30 September 2013

ဧ ရာ ဝ တီ { ကဗျာ }


ငါ့ကိုမလိမ်ပါနဲ့ ဧရာဝတီ
မျက်ရည်တသွင်သွင်နဲ့
အဆုံးမဲ့ခရီးချိုးကွေ့ဝင်ခဲ့

တစ်ခါတစ်ရံ အပြင်းအထန်
ငါကြားနေရတဲ့မင်းငိုသံ
လှိုင်းပုတ်သံလို့ပဲထင်ခဲ့တယ်

နေဒဏ် မိုးဒဏ်အောက်က
အရိုးခံမင်းဘဝ ဘယ်တော့မှ
အကျည်းမတန်ခဲ့ဘူး
မင်းဖိတ်ကျခဲ့တဲ့မျက်ရည်နဲ့
လူသားတွေရဲ့အူ စိုစွတ်ခဲ့
ပေးဆပ်ခြင်း အတွက်
ဘယ်အချိန်ထိ ငိုနေမလဲ ဧရာဝတီ

မျက်မမြင်တို့မိုက်ကန်းမှုနဲ့
အရောင်စုံအမှိုက်တွေစွန့်ကြဲ
ဒါလည်းပဲကျေနပ်နေရဲ့
အတိုက်စားခံ ကမ်းပါးကတရိရိ
ကိုယ့်အတွက် မကြည့်တဲ့အသိနဲ့
အဖိုးတန်မျက်ရည်သာ
ဆက်လက်ထွက်ခွာ ငါ
စာနာပါတယ် ဧရာဝတီ

ချွေးစက်တွေလား
မျက်ရည်တွေလား ဒါမှမဟုတ်
နေ့ရှိသရွေ့ရနေတဲ့ဒဏ်ရာရဲ့
သွေးစက်တွေလား ငါ
မသဲကွဲခဲ့ပါဘူး
နင့်နင့်နာနာ ခံစားနေရတဲ့
တောင်းဆိုမှုတွေ ဘယ်အချိန်ထိ
ဝေငှနေဦးမှာလဲ ဧရာဝတီ ။

လေသွေးညို
From...Facebook

ရွှေတိဂုံစေတီတော် အောက်ကလျို့ဝှက်၂ ခုကို အာမေးနီးယန်းလူမျိုး တစ်ယောက်ကသိ




ဗဟုသုတ ဟင်းပေါင်းအိုးကြီး
**************************************
 

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေ တစ်စီးရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာနိုင်ငံဖွား အာမေးနီးယား လူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရ သိရှိရပါတယ်။

www.pyae-phyo.blogspot.com
 

မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါတယ်။

ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိတယ်။ ရေတွင်းဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား (၆) ပေခွဲခန့်ရှိပြီး ကျောက်မျက်ရတနာများနဲ့ စီချယ်ထားတဲ့ ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။


 လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေတယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှတဲ့ စေတီအဆောက်အအုံကြီးကို ပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့ သာတည်ဆောက်ခဲ့တယ်။ ပင်လယ်ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေသနပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့ တယ်။ ရွှေတိဂုံဂေါပက အဖွဲ့ကလည်း မစ္စတာအပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကို လိုက်လံပြသစေတဲ့အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့်တန်ဆောင်း နေရာမှာ ရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင်ထားမှုကြောင့် အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရပါတယ်။

မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်ပါ တယ်။  မြန်မာ အမျိုး သမီး ဒေါ် သိန်းရွှေနဲ့အိမ်ထောင်ကျပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီးမြေးများ နဲ့အတူ ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းမှာ
ဖော်ပြထား ပါတယ်။ မစ္စတာအပရမေ ကိုယနေ့ကြေးမုံက တွေ့ဆုံမြေးမြန်းပြီး ၁၃. ၃. ၆၈ နေ့မှာ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြထားပါတယ်။
 

ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်းကို နှောင်းလူများ သိရှိစေရန်ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။
ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်
________________________________

Sunday, September 29, 2013

Moe Ma Kha ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
From...၇ဲ၇င့်ငယ်

ကျောက်တုံးကို လက်နက်အဖြစ်သုံးတဲ့ မြန်မာမျိုးရင်းမျောက်မြီးရှည်


ကျောက်တုံးကို လက်နက်အဖြစ်သုံးတဲ့ မြန်မာမျိုးရင်းမျောက်မြီးရှည်  ========================================  ကျောက်ခေတ်လူသားများကဲ့သို့ ကျောက်တုံးကို လက်နက်အဖြစ်အသုံးချနေသော မြန်မာမျိုးရင်း အမြီးရှည်မျောက်တစ်မျိုးသည် ထိုင်းနိုင်ငံ လအယ်စွန်အမျိုးသားဥယျာဉ်ဒေသ၌ မွေးမြူထားသော တိရစ္ဆာန်များနှင့် ခွေးများအတွက် ခြိမ်းခြောက်အန္တရာယ်ပေးနေကြောင်း နိုင်ငံတကာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစာစောင်တွင် ရေးသားဖော်ပြထားသည်။ ထိုမျောက်ကို စင်ကာပူနန်ယန်းတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ မိုင်ကယ်ဒီဂူးမက် ဦးဆောင်သော ပညာရှင်များက ထိုင်းနိုင်ငံ လအယ်စွန်အမျိုးသားဥယျာဉ်ဒေသတွင် သုတေသနပြုခဲ့ကြပြီး ထိုမျောက်မျိုးသည် ရှားပါးသောမျောက်မျိုးဖြစ်ကာ ကမ္ဘာပေါ်တွင် မြန်မာနှင့်ထိစပ်သည့် ထိုင်းနိုင်ငံနယ်စပ်တွင်သာ  တွေ့ရသည်ဟုဆိုသည်။ အဆိုပါဒေသတွင် ထိုမျောက်မျိုး ၁၉၂ ကောင်ခန့်ရှိသည်။ ထိုအထဲမှ အရွယ်ရောက်အကောင်ရေ ၈၈ ရာခိုင်နှုန်းက ကျောက်တုံးများကို လက်နက်သဖွယ်သုံးပြီး ကဏန်းနှင့် ကနုကမာများကို ခွာစားနေသည်ကို ပညာရှင်များက တွေ့ခဲ့ကြသည်။ “ဒီမြန်မာမျောက်မြီးရှည်က အာရှမှာ ကျောက်တုံးကို လက်နက်လိုသုံးတဲ့မျောက်ပါ။ အဲဒီလို ရှေးဦးမျောက်မျိုးစိတ်တွေက အာဖရိကချန်ပံဇီတွေနဲ့ တောင်အမေရိကက ပူချင်မျောက်တွေမှာပဲ တွေ့ရပါတယ်။အခုလိုကျောက်တုံးကို လက်နက်အဖြစ် အသုံးပြုတာက ရှေးဦးဘုံမြေခေတ်က တိုးတက်မှုတစ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုရဲ့အစလည်းဖြစ်ပါတယ်။ အဲဒီထုံးစံကို လေ့လာခြင်းအားဖြင့် တိရစ္ဆာန်တွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို စုံစမ်းသိရှိလာနိုင်မှာပါ”ဟု ဒေါက်တာမိုင်ကယ်ကပြောကြားသည်။ ထိုမျောက်မျိုးသည် အခြားတိရစ္ဆာန်များကို ခြိမ်းခြောက်နေသော်လည်း သူတို့၏ကျောက်တုံးကို လက်နက်အဖြစ်အသုံးချသော မူလသဘာဝမပျက်အောင် ထိန်းသိမ်းသွားရမည်ဟု သဘာဝပတ်ဝန်းကျင်ပညာရှင်များကဆိုသည်။ မြန်မာမင်းလက်ထက် ဗြိတိသျှစာရေးဆရာအချို့၏ မှတ်တမ်းများအရအဆိုပါမျောက်များသည် မြန်မာနိုင်ငံ မြိတ်ကျွန်းစုတွင်ရှိသည်ဟု ကြားသိရသည့်အတွက်လည်း ပညာရှင်များက မြန်မာနိုင်ငံတွင် အဆိုပါမျောက်များကိုလာရောက်ရှာဖွေလေ့လာကြမည်ဖြစ်ကြောင်း နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး စာစောင်တွင် ရေးသားဖော်ပြထားသည်။  ထားထားမြင့် http://shwenewnews.blogspot.com မှကူးယူတင်ြ့ပပါသည်။ 
ကျောက်ခေတ်လူသားများကဲ့သို့ ကျောက်တုံးကို လက်နက်အဖြစ်အသုံးချနေသော မြန်မာမျိုးရင်း အမြီးရှည်မျောက်တစ်မျိုးသည် ထိုင်းနိုင်ငံ လအယ်စွန် အမျိုးသားဥယျာဉ်ဒေသ၌ မွေးမြူထားသော တိရစ္ဆာန်များနှင့် ခွေးများအတွက် ခြိမ်းခြောက်အန္တရာယ်ပေးနေကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စာစောင်တွင် ရေးသားဖော်ပြထားသည်။
 
ထိုမျောက်ကို စင်ကာပူ နန်ယန်းတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ မိုင်ကယ်ဒီဂူးမက် ဦးဆောင်သော ပညာရှင်များက ထိုင်းနိုင်ငံ လအယ်စွန် အမျိုးသားဥယျာဉ်ဒေသတွင် သုတေသနပြုခဲ့ကြပြီး ထိုမျောက်မျိုး သည် ရှားပါးသောမျောက် မျိုးဖြစ်ကာ ကမ္ဘာပေါ်တွင် မြန်မာနှင့်ထိစပ်သည့် ထိုင်းနိုင်ငံ နယ်စပ်တွင် သာ တွေ့ရ သည်ဟုဆိုသည်။
 
အဆိုပါဒေသတွင် ထိုမျောက်မျိုး ၁၉၂ ကောင်ခန့်ရှိသည်။ ထိုအထဲမှ အရွယ်ရောက် အကောင်ရေ ၈၈ ရာခိုင်နှုန်းက ကျောက်တုံးများကို လက်နက်သဖွယ်သုံးပြီး ကဏန်းနှင့် ကနုကမာများကို ခွာစားနေသည်ကို ပညာရှင်များက တွေ့ခဲ့ကြသည်။
“ဒီမြန်မာမျောက်မြီးရှည်က အာရှမှာ ကျောက်တုံးကို လက်နက်လိုသုံးတဲ့မျောက်ပါ။ အဲဒီလို ရှေးဦးမျောက်မျိုးစိတ်တွေက အာဖရိကချ
င်ပံဇီတွေနဲ့ တောင်အမေရိက က ပူချင်မျောက်တွေ မှာပဲ တွေ့ရပါတယ်။ အခုလိုကျောက်တုံးကို လက်နက်အဖြစ် အသုံးပြုတာက
ရှေးဦး ဘုံမြေခေတ်က တိုးတက်မှုတစ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုရဲ့အစလည်းဖြစ်ပါတယ်။ အဲဒီထုံးစံကို
လေ့လာခြင်းအားဖြင့် တိရစ္ဆာန်တွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို စုံစမ်းသိရှိလာနိုင်မှာပါ”ဟု
ဒေါက်တာမို
က်ကယ်ကပြောကြားသည်။
 
