22 September 2017
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြားသည့် အထွေထွေ မူဝါဒရေးရာ မိန့်ခွန်း
(၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
 ပြောကြားသည့် အထွေထွေ မူဝါဒရေးရာ မိန့်ခွန်း ၊ 
နယူးယောက်မြို့၊  ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်
သဘာပတိကြီး ခင်ဗျား၊
အဆွေတော်အား (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ သဘာပတိ အဖြစ် ရွေးကောက် တင်မြှောက်ခံရခြင်း အတွက် မိမိအနေနဲ့ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ 
အဆွေတော်ရဲ့ ဦးဆောင်နိုင်မှုအောက်မှာ ယခု ညီလာခံကြီးဟာ အကျိုးရလဒ်ကောင်းတွေ ဖော်ဆောင်ပေးနိုင်မယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ပါတယ်။
သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များ ခင်ဗျား၊
မိမိအနေနဲ့ ဘာသာရပ်ပိုင်း ဆိုင်ရာ ကိစ္စတွေ မပြောကြားမီ မက္ကဆီကိုနိုင်ငံမှာ မနေ့က အင်အား ပြင်းထန်တဲ့ ငလျင် လှုပ်ခတ်မှုကြောင့် ပြည်သူများ အသက် ဆုံးရှုံးမှုများနဲ့ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တဲ့ အတွက် မက္ကဆီကိုနိုင်ငံ ပြည်သူများနဲ့ အစိုးရအား များစွာ ဝမ်းနည်းရပါကြောင်း အခွင့် ကြုံခိုက် ပြောကြားလိုပါ တယ်။
အလားတူ အမေရိကန်နိုင်ငံမှာလည်း ရက်သတ္တပတ် ၂ ပတ် ကာလတို အတွင်းမှာ ဟာရီကိန်း မုန်တိုင်း ဒဏ်ကြောင့် ပြင်းထန်တဲ့ အကျိုးဆက်များ ခံစားခဲ့ရတဲ့ အတွက်လည်း အမေရိကန်နိုင်ငံ ပြည်သူများနဲ့ အစိုးရအား များစွာ ဝမ်းနည်းရပါကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ယခုအချိန် မှာ မာရီယာ ဟာရီကိန်း မုန်တိုင်းဒဏ်ကို ကြုံတွေ့ ခံစားနေကြရတဲ့ ပွာတိုရီကို ပြည်သူများကိုလည်း များစွာ ဝမ်းနည်း ရပါကြောင်း  ပြောကြား လိုပါတယ်။
ယခုလို အင်အား ပြင်းထန်လှတဲ့ ဆိုက်ကလုန်း မုန်တိုင်းများ မကြာခဏ ဖြစ်ပွား နေရခြင်းဟာ ရာသီဥတုပြောင်းလဲမှု ဖြစ်ပွားနေတယ် ဆိုတာကို သက်သေပြသလျက် ရှိပါတယ်။ အခုဆိုရင် ရာသီ ဥတုပြောင်းလဲမှုဟာ မိမိတို့နေထိုင်တဲ့ ကမ္ဘာကြီးကို အမှန်တစ်ကယ် အလေးအနက် ခြိမ်းခြောက်မှု ပြုလာနေပြီဖြစ်ပါတယ်။
ရာသီဥတု ပြောင်းလဲမှုရဲ့ဒဏ်ဟာ တစ်ကမ္ဘာလုံး အပေါ် ထိခိုက်မှု ရှိနေပြီး သက်ရောက်မှု ပမာဏ ဟာလည်း မကြုံစဖူး ကြီးမားလှပါတယ်။ မြန်မာနိုင်ငံဟာလည်း ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုး ဒဏ်တွေကို ထိခိုက် ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
မုန်တိုင်းများ၊ ရေကြီးမှုများ၊ မိုးခေါင်မှုများ ဒဏ်ကို မကြာခဏ ခံစားနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ အတွက် မြန် မာ နိုင်ငံဟာ ပါရီ သဘောတူညီချက်ကို ကြိုဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီ သဘောတူညီချက်မှာ အတည်ပြု ပါဝင်ကြောင်း စာချွန်လွှာ နဲ့ ကျိုတိုနောက်ဆက်တွဲ စာချုပ်ရဲ့ ဒိုဟာ ပြင်ဆင်ချက်အား လက်ခံကြောင်း စာချွန်လွှာတွေကို မနေ့ကပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ထံ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းကို ယခု ညီလာခံကြီးမှာ ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်။
သဘာပတိကြီး နဲ့ ကိုယ်စားလှယ်တော်များ ခင်ဗျား၊
