရနေပေးသွားတယ် )***




ပုံပြင် (၂)

မျက်မမြင် တစ်ယောက်က ဆီမီးလေး ကိုင်ပြီးရပ်နေတာ ဘုန်းကြီးက တွေ့သွားတော့ နားမလည်ဖြစ်ပြီး သွားမေးတယ်။


"ဒကာလေးက မျက်လုံးမှ မမြင်တာ အလင်းရှိတော့ကော ဘာထူးသလဲ.. "တဲ့
မျက်မမြင်က .. "ကျနော်ကြားဖူးတာ တစ်ခုရှိတယ်.. လူတွေဟာ နေဝင် မိုးချုပ် သွားတာနဲ့ တစ်ပြိုင်နက်  ကျနော့် လို ဘာမှ မမြင်တော့ဘူးဆို..


အဲဒါကြောင့် သူတို့ မြင်ရအောင် မီးထွန်းပြီး လမ်းပြ ပေးနေတာ "


ဘုန်းကြီးက " အော်.. ဒကာလေး စိတ်ထား အင်မတန် မွန်မြတ်ပါလား" လို့ ချီးမွမ်းတယ်။
မျက်မမြင်က " တစ်ကယ်တော့ ကျနော်က ကျတော့် အတွက် မီးကို ထွန်းထားရတာ.. လူတွေ ကျနော့် မီး ကိုမြင်တဲ့ အခါ ဝင်မတိုက်မိ.. မနင်းမိတော့ဘူးလေ... အဲဒါကြောင့်.. "


ဘုန်းကြီးက စိတ်ထဲက ရေရွတ်လိုက်တယ်... အများအကျိုးဆောင် ကိုယ်ကျိုးအောင် ပါတစ်ကား ...



05 November 2016

နာမည် နဲ့ စိတ်ဓါတ်




သင့်ရဲ့ နာမည်ကို ကြည့်ပြီး သင့်ရဲ့ စိတ်နေ သဘာဝ ကို အကြမ်းဖျင်း တွက် လို့ ရတဲ့ နည်း ရှိတယ် ။
ကျွန်တော်ပြောတာ ဟုတ်ဖူး နော် ။ အဘ ဂျာနယ် က ကူးထားတာ။ သင့်ရဲ့ လူသိများသော အမည်ကို      အောက်ပါ အတိုင်းတွက်ပါ။
အ-အာ-ဥ-သြ - ဧ = ၁
က-ခ-ဂ ဃ -င = ၂
စ-ဆ-ဇ-ည-စ် = ၃
ရ-ယ-လ-၀ = ၄
ဖ-ပ-ဘ-မ-ဗ = ၅
သ-ဟ = ၆
ဓ-ဒ-န-တ-ထ - ဌ = ၇
ဥပမာ -
ဇော် ဝေ ထွန်း = ၃ + ၄ + ၇ = ၁၄ = ၅
၅ - ရလျှင် - မိတ်ဆွေသည် သည်းခံစိတ် ရှိ ပြီး စိတ် ရှည် သူဖြစ်၏။ တာဝန်နှင့် ၀တ္တ ရားကိုလည်း နား လည် သူဖြစ်၏။ အပေါင်း အသင်းပေါင်းရာတွင် စိတ်တိုင်းကျ ရွေးချယ်ပြီးမှ ပေါင်းတတ် သူဖြစ် သည် ။ 

စိတ်ခံစားမှု လွယ်ကူသော်လည်း မျိုသိပ်နိုင် သူ ဖြစ်သည် ။ သူတစ်ပါးအား ဆွဲဆောင်နိုင်သော စွမ်းအားရှိ သည်။ မိတ်ဆွေသည် စိတ်ဆိုး ခဲ၏ ။ စိတ်ဆိုးလျှင် လည်း တော်တော်နှင့် မ ပြေ တတ်ပေ။ မိတ်ဆွေသည် မိသားစု၊ သားသမီး အပေါ် သံယောဇဉ်ကြီးသူဖြစ်သည်။ 