ထိုမျောက်မျိုးသည် အခြားတိရစ္ဆာန်များကို ခြိမ်းခြောက်နေသော်လည်း သူတို့၏ကျောက်တုံးကို လက်နက်အဖြစ်အသုံးချသော မူလသဘာဝမပျက်အောင် ထိန်းသိမ်းသွားရမည်ဟု သဘာဝပတ်ဝန်းကျင်ပညာရှင်များကဆိုသည်။
မြန်မာမင်း လက်ထက် ဗြိတိသျှစာရေးဆရာ အချို့၏ မှတ်တမ်းများအရအဆိုပါမျောက်များသည် မြန်မာနိုင် ငံမြိတ်ကျွန်းစုတွင် ရှိသည်ဟု ကြားသိရသည့်အတွက်လည်း ပညာရှင် များက မြန်မာနိုင်ငံ တွင် အဆိုပါမျောက်များ ကိုလာရောက်ရှာဖွေလေ့ လာကြ မည်ဖြစ်ကြောင်း နိုင်ငံတ ကာသဘာဝ ပတ်ဝန်းကျင် ထိန်း  သိမ်းရေး စာစောင် တွင် ရေးသားဖော်ပြထားသည်။
                                                                                                                       
ထားထားမြင့်
http://shwenewnews.blogspot.com/ မှကူးယူတင်
ပပါသည်။
From...Facebook

29 September 2013

နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြားလိုက်ပါတယ်။

ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးရာမှာ အခုလိုပြောကြားခဲ့တာ ဖြစ်တယ်လို့ ကေအင်ယူ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။



 

” ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူကတော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ဟာကို သမ္မတကြီးနဲ့ ဦးဆောင်မှုအောက်ကို သစ္စာရှိစွာနဲ့ ခံယူသွားမယ်ဆိုတာကို ပြောပါတယ်၊ စစ်သားတစ်ယောက် အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောတယ်၊ တကယ့် တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တစ်ယောက်လို့ ကျွန်တော်တို့ ဒီလိုပဲမြင်ပါတယ်”

အဲဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အနေနဲ့ နောက်ကြောင်းပြန်လည့်မှာ မဟုတ်ကြောင်း အခိုင်အမာ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ ကချင်နဲ့ ရှမ်းပြည်တပ်မတော် ဌာနချုပ်တွေကို အချိန်မရွေး သိမ်းပိုက်နိုင်စွမ်းရှိပေမယ့် တိုင်းပြည်တည်ငြိမ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုပြီး သူ့အနေနဲ့ အဲဒီလိုတိုက်ခိုက်မှာ မဟုတ်ဖူးလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားတယ်လို့ သိရပါတယ်။

မနေ့က တွေ့ဆုံပွဲကြောင့် မြန်မာ့တပ်မတော်နဲ့ ကရင်လွတ်မြောက်ရေးတပ်မတော်အကြား အပစ်အခတ် ရပ်စဲမှုခိုင်မာရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတွေ ပိုမိုတည်ဆောက်နိုင်ခဲ့ကြောင်းလည်း ကေအင်ယူခေါင်းဆောင် ဗဒိုမန်းငြိမ်းမောင်က ပြောပါတယ်။


From...Myanmar Latest News

Sky netရုပ်သံတွေကို ဖုန်းထဲကနေ free ကြည့်မယ်


Sky netရုပ်သံတွေကို ဖုန်းထဲကနေ free ကြည့်မယ် ============================ #AndroidApps Sky netရုပ်သံတွေကိုဖုန်းထဲကနေ  free ကြည့်မယ် (အားကစားလိုင်းတွေကောကြည့်လို.ရနေပီနော်) for androidsky net ကို ဖုန်းထဲကနေ ဖရီးကြည့်လို.ရနေပါပီ လိုင်းကောင်းဖို.တော့လိုတာပေါ့နော် အားကစာလိုင်းတွေပါ ကြည့်လို.ရနေတော့ အတော်အဆင်ပြေတယ်ဗျာ ကျွန်တော်ကတော့ ခု ကြည့်နေပီ ကြည့်ချင်တဲ့ ဘော်ဘော်တွေ အောက်ကလင့်မှာဒေါင်းလိုက်နော်ဒေါင်းရန် . .  https://www.dropbox.com/s/711hka3guztycyp/com.adwix.live2gtv-1%20%281%29.apk  ဗေဒင်ပညာ - Astrology


#AndroidApps Sky netရုပ်သံတွေကိုဖုန်းထဲကနေ
free ကြည့်မယ်
(အားကစားလိုင်းတွေကောကြည့်လို.ရ
နေပီနော်)
for androidsky net ကို ဖုန်းထဲကနေ ဖရီးကြည့်လို.ရနေပါပီ လိုင်းကောင်းဖို.တော့လိုတာပေါ့နော် အားကစာလိုင်းတွေပါ ကြည့်လို.ရနေတော့ အတော်အဆင်ပြေတယ်ဗျာ ကျွန်တော်ကတော့ ခု ကြည့်နေပီ ကြည့်ချင်တဲ့ ဘော်ဘော်တွေ အောက်ကလင့်မှာဒေါင်းလိုက်နော်ဒေါင်းရန် . .

https://www.dropbox.com/s/711hka3guztycyp/com.adwix.live2gtv-1%20%281%29.apk

ဗေဒင်ပညာ - Astrology
From...Facebook

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေကို ရေးဆွဲလျက်ရှိပြီး သုံးလအတွင်း အကောင်အထည် ဖော်မည်



အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်းကို စတင်ရေးဆွဲလျက်ရှိပြီး သုံးလအတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ပြောကြားသည်။

"အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်းကို အတည်ပြုပြီး ဖြစ်တဲ့အတွက် အခုလက်ရှိမှာ နည်းဥပဒေကို ပညာရှင်တွေနဲ့ စတင်ရေးဆွဲလျက် ရှိပါတယ်။ ပြီးရင်တော့ အစိုးရ အဖွဲ့ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ နည်းဥပဒေကို သုံးလအတွင်း အပြီးပြဋ္ဌာန်းနိုင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ပြောကြားသည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေသစ်တွင် အလုပ်သမားများ သင့်လျော်မှန်ကန်သော အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ခြင်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုကို နိုင်ငံအဆင့် အသိအမှတ်ပြု လတ်မှတ်ထုတ်ပေးရေး စနစ်တစ်ရပ် ထူထောင်ခြင်း၊ နိုင်ငံအဆင့် အလုပ်အကိုင်ဆိုင်ရာ "စံ" များအပေါ် အခြေခံ၍ ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားရေးအား တိုးမြှင့်လုပ်ဆောင်ခြင်း၊ အလုပ်သမားများအား လေ့ကျင့်သင်ကြား ပေးရေးအတွက် ကျွမ်းကျင်မှု ဖွံဖြိုးတိုးတက်ရေး ရန်ပုံငွေ ထူထောင်ခြင်းနှင့် အလုပ်သမား ကျွမ်းကျင်မှုနေ့ သတ်မှတ်ရေးတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ယင်းဥပဒေတွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေခြင်း၊ အလုပ်သမားများ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ ထူထောင်ခြင်းနှင့် သုံးစွဲခြင်း၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်ရေး အစီအစဉ်များ၊ ကျွမ်းကျင်မှု ယှဉ်ပြိုင်ပွဲများ ကျင်းပခြင်း၊ သင်တန်းကျောင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး ဌာနများ မှတ်ပုံတင်ခြင်းနှင့် တည်ထောင်ဖွင့်လှစ်ခြင်း အပါအ၀င် အခန်း ၁၀ ခန်း ပါဝင်ရေးဆွဲထားသည်ဟု သိရသည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံဖြိုးတိုတက်ရေး ဥပဒေမူကြမ်းကို ဇူလိုင် ၃၀ ရက်တွင် ခေါ်ယူသည့် သတ္တမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ပြီး ဖြစ်သည်။
 
 
Eleven Media Group             From...Facbbook

မိတ္ထီလာမြို့ ကလေးကစားကွင်းရှိ ဂိမ်းစက်များတွင် ၀င်ရောက်ဆော့ကစားရာမှ သိန်းချီ၍ အရှုံးအနိုင်ဖြစ်



မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသော ကလေးကစားကွင်းရှိ ဂိမ်းကစားနည်း အချို့ကို ၀င်ရောက်ဆော့ကစားရာမှ ကျပ်သိန်းကျော် အနိုင်အရှုံးရှိကြောင်း ၀င်ရောက်ဆော့ကစားလေ့ ရှိသူများထံမှ သိရသည်။

"ကျွန်တော်တို့တော့ နေ့တိုင်းဝင်ကစား ဖြစ်တယ်။ ငါးမန်းပစ်တဲ့ ဂိမ်းဆိုရင် လူငါးယောက် ဆော့လို့ရတယ်။ ဒိုင်ဆီမှာ ကျပ်တစ်ထောင်ဖိုးဝယ်ရင် အကြွေစေ့ ဆယ်စေ့ရတယ်။ အဲ့ဒီ အကြွေတစ်စေ့ကို အမှတ်ဆယ်မှတ် သတ်မှတ်တယ်။ အဲ့ဒါနဲ့ဆော့ပြီး အမှတ်များရင် နိုင်လာပြီး ရှုံးရင်အမှတ်ကုန်မယ်။ အမှတ်ကုန်ရင် အကြွေစေ့ ထပ်ထည့်ဆော့ပေါ့။ စဆော့တုန်းကဆို နှစ်နာရီအတွင်း နှစ်သိန်းရှုံးဖူးတယ်။
 
 အခုတော့ စိတ်အဆာပြေ တစ်ည ကို နှစ်သောင်း ဖိုးလောက် ပဲ ဆော့ တယ်။ ငွေက ဘယ်လို ပြန်လဲ လည်း ဆိုတော့ ဆိုင်ကတော့ သူတို့ဆီမှာ နိုင်လာတဲ့ အကြွေစေ့ ပြန်လာလဲရင် ပိုက်ဆံပြန်မအမ်းဘူး၊ အရုပ်နဲ့ ပြန်လဲပေးတယ်။ လာဆော့တဲ့ သူတွေက နိုင်လာရင် အခြားကစားမယ့်သူကို တစ်ထောင်ဖိုးကို အကြွေစေ့ ဆယ့်တစ်စေ့နဲ့ ပြန်ရောင်းပြီး ငွေဖော်ကြတယ်။ ဆိုင်ကလည်း ဘာမှပြသာနာ မရှိဘူး။ 
 