မြန်မာနိုင်ငံ အနေနဲ့ “ရေရှည် တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာကြီးပေါ်ရှိ လူသားများ အားလုံး အတွက် ငြိမ်းချမ်းမှုနဲ့ သင့်လျော်တဲ့ လူနေမှုဘဝ ရရှိရေး-ပြည်သူများကို အလေးပေး” ဆိုတဲ့ ယခုနှစ် ညီလာခံ ဆောင်ပုဒ်ကို ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်တွင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေကို  နှစ်ပေါင်း ၇၀ နီးပါး ခံစားခဲ့ကြရပြီးနောက် ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှု ရရှိရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒီ စင်မြင့်ပေါ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံမှာ ပြည်တွင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေ အဆုံးသတ်သွားစေဖို့နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးလှတဲ့ အခြေအနေတွေ ကနေ အဓိပ္ပါယ်ပြည့်ဝပြီး ရေ ရှည်တည်တံ့တဲ့ အဖြေ ရှာဖွေ သွားနိုင်ရေးအတွက် အစိုးရရဲ့ မျှော်မှန်းဆောင်ရွက်နေမှု အခြေအနေတွေကို ချပြခဲ့ ပါတယ်။
ယခု တစ်နှစ်ပြည့်မြောက်တဲ့ အချိန်မှာ ကျွန်တော့် အနေနဲ့ မြန်မာနိုင်ငံမှာ ဖော်ဆောင် ပေးနိုင်ခဲ့တဲ့ တိုး တက် အောင်မြင်မှုများနဲ့ ကျန်ရှိနေသေးတဲ့ စိန်ခေါ်မှုများကို ရှင်းလင်း တင်ပြသွားပါမယ်။ ပြီးခဲ့တဲ့ ရက် သတ္တပတ်များ အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေများဟာ ကမ္ဘာကြီးက အထူး အာရုံစိုက်လျက်ရှိနေတဲ့ ကိစ္စဖြစ်တဲ့ အားလျော်စွာ ကျွန်တော့် အနေနဲ့ ဒီကိစ္စရပ် အပေါ်မှာ ဦးစွာ ဆွေးနွေးပြောကြားလိုပါ တယ်။
သဘာပတိကြီး နဲ့ ကိုယ်စားလှယ်တော်များ ခင်ဗျား၊
မနေ့ကပဲ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတွင်းမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နဲ့ ငြိမ်း ချမ်းရေး ရရှိရေး အတွက် မြန်မာ အစိုးရရဲ့ ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံခြား သံတမန်များအား ဖိတ်ခေါ်ပြောကြားခဲ့ ပါတယ်။
ဒီလိုပြောကြားခဲ့ရာမှာ အစိုးရ သက်တမ်း ၁၈ လ ကာလ အတွင်း မြန်မာနိုင်ငံ ရရှိ ခဲ့တဲ့ စွမ်းဆောင်အောင်မြင် မှုများနဲ့ ရင်ဆိုင်ကြုံတွေ့နေရဆဲ အခက်အခဲ များကိုလည်း မီးမောင်းထိုးဖော်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ မကြာသေးမီက အကြမ်းဖက် သမားများရဲ့ တိုက်ခိုက်မှုတွေကြောင့် လူမှု အသိုက်အဝန်းအားလုံးမှ ပြည်သူများ နေရပ်ပြောင်းရွှေ့ တိမ်းရှောင်ခဲ့ရမှုများနဲ့ ဒုက္ခ ခံစားခဲ့ကြရမှုများအတွက် နိုင်ငံတစ်ကာ အသိုက် အ ဝန်း နည်းတူ မြန်မာ အစိုးရ အနေနဲ့လည်း စိုးရိမ်ပူပန်မှုများ မျှဝေခံစားရပါကြောင်းကို ပြောကြားခဲ့ပါတယ်။
20 September 2017
ဒို့လဲ အစ္စရေးထံမှ နည်းယူပြီး အိန္ဒိယလို လုပ်သင့်ပြီ
အကြမ်းဖက်ရန် ကာကွယ်ရန် India Border Security Force(BSF) အိန္ဒိယ( BSF) က ပါကစ္စတန် ဘက်
မှ အကြမ်းဖက်သမားတွေ ဝင်လာသည့် အတွက် အိန္ဒိယ နိုင်ငံတွင်း ထပ်မဝင်နိုင်အောင် အစ္စရေး ၏  အဆင့်မြင့် နည်းပညာ ယူပြီး Automatic guns,radar,ရေအောက် sensors နှင့် မြေအောက် Sensors , အဆင့်မြင့် electronic ထောက်လှမ်းရေး ကရိယာများ များ တပ်ဆင်ပြီး  Central Control room မှ စောင့် 
ကြည့်နိုင်အောင် လုပ်ထား ပါတယ်။
ရန်သူ ကပ်လာပါက  အလို အလျှောက် သိနိုင်ပြီး ရန်သူအား အဆင့်မြင့် ကင်မရာ တပ်ထားသော Automatic gun မှ  အကြမ်းဖက်သမား အား တိတိ ကျကျ ပစ်ခတ် နိုင်အောင် အဆင့်မြင့် Security System တပ်ဆင် ထားပါသည် ။