သို့သော် သားသမီးအကျိုး မ ခံ စား ရ တတ် ပေ ။ သိမ်သိမ်မွေ့မွေ့ နေထိုင် တတ် သူဖြစ်သည်။ ကြင် နာ စိတ်ကြီးမားသူ လည်းဖြစ်သည်။ ရက်ရောမှုရှိသည်။ မည်သည့် အခါမျှ တစ်ကိုယ်ကောင်း မဆန်တတ်။ 

အကြီးအကျယ် မ ကျေ မနပ် ဖြစ် ပါက မည်သူ့မျက်နှာကိုမျှ မ ထောက်ထားဘဲ လုပ်ချင် သလို လုပ်ပစ်တတ်သည်။ မိတ်ဆွေသည် အ ပျော် အပါးကို နှစ်သက်သော်လည်း လုပ် ရ မည့် အလုပ်နှင့် စည်းခြားထား  သူ ဖြစ် သည်။ တစ်ခါတစ် ရံ မိမိကိုယ်ကို အထင်ကြီးလွန်းတတ်သည်။ တစ်ခါတစ် ရံ မိမိ၏ အရည် အချင်း ထက် လျော့ ၍ ပင် မိမိကိုယ်ကို အမှတ်ပေးတတ်သည်။ မည်သို့ဖြစ်စေ သင် သည် ကောင်းမွန်သော သူ တစ်ဖြစ်သည်မှာ မလွဲပေ။ ........ တဲ့ ။
ကျွန် တော် က တော့ ok သွားပြီ ။ ခင် ဗျား တို့ ကော ဗျာ ။

၁ - ရလျှင်
မိတ်ဆွေသည် စိတ်ဓာတ် ကြံ့ခိုင်သူဖြစ်၏။ ရည်ရွယ်ချက်၊ ရည်မှန်းချက် ပြင်းထန်သူဖြစ်၏။ ပြတ်သား ထက်မြတ်သော စိတ်ဓာတ် ရှိသူဖြစ်၏။ လမ်းရိုး လမ်းဟောင်းကို မလိုက်တတ်ဘဲ ဆန်းသစ် တီထွင်တတ်သူဖြစ် ၏။ အယူအဆ ခိုင်မာရ်ျ ခေါင်းမာသူလည်းဖြစ်၏။ လက်တွေ့ဆန်ဆန် ပြုလုပ်တတ်သူလည်းဖြစ်၏။ ပျော်ပျော် ရွှင်ရွှင်နေတတ်၏။ ကျန်းမာရ်ျ ခံနိုင်ရည် ရှိသောသူဖြစ်၏။ သူတစ်ပါး အပေါ် စာနာတတ်ရ်ျ ကူညီတတ်သူလည်းဖြစ်၏။

သို့သော် တုန့်ပြန်မှု၊ ကျေးဇူးပြုမှုကိုမူ မရတတ်ပေ။ အထူးသဖြင့် ဆွေမျိုးသားချင်းများ၏ ဂရုပြုမှု၊ အလေးထားမှုများ မခံစားရတတ်ပေ။ မိတ်ဆွေကို အကဲခတ်ရ်ျ ဝေဖန်ရန် များစွာခက်၏။ အများနှင့် တစ်ပူးတွဲတွဲ မနေ  တတ်ပေ။ လွတ်လပ်စွာနေရ်ျ လွတ်လပ်စွာ တွေးခေါ်တတ်သူဖြစ်၏။ ခေါင်းမာသော်လည်း သည်းခံတတ် ၏။ 