သူတို့ဆီသွားလဲရင် ပိုက်ဆံပြန်မပေးတော့ ဘယ်သူမှလည်း မလဲကြဘူး။ ကစားသမား အချင်းချင်း ပြန်ရောင်းကြတယ်။ ကစားမယ့်လူက ညပိုင်းဆို ပိုပေါတယ်။ အဲ့လို ငါးမန်းပစ်တဲ့ဂိမ်းက သုံးခုံလောက် ရှိတယ်၊ နောက်အဆနဲ့ ထိုးရတဲ့ လေးကောင်ဂျင်ဆန်ဆန် ဂိမ်းဆော့ပြီး အနိုင်အရှုံး ဖြစ်တာလည်း ရှိတယ်။ အခြားကစားနည်းနဲ့ ရှုံးကြတာလည်း ရှိတယ်။ ဆိုင်ကတော့ စည်းကမ်းသတ်မှတ်ပြီးသား သူတို့ဆီက အကြွေစေ့ ပြန်လဲရင် ငွေနဲ့တော့ လဲမပေးဘူး၊ အရုပ်ပဲ ပြန်ပေးတယ်။ ကစားသမား အချင်းချင်း အကြွေစေ့ အရောင်းအ၀ယ်လုပ်လည်း ဘာမှမပြောဘူး" ဟု ဂိမ်းသွားကစားလေ့ရှိသူ လူငယ်တစ်ဦးက ပြောကြားသည်။

"ကစားကွင်းက ဘယ်သူသွားဆော့ဆော့ ရတယ်။ ကလေးတွေ အကြွေစေ့လဲပြီး ငါးမန်းပစ်လည်း ဘယ်သူမှမပြောဘူး၊ ဆိုင်ထဲမှာတော့ ကလေးတွေ အဖြူအစိမ်းနဲ့ မဆော့ရတို့၊ စာမေးပွဲတွင်း ၀င်မကစားရတို့ လောင်းကစား မလုပ်ရတို့ အပျော်ဂိမ်းမို့ ပျော်ရုံသာ ဆော့ပါတို့တော့ ဆိုင်းဘုတ်တွေနဲ့ ရေးချိတ်ထားတာလည်း ရှိတယ်။ 
 
အဓိကကတော့ ကိုယ်လက်လှုပ်ရှား ကစားကွင်း မဟုတ်ပါဘူး၊ ကစားကွင်း အမည်ခံ ဂိမ်းဆိုင်တွေပါပဲ၊ တစ်နေကုန် ထိုင်ဆော့ပြီး သုံးသိန်းရှုံးကြ၊ လေးသိန်းရှုံးကြ ရှုံးကုန်ကြတယ်၊ လူငယ်တွေ အကြွေစေ့ အရောင်းအ၀ယ်လုပ်ပြီး အနိုင်အရှုံးဖြစ်ကြ၊ ဆိုင်မှာရှုံးလာပြီး ဆက်ဆော့ချင်လို့ သူများဆိုင်ကယ်တွေ ယူပေါင်ပစ်တာ၊ ယူရောင်းလိုက်လို့ အမှုဖြစ်ကုန်တာ၊ စာရိတ္တတွေ ပျက်ကြနဲ့ ဖြစ်ကုန်ကြတယ်" ဟု မိတ္ထီလာမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။
 
Eleven Media Group              
From...Facebook
                                                 

စိတ်ညစ်နေချိန်မှာ Shopping ထွက်တာ အကောင်းဆုံးပါပဲလို့ ယူဆသူလေး ခင်ဝင့်ဝါ



လတ်တလော အနုပညာလှုပ်ရှားမှုအ ကြောင်း။

အခု ညီမ မဂ်္ဂဇင်းနဲ့ ဂျာနယ် Cover တွေအတွက် ဓာတ်ပုံရိုက်ပေးနေပါတယ်။ ပြီးတော့ အင်တာဗျူးတွေ လည်း ဖြေပေး တယ်။ ပြီးရင် ၂၀၁၄ ပြက်္ခဒိန်ရိုက် ဖို့ရှိတယ်။ တိုင်းရင်းဆေး ကြော်ငြာတစ်ခု ရိုက်ဖို့ရှိတယ်။

အရင်အေဂျင်စီနဲ့ ပြဿနာတက်တယ်ဆို တာက။

သြော် ဟုတ်ကဲ့။ အဲဒီကိစ်္စကအဆင်ပြေ ပါတယ်။ အခု အေးအေးဆေးဆေးပြီးသွားပါ ပြီ။Supranational Organization မှာက အေဂျင်စီတစ်ခုခုနဲ့ စာချုပ်ချုပ်ထားတာ မရှိရ ဘူး။ ရှိခဲ့ရင်လည်း ဖြတ်ပေးရမယ်။ ပြိုင်ပွဲစည်း ကမ်းမို့လို့ပါ။ သူတို့အနေနဲ့က Miss နဲ့ Model နဲ့မတူဘူးဆိုတာကို ပြောပြချင်တာ။ သူတို့စာချုပ်ကလည်း Miss International တွေကို အေဂျင်စီ၊ အေးဂျန့်တွေ၊ Organization တွေနဲ့ စာချုပ်ချုပ်ထားတာ မရှိရဘူး။ ရှိခဲ့ရင် လည်း ဖြတ်ပေးရမယ်ဆိုတဲ့ အချက်ပါ တယ်။ အဲဒါကြောင့်မို့လို့ပါ။ Miss Supranational ရကတည်းက သူတို့နဲ့ ချုပ်ရတာ။


ညီမလေးဘက်ကရော ထိခိုက်နစ်နာမှုတွေ ရှိလား။

မရှိပါဘူး အစ်မ။

လျော်ကြေးက ညီမလေးကိုယ်တိုင်လျော် ရတာလား။

ဟိုဘက် အေဂျင်စီက လျော်ပေး တာလား။

ကိုယ့်ဟာကိုယ် လျော်ရတာပါ အစ်မ။

အခုလတ်တလောမှာ ၀တ်ဖြစ်နေတာ က။

မြန်မာဝတ်စုံလေးတွေလည်း အရမ်းကြိုက် နေတယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါး ဂါဝန်အရှည် လေးတွေ ၀တ်ဖြစ်နေပါတယ်။

ညီမလေး အသားအရောင်နဲ့ လိုက်ဖက် တဲ့ Colour တွေက။

အနီ၊ အ၀ါ၊ ပန်းရောင်၊ အဖြူတို့နဲ့လိုက် မယ်ထင်တယ်။

ညီမလေးရဲ့ မိသားစုကရော Fashion နဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပေးလဲ။

အတိုတွေ၊ အပြတ်တွေတော့ မ၀တ်ခိုင်း ဘူး။ အကြံပေးတာထက်ကို သင့်တော်တာပဲ ၀တ်ခိုင်းပါတယ်။

Fashion ပစ္စည်းထဲမှာ စုဆောင်းဖြစ်တာ က။

Accessories တွေတော့ မကြိုက်ပေမဲ့ ၀ယ်စုဖြစ်တယ်။ တစ်ချို့ဆို ညီမကို Accessories မကြိုက်ဘူးလားတဲ့။ ဓာတ်ပုံရိုက်ရင် မ၀တ်လို့။ မကြိုက်တာထက် ၀တ်လေ့ဝတ်ထ မရှိတာပေါ့။ စုရတာတော့ ၀ါသနာပါတယ်။

သူငယ်ချင်းတွေနဲ့ရော Fashion အကြောင်း နှီးနှောဖလှယ်တာမျိုးရှိလား။

Fashion နဲ့ပတ်သက်ပြီး လိုက်တယ်။ မလိုက်ဘူးဆိုတာတော့ တစ်ယောက်နဲ့တစ် ယောက် ဝေဖန်အကြံပေးကြတယ်။ အသစ်ထွက် တဲ့ ဒီဇိုင်းတွေအကြောင်းကို ဖလှယ်တာမျိုးရှိ တယ်။
အပြင်သွားတဲ့အခါမှာ ဘယ်လို ပုံစံကို ၀တ်ဖြစ်လဲ။
အရင်ကတော့ လွတ်လွတ်လပ်လပ် ပေါ့ ပေါ့ပါးပါး ကြိုက်တယ်။ အခုက မြန်မာဝတ်စုံ တွေ ၀တ်ဖြစ်နေတယ်။ ချုပ်တာထက် Ready Made ၀ယ်တာများတယ်။

Shopping ထွက်တဲ့အခါ အသွားဖြစ်ဆုံး နေရာက။

Taw Win နဲ့ Junction Square ပေါ့။

ဝယ်ဖြစ်တဲ့ ဆိုင်တွေက။

တစ်နေရာ၊ တစ်သမတ်တည်းတော့ မရှိ ဘူး။ တကယ်လို့ ညီမသဘောကျ ရင် ၀ယ်တယ်။ မြန်မာဝတ်စုံဆိုင်တွေဆိုလည်း အများကြီးရှိ တယ်။ မြန်မာဝတ်စုံမှာ စီးကွင့်လေးတွေ ထိုး ထားရင် အရမ်းသဘောကျတယ်။ ညီမ၀ယ်နေ ကျဆိုင်မှာဆို တစ်ဆိုင်လုံး ကပစ္စည်းတွေကို ၀ယ်ချင်တယ်။ ဖိနပ်နဲ့ Accessories တွေပေါ့။

ဖိနပ်နဲ့ အိတ်ဆိုရင်။

ဖိနပ်က ပေါ့ပေါ့ပါးပါး Slipper တွေစီး ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်ကအမြဲတမ်းဒေါက်နဲ့ ထိတွေ့ခဲ့တဲ့သူဆိုတော့ ဒေါက်တွေ အမြဲဝယ် ဖြစ်တယ်။ လှတာကို ဦးစားပေးဝယ်တယ်။ ကိုယ့်အတွက်လည်း သက်သောင့်သက်သာ ဖြစ်ပြီး လိုက်မယ်ဆို ၀ယ်ဖြစ်တယ်။ အိတ်ကို တော့ အကြီးကြီးတွေ ကြိုက်တယ်။

Shopping ထွက်ရတာရော သဘောကျ လား။

သဘောကျတယ်။ တစ်ခါတလေ တစ်နေ ကုန် Shopping ထွက်တယ်။ Shopping ထွက်ရင် စိတ်သက်သာရပြီး ပျော်တယ်။ ညောင်း လာရင် မုန့်ဆိုင်ထိုင်တယ်။ ပြီးရင် ပြန်ပတ် တယ်။ စိတ်ညစ်ရင် Shopping ထွက်တာ အကောင်းဆုံးပေါ့။
ှ့
Shopping ကိုရော ဘယ်သူနဲ့ အများဆုံး သွားဖြစ်လဲ။

အစ်မရယ်၊ အမေရယ်၊ အဒေါ်ရယ် အမြဲ ပါတယ်။ သူငယ်ချင်းတွေနဲ့က အရင်ကပေါ့။ အခု သိပ်မသွားဖြစ်တော့ဘူး။

Shopping ထွက်တဲ့အခါ ၀တ်ဖြစ်တာ က။

စကတ်နဲ့ ဘောင်းဘီတိုလေးတွေ ၀တ်ဖြစ် တယ်။ အရမ်းကြီး လူမြင်မကောင်းတာမျိုး မဟုတ်ဘဲ Free Style လေးတွေပေါ့။