UN ​ပြောသမျှ ဂရုစိုက်​​နေရင်​ အစ္စ​ရေးနိုင်​ငံ ဆိုတာ တည်​ရှိ​နေမှာ မဟုတ် ၊
                                                        Photo Crd : Online
အစ္စ​ရေးနိုင်​ငံဟာ စထူ​ထောင်​​တော့မယ်​ဆို​တော့...ကမ္ဘာအရပ်​ရပ်​မှာ ​ရောက်​​နေတဲ့...ဂျူးလူမျိုး​တွေကို တဲအဗစ်​ကို​ရောက်​လာ​အောင်​...ကြိုးစား စု​ဆောင်းကြရတယ် ။
အင်္ဂလိပ်​​တွေက ဂျူး​တွေကို နယ်​​မြေ ခွဲသတ်​မှတ်​ကာ လွတ်​လပ်​​ရေး​ပေး​တော့မယ်​ ဆို​တော့ အာရပ်​​တွေရဲ့ အကြမ်းဖက်​မှု့ကို ​တော်​​တော်​ခံ​နေရပြီ...လွတ်​လပ်​​ရေးကို ဒီ​နေ့​ကြေငြာတယ်​...နောက်နေ့မှာ​ အာရပ်​ ငါးနိုင်​ငံ က လာတိုက်​တယ်​...တဲအဗစ် ​ကို ​လေယာဉ်​​တွေနဲ့ ဗုံးလာကြဲတယ်​ ။
အဲ့ဒီလို အာရပ်​​တွေလာတိုက်​ခံရတဲ့ ၁၉၄၈ ခုနှစ်​ လွတ်​လပ်​​ရေး ရကာစ အချိန်.. အစ္စ​ရေးမှာ အမြဲတမ်း တပ်​မ​တော်​မရှိ ၊ ​လေယာဉ် ​မရှိ...တင့်​ကား မရှိ... အ​မြောက်​ကြီး​တွေမရှိ... ဟားဂါးနားပြည်​သူ့စစ်​ အဖွဲ့ရယ်​၊
.ဗြိတိသျှ ကိုလိုနီတပ်​​တွေ မသုံးချင်​​တော့လို့ ထားခဲ့တဲ့ ​ဟောင်းနွမ်း​နေတဲ့ လက်​နက်​ အနည်းငယ်​နဲ့ မီးကျိုး​မောင်းပျက်​ရိုင်​ဖယ်​​တွေသာရှိခဲ့ပြီး  ရသလို ကြုံသလို အာရပ်​အမြဲတမ်းတပ်​​တွေကို ခုခံတိုက်​ခိုက်​ခဲ့ရတယ်​ ။
အာရပ်​ တပ်​​တွေက ​နောက်​ဆုံး ခံစစ်​စည်း​ရောက်​လာပြီး ပင်​လယ်​ထဲ ​မောင်းချခံပြီး အ​သေခံမလား...တိုက်​ပွဲဝင်​ရင်း အ​သေခံမလားနှစ်​ခု အနက်​ တိုက်​ပွဲဝင်​ရင်း အ​သေခံဖို့ကို​ရွေးချယ်​ခဲ့တယ်​ ။
အဲ့ဒီအချိန် ​အ​ရေးအကြီးဆုံးက တိုက်​ပွဲဝင်​ခဲ့ကြတဲ့ တပ်​မှူး​တွေရဲ့​နောက်​မှာ နိုင်​ငံ​ရေးအရ ပြတ်​သားတဲ့
မို​ရှေဒါယန်​ ရဲ့ ကွန်​မန်​ဒို အ​သေခံတပ်​ဖွဲ့ဟာ... အာရပ်​​တွေရဲ့ ​နောက်​ပိုင်း​တွေကို ဝင်​တိုက်​ မြို့​တွေ ဝင်
သိမ်း...ရန်​သူ့ အုပ်​ချုပ်​​ထောက်​ပံ့မှု့​တွေဖြတ်​​တောက်​...ရန်​သူ့ လက်​နက်​ကို ကိုယ့်​လက်​နက်​ လုပ်​ကာ...
တစ်​ကမ္ဘာ လုံးက ဂျူး​တွေ ပင်​လယ်​ထဲ ​မောင်းချခံရ​တော့မယ်​လို့ ထင်​​နေကြချိန်​မှာ...အားလုံး အံ့သြသွား
ရ​လောက်​​အောင်​ သတ္တိ ရှိရှိ တိုက်​ပွဲဝင်​ခဲ့တယ် ။
အင်​အား အနည်း အများသည်​လက်​နက်​ကွာခြားမှုသည်​ အဓိက မကျ...တိုက်​ရည် ​ခိုက်​ရည်​... တိုက်​ပွဲဝင် 
စိတ်​ဓာတ်...မဟာဗျူဟာနှင့်​ ရည်​မှန်းချက်​ စိတ်​ဓာတ် ​ခိုင်​မာမှုကသာ အဓိကကျ​ကြောင်းကို... ​နောင်​ရိုး တိုက်​ပွဲ အလွန်​မှာ ထပ်​မံပြသခဲ့တဲ့နိုင်​ငံဖြစ်​ပါတယ်​ ။
ပထမ အကြိမ်​ အာရပ်​-အစ္စ​ရေး စစ်​ပွဲပြီးတည်းက အာရပ်​​တွေက ကုလက​နေ ရှုံးသွားတဲ့ နယ်​​မြေ​တွေကို
 ပြန်​​တောင်း​နေတာပါ ။ အစ္စ​ရေးက​တော့ ရှင်းတယ်​  ငါတို့ စသွားတိုက်​လို့ဖြစ်​တာမဟုတ်​ အဲ့​ဒီတော့ ပြန်
မ​ပေးနိုင်​.။
၁၉၆၇ အာရပ်​-အစ္စ​ရေး တတိယ အကြိမ် ​စစ်​ပွဲတုန်းက ရခဲ့တဲ့ နယ်​​မြေ​မြောက်​များစွာ ကိုလည်း ခုထိပြန်
မ​ပေးဘူး...ကုလ ဘာတတ်​နိုင်​လဲ.။ ​နောက်​ တစ်​နိုင်​ငံက ဗီယက်​နမ်​... အ​မေရိကန်​ကို တစ်​သက်​တာလုံး အရှက်​ရ​စေခဲ့တဲ့ နိုင်​ငံ ၊ 
18 September 2017
လူနည်းစု '' မြို '' လူမျိုးများ အကြောင်း
ရခိုင် ရိုးမ တွင် ရခိုင်လူမျိုး အပြင် မြို ၊ သက်၊ ခမီ၊ ဒိုင်းနက်၊ သက္ကမနှင့် ကမန် လူမျိုးစု တို့ နေထိုင်ကြသည်။၎င်းတို့ အနက်မှ ကျ မ တွေ့ဘူးသော မြို လူမျိုး အကြောင်းကိုတင်ပြပါမည်။