မိတ်ဆွေ၏ ပင်ကိုယ် အရည်အချင်း တစ်ခုကို အများသူငါက တွေ့မြင်ပေလိမ့်မည်။ ယုံကြည်ချက် ပြင်းထန်သည်။ စိတ်စွမ်းအင် ကြီးမားသည်။ မိမိ၏ ခံစားမှုကို မပေါ်လွင်အောင် ထိန်းသိမ်းနိုင်သည်။ ပတ်ဝန်းကျင်၏ အထင်လွဲမှုကို မကြာခဏ ခံရတတ်သည်။ မိမိဖြစ်ချင်သော အရာကို ဖြစ်အောင်လုပ်နိုင်သောလူဖြစ်သည်။ သူတစ်ပါးကို အားမကိုးတတ်ပေ။ အတိုချုပ် ဆိုရပါမူ အရည်အချင်းရှိသူ တစ်ဦးဖြစ်သည် ။

၂ - ရလျှင်
မိတ်ဆွေသည် စိတ်လှုပ်ရှားမှုများသူဖြစ်သည်။ လိမွာပါးနပ်သူ လည်းဖြစ်သည်။ ကိစ္စတိုင်း အမှား မကျူးးလွန်မိစေရန် သတိနှင့်နေထိုင်တတ်သူဖြစ်သည်။ ပတ်ဝန်းကျင်၏ ချစ်ခင်လေးစားမှု...ကို ခံရသူလည်းဖြစ်သည်။ စိတ်ဓာတ်ကျခြင်းနှင့် စိတ်အားငယ်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

စိတ်ကူး စိတ်သန်း အလွန်ကောင်းသည်။ မိတ်ဆွေ၏ စိတ်ကူး စိတ်သန်းကောင်း...မှုသည် မိတ်ဆွေဘ၀ကို ကောင်းကျိုးပေးလိမ့်မည်။ ခံစားချက် ရှိသောကြောင့် ကဗျာဆရာများ၊ စာရေးဆရာများ၊ သီချင်းရေး ဆရာများ ဖြစ်တတ်သည်။

စိတ်ပူပန်မှုလည်း အလွန်ကြီးမားသည်။ သေးငယ်သော ကိစွကိုပင် ပူပန်တတ်သည်။ စိတ်ဓာတ်မတည်ငြိမ်မှုကြောင့် ဆုံးဖြတ်ချက်များ မှားတတ်သည်။ တုံ့ပြန်မှုမြန်ခြင်းကြောင့် အလွဲလွဲ အချော်ချော် ဖြစ်တတ်သည်။ ယုံကြည်မိသူ၊ လေးစားမိသူအပေါ် စွဲစွဲလမ်းလမ်းဖြစ်တတ်သည်။ ချစ်ခင်မှု အားကြီးသည်။

အစစအရာရာကို သတိနှင့် ပြုလုပ်တတ်သည်။ တစ်ဦးတည်း ဦးဆောင်မှုကို မလုပ်ဘဲ တစ်ယောက်ယောက်နှင့် ပူးတွဲပြီး လုပ်ကိုင်ရမှ ကျေနပ်သူဖြစ်သည်။ စကားပြောဆိုခြင်းနှင့် စာပေအရေးအသား ကောင်းတတ်သည်။ အိမ်တွင်နေခြင်းကို မပျော်ပိုက်ဘဲ အပြင်တွင် အချိန်ဖြုန်းတတ်သည်။ ဘ၀တွင် ကံဇာတာကောင်းသူများထဲတွင် ပါသည်။

၃ - ရလျှင်
မိတ်ဆွေသည် အမြဲပင် အလုပ်ရှုပ်နေတတ်သည်။ ရောက်ရှိသော အခြေအနေတွင် ပျော်ပျော်နေတတ်သူဖြစ် ၏။ အချိန်ကို အားလပ်ခွင့် မပေးဘဲ တစ်ခုမဟုတ် တစ်ခုကို လုပ်နေတတ်သူဖြစ်သည်။ မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကိစွများတွင် စိတ်ဝင်စားတတ်သည်။ ဥပမာ - အားကစား လိုက်စားရင်း အရက်သေစာသောက်စားခြင်းကို စိတ်မ၀င်စားတတ်ပေ။