Shopping ထွက်တာမျိုး မဟုတ်ဘဲ Online ကနေမှာတာမျိုးရောရှိလား။

တစ်ခါပဲ။ အိတ်လေးတွေ သဘောကျလို့ ၀ယ်ဖူးတယ်။

ကိုယ့်ဝင်ငွေနဲ့ ကိုယ်ဝယ်ဖူးတဲ့ အသုံးအ ဆောင်ပစ္စည်းလေးရှိရင်။

Accessories တွေပါ။

ကျောင်းတစ်ဖက်၊ အနုပညာအလုပ်တစ် ဖက်နဲ့ဆိုတော့ မပင်ပန်းဘူးလား။

အဲလိုတော့ မခံစားပါဘူး။ တစ်ခါတလေ ကျရင်တော့ အရမ်းပင်ပန်းတယ်။ အိပ်ချိန်လည်း အရမ်းနည်းတယ်။ မနက်ဆို ကျူရှင်လဲရှိတယ်။ ပြီးရင် တောက်လျှောက် ရှုတင်တွေ ဆက်တိုက် ပဲ။ ဒါပေမဲ့ ၀ါသနာပါတဲ့ အလုပ်ဖြစ်နေတဲ့အ တွက် သိပ်တော့ မညည်းဖြစ်ဘူး။

M Plaza Shopping Journal မှာ Cover ရိုက်ရတဲ့ ခံစားချက်လေး။

M Plaza Shopping Journal ပါဝင် ရိုက်ကူးခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါ တယ်။

ညီမရဲ့ ပရိသတ်တွေကိုရော ဘာပြောချင် သေးလဲ။

ညီမကို အားပေးတဲ့ ပရိသတ်ပဲဖြစ်ဖြစ်၊ အားမပေးတဲ့ ပရိသတ်ပဲဖြစ်ဖြစ် အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ အရမ်းလည်း ချစ် ပါတယ်။ ရှေ့ဆက်ပြီး အနုပညာလုပ်ငန်းတွေ လုပ်ဆောင်သွားပါမယ်။ အားပေးပါဦးလို့။ ချစ် ခင်ပါဦးလို့။ ပရိသတ်ကြီး စိတ်မပျက်အောင်လဲ အစွမ်းကုန်ကြိုးစားသွားပါ့မယ်လို့။ ပရိသတ်ကြီး အလုပ်အကိုင်တွေ အဆင်ပြေပြီး ပျော်ရွှင်ပါစေ လို့။


အမ်ဘုံဆူးခက်
ဓာတ်ပုံ - Studio Saw
မိတ်ကပ် - မထက်(Pop Soul)
Dress - Vogue
Shoe - Lily


**********************
M Plaza Shopping Journal (Vol 1, No 16 ) 
From...Myanmar Forward

၁၆ နှစ်အောက် အရွယ်အား အဓမ္မပြုကျင့် ပါက သေဒဏ်ချမှတ်သည့် ဥပဒေ လွှတ်တော်သို့ ထပ်မံတင်ပြမည်ဟု ဦးသိန်းညွန့်ပြော


                                                        Online Photo's
 
အသက် ၁၆ နှစ်အောက်ကလေးများ ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြု ကျင့်ပါက သေဒဏ်ထိချမှတ်နိုင် သည့်ဥပဒေကို အဋ္ဌမအကြိမ် မြောက်လွှတ်တော်တွင် ထပ်မံအ ဆို တင်သွင်းသွားမည် ဟု သင်္ဃန်း ကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

သတ္တမအကြိမ်မြောက် လွှတ် တော် တွင် အထူးဥပဒေ အဖြစ် အ ဆိုပြုခဲ့သော် လည်း ယင်းအဆိုရှုံး နိမ့်ခဲ့သောကြောင့် ယခု အဋ္ဌမအ ကြိမ်မြောက်လွှတ်တော်တွင် ထပ် မံ တင်သွင်းရခြင်းဖြစ်သည်ဟု ဦး သိန်းညွန့်က ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဦး သိန်းညွန့်က ''ဒါဟာ အမှန်တ ကယ်ကို လိုအပ်တဲ့ ဥပဒေဖြစ်ပါ တယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ ကြောင့် ကလေးတွေ အနာဂတ် ပျက်စီးမယ့် အရေးကို ထိရောက် တဲ့ ဥပဒေ ချုပ်ကိုင်မှုနဲ့ ဟန့်တား ဖို့လိုအပ်နေ ပြီ။ ဒီလိုပြင်း ထန်တဲ့ ဥပဒေကြောင့် ပြစ်မှုကျူးလွန် မယ့်သူတွေကို တားဆီးရာရောက် သလို ခေတ်အခြေ အနေအရလဲ အကျည်းတန် အရုပ်ဆိုးတဲ့ ကိစ္စဖြစ်တာကြောင့် သေဒဏ်ကျင့်သုံး အောင် တိုက်တွန်းရမယ်''ဟု ပြော သည်။

မြန်မာနိုင်ငံတွင် သေဒဏ် ကို ကျင့်သုံးခြင်းနည်းပါးသွားပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖျက်သိမ်းခြင်း မပြုရသေးသော ကြောင့် အသက် ၁၆နှစ်အောက် ကလေးများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ပါ က သေဒဏ်ပေး နိုင် ရန် တိုက်တွန်းရခြင်းဖြစ်သည် ဟု ဦးသိန်းညွန့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက် တာညိုညိုသင်း က ''စာရင်းဇ ယားအရ သက်ငယ် မုဒိမ်းမှုတွေက ရာခိုင်နှုန်း ရဝလောက်ရှိနေတယ် ဆိုတော့ စာရင်းမသိဘဲဖြစ်သွား တဲ့ကိစ္စတွေ ဘယ်လောက်များလဲ ဆိုတာခန့်မှန်းလို့မရပါဘူး။ ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် လက်ရှိဥပဒေက လုံလောက်မှုမရှိ ဘူးဆိုတာ ကျိန်းသေပါတယ်။ ဒါ ကြောင့် ဒီထက် ပိုမိုပြင်းထန်တဲ့ ဥပဒေနဲ့ ဟန့်တား ဖို့လိုပါတယ်'' ဟု ပြောသည်။

ခေတ်သစ် အမျိုးသမီး စည်းအရုံး (မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီရီ စံက ''လက်ရှိ သတ်မှတ်ထား တဲ့ ဥပဒေက ၁၄နှစ်အောက် ကလေး တွေ ကိုပြုကျင့်ရင် ထောင်ဒဏ် ၁၀ နှစ်လို့ သတ်မှတ် ထားတယ်။ မလုံ လောက်ပါဘူး။ ဒါကြောင့်သာ မကြားဝံ့မနာ သာတွေဖြစ် နေရ သေးတာပေါ့''ဟု ပြောသည်။

ခေတ်သစ် အမျိုးသမီးအ စည်းအရုံး(မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီ ရီစံမှာ ၁၂ နှစ်အောက် အမျိုးသ မီး ကလေး သူငယ် လိင်ပိုင်း      ဆိုင်ရာ အဓမ္မပြုကျင့် ခံရပါက ကျူးလွန် သူကို သေဒဏ်ချမှတ်နိုင်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် ဥပ ဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်နေသူတစ် ဦးလည်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ခုနှစ်အတွင်း ဖြစ်ပွားခဲ့ သော ကလေးသူငယ်အဓမ္မပြုကျင့် ခံရမှု တရားဝင်စာရင်းများအရ လှိုင်သာယာမြို့နယ်တွင် ကလေး သူငယ်အဓမ္မပြုကျင့်ခံရမှု ရှစ်မှု၊ တိုက်ကြီးတွင် သုံးမှု၊ ထောက်ကြန့်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ အင်းစိန်တို့တွင် နှစ်မှုစီဖြစ်ပွားခဲ့ သောကြောင့် ကလေးသူငယ်လိင် ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှု ကာကွယ်သည့်တပ် ဖွဲ့ကို လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယခုနှစ် မေ ၃ဝရက်က စတင်ဖွဲ့ စည်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။


From: Yangon Media Group

www.mmdailystar.com မှမျှဝေဖေါ်ပြသည်

28 September 2013

သိစရာ မှတ်စရာများ



၁) Facebook ရဲ့ အင်ဂျင်နီယာတွေဟာ Like ခလုတ်ကို Awesome ခလုတ်လို့ အစက နာမည်ပေးချင်ခဲ့ကြတာပါ...
 
၂) သင့်ရှပ်အင်္ကျီရဲ့ လက်ထည့်တဲ့အပေါက်ကို armsaye လို့ခေါ်ပါတယ်...

၃)ယောက်ျားလေးတွေကိုကိုယ်ဝန်ဆောင်ထားတဲ့မိခင်တွေဟာ    မိန်းကလေးကိုယ်ဝန်ဆောင်ထားတဲ့မိခင်တွေထက် အစားပိုစားကြပါတယ်...

၎)မြောက်ဝင်ရိုးစွန်းဟာ တောင်ဝင်ရိုးစွန်း လိုမျိုးကုန်းမြေတိုက်ကြီးတစ်ခု မဟုတ်ပါ ဘူး .မြောက်ဝင်ရိုးစွန်း ရဲ့ရေခဲထုကြီးဟာ ပင်လယ်သမုဒ္ဒရာထဲ မျောနေတာဖြစ်ပါတယ်... တောင်ဝင်ရိုးစွန်းရဲ့ ရေခဲပြင်ကတော့ တကယ့်မြေပြင်ဖြစ်တဲ့ အန္တာတိကတိုက်ပေါ်မှာ တည်ရှိတာဖြစ်ပါတယ်...

၅) ပုလဲတွေဟာ ရှာလကာရည်ထဲမှာ အရည်ပျော်ပါတယ်...

၆) မနက်ပိုင်းမှာ လူတွေလန်းဆန်းစေဖို့အတွက် ကော်ဖီသောက်တာထက် ပန်းသီးစားတာက ပိုထိရောက်ပါတယ်...

၇) စာရွက်တစ်ရွက်ကို ခုနစ်ခေါက်ထက်ပိုခေါက်လို့မရပါဘူး...

၈) ကြက်သွန်လှီးရင်း ပီကေဝါးမယ်ဆိုရင် မျက်ရည်ကျခြင်းက ကာကွယ်ပေးနိုင်ပါလိမ့်မယ်...

၉) ပထမဆုံး smiley သင်္ကေတ ကို ၁၉၈၂ ခုနှစ်မှာ စတင်ရေးသားအသုံးပြုခဲ့ပါတယ်...

၁၀) အသက်အောင့်ပြီး ကိုယ့်ကိုယ်သတ်သေဖို့ မဖြစ်နိုင်ပါဘူး...

၁၁) နှစ်စဉ် ငါးမန်းကိုက်လို့သေတဲ့သူထက် အုန်းသီးခေါင်းပေါ်ပြုတ်ကျလို့သေတဲ့သူက ပိုများပါတယ်...

၁၂) ကမ္ဘာပေါ်မှာ တစ်မိနစ်ကြာတိုင်း ကလေး ၂၅၅ ယောက်လောက် မွေးဖွားနေပါတယ်...

Credit To : နှိုင်းရင့်နွေ
   မြ၀တီသတင်းမှ ကူးယူဖေါ်ပြသည်...