မြို လူမျိုးတို့ကို မြန်မာနိုင်ငံ ရခိုင်ရိုးမ တွင် သာမက ဘင်္ဂလားဒေရ့် အရှေ့တောင်ဘက်ရှိ (စစ်တကောင်းတောင်တန်း Chattagong)နှင့် အိန္ဒိယ အရှေ့မြောက်ဖျား တောင်တန်းများတွင် အခြေချ နေထိုင်ကြကြောင်း
ဖတ်ရှု ခဲ့ရသည်။ 
အဓိက အသက်မွေးဝ မ်းကျောင်း လုပ်ငန်းမှာ စူးထိုးတောင်ယာ လုပ်ငန်းဖြစ်ပြီး တောင်ပေါ်တွင်သာ နေထိုင် ကြသည် ။ မြေပြန့်ဒေသတွင် မနေလိုကြပေ။ တောင်ယာ ရှိသော တောင်တန်းများပေါ်တွင် ရွှေ့ပြောင်းနေ ထိုင်ကြသည်။
မြို လူမျိုးများ နေသည့် ဒေသတွင် ငွေကြေး သုးံစွဲမှုထက် ကုန်ပစ္စည်းချင်း ဖလှယ်ခြင်းကို ပိုတွေ့ရသည်။ဥပမာ ...  တစ်အိမ်မှ ဆန် နှင့် တစ်ခြားအိမ်မှ အသီးအနှံ၊ သား၊ ငါး၊ ဒန်အိုး၊ ဒန်ခွက်၊ ဆီ၊ ဆား စသည်တို့ကိုဖလှယ်ကြသည်။
 မောင်တော၊ ဘူးသီးတောင် ဒေသတွင် မြို လူမျိုးတည်သော ဒိန်ချဉ် မှာ နာမည်ကြီးသည်။ သူတို့နေသည့် အိမ်မှာ ဝါးလှေကား၊ ဝါးထရံ၊ ဝါးကြမ်းခင်း စသည့် ဝါး ကိုအခြေပြု ဆောက်ထားသည်။ ဝါးတိုင် များကို အသုးံပြုကာ ဆောက်ထားသည်။ ဓာတ်ပုံများစွာ ရိုက်ယူခဲ့သော်လည်း ယခုကျမ လက်ထဲတွင် မရှိပါ။
မြို လူမျိုးတို့သည် ပျားဖွတ်ခြင်း၊ ငှက်ဖမ်းခြင်း အပင်တက်ခြင်း စသည့် မုဆိုးအတတ်ပညာ ကျွမ်းကျင်ကြ သည်။ ဒါ့အပြင် ဝါးကြောဖြင့် ယက်သော၊ ပလိုင်း ၊တောင်း၊ ငါးဖမ်းသည့်မြံုး စသည့် ကုလားထိုင်၊ ထရံ စ 
သည့် လက်ယာမှာပြောင်မြောက်ကျွမ်းကျင်ကြပါသည်။
17 September 2017
နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခြင်း
‘‘ လုံခြုံရေးကောင်စီ အစည်းအဝေး ဆိုသည်မှာ နိုင်ငံတစ်ကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်တြဲ့ ပဿနာတွေ ပေါ်ပေါက်လာမှသာ လုံခြုံရေးကောင်စီ အစည်းအဝေးက ခေါ်ယူပြီးတော့ ဒါကို စဉ်းစား ရတဲ့ အခြေအနေဖြစ်တယ်။ အခုမြန်မာနိုင်ငံရဲ့ အခြေအနေသည် နိုင်ငံတစ်ကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်နေပြီလား။ ဘာမှ မဖြစ်သေးဘူး’’
ဦးဝဏ္ဏမောင်လွင် (ဓာတ်ပုံ-ဝဏ္ဏအောင်)
ရခိုင်အရေးနှင့် ပတ်သက်၍ ပြည်ပရှိ မြန်မာသံရုံး အချို့တွင် ဆန္ဒပြမှုများ ကြုံတွေ့နေရသည်။ ထို့ အပြင် အချို့သောနိုင်ငံများ ကလည်း လူ့အခွင့်အရေး ရှုထောင့်မှနေ၍ ရခိုင်အရေး အပေါ် ဖိအားပေး နေကြသည်။ 
လတ်တလော အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ယခင် အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့်လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ၊ နိုင်ငံတစ်ကာရေးရာ ကော်မတီ ဥက္ကဋ္ဌ 
ဦးဝဏ္ဏမောင်လွင်နှင့် စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံစဉ် မေးမြန်းထားမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ရခိုင်အရေးဖြစ်စဉ်မှာ နိုင်ငံတစ်ကာရဲ့ ဖိအားပေးမှုတွေကို ဘယ်လို သုံးသပ်လိုပါသလဲ။
အခုချိန်မှာ ဒီကိစ္စသည် ပြည်တွင်းရေးကိစ္စ အဖြစ် တို့ကတော့ သတ်မှတ်တယ်။ အခုလည်းပဲ ဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ မီဒီယာ တွေမှာ ပြတဲ့အခါ ဒီ ရခိုင်တိုင်း ရင်းသားတွေ၊ မြိုတွေ၊ ခမီ၊ ဟိန္ဒူ ဘာသာဝင်တွေ  သတ်ဖြတ်ခံရ တာတွေ အစိုးရက ဒါနဲ့ ပတ်သက် ပြီးတော့ တိတိကျကျ ထုတ်ပြန်ဖို့ အားနည်းတာကို တွေ့ ရတယ်။ 
အလားတူပဲ နိုင်ငံတစ်ကာတွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြတာ မတွေ့ရဘူး။ နိုင်ငံတစ်ကာ မီဒီယာ တွေကို ရခိုင်ဖြစ်စဉ်တွေဆီခေါ် သွားတယ်။ မောင်တောဘက်က မီးလောင်သွားတဲ့ ဘင်္ဂါလီတွေဆီ ကို ခေါ်သွားတယ်။ 