ဆက်ဆံရေး အလွန်ကောင်းမွန်...ပါသည်။ သူတစ်ပါးကို စိတ်ဝင်စားအောင် ပြော နိုင်သူလည်းဖြစ်၏။ စိတ်ကူး စိတ်သန်း အလွန်ကောင်းပါသည်။ အကင်းပါးသူဖြစ်သောကြောင့် သူတစ်ပါး၏ ခုံးတုံး လုပ်ခြင်း၊ နှပ်ချခြင်း ကို မည်သည့်အခါမှ ခံရမည်မဟုတ်ပေ။

အခွင့်အရေး ပိုယူခြင်း၊ သစွာဖောက်ခြင်းမျိုးကို မည်သည့်အခါမျှ မလုပ်တတ်။ လုံ့လ၀ိရိယ ရှိသူလည်းဖြစ် သည်။ ခပ်တည်တည် နေတတ်သောကြောင့် မိတ်ဆွေနည်းသူ လည်းဖြစ်သည်။ နည်းသော မိတ်ဆွေတွေက သစ္စာရှိသည်။

မြင့်မားသော ရည်ရွယ်ချက်များ ထားရှိတတ်သူလည်းဖြစ်သည်။ မိမိကိုယ် ကို တန်ဖိုးထားတတ်သူလည်းဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော်လည်း ၀ါဝါမြင်တိုင်း ဦးချမည့်သူ မဟုတ်ပေ။ လွယ်လွယ်နှင့် မယုံ တတ်ပေ။ ယုံပြီ ဆိုလျှင်လည်း စွဲမြဲတတ်သည်။

လိပ်ပြာလွှင့်ခြင်း (ဝါ) ဝိညာဉ် လွှင့်နည်း



 လိပ်ပြာလွှင့်ခြင်း (ဝါ) ဝိညာဉ် လွှင့်နည်း များသည် ....

(၁) ကြိုးဖြင့် လွှင့်နည်း (Robert Bruce's Method)
(၂) တုန်ခါခြင်းဖြင့် လွှင့်နည်း (Robert Monroe's Method)
(၃) လှိုင်ဂူ လွှင့်နည်း
(၄) ကိုယ့်အိမ်ထဲတွင် ခရီးသွားလွှင့်နည်း
(၅) မန္တန်ဖြင့် လွှင့်နည်း
(၆) သမာဓိဖြင့် လွှင့်နည်း
(၇) ပရလောက အကူအညီဖြင့် လွှင့်နည်း
(၈) အိပ်မက်ထဲက တစ်ဆင့် လွှင့်နည်း
(၉) ပရဆေးများ သုံး၍လွှင့်နည်း စသဖြင့် နည်းလမ်းပေါင်းများစွာ ရှိပါသည်။



ထိုသို့ လွှင့်နည်းများထဲက ယခုပြောပြမယ့် နည်းလမ်း ကတော့ Robert Brue ၏ နည်းလမ်းဖြစ်သည့် ကြိုြး ဖင့် လွှင့်နည်းဖြစ်ပါသည်။ ဤကြိုးဖြင့် လွှင့်နည်း ကတော့ အဆင့် (၃) ဆင့်နဲ့ ဝိညာဉ် လွှင့်နိုင်မယ့် နည်းလမ်းဖြစ်ပါသည်။ နည်းလမ်းများမှာ -...