ဆော့ဖ်ဝဲများကို တရားဝင် ဝယ်ယူ အသုံးပြုမှု တွင်ကျယ်စေရန်မှာ ဈေးနှုန်း အဓိကကျ

ကွန်ပျူတာ ဆော့ဖ်ဝဲများအား တရားဝင် ဝယ်ယူ အသုံပြုမှုတွင်ကျယ် ရန်အတွက် ဈေးနှုန်းမှာ အဓိကကျ ကြောင်း နည်းပညာ ကျွမ်းကျင်သူ အချို့ က ဆိုသည်။ပြည်တွင်း တွင် လက်ရှိ အသုံးပြု နေသည့် ဆော့ဖ်ဝဲများမှာ တရားဝင် လိုင်စင်ဖြင့် ဝယ်ယူထားမှု နည်းပါးပြီး ခိုး ကူး ပုံစံဖြင့်သာ ဝယ်ယူ အသုံးပြုနေကြ ခြင်းဖြစ်သည်။

 
”လိုင်စင် နဲ့ တရားဝင် မဟုတ်မှန်း သိပေမယ့် ကော်ပီ ဆော့ဖ်ဝဲက ဈေး သက်သာ တယ်လေ” ဟု ဆော့ဖ် ဝဲရေး  သား သည့် ကိုပြည့်က ဆိုသည်။
ထို့အပြင် တရားဝင် လိုင်စင်ဖြင့် ဆော့ဖ်ဝဲ ရောင်းချပေးမည့် အရောင်း ဆိုင်များ မရှိခြင်းကြောင့်လည်း အသုံးပြု သူ မရှိခြင်းဖြစ်ကြောင်း သိရသည်။
 
ပြည်တွင်း ကုမ္ပဏီ လုပ်ငန်းများ နှင့်နိုင်ငံခြား ကုမ္ပဏီများကမူ ဆော့ဖ်ဝဲ များအား တရားဝင် လိုင်စင်ဗားရှင်း ဝယ်ယူကြသော်လည်း ထိုင်းနိုင်ငံမှ ဝယ် ယူ အသုံးပြုနေ ကြခြင်းဖြစ်သည်။
”လိုင်စင် ဗားရှင်း သုံးဖို့ မတွင် ကျယ်ဘူး ဆိုတာကလည်း လွယ်လွယ် ကူကူ ဝယ်လို့ မရတာ လည်းပါ မှာပေါ့”ဟု Yangon Heartz Media Group မှ ကိုဇော်ဇော် မျိုးလွင် က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ သို့ မိုက် ခရိုဆော့ဖ်က ၄င်း၏ဆော့ဖ်ဝဲများ တရားဝင် လိုင်စင်ဖြင့် ရောင်းချရန် ပြုလုပ်မည်ဖြစ်ပြီး ယင်း အတွက် ပြည်တွင်းKnowledge Centricity ကုမ္ပဏီနှင့် တွဲဖက် လုပ်ကိုင်မည်ဟု သိရသည်။
 
တစ်ဆင့် ပြန်လည်ရောင်းချမည့် Resellerများအတွက် ဆော့ဖ်ဝဲ Solution ထောက်ပံ့ပေးမှုများ လုပ်ဆောင် နိုင်ရန်ကို လည်း ပြုလုပ်မည် ဖြစ်သည်။
 ဈေးနှုန်းများ အနေဖြင့် ကျောင်း သား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ အတွက် ညှိနှိုင်းရောင်းချရန် စီစဉ်မည်ဟု Knowledge Centricity ၏ စီအီးအိုဒေါက်တာ ထွန်းသူရသက် က ပြောသည်။
ဆော့ဖ်ဝဲအား လိုင်စင်ဖြင့် ဝယ် ယူအသုံးပြုမှုတွင် စီးပွားရေးလုပ်ငန်း သုံး ဆော့ဖ်ဝဲ များနှင့် ကွန်ပျူတာ လည်ပတ်စနစ် ဝင်းဒိုး (OS) တို့သာရှိ နေကြောင်း သိရသည်
 
  နည်းပညာ သတင်း

သုတလင်း                    Popular News မှကူးယူဖေါ်ပြသည်..

လက်မထပ်ခင် အတူတူနေခြင်း နှင့် ကိုယ်ဝန်ပြဿနာ ...

အခုခေတ်မှာ ယောကျာ်းလေးနဲ့ မိန်းကလေး လက်မထပ်ခင် ဟိုတယ်မှာ အတူတူ သွားနေတာမျိုး .... လူကြီးမိဘ မရှိတဲ့ အခန်း ... သူငယ်ချင်းတွေ အခန်းတွေမှာ အတူတူ နေကြတာမျိုးတွေဟာ မဆန်းတော့ပါဘူး ... (ကြိုပွိုင့် စနစ်နဲ့ အရစ်ကျ ငွေချေပြီး တိုက်ခန်းဝယ်သလိုပေါ့)

တစ်ခုပဲ ဆန်းတာက ... လက်မထပ်ခင် ကိုယ်ဝန်ယူခြင်း .. မယူခြင်းကိစ္စ

မိန်းကလေးတစ်ယောက်ဟာ ... ကိုယ့်သဘောနဲ့ကိုယ် ချစ်သူနဲ့ လိုက်နေတယ် ... လက်မထပ်ဘဲ အတူတူနေပြီ ဆိုကတည်းက .. ကိုယ်ဝန်ဆိုတဲ့ ကိစ္စကို ခေါင်းထဲ ထည့်ထားရမယ် .. အနောက်နိုင်ငံမှာ Single Mom ဆိုတာ ပြဿနာ မရှိပေမယ့် .. မြန်မာနိုင်ငံမှာတော့ ... Single Mom ဆိုရင်ပဲ လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးသလိုလို .. ပတ်ဝန်းကျင်က ရှုံ့ချကြတယ်။

တစ်ခါတစ်ရံမှာ အိပ်ဖြစ်တဲ့ စုံတွဲတွေ အတွက် .. နှစ်ယောက် အတူတူနေပြီးရင် Emergency Pill ကို (၇၂)နာရီအတွင်း သောက်လို့ရတယ်။ မကြာမကြာ နေဖြစ်တဲ့ စုံတွဲတွေကတော့ ... OC pill or Injection ထိုးထားလို့ ရပါတယ် ...

မိန်းကလေးတွေဘက်က တရားဝင် လက်မထပ်နိုင်သေးဘဲ အိပ်ဖို့သက်သက် .. ဖီးလ်ကောင်းဖို့ သက်သက်ပဲသိပြီး .. ကိုယ်ဝန်ရသွားမှ ... ယောကျာ်းလေးကို ဇွတ်ယူခိုင်းတာမျိုး .. ယောကျာ်းလေးဘက်က Ready to get Married အခြေအနေမျိုး မဖြစ်သေးလို့ အချိန်ဆွဲတာမျိုး .. ရှောင်တာမျိုးကို ရင်ဆိုင်ရမှ ... လူယုတ်မာလို့ မပြောကြနဲ့ ... ယောကျာ်းဆိုတာ ... ဒီလိုမျိုးလည်း လုပ်ချင် လုပ်တတ်လိမ့်မယ်လို့ ကြိုတွေးပြီးမှ အိပ်ကြပါ။ အဲဒီလောက်အထိ အဆုံးစွန် စိတ်ဓါတ်ကို ပြင်ဆင်ထားပြီးမှ အတူတူလိုက်အိပ်ကြပါ။

Living Together နေတုန်းကတော့ ခေတ်မှီကြပြီး .. ဗိုက်ကြီးမှ ကိုယ့်ချစ်သူကို မျက်နှာငယ်လေးနဲ့ မယူခိုင်းနဲ့ ... ကိုယ့်ကိုအတူတူ အိပ်ပြီးသွားတဲ့ ယောကျာ်းတိုင်း ကိုယ့်ကို ယူချင်မှလည်း ယူလိမ့်မယ် .. ယူချင်လည်း ယူလိမ့်မယ် .. နဂိုကတည်းက စိတ်ဓါတ်မမာရင် .. Living Together မနေကြနဲ့ ... တရားဝင် လက်ထပ်ပြီးမှ အတူတူနေ ... ခေတ်မှီချင်တော့ LT နေတယ် .. ယောကျာ်းလေးက ထွက်ပြေးမှ .. မြန်မာမိန်းမပီပီ ... အရှက်တွေ သိက္ခာတွေ လာမပြောနဲ့ ။။ (နားခါးတယ်။)

ယောကျာ်းလေးက ကိုယ်ဝန်မရအောင် မကာကွယ်တတ်ရင်လည်း မိန်းကလေးဘက်က သိထားရမယ် .. ကာကွယ်တတ်ရမယ် ... ကိုယ်ဝန်ရသွားပြီးမှ လူ့လောကထဲ ရောက်လာမယ့် ကလေးဟာ ... အဖေအမေ မစုံမလင်နဲ့ မျက်နှာငယ်ရမယ့် အဖြစ်မျိုးကို ... ဖခင်လောင်း မိခင်လောင်းတွေ အလေးထားသင့်တယ်။

မြန်မာမလေးတွေ ခေတ်မှီတဲ့နေရာမှာ .. ဘက်စုံ ခေတ်မီကြဖို့ လိုတယ် ..

(သမီးဆိုး)