အဲဒီလိုခေါ် သွားတဲ့ အချိန်မှာ မြိုတွေ၊ ခမီ တွေ၊ ရွှေ့ပြောင်းနေတဲ့ ဟာတွေ မပါဘဲနဲ့ ဒီရွာက ဘင်္ဂါလီတွေ က ထွက်ပြေးတယ် ဆိုတဲ့ဟာကိုပဲ ဖော်ပြတယ်။ တစ်ကယ့်ဖြစ်စဉ်မှာ အဲဒီနေရာမှာ ရှိနေတဲ့ တိုင်းရင်း သားတွေက အိုးပစ်၊ အိမ်ပစ်၊ လယ်ယာတွေ ပစ်ပြီး အကုန်လုံး ထွက်ပြေးလာခဲ့ကြရတယ်။ 
ဒီဘက်က ဘင်္ဂါလီတွေ ဒုက္ခရောက် တဲ့ကိစ္စကိုပဲ ဟိုက်လိုက် လုပ်လာ ကြတယ်။ ဒါ သွေးရိုး သားရိုးဟုတ် လို့ လား။ အဲဒီဟာတွေနဲ့ နိုင်ငံ တစ်ကာက ဖိအားပေးမှုတွေလုပ် လာတယ်။ ကိုဖီအာနန် ဘက်ရီပို့ ကြီးပေါ့။ ဒီရီပို့ကြီး အပေါ် မူတည် ပြီးတော့ ဒီ ရီပို့သည် မူလ အကြံ ပေးမှုပဲလို့ ဖော်ပြထားတယ်။ 
ဒီ ကြားဖြတ် ရီပို့ကို လိုက်နာဆောင် ရွက်ပါမယ်လို့ အာမခံပေးပြီး တော့ ပြောလာတယ်။ နောက်ဆုံး ရီပို့တင် လိုက်တော့ ထောက်ခံပါ တယ် လို့ ချက်ချင်း လုပ်လာတယ်။ အဲဒီအချိန်မှာ ယူကေ က အစည်း အဝေးခေါ်ခိုင်းတယ်။
ဒီလူတွေကိုနိုင်ငံသားဖြစ်ခွင့်ပေးပါ။ ဒီလူတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးပါ ဆိုတာကိုပြောတယ်။ အလားတူပဲ တခြားနိုင်ငံကြီးတွေကလည်း ဒီအတိုင်းပဲပြောတယ်။ ဒီ အစီရင်ခံစာက တို့နိုင်ငံ အတွက်ပဲ
 ပြောတာ မဟုတ်ဘူးလား။ သူက ဒီအစိုးရကိုပဲ ပေးရမှာ။ ကော်မရှင်သည် သူ့ကို ခိုင်းရတဲ့ အစိုးရကိုပဲတင်ရမှာ။ ဘာဖြစ်လို့ ကုလသမဂ္ဂ မျက်နှာစာထိရောက်သွားလဲ။ ကုလသမဂ္ဂ မျက်နှာစာမှာ နိုင်ငံကြီးတွေက ဒီ အတိုင်း လုပ်ဖို့ ဖိအားပေးလာတာလဲ။ 
ဒါဆိုလို့ ရှိရင် ဒီအစီရင်ခံစာကြီးက မှန်ပြီလား။ သူတို့ အကြံပြုချက်တွေကကော တို့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ဘောင်ထဲက ရှိမှာလား။ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုဘောင်ကို ကျော်နေပြီလား။ ဒါကို ပြန်ဆန်း စစ်ရမယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်၊ ဆိုပါတော့ အစိုးရ အပိုင်း၊ လွှတ်တော် အပိုင်းက ဒီတွေ့ ရှိချက်နဲ့ အကြံပြုချက်တွေကို ဟုတ်၏၊ မဟုတ်၏ လိုက်နာနိုင်၏။ ပြည်တွင်းမှာ ရှိတဲ့ ဥပဒေတွေနဲ့ ဆန်းစစ်ဖို့ အချိန်မယူတော့ဘူးလား။  
အလားတူပဲ အာဏာပိုင်ထဲမှာ မပါတဲ့ အထူးသဖြင့် ရခိုင်တိုင်းရင်းသား တွေကော တွေ့ပြီးပြီလား၊ ရခိုင် တိုင်း ရင်းသားတွေကကော ဒါကို လက်ခံနိုင်ဖွယ်ရာ ရှိရဲ့လား။ ဒီမိုကရေစီ စနစ်မှာ ဒီလိုပဲ သွားရမှာ။ ဒီဟာ တစ်ခုမှ မရှိဘဲနဲ့ လက်ခံလိုက်ပါပြီတဲ့။ အဲဒီလို လက်ခံလိုက်ရင် နိုင်ငံတစ်ကာက နေပြီးတော့ ဒီလိုလုပ်ရပါ မယ် ဆိုရင် ဒါသည် တို့ရဲ့ အချုပ်အခြာအာဏာကို ကျော်သွားပြီ။ သူတို့ပြောတိုင်းလုပ်ရမှာလား။ သူတို့ ဖိအားပေးတိုင်း လုပ်ရမှာလား။ 
တို့က လွတ်လပ်တဲ့ နိုင်ငံ၊ ပြည်သူကကော ဒါကို လက်ခံရဲ့လား။ ကျန်တဲ့ အဖွဲ့အစည်း တွေကော၊ အဖွဲ့ အစည်းတွေဆို တာ ဒီမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေ ကော၊ တိုင်းရင်းသား အဖွဲ့အစည်း တွေကော၊ ရခိုင် တိုင်း ရင်းသား အဖွဲ့တွေ ကကော၊ ရခိုင် မဟုတ်ဘဲနဲ့ ပြည်ထောင်စုထဲမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေကကော ပြည်သူလူထု ကကော ဒါကြီးကို လက်ခံပြီလား။ ဒါတွေ မရှိသေးဘဲနဲ့ နိုင်ငံတစ်ကာက ဖိအားပေး တယ်ဆိုရင် ဒါ သဘာဝမကျဘူး။
13 September 2017
နောက်ဘဝမှာ မင်းသားဘဝကို လိုချင်ပါသလား .. မေးခွန်းကို ဖြေလိုက်တဲ့ ဦးဇင်းကျော်ဟိန်း