(၁) ပြင်ဆင်ခြင်း
(၂) ဖြေလျော့ခြင်းနှင့်
(၃) ဝိညာဉ်လွှင့်ခြင်း တို့ကို အဆင့်ဆင့် လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။


ပထမ အဆင့် (ပြင်ဆင်ခြင်း အဆင့်)
ဝိညာဉ်လွှင့်မည့် အချိန်တွင် မည်သူမျှ မနှောင့်ယှက်နိုင်သော တိတ်ဆိတ်ငြိမ်သက်သော အခန်း တစ်ခု အရင်ဆုံး ရှိရမည်။ ထို့နောက် မိမိ ခန္ဓာကိုယ်တွင် တင်းကျပ်စေသော ပစ္စည်းများဖြစ်သည့် နာရီ၊ လက်ပတ်၊ ဆွဲ  ကြိုး များ၊ ခါးပတ်များ မဝတ်ဆင်ရ။ 

အဝတ်အစားကို မိမိ အသက်ကောင်းကောင်း ရှူစေနိုင်မည့် အဝတ်မျိုး (သို့မဟုတ်) သက်တောင့်သက်သာရှိသည့် အဝတ်မျိုးကို ဝတ်ဆင်သင့်သည်။ ဝိညာဉ် လွှင့်ရာတွင်လည်း မြောက်ဘက်ကို မိမိခေါင်းရင်း ထားလျှင်ပို၍ကောင်းသည်။ ဤအချက်များကို လိုက်နာ၍ ပြင်ဆင်မှုများ အရင်လုပ်ရမည်။

ဒုတိယ အဆင့် (အကြောများဖြေလျော့ခြင်း)
ဒုတိယ အဆင့်တွင် အရင်ဆုံး ခေါင်း၊ ခြေ၊ လက်၊ ခန္ဓာကိုယ်တွင် ရှိသည့် အကြောများကို ဖြေလျော့နိုင်သည့် လေ့ကျင့်ခန်းများ လုပ်ရမည်။ ပြီးလျှင် စိတ်ထဲတွင် ဘာမှ မစဉ်းစားဘဲ ပက်လက်လှန် လဲလျောင်း၍ လက်နှစ်ဖက်ကို ဘေးခန္ဓာကိုယ်နှစ်ဖက်တွင် ချ၍ သက်တောင့် သက်သာနေပါ။

တတိယ အဆင့် (ဝိညာဉ် စလွှင့်ခြင်း)
ဒုတိယ အဆင့်တွင် ပြောထားသည့် အတိုင်း ပက်လက်လှန် လဲလျောင်း၍ လက်ကို ခန္ဓာကိုယ်နှစ်ဖက်ဘေးတွင်ချ၍ သက်တောင့် သက်သာနေပြီး မျက်စိ မှိတ်၍ မိမိ၏ စိတ်ထဲတွင် အိမ် မျက်နှာကျက်ပေါ်မှ ကြိုး တစ်ချောင်း ကျနေသည်ကို အာရုံပြုပါ။ ထို့နောက် ထိုကြိုးကို မိမိက ကိုင်၍ အပေါ်သို့တက်နေသည်ဟု စိတ်ထဲမှာပုံဖော်၍ တစ်ကယ် တက်နေသည့်အတိုင်း အာရုံပြုခံစားနေရမည်။ 


ပရလောက သံယောဇဉ်



ပရလောက ရှိမရှိနဲ့ ပတ်သက်ပြီး ငယ်စဉ်ကတည်းက ပုံပြင်တွေ ၀တ္တုတွေ အတော် များများ ဖတ်ဖူးပါတယ်။ တစ်ချို့ကလည်း ကိုယ်တိုင်တွေ့ဖူးမှ ယုံကြည်ကြပါတယ်။ တစ်ချို့ကလည်း ကိုယ်တိုင် မကြူံဘူးပေမဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေကို တွေ့ပြီး ယုံကြည်ကြပါတယ်။ 

ဘုရားဟော ဇတ်တော်တွေမှာလည်း နတ်၊ နဂါး၊ ပြိတ္တာ တွေအကြောင်း ပါဝင်ပါတယ်။ ကျွှန်တော့် အယူအဆ ကတော့ ကိုယ်တိုင် မမြင်ဘူးသော်လည်း ယုတ္တိ တန်တယ် ဆိုရင် ယုံကြည်သင့်တယ် ထင်ပါတယ်။ ပရလောကသားတွေကို တစ်ခါလောက် မျက်ဝါးထင်ထင် မြင်ဘူးချင်တယ်။ 