(Cuttie) :D
 
From...Facebook

ယုံချင်ယုံ မယုံချင်နေ



    ယုံချင်ယုံ မယုံချင်နေ...  South China Sea ဟာ ကမ္ဘာပေါ်မှာ မုန်တိုင်းအန္တ၇ယ်အများဆုံးနှင့် ကြောက်စ၇ာအကောင်းဆုံးပင်လယ်ပြင်တစ်ခုပါ။ တစ်နေ့တော့ Sea Angel ဝေလငါးဖမ်းသဘော်ဟာ အဲဒီတောင်တ၇ုတ်ပင်လယ်ပြင်မှာ ဝေလငါးအုပ်စုကိုလိုက်၇င်း ပြင်းထန်တဲ့မုန်တိုင်းနှစ်ခုကြားေ၇ာက်၇ှိသွားပြီး ၀မ်းကွဲနှစ်မြုတ်သွားပါတော့တယ်။သဘော်သားအယောက် ၃၀ ထဲကမှ ကပ္ပတိန် နဲ့ ကျန် ၄ ယောက်ဟာ သဘော်မနှစ်မြုပ်မီ ငါးဖမ်း၇ာမှာသုံးတဲ့ဖော့တုံးကြီးတွေမှာ သူတို့ ၇ဲ့ လက်တွေကို ခိုင်ခံ့အောင်၇စ်ပတ်ထားနိုင်ခဲ့တာကြောင့် မုန်တိုင်းစဲသွားချိန်မှာ ကံအားလျှော်စွာ အုပ်စုမကွဲ အသက်၇ှင်ကျန်ခဲ့ကြတယ်။ မကြာမီမှာပဲ ကံတ၇ား၇ဲ့ဖေးမမှု့ကြောင့် စိမ်းစိမ်းညို့ညို့ ကျွန်းငယ်လေးတစ်ခုကို သူတို့နဲ့ မနီးမဝေးမှာ ဘွားခနဲတွေ့လိုက်၇တယ်။ခြေကုန်လက် ပန်းကျအောင်ကူးခပ်ပြီးနောက် ကျွန်းလေးပေါ်ေ၇ာက်လာတဲ့ သူတို့အုပ်စုဟာ အ၇ိုးကွဲ လောက်အောင်အေးလှတဲ့ ပင်လယ်လေကိုအံတုနိုင်ဖို့ ၇၇ာသစ်၇ွက်ခြောက်တွေနဲ့ မီးဖို လေးတစ်ခုအမြန်ဖိုကြတယ်။ မီးအ၇ှိန်လေး၇လာတဲ့အချိန်မှာပဲ ကျွန်းလေးဟာ ၇ုတ် တ၇က် သွက်သွက်ခါတုန်ခါသွားပြီးေ၇မှုန်ေ၇မွှားတွေဖွားခနဲ ပန်းထွက်လာတော့ တယ်။သူတို့အုပ်စုလည်း ကျွန်းလေးပေါ်က တလိမ့်ခေါက်ကွေး ပင်လယ်ထဲကို ပြုတ်ကျသွားကြတယ်။  သူတို့ခဏတာကွန်းခိုခဲ့တဲ့ကျွန်းလေးကတော့ '၀ုန်း' ခနဲ ပင်လယ်ထဲကိုနစ်မြုပ်ပျောက်ကွယ်သွားတယ်။အလန့်တကြား မှင်သက်မိနေတဲ့ သူတို့အုပ်စု ငေးကြောင်ကြည့်နေစဉ်မှာပင် နှစ်မြုပ်ပျောက်ဆုံးသွားတဲ့ကျွန်းလေးဟာ အတော်ဝေးဝေး တစ်နေ၇ာမှာေ၇မှုန်ေ၇မွှားတွေ တဖွားဖွားမှုတ်ထုတ်ပြီး 'အုန်း' ခနဲ ပြန်ပေါ်လာပြီးေ၇အောက်ကိုပြန်လည်ငုတ်လျှိုးသွားပြန်တယ်။ ပေါ်လိုက်ပျောက်လိုက်နဲ့ တဖြေးဖြေးဝေးသွားတဲ့ကျွန်းလေးကို ကြည့်၇င်းသူတို့နားလည်လိုက်တာက ဒါအ လွန်အင်မတန်ကြီးတဲ့ဝေလငါးကြီးဆိုတာပါပဲ။သူတို့တွေကို ပင်လယ်ကူးသဘော်ကြီး တစ်စင်းကတွေ့၇ှိကယ်တင်ပြီး မိခင်နိုင်ငံကိုပြန်ေ၇ာက်တဲ့အခါမှာတော့ ဒီသတင်းဟာ ကမ္ဘာအနှံကို ပျံ့နှံသွားပါတော့တယ်။ နောက်ဆုံးမှာတော့ ဂျပန်နိုင်ငံအခြေစိုက် အဏ္ဏ၀ါဗေဒ သုတေသနဌာနမှ သိပ္ပံပညာ၇ှင်တွေဟာ အဆိုပါဝေလငါးကြီးကို တွေ့၇ှိဓါတ်ပုံ၇ိုက် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အောက်မှာ ဓါတ်ပုံကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။ ( သူငယ်ချင်းတိုေ၇ ယုံ-မယုံ......လွတ်လပ်စွာသဘောထားကွဲလွဲခွင့်၇ှိပါသည် )  Aye Myozatt
South China Sea ဟာ ကမ္ဘာပေါ်မှာ
မုန်တိုင်း အန္တ၇ာယ်အများဆုံးနှင့်
ကြောက်စ၇ာအကောင်းဆုံးပင်လယ်ပြင်တစ်ခုပါ။
တစ်နေ့တော့ Sea Angel ဝေလငါးဖမ်းသင်္ဘောဟာ အဲဒီတောင်တ၇ုတ် ပင်လယ်ပြင် မှာ ဝေလငါးအုပ်စု ကိုလိုက်၇င်း ပြင်းထန်တဲ့ မုန်တိုင်းနှစ်ခုကြားေ၇ာက်၇ှိ သွားပြီး ၀မ်းကွဲနှစ်မြုတ်သွားပါတော့တယ်။ 
 
သင်္ဘောသား အယောက် ၃၀ ထဲကမှ ကပ္ပတိန် နဲ့ ကျန် ၄ ယောက်ဟာ သဘော်မနှစ်မြုပ်မီ ငါးဖမ်း၇ာ မှာသုံးတဲ့ဖော့ တုံးကြီးတွေမှာ သူတို့
၇ဲ့ လက်တွေ ကို ခိုင်ခံ့အောင် ၇စ်ပတ်ထားနိုင်ခဲ့တာကြောင့် မုန်တိုင်းစဲသွားချိန်မှာ ကံအားလျှော်စွာ အုပ်စုမကွဲ အသက်၇ှင်ကျန်ခဲ့ကြတယ်။
 
မကြာမီမှာပဲ ကံတ၇ား၇ဲ့ဖေးမမှု့ကြောင့် စိမ်းစိမ်းညို့ညို့ ကျွန်းငယ်လေးတစ်ခုကို သူတို့နဲ့ မနီးမဝေးမှာ ဘွားခနဲတွေ့လိုက်၇တယ်။ခြေကုန်လက
ပန်း ကျအောင်ကူးခပ်ပြီးနောက် ကျွန်းလေးပေါ်ေ၇ာက်လာတဲ့ သူတို့အုပ်စုဟာ အ၇ိုးကွဲ
လောက်အောင်အေးလှတဲ့ ပင်လယ်လေကို အံတုနိုင်ဖို့ ၇၇ာသစ်၇ွက်ခြောက်တွေနဲ့ မီးဖို
လေးတစ်ခု အမြန်ဖိုကြတယ်။
 
မီးအ၇ှိန်လေး၇လာတဲ့ အချိန်မှာပဲ ကျွန်းလေးဟာ ၇ုတ် တ၇က် သွက်သွက်ခါတုန်ခါ သွားပြီးေ၇မှုန်ေ၇မွှားတွေ ဖွားခနဲ ပန်းထွက်လာတော့
တယ်။ သူတို့အုပ်စုလည်း ကျွန်းလေးပေါ်က တလိမ့်ခေါက်ကွေး ပင်လယ်ထဲကို
ပြုတ်ကျသွားကြတယ်။
သူတို့ခဏတာကွန်းခိုခဲ့တဲ့ကျွန်းလေးကတော့ '၀ုန်း' ခနဲ ပင်လယ်ထဲကိုနစ်မြုပ်ပျောက်ကွယ်သွား တယ်။ အလန့်တကြား မှင်သက်မိနေတဲ့
 
သူတို့ အုပ်စု ငေးကြောင်ကြည့်နေစဉ်မှာပင် နှစ်မြုပ်ပျောက်ဆုံးသွားတဲ့ကျွန်းလေးဟာ
အတော်ဝေးဝေး တစ်နေ၇ာမှာေ၇မှုန်ေ၇မွှားတွေ တဖွားဖွားမှုတ်ထုတ်ပြီး 'အုန်း' ခနဲ
ပြန်ပေါ်လာပြီးေ၇အောက်ကိုပြန်လည်ငုတ်လျှိုးသွားပြန်တယ်။ ပေါ်လိုက်ပျောက်လိုက်နဲ့ တဖြေးဖြေးဝေးသွားတဲ့ကျွန်းလေးကို ကြည့်၇င်းသူတို့ နားလည်လိုက်တာက ဒါအ
လွန်အင်မတန်ကြီး တဲ့ဝေလငါးကြီးဆိုတာပါပဲ။ သူတို့တွေကို ပင်လယ်ကူးသင်္ဘောကြီး
တစ်စင်းကတွေ့၇ှိကယ်တင်ပြီး မိခင်နိုင်ငံကိုပြန်ေ၇ာက်တဲ့အခါမှာတော့ ဒီသတင်းဟာ
ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားပါတော့တယ်။
 
နောက်ဆုံးမှာတော့ ဂျပန်နိုင်ငံအခြေစိုက် အဏ္ဏ၀ါဗေဒ သုတေသနဌာနမှ သိပ္ပံပညာ၇ှင်တွေဟာ အဆိုပါဝေလငါးကြီးကို တွေ့၇ှိဓါတ်ပုံ၇ိုက်
မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။အောက်မှာ ဓါတ်ပုံကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။
 
( သူငယ်ချင်းတိုေ၇ ယုံ-မယုံ......လွတ်လပ်စွာသဘောထားကွဲလွဲခွင့်၇ှိပါသည် )

Aye Myozatt
  MYAWADY NEWS မှ ကူးယူဖေါ်ပြသည်...


                                            

သင်သိဖို့တော့ လိုပါတယ်


                     