နာမည်ကျော် ရုပ်ရှင်မင်းသား တစ်ဦးဖြစ်ခဲ့သူ အကယ်ဒမီ ကျော်ဟိန်းတစ်ဖြစ်လဲ ဦးဇင်း ကိတ္တိသာရ က
 နောက်ဘဝမှာ ရဟန်း ဘဝကို လိုချင်လား၊ မင်းသား ဘဝကို လိုချင်လား ဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့
ပါတယ်။ ပရိတ်သတ် တစ်ယောက်က မေးမြန်းခဲ့တာဖြစ်ပါတယ်။
သက်တော် ၇ဝ ပြည့်တော့မှာဖြစ်တဲ့ ဦးဇင်းကျော်ဟိန်း က သြစတြေးလျနိုင်ငံတွင် သီတင်း သုံးနေသည်။ 
အိမ် တစ်အိမ်တွင် ကျောင်း အမှတ်ဖြင့် သတင်းသုံးနေကြောင်းလည်း ကျော်ဟိန်း ၏ သားဖြစ်သူက ပြော
သည်။
သြစတြေးလျ မှ မြန်မာများ ကိုလည်း တရားများ ဟောကြားလေ့ ရှိပြီး ပရိတ်သတ်က မေးမြန်းမှုကို ဖြေကြားလိုက်တာဖြစ်ပါတယ်။ ဦးကိတ္တသာရ က တရားကို ရိုးရိုး ရှင်းရှင်း စကားပြောဟန်ဖြင့် ဟောလေ့ရှိသည်။
ဦဇင်းကျော်ဟိန်း ကတော့ ‘’ဘာမှ မလိုချင်တော့ဘူး’’ ဟု ဖြေဆို လိုက်သည်။ သို့သော်လည်း အဖြေ ရှင်
 ကျေနပ်အောင် သူ့ဘဝ၊ သူ့ ခံယူချက်များဖြင့် အကျယ်ဖြေဆိုထားသည်။ 
၂၀၀၁ ခုနှစ်က ၂၀၀၈ ခုနှစ်တွင် ရဟန်းဝတ်မယ်လို့ တိုင်းပြည်ကို ကြေငြာခဲ့ကြောင်၊ ၂၀၀၈ ခုနှစ်တွင် 
အမှန်တစ်ကယ် စိတ်ပိုင်းဖြတ်ပြီ့း ဝတ်ခဲ့ကြောင်း၊ အဓိက ကတော့ စိတ်ပင် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ရခိုင်ဒေသအတွက် ငွေသား လှူဒါန်း
နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် က ရခိုင်ဒေသ အတွက် ကူညီရန် ငွေသား ပါဝင် လှူဒါန်း
လိုက်ကြောင်း သိရှိရရသည်။ ငွေကျပ် ၃ သိန်း ကို လှူဒါန်း လိုက်တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်သည် စစ်အာဏာရှင် လက်ထက်က ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ပြီး
 နောင်အခါ စစ်ခေါင်းဆောင်ကြီများ အချင်းချင်း ဖယ်ရှား ခံခဲ့ရကာ ဘဝပြောင်းလဲခဲ့တာ ယခုအချိန်ထိပင်ဖြစ်သည်။
ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ဦးခင်ညွန့် တစ်ယောက် ရခိုင်ပြည်နယ် အကြမ်းဖက်ခံ အပြစ်မဲ့ပြည်သူများ အတွက် ငွေကြေး အချို့ ထည့်ဝင် လှူဒါန်းလာတာဖြစ်ပါတယ်။
ဒီအကြောင်းကို ဖိုးဇော် ဖေ့စ်ဘွက် စာမျက်နှာ အသုံးပြုသူက ဓာတ်ပုံများနှင့် တစ်ကွ တင်ထားတာဖြစ်ပါ
တယ်။
10 September 2017
ခမောင်းဆိပ်တွင် လူပေါင်း ၁၀၀ နီးပါးခန့် အသတ်ခံခဲ့ရသည်
ခမောင်းဆိပ်တွင် လူပေါင်း ၁၀၀ နီးပါးခန့် အသတ်ခံခဲ့ရသည်ဟု ဟိန္ဒူ အမျိုးသမီး ဆာရာချတီ မှ 
အတည်ပြုပြောဆို ။
မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် အုပ်စုတွင် ဟိန္ဒူ လူမျိုးများနေထိုင်သည့် ရဲဘော်ကျပ်နှင့် တောင်ရွာ ၂ ရွာ ရှိရာ ထိုရွာများတွင် နေထိုင်သူ ဟိန္ဒူ လူမျိုး တစ်ရွာလုံး အသတ် ခံခဲ့ရသည်ဟု ဟိန္ဒူ အမျိုးသမီး ဆာရာချတီ မှ နိရဉ္စရာ က သွားရောက် တွေ့ဆုံ မေးမြန်းစဉ် ပြောကြားသည်။
သေဆုံးသွားသူများ အထဲတွင် သူ၏ ယောင်္ကျားဘက် ဆွေမျိုးများလည်း ပါဝင်ပြီး လူပေါင်း ၁၀၀ ခန့် 
အသတ် ခံခဲ့ရသည်ဟု ပြောကြားသည်။
“ ကျွန်မ တို့ မိသားစုက ခမောင်းဆိပ် ဈေးတန်း က အမေ့အိမ်ကို လာရောက် လည်ပတ်နေတဲ့ အတွက် 
အသက်ရှင် ကျန်တာပါ။ ကျန်တဲ့ လူတွေ အကုန်လုံး အသတ် ခံရပါတယ်။ ကျွန်မ ယောင်္ကျားရဲ့ အဖေ၊ 
အမေတွေ အကုန်လုံး အသတ် ခံရပါတယ်။ တစ်ရွာလုံးက ဆိုရင် လူပေါင်း ၉၈ ယောက် အသတ်ခံရပါ
တယ်” ဟု စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ ဟိန္ဒူ ဘုရားကျောင်းတွင် ဒုက္ခသည် အဖြစ် ခိုလုံနေသူ ဟိန္ဒူ အမျိုးသမီး ချာရာချတီ မှ ပြောကြားသည်။