တစ်ခါတော့ ထူးထူး ဆန်းဆန်း ဖြစ်ရပ်လေး တစ်ခုနဲ့ တိုက်တိုက် ဆိုင်ဆိုင်ကြုံခဲ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်လေးကို အားလုံး သိအောင် ရေးသားလိုက်တာပါ။ ဒီ ဇာတ်လမ်းမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ် တွေရဲ့ အမည်နာမ၊ ရွာအမည် များကို လွှဲပြောင်းထားတာက လွဲလို့ ဇာတ်လမ်း တစ်ခုလုံးက ဖြစ်ရပ်မှန်ပါပဲ။

ကျွှန်တော် ဘွဲရပြီး ကျွှန်တော့်မွေးရပ်မြေဖြစ်တဲ့ ရမ်းဗြဲကျွန်းကို အလည် တစ်ခေါက် ပြန်ဖြစ်ပါတယ်။ မွေး  ရပ်မြေက အပြန်မှာ ကျွှန်တော့် အဖေဘက်က ဦးလေး တစ်ယောက်ရဲ့ ဖိတ်ခေါ်မှုနဲ့ ဆွေမျိုးတွေ ရှိရာ အမ်း မြို့ နယ်က ရွာတစ်ရွာကို ကျွှန်တော် အလည်အပတ် သဘောမျိုးနဲ့ ရောက်သွားပါတယ်။ အဲဒီရွာ နာမည်က မင်းဒင်ရွာ လို့ခေါ်ပါတယ်။ 


အိမ်ခြေနှစ်ရာငါးဆယ်လောက် ရှိတဲ့ ရခိုင်ရိုးမ အနောက်တောင်ခြေ တစ်ခုမှာ တည်ရှိတဲ့ ရွာလေး တစ်ရွာဖြစ်ပါတယ်။ တစ်ရွာလုံး ရခိုင် လူမျိုးတွေဖြစ်ပြီး သူတို့ ရခိုင် ဘာသာစကားက ကျွန်တော်တို့ ဒေသမှာပြောတဲ့ စကားထက် ပိုပြီး လေယူလေသိမ်းက ပိုပြီးဝဲပါတယ်။ ရခိုင် အချင်းချင်းတောင် နားလည်အောင် တော်တော်နားစိုက် ထောင်ရပါတယ်။

အဲဒီရွာကို တတ်တောင် ဆိုတဲ့ ရွာကနေ ၆ နာရီကြာ မော်တော်ဘုတ် စီးပြီး၊ ၂ နာရီခန့် လမ်းလျှောက်မှ ရောက် တာပါ။ ကျွှန်တော်တို့ ရွာကိုရောက်သွားတဲ့ အချိန်မှာ ညနေ ၆ နာရီ နီးပါးရှိပါပြီ။ ရွာကိုရောက်ခဏနားပြီး ရေမိုးချိုး ထမင်းစားကြပါတယ်။ ထမင်းဝိုင်းမှာပဲ ထူးခြားတဲ့ သတင်း တစ်ခုကိုကြားရပါတယ်။ 


ကျွှန်တော် တည်းတဲ့ အိမ်ရဲ့ ဘေးအိမ်မှာ ကျောင်းသူ မိန်းကလေးတစ်ယောက် ဖျားနာနေတာ သုံးပတ်လောက်ကြာနေပြီပါတယ်။ ဘယ်လိုဆေးဆရာကို ခေါ်ကုသော်လည်း မသက်သာပဲဖြစ်နေပါတယ်။ ကျွှန်တော့် အတွက်တော့ ကြားကြားချင်း ဒီကိစ္စကို လက်မခံနိုင်ပါဘူး။ တစ်ကယ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊  အထူးကုတွေနဲ့ သေချာ ကုရင် ပျောက်ကိုပျောက်နိုင်တယ်ပေါ့။ သူဖြစ်တာ ဘယ်လိုရောဂါ ဆိုတာ ဒီတောက ဆေးဆရာ ရမ်းကုတွေက ဘယ်သိနိုင်မလဲပေါ့။ 