သင်သိဖို့တော့ လိုပါတယ်။  သင့်အမေက သူ့ရဲ့သားအိမ်ထဲမှာ သင့်ကို ၉ လနီးပါးထည့်ထားရပါတယ်တဲ့။ပျို့အန်ချင်စိတ်တွေနဲ့ တစ်လလောက် နေမကောင်းဖြစ်ခဲ့ရပါတယ်။အိပ်မပျော်တဲ့ ညပေါင်းများစွာကိုလဲ ဖြတ်သန်းခဲ့ရပါတယ်။သင့်ကိုဒီကမ္ဘာထဲ မွေးထုတ်ပေးတဲ့အချိန်မှာ အလွန်အမင်းနာကျင်မှုကို အံကြိတ်သည်းခံပြီး သင့်ကိုမွေးပေးခဲ့တာပါ။လှေကားတွေကို ဖြေးဖြေးတက်ရတယ်။အစားသောက်တွေလဲ ရှောင်ခဲ့ရတယ်။ခံတွင်းတွေပျက်လို့ မစားနိုင်မသောက်နိုင်တဲ့ နေ့တွေဒုနဲ့ဒေး။သင်မွေးမလာခင်ကတည်းက သင့်ကို ချစ်နေခဲ့ရတာ။သင့်အမေရဲ့ သွေးတွေနဲ့ သင်အသက်ဆက်ခဲ့ရတယ်။  သင့်ကိုမွေးပြီးတဲ့ အချိန်မှာ လဲ သင့်အမေကသင့်ရဲ့ ကလေးထိန်းဖြစ်ပါတယ်၊သင့်ရဲ့သူနာပြုဆိုလဲဟုတ်ပါတယ်၊သင့်ကို အစေခံတစ်ယောက်လိုပြုစုရပါတယ်။သင့်ရဲ့ ဆရာဆိုလဲဟုတ်ပါတယ်၊သူငယ်ချင်းဆိုလဲ ဟုတ်၊သင်ဖျော်ဖြေ သမျှကိုလက်ခံအားပေးတဲ့ သင့်ရဲ့အမာခံပရိတ်သတ်ဆိုလဲမမှားပါဘူး။  သင့်အမေဟာ သင့်အတွက် ငိုကြွေးခဲ့ရတယ်၊ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ရတယ်၊သင့်အတွက်ဆုတောင်းခဲ့ရတယ်၊သင့်အတွက်. . . . . . .  လူတော်တော်များများဟာ ကျွန်တော်တို့ရဲ့ အမေတွေ ကျွန်တော်တို့အတွက်နဲ့ ဘယ်လောက်ပင်ပန်းခဲ့ရလဲဆိုတာကို မသိခဲ့ကြဘူး။ တကယ်လို့ သင့်မှာ အမေရှိနေသေးရင် သင့်အလုပ်တွေနဲ့ အချိန်မရရင်တောင် ဒီတစ်နေ့တော့ သင့်အမေဆီသွားပါ။သင့်အမေအတွက် လက်ဆောင်တစ်ခုမပါရင်တောင် သင်ဟာသင့်အမေအတွက် အကောင်းဆုံး လက်ဆောင်ပါပဲ။  ယနေ့မှာကျရောက်တဲ့ ကမ္ဘာ့အမေများနေ့မှာ သင်ချစ်တဲ့သင့်အမေနဲ့ အတူပျော်ရွင်နိုင်ကြပါစေ။  မောင်စိုင်း
သင့်အမေက သူ့ရဲ့သားအိမ်ထဲမှာ သင့်ကို ၉ လနီးပါးထည့်ထားရပါတယ်တဲ့။ပျို့အန်ချင်စိတ်တွေနဲ့ တစ်လလောက် နေမကောင်းဖြစ်ခဲ့ရပါတယ်။အိပ်မပျော်တဲ့ ညပေါင်းများစွာ ကိုလဲ ဖြတ်သန်းခဲ့ ရပါတယ်။ သင့်ကို ဒီလောကထဲ မွေးထုတ်ပေးတဲ့အချိန်မှာ အလွန်အမင်းနာကျင်မှုကို အံကြိတ်သည်းခံပြီး သင့်ကိုမွေးပေးခဲ့တာပါ လှေကားတွေကို ဖြေးဖြေးတက်ရတယ်။အစားသောက်တွေလဲ ရှောင်ခဲ့ရတယ်။ခံတွင်းတွေပျက်လို့ မစားနိုင်မသောက်နိုင်တဲ့ နေ့တွေဒုနဲ့ဒေး။ သင်မွေးမလာခင်ကတည်း က သင့်ကို ချစ်နေခဲ့ရတာ။ သင့်အမေရဲ့ သွေးတွေနဲ့ သင်အသက်ဆက်ခဲ့ရတယ်။

သင့်ကိုမွေးပြီးတဲ့ အချိန်မှာ လဲ သင့်အမေကသင့်ရဲ့ ကလေးထိန်းဖြစ်ပါတယ်၊သင့်ရဲ့သူနာ
ပြုဆိုလဲဟုတ်ပါတယ်၊သင့်ကို အစေခံတစ်ယောက်လိုပြုစုရပါတယ်။သင့်ရဲ့ ဆရာဆိုလဲဟုတ်ပါတယ်၊သူငယ်ချင်းဆိုလဲ ဟုတ်၊သင်ဖျော်ဖြေ သမျှကိုလက်ခံအားပေးတဲ့ သင့်ရဲ့အမာခံပရိတ်သတ်ဆိုလဲမမှားပါဘူး။

သင့်အမေဟာ သင့်အတွက် ငိုကြွေးခဲ့ရတယ်၊ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ရတယ်၊သင့်အတွက်ဆုတော
င်းခဲ့ ရတယ်၊သင့်အတွက်. . . . . . .

လူတော်တော်များများဟာ ကျွန်တော်တို့ရဲ့ အမေတွေ ကျွန်တော်တို့အတွက်နဲ့ ဘယ်လောက်ပင်ပန်းခဲ့ရလဲဆိုတာကို မသိခဲ့ကြဘူး။
တကယ်လို့ သင့်မှာ အမေရှိနေသေးရင် သင့်အလုပ်တွေနဲ့ အချိန်မရရင်တောင် ဒီတစ်နေ့တော့ သင့်အမေဆီသွားပါ။သင့်အမေအတွက် လက်ဆောင်တစ်ခုမပါရင်တောင် သင်ဟာသင့်အမေအတွက် အကောင်းဆုံး လက်ဆောင်ပါပဲ။


ယနေ့မှာကျရောက်တဲ့ ကမ္ဘာ့အမေများနေ့မှာ သင်ချစ်တဲ့သင့်အမေနဲ့ အတူပျော်ရွင်နိုင်ကြပါစေ။

မောင်စိုင်း
                                                
Scientist Myanmar's photo.   မှကူးယူဖေါ်ပြသည်....

ဘ၀မှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက်


၁။ ကိုယ့်ကို အကူအညီမတောင်းမချင်း သူတပါးအလုပ်ကို ၀င်မစွက်ဖက်မိအောင် ပြုမူနေထိုင်ပါ။
၂။ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ စိတ်ဓာတ်မွေးမြူနိုင်အောင် ကြိုးစားပါ။

၃။ လိုချင်စိတ်တော့ထားပါ။ သို့သော် ငတ်ကြီးမကျမိအောင်ကိုယ့်လောဘကို ထိမ်းနိုင်အောင်ကြိုးစားပါ။

၎။ တဖက်သားအပေါ်မနာလိုဝန်တိုစိတ် မဖြစ်မိစေရန် ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ထားပါ။

၅။ ကိုယ့်ဘ၀ကို ကိုယ်တိုင်ပြောင်းလဲမှ ရနိုင်မည်ဆိုသည့်အသိမျိုးကို အမြဲပျိုးထောင်ပေးထားပါ။

 
၆။ ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကို လွယ်ကူစွာ ကုစားနိုင်သူဖြစ်အောင် ကြိုးစားပါ။

၇။ မရဲဘဲ ကျွဲလှည်းစီးချင်တဲ့ စိတ်ဓာတ်မျိုးမမွေးမိအောင် ကြိုးစားပါ။

၈။ ကောင်းမှုတစ်ခုကို နေ့စဉ်ပြုလုပ်လိုတဲ့စိတ်ဓာတ် မွေးမြူထားပါ။

၉။ ပူဆွေးဝမ်းနည်းမှုတွေနဲ့အတူ အချိန်မဆွဲမိအောင် ကြိုးစားပါ။

၁၀။ ဘယ်တော့မှ သတိလက်လွတ်မဖြစ်စေရအောင် ကြိုးစားနေထိုင်ပါ။

 
ထာဝရအလင်းတန်းများ  မှမျှဝေဖေါ်ပြသည်    
   

သားနှစ်ယောက်ရဲ့ ဝါသနာကို ပြောပြတဲ့ မျိုးကြီး


 


လက်ရှိ မြန်မာပြည် ရော့ခ်လော ကမှာ အအောင်မြင်ဆုံး ရော့ခ်ကာ တွေထဲက တစ်ဦး ဖြစ်တဲ့ မျိုးကြီးဟာ ခုလို အောင်မြင်မှု ရရှိဖို့ ကြိုးပမ်းတဲ့ ခရီးလမ်းမှာ သေချာ စနစ် တကျ သင်ကြားပြသမှု မရှိခဲ့ပေမယ့် ကိုယ်တိုင် လက်လှမ်းမီရာ အားထုတ်မှုတွေ၊ ပါရမီ တွေနဲ့ ဖြတ်သန်း ခဲ့တာဖြစ်ပါတယ်။ သူတို့ ခေတ်တုန်းက သင်တန်းကျောင်း တွေ ရှားပါးပုံ ကို မျိုးကြီးက အနည်းငယ် ပြန်ပြောပြတာက “သင်တန်း လေးတွေတော့ ရှိတယ်။ ဂစ်တာ သင်တန်း၊ အဆို သင်တန်းလေးတွေ စသဖြင့် လက်လှမ်းမီ သလောက် လေ့လာ ရတယ်။ 
 
ဂစ်တာ သင်တန်းတော့ တက်ဖူးတယ်။ ပြီးတော့ သီအိုရီပိုင်း ကိုတော့ ကိုဇာလျန်း သင်တဲ့ သီအိုရီ ပိုင်း သင်တန်း ရှိတယ်။ အခုတော့ တစ်နေရာ တည်းမှာ အစုံသင်လို့ရ တဲ့ ကျောင်းတွေ ရှိတယ်။ ကျွန်တော် တို့ ငယ်ငယ်ကတော့ သင်တန်း တစ်ခုစီက သတ်သတ်ပေါ့။ ခုတော့ တစ် နေရာတည်းမှာ အကုန် သင်နိုင် တယ်” လို့ မျိုးကြီး ကပြောပါတယ်။
 
လက်ရှိအချိန်မှာ သားနှစ်ဦးလည်းရရှိနေပြီ ဖြစ်တဲ့ မျိုးကြီး ကို သားသမီး တွေနဲ့ ပတ် သက်ပြီး  မေးကြည့်တော့ “သားနှစ်ယောက် ရှိတယ်။ အကြီး က ၁၂နှစ်၊ အငယ် က ၃နှစ်။ အငယ်လေး ကတော့ မြူးဇစ်ဘက်ကို စိတ်ဝင် စား တယ်။ အကြီးကတော့ ကွန်ပျူတာ ဘက်ကို ပိုအားသန်တယ်။ အငယ် လေးကြီး လာလို့ စိတ် ဝင်စားရင်တော့ ကိုကိုလွင် ဖွင့်တဲ့ Legacy သင်တန်း ကျောင်းမှာထားမယ်။ တအားတော့ ထိန်းချုပ်တာမျိုး မလုပ်ပါဘူး။ သူတို့ စိတ်ကြိုက် လုပ်ခွင့်ပေးမှာပါ”လို့ သားတွေနဲ့ ပတ်သက် တာ ကို ပြောပြပါတယ်။ မျိုးကြီးအနေနဲ့ သူ့ရဲ့ နောက်ထပ်အခွေ အတွက် လုံးပန်းနေပြီး IC show တွေကို တော့ ဇူလိုင်လကုန်မှာ ပြန်စဖို့ ရှိတယ်လို့ လည်း သိရပြီး IC အနေနဲ့ အခွေ တစ်ခွေထွက်လာဖို့ လည်း ရှိတယ်လို့ သိရပါတယ်။
 
“LMN တို့၊ ရာစုသစ်တို့လို အတွဲခွေမျိုးတော့ ထွက်ဖို့မရှိသေးဘူး။ IC Live show နှစ် ၂ဝပြည့် အခွေတော့ ရှိတယ်။ အဲဒါက ရိုက်ထားတာ ကြာပြီ။ အဲဒီထဲမှာ Live Show ဆိုတော့ သီချင်း အဟောင်းတွေပဲ ဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။ ဇူလိုင် ၂၇ ရက် နေ့မှာ ဦးကိုကိုလွင် ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတကာ အဆင့်မီ Legacy ဂီတ သင်တန်းကျောင်း နဲ့ ပတ်သက်ပြီးလည်း မျိုးကြီးက “ကိုကို့ (ကိုကိုလွင်) အတွက်လည်း ဝမ်းသာတယ်။ လာသင်မယ့် သင် တန်းသားတွေ အတွက်လည်း နိုင်ငံတကာ အဆင့်မီ ဖြစ်တဲ့အတွက် ဝမ်းသာစရာကြီးပေါ့။ သင်တဲ့ ဆရာတွေလည်းကောင်း တယ်။ သင်တဲ့ ပုံစံတွေလည်း ကျွန် တော်တို့ မြင်မိ သလောက်တော့ ကောင်းပါတယ်။ အဲဒီ အတွက် ဝမ်းသာပါ တယ်”လို့ ပြောပြခဲ့ပါ တယ်။
 
 Posted by in ဂီတ ရပ်ဝန်း
 ရဲရဲ             Popularmyanmar.com မှ ကူးယူဖေါ်ပြသည်...