သူတို့အား သတ်ဖြတ်သူများကိုလည်း သူမက ယခုလို ပြောကြားသည်။
“ ခမောင်းဆိပ် အုပ်စုမှာ ရဲဘော်ကျပ်နှင့် တောင်ရွာ ၂ ရွာ ရှိပါတယ်။ သူတို့ကို အနီးအနားက ဘင်္ဂလီရွာသားတွေနဲ့ အကြမ်းဖက် သမားတွေက သတ်ဖြတ်လိုက်တာပါ။ အခု ကျွန်မ ညီမလေး တစ်ယောက်ဆိုရင် ဘင်္ဂလာဒေ့ရှ် ကို ရောက်သွားပါတယ်။ သူတို့နဲ့ အဆက်အသွယ် ရပြီး ပြန်ပြောပြတာပါ။ 
ဘင်္ဂလားကို မိန်းခလေး ၆ ယောက်ဘဲ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲ ခေါ်သွားတဲ့ အတွက် အသက်ရှင်ပြီး ရောက်သွားပါတယ်” ဟု ပြောသည်။
ဟိန္ဒူ အမျိုးသမီး ချာရာချတီ ၏ ယောင်္ကျားဖြစ်သူမှလည်း သူ၏ မိဘများ အသတ်ခံရကြောင်းကို နိရဉ္စရာ မှ သွားရောက် မေးမြန်းစဉ် ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။
ရခိုင် ပြည်နယ် အရေး-ဆွေးနွေးမှုမှ အဖြေရှာ စကားဝိုင်း ဆွေးနွေးပွဲမှ စကားသံများ
Myawaddy Media Group မှ စီစဉ်ပြုလုပ်သည့် ရခိုင်ပြည်နယ် အရေး-ဆွေးနွေးမှုမှ အဖြေရှာ Talk on Rakhine Issue: Discussion on Finding Solutions စကားဝိုင်း ဆွေးနွေးပွဲအား ယနေ့ နံနက်ပိုင်းတွင် 
ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ Gandamar Wholesale Grandballroom ၌ ကျင်းပသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် တက်ရောက် လာကြသူများ၏ ဆွေးနွေးမှု စကားသံများကို ဖော်ပြလိုက်ပါသည် ။
ဦးသန်းအေး
ဘူးသီးတောင်၊ မောင်တော ဆိုတာ မြန်မာမြေဖြစ်ပါတယ်။ ဘူးသီးတောင် ဆိုတာ ဘူးသီး သီးတဲ့တောင်ပေါ့ ။ မောင်တော ကျတော့ အဲဒီမှာ အုပ်ချုပ်ရေးမှူး မောင်တော ဆိုတာ အုပ်ချုပ်ရေးမှူးရဲ့ အမည် စွဲပြီး ခေါ်တာပါ။ ရသေ့တောင် ဆိုတာ ရသေ့တွေ နေတဲ့တောင်ပေါ့။ 
ဒါကြောင့် ကျွန်တော်ပြောချင်တာက မောင်တော၊ ရသေ့တောင်တွေဟာ အစဉ်အလာအနေနဲ့ ရခိုင်နဲ့ အခြားလူနည်းစု တိုင်းရင်းသားတွေရဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ အစ္စလာမ်နယ်မြေ၊ မွတ်စလင် နယ်မြေ မဟုတ်ပါဘူး။ 
အဲဒီတော့ ဥရောပမှာ ဥရောပ ပြည်သူလူထုက လူဦးရေကြောင့် ကွဲတာတွေ ရင်ဆိုင်လာရပြီး အစ္စလာမ်ကြောင့်ရော ပါတာပေါ့။ အခုဖြစ်နေတာက ရေခဲတောင်ကြီးရဲ့ ထိပ်ပိုင်းလိုပေါ့။ ကမ္ဘာကို လွှမ်းမိုးနိုင်ဖို့ ရည်ရွယ် ချက်လို့ မြင်တွေ့ လာရပါတယ်။ ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင် တောင်ပိုင်း၊ နိုင်ဂျီးရီးယားတို့မှာလည်း ဒီလိုပဲ၊ ဒီ နယ်မြေခွဲတဲ့ ပြဿနာကြုံတွေ့ တယ်။
 နောက်တစ်ချက် ကျွန်တော်ပြောချင်တာက ဒီလိုဆွေးနွေးတာ အရေးပါတယ် လို့လည်း ပြောချင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၆ဝ တုန်းက ဘူးသီးတောင်၊ မောင်တောဒေသမှာ ဒေသခံ ဗမာ တိုင်း ရင်းသားတွေနဲ့ ရခိုင်တိုင်း ရင်းသားတွေရဲ့ လူဦးရေ အချိုးဟာ မွတ်စလင် ဘာသာဝင် ဘင်္ဂါလီရွှေ့ပြောင်း နေထိုင်သူတွေရဲ့ လူဦးရေအချိုးနဲ့ နှိုင်းယှဉ်ပါက ၉၇း၃ သာရှိတာကို နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။ 
ဆိုလိုတာက ဒေသခံ တိုင်းရင်းသား လူဦးရေက ၉၇ ရာ ခိုင်နှုန်းနဲ့ မွတ်စလင် ဘင်္ဂါလီ လူဦးရေက ၃ ရာခိုင်နှုန်းပါ။ ဒါပေမဲ့ အခုတော့ လူဦးရေ အချိုးက ၃း၉၇ ကိုပြောင်းပြန် ဖြစ်သွားပါပြီ။ အခုဆိုရင် ဒေသခံ တိုင်းရင်းသားတွေက ၃ ရာခိုင်နှုန်းသာ ရှိပြီး ဘင်္ဂါလီ အခြေချ နေထိုင်သူတွေက ၉၇ ရာခိုင်နှုန်းအထိ ရှိလာပါပြီ။ ဒါဟာ အခြေအနေမှန်ပါပဲ။ ဒါတွေကိုတော့ နိုင်ငံတကာ မီဒီယာတွေက ဘယ်တော့မှ မဖော်ပြပါဘူး။