စိတ်ထဲ စဉ်းစားမိတာပါ။ နုတ်ကတော့ ကိုယ်နဲ့ သိပ် မဆိုင်တော့ ထုတ်မပြောဖြစ်ပါဘူး။ အဲဒီ မိန်းကလေးကို အင်္ဂလိပ်ဆေးနဲ့ ဘယ်လိုမှ ကုမရလို့ ပရောဂဆရာနဲ့ ကုမယ် ဆိုပြီး သူ့မိသားစုက စီစဉ်နေကြတယ်ဆိုပဲ။ ကျွှန်တော်လည်းနည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ 

ပရောဂ ကုတာ ရုပ်ရှင်ထဲမှာပဲ မြင်ဘူးတယ်လေ။ အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး။ ဒီတစ်ခါတော့ မလွတ်တန်းကြည့်ရမယ် ဆိုပြီး စိတ်ထဲ တေးထားလိုက်တယ်။ ကျွှန်တော့် ဦးလေးကလည်း ရွာမှာ ရပ်မိရပ်ဖထဲမှာ ပါလေတော့ နေရာတစ်ကာ သူမပါရင် မပြီးဘူး။ စကားပြောရင်လည်း သူ့အလှည့်ချည်းပဲ သူများကို သိပ်အလှည့်မပေးတတ်တဲ့ သူမျိုး။ သဒ္ဒါ တရား ကောင်းပြီးနေရာတစ်ကာ ပါလွန်းလို့ သူမိန်းမက သူကို အမြဲ ဘရိတ်အုပ်နေရတဲ့ သူမျိုး။

ညနေစာ စားပြီး ဦးလေးက ဘေးအိမ်ကို သတင်းသွားမေးကြမယ်လို့ ကျွှန်တော့်ကို လာခေါ်ပါတယ်။ သူစကားထဲမှာ ပါသေးတာက နေမကောင်းတဲ့ကောင်မလေးက အတော်ကိုချောတယ်ဆိုပဲ။ ကျွှန်တော်တို့ရောက် သွားတော့ ည ရှစ်နာရီကျော်လောက်ရှိနေပါပြီ။ တောရွာမှာ ဆိုတော့ ရှစ်နာရီ ဆိုတာ အားလုံးအိပ်ယာ ၀င်တဲ့အချိန်ပါပဲ။ ဒါပေမဲ့ နေမကောင်းတဲ့သူ ရှိတဲ့ အတွက် သတင်း လာမေးတဲ့သူတွေနဲ့ သူတို့အိမ်မှာ လူ  စည်နေပါတယ်။ 


အိမ်က ကျွှန်းတိုင်တွေ အများကြီးနဲ့ဆောက်ထားတဲ့ နှစ်ထပ် ရခိုင်အိမ်ကြီးပါပဲ။ အပေါ်ထပ်ကို တက်သွားတော့ လူနာကို ဘုရာခန်းမှာ သိပ်ထားပြီး ဘုရားခန်းရှေ့ ၀ရန်တာမှာ လူနာရဲ့ ဖခင်၊ မိခင် နဲ့ အတူဧည့်သည် လူကြီးနှစ်ဦး ထိုင်နေကြပါတယ်။ ဦးလေးက ကျွှန်တော့်ကို ရန်ကုန်က သူ့တူဖြစ်ကြောင်း ဘွဲ့ရပြီး အလုပ်မ၀င်ခင် ဆွေမျိုးများ ရှိရာသို့ ဒေသန္တရ ဗဟုသုတ အလိုငှာ လာရောက်လည်ပတ်ကြောင်း စသည်ဖြင့် ပြောဆို မိတ်ဆက်ပေးပါတယ်။