မြူးဇစ် ဆိုတာ ကိုယ်တိုင် သင်ယူရတဲ့ ပညာပဲ { အငဲ }



မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံတကာ အဆင့်မီ ဂီတ သင်တန်းကျောင်း Legacy Music Academy ကျောင်းဖွင့်ပွဲကို ဂီတလောကမှ အတော် များများတက်ရောက် ဂုဏ်ပြု ခဲ့ကြတာကို တွေ့ရသလို IC ဝိုင်းတော် သားများကို စုံစုံလင်လင် တွေ့ခဲ့ရပါ တယ်။  IC အဖွဲ့သား တစ်ဦး ဖြစ်သလို၊ မြန်မာ့ ရော့ခ်ဂီတ လောကမှာ မပါ မဖြစ် တေး သံရှင် တစ်ဦး ဖြစ်တဲ့ ရော့ခ် အဆိုတော်ကြီး အငဲလည်း ပွဲကိုတက်ရောက် လာတာ တွေ့ရပါတယ်။ 
 
ဂီတကို စိတ်ဝင်စားမှု ရှိတဲ့ လူငယ်တွေ အတွက် Legacy ဂီတ သင်တန်းကျောင်းက ဘယ်လောက် အတိုင်းအတာ တစ်ခု အထိ ပံ့ပိုးပေးနိုင်မယ် ထင်ပါသလဲလို့ အငဲ ကိုမေးတော့ “ဒီဟာမျိုးက အရင် ကတည်းက ကျွန်တော်တို့ ဆီ မှာ လိုအပ်နေတာလေ။ မနေ့က လိုအပ် နေတဲ့ဟာ ဒီနေ့ ပေါ်လာတဲ့ သဘောပေါ့။ ကောင်းပါတယ်။ အပေါက်များ တော့ဝင်ဖို့ ပိုလွယ်သလိုပေါ့။ တံတား တွေ များတော့ လည်း ရောက်ဖို့ ပိုလွယ် ပါတယ်။ များလေ ကောင်းလေပါပဲ။” လို့သူ့ရဲ့အမြင်ကိုပြောပြပါတယ်။
 
ကိုအငဲတို့ ဂီတလောကို စတင် တိုးဝင်ခါစတုန်းက ဂီတနဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာသင်ယူ ခဲ့ရလဲလို့ မေးတော့ “ကျွန်တော်က နယ်မှာနေတဲ့ သူဆိုတော့ နီးစပ်ရာ နီးစပ်ရာ ပေါ့။ ရှေးတုန်းက လူကြီး တွေပြောသလို၊ တတ်တဲ့ သူဆီသွားနေ ရတယ်တဲ့၊ သူတို့ အမှတ်မထင် ပြောဆိုတဲ့ ကြား ဆရာ၊ မြင်ဆရာ။ အဲဒီလို ကနေပဲ ရအောင် ယူရတာပါပဲ။ အခုလို မျိုးကြီး သင်တန်းကျောင်း ဆိုတာ တကယ် ဝါသနာ အစစ်အမှန် ရှိမယ် ဆိုရင် သူ့ အတွက် ကတော့ လက်နက် ရသွားပြီ လေ။ 
 
ကျွန်တော် တို့ မြူးဇစ် ကို စိတ်ဝင်စားတဲ့ အချိန်မှာ ခုလိုတွေ မရှိသလောက်ပဲ။ တကယ်ကို စနစ်တကျ သင်တန်း တက်နိုင်တဲ့ သူတွေတော့ ကျွန်တော်တို့ အချိန်တုန်း ကလည်း ရှိခဲ့မှာပါ။ ဒါပေမဲ့ လွယ်လင့် တကူ တော့ မရှိခဲ့ဘူး။ နယ်မြို့ဘက်တွေမှာ ဆိုတော့ ပိုသိသာတယ်လေ။ ဘယ်သူ တီးတတ် တုန်း၊ ဘယ်သူ့ကို ကြိုက်လဲ။ သူ့ဆီကို ချဉ်းကပ်။ မသိတာ ရှိ ရင်မေး။ အဲဒီလိုပဲ လေ့လာရတာကိုး။ အဲဒီတော့ ကိုယ့် အနီးအနားမှာ ရှိ သလောက်ပဲ ရတယ်။ ဒါပေမဲ့ ကျွန်တော် မြင်တာက တော့ မြူးဇစ် ဆိုတဲ့ဟာကလည်း ကိုယ်တိုင် သင်ယူရတဲ့ ပညာကို ကိုယ့်အမြင် ပေါ်လာတာတွေနဲ့ ပေါင်းစပ်ရတဲ့ အရာဆိုတော့ သင်္ချာ တစ်ပုဒ်လို တော့ မဟုတ်ဘူး” လို့ ဂီတနဲ့ ပတ်သက်ပြီး သင်ယူလေ့လာ ခဲ့ရမှု ကို ပြောပြပါတယ်။ 
 
ဆက်လက်ပြီး ကိုအငဲတို့ ဂီတ တိုးဝင်ဖြတ်သန်းလာ ကြတဲ့ ပုံနဲ့ အခု ဒီအချိန် ဂီတ လောကကို ဝင်ရောက်လာတဲ့ လူငယ် မျိုးဆက်တွေ နဲ့ ဂီတလောက ကို တိုးဝင်တဲ့ ပုံစံက ခြား နားပြီး မတူညီတာတွေ ဘာများ ရှိလာပြီလဲလို့ ဆက်မေးတော့ “အခု အချိန်မှာ သူတို့ ဘာတွေ တွေ့ နေရသလဲ ဆိုတာ ကို ကျွန်တော် သိရ မှာပဲ ဘယ်လို ခြား နားနေတုန်း ပြော လို့ ရမှာ။ ဒါပေမဲ့ သူတို့ အနေနဲ့ ဒီ သင်တန်းကျောင်း လိုဟာနဲ့ ပတ်သက် ပြီးပြောရမယ် ဆိုရင်တော့ ခုနက ပြောခဲ့သလိုပဲ သင် ပေးဖို့ ရှိတော့ ကောင်းတာပေါ့။ 
 
ကျွန်တော့် ပုဂ္ဂလိက အမြင်တာက သူတို့တွေကို ကြားရတဲ့ အခါ တော်ကြပါတယ်။ မြူးဇစ် လုပ်တဲ့ ဟာတွေမှာ တချို့ရင်ဘတ် ရှင်းရှင်း နဲ့ လုပ်တဲ့ ဟာတွေပေါ့။ ကောင်းပါတယ်။ အခြေအနေ နဲ့ အချိန်အခါ နဲ့ မရောက် လို့သာ သူတို့ လိုအပ် သလောက် တိုးမပေါက်သေးကြတာ နေမှာပါ။ တကယ် ကျတော့ Talent ရှိတဲ့ သူတွေ များပါတယ်။ တအားချွန် ထွက်ပြီးတော့ ကောင်းနေတာမျိုး တော့ သိပ်မမြင်ဘူး။ ဒါပေမဲ့ ထိုက် သင့် သလောက်တော့ တော်ကြပါ တယ်” လို့ လူငယ်တွေ နဲ့ပတ် သက်ပြီး အငဲက သူ့ ရဲ့အမြင်ကို ပြောပြလာပါတယ်။
 
ထက်လူလူ   Popularmyanmar.comမှကူးယူဖေါ်ပြသည်....                                              

မြန်မာနိုင်ငံတွင် ပထမဆုံး လူမှုပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် အစ္စရေးနှင့် ဆွေးနွေးနေ



မြန်မာနိုင်ငံတွင် ပထမဆုံး လူမှုပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် အစ္စရေးနှင့် ဆွေးနွေးနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ ဖွင့်လှစ်ရခြင်းမှာ မြန်မာနိုင်ငံရှိ လူငယ်အများစုမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ပါဝင်ဖြန့်ကြက်နိုင်မှု နည်းပါးနေခြင်းနှင့် ပြည်တွင်း လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပါဝင်နိုင်မှု အားနည်းနေ ခြင်းတို့ ရှိနေသည့်အတွက်ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးခိုင်က ''ကျွန်တော်တို့ လိုအပ်တာတွေကို အခု အစ္စရေးနဲ့ ဆွေးနွေးနေတယ်။ ဖွင့်နိုင်ဖို့အတွက်ကို တင်ပြထားဆဲပါပဲ''ဟု ပြောကြားသည်။

အဆိုပါ တက္ကသိုလ်အား ဖွင့်လှစ်မည်ဆိုပါက ရန်ကုန်မြို့တွင်သာ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ဆောက်လုပ်မည့် အဆောက်အအုံပုံစံကို အစ္စရေးက ရေးဆွဲနေပြီးဖြစ်ကြောင်း သိရသည်။
အစ္စရေးနိုင်ငံဘက်မှ အစ္စရေး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှတစ်ဆင့် နည်းပညာပံ့ပိုးမည့် အစီအစဉ်များနှင့် အစ္စရေးနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ စေလွှတ်ပေးရန် ပြောကြားထားကြောင်း ဦးအောင်စိုးခိုင်က ပြောကြားသည်။

ယင်းအပြင် အစ္စရေး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအနေဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့် အခြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ၊ နည်းပညာဖလှယ်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးနေကြောင်း သိရသည်။
 
 
    Eleven Media Group       From...Facebook 
                        

လိပ်စာကတ် အလုပ်ကတ် စသည်ဖြင့် ကတ်ပေါင်းစုံလုပ်ဖို့အတွက်

Mojosoft BusinessCards MX 4.89 For All Win 87 MB ==========================  ဒါကတော့ လိပ်စာကတ် အလုပ်ကတ် စသည်ဖြင့် ကတ်ပေါင်းစုံလုပ်ဖို့အတွက် ဒီဇိုင်းအစုံအလင်ကိုပါရှိပါတယ် လိုအပ်သူများကတော့ ဒေါင်းထားပေါ့   http://www.zwmnna.com/2013/09/mojosoft-businesscards-mx-489-for-all.html
Mojosoft BusinessCards MX 4.89 For All Win 87 MB
==========================

ဒါကတော့ လိပ်စာကတ် အလုပ်ကတ် စသည်ဖြင့် ကတ်ပေါင်းစုံလုပ်ဖို့အတွက်
ဒီဇိုင်းအစုံအလင်ကိုပါရှိပါတယ် လိုအပ်သူများကတော့ ဒေါင်းထားပေါ့
 
မောင်(စွယ်စုံကျမ်း)   From...Facebook