ဦးကိုကိုလှိုင်
ကျွန်တော်တို့ အနေနဲ့ နှစ်ဖက် စလုံးကို ရှုမြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ပါပဲ နိုင်ငံတစ်ကာ မီဒီယာ တွေက ဒီအဖြစ်အပျက်ကို ဖော်ပြနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ တစ်ဖက်တည်း ကိုပဲ ပြောရမှာ စိတ်မကောင်းပါဘူး။
 ဒေသခံ တိုင်းရင်းသားတွေက လူနည်းစုတွေ ဖြစ်နေပြီး စစ်မှန်သော လူနည်းစုတွေ ကသာ ၉၃ ရာခိုင်နှုန်းကို အာရုံစိုက်ပါတယ်။ ဒါဟာ ဘာကြောင့် ကျွန်တော့်ရဲ့ ခေါင်းစဉ်ကို ဒေသခံ ဇာတ်လမ်းအဖြစ် ရွေးလိုက် ရတယ် ဆိုတာပါပဲ။ ကျွန်တော်တို့ဟာ ဘာသာရေး ကိုင်းညွတ်မှုမှာ စံပြတွေ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးမှာရှိတဲ့ အပြစ်မဲ့ မြေစာပင် ပြည်သူတွေက သားကောင်တွေပါပဲ။ 
ဘယ်သူတွေက တရားခံလဲ။ အစွန်းရောက် အကြမ်းဖက် သမားတွေနဲ့ ကောက်ကျစ် ယုတ်မာတဲ့ နိုင်ငံရေး သမားတွေက အဲဒီဒေသတွေမှာ မတည်မငြိမ် ဖြစ်စေဖို့အတွက် သူတို့ရဲ့ ရည်မှန်းချက် ကိုယ်စီ ပြည့်မြောက်စေဖို့ နည်းလမ်း အမျိုးမျိုး အသုံးပြုပြီးတော့ လူစု လူဝေး ပဋိပက္ခတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး တင်းမာမှုတွေ မဖြစ်ဖြစ်အောင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 
အဲဒီ အမှန်တရားကို ကျွန်တော်တို့ အသိအမှတ် ပြုရပါမယ်။ အဲဒီ အပြစ်မဲ့ ပြည် သူတွေ ကြားညပ်မှာကို 
ကျွန်တော်တို့ မလိုချင်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အဲဒီ ဘာသာ တရားတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် စည်းလုံးမှု ရှိဖို့လိုပါတယ်။ 
ကျွန်တော် ဘာသာစကား မှတ်ပုံတင်ရေးအတွက် ကုတ်နံပါတ် ၉၃၆ ဒါမှမဟုတ် ၆၃၉ ကို ကြိုးစား ကြည့်တဲ့အခါမှာ ဒီဘာသာစကားဟာ ဘင်္ဂါလီ အာသံစကားရဲ့ အောက်မှာ ရှိတဲ့ ဘာသာစကား ဆိုတာကို တွေ့ရပါတယ်။ 
08 September 2017
၂၀၀၂ ခုနှစ် နအဖ လက်ထက် ဖြစ်ပွားခဲ့သော ယိုးဒယား-မြန်မာ စစ်ပွဲ
၂၀၀၂ ခုနှစ် နအဖ လက်ထက် ဖြစ်ပွားခဲ့သော ယိုးဒယား-မြန်မာ စစ်ပွဲ
၂၀၀၂ ခုနှစ် ဇွန်လ (၁) ရက်နေ့ မှာ ..တပ်မတော် အစိုးရဟာ .ပြည်တွင်း ပြည်ပ သတင်းစာ ဆရာများနဲ့ သံရုံး အသီးသီးမှ သံတမန်များ စစ်သံမှူးများ အားလုံးကို ဖိတ်ခေါ်ပြီး သမိုင်း တစ်လျောက် သဘောထား တင်းမာလွန်း တဲ့ ထုတ်ပြန်ချက်တစ်ခုကို တိတိ လင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီ ထုတ်ပြန်ချက်ကတော့ ....တပ်မတော်အနေနဲ့ ကျဆုံး သွားတဲ့ ပန်မိုင်ဆွန်ဒေသ စခန်း အားလုံးတို့ ကို ..
.ပြန်လည် တိုက်ခိုက်တော့မှာဖြစ်ပြီး ၊ အကယ်၍ ယိုးဒယားတပ်တွေ အနေနဲ့ .မိမိတို့ ကို ပစ်ခတ်လာမယ်ဆိုရင် ချက်ချင်း ပြန်လည် တုံ့ ပြန် ပစ်ခတ် တိုက်ခိုက်ဖို့ တပ်တွေကို အမိန့်ပေးလိုက်ပြီ ဖြစ်တဲ့အကြောင်းပါ။
ဒီထုတ်ပြန်ချက်ဟာ ..ယိုးဒယား အပေါ် တိတိ လင်းလင်း စိန်ခေါ်လိုက်တာဖြစ်သလို လိုအပ်ရင် စစ်ဖြစ်ဖို့  အသင့် ရှိတယ် ဆိုတဲ့ ..... သဘောလဲ သက်ရောက်တဲ့ အတွက် ..သံတမန်များရဲ့  အာမေဋိတ်သံ ဟာ .....ခန်းမ ထဲမှာ တော့ အတော်ပဲ ကျယ်လောင်သွားခဲ့ပါတယ်။
၂၀၀၂ ခုနှစ်၊ မေလ (၂၀) ရက်နေ့ နံနက် ၉ နာရီ မှာ ရန်ကုန်မြို့ အမှတ် (၂၀) အင်းယားလမ်း တပ်မတော် 
ဧည့်ဂေဟာထဲကို ဒုတိယ တပ်မတော်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်း နဲ့ ပြည်တွင်း ထောက်လှမ်းရေးဌာန၊ ဒုတိယဌာနကြီးမှူး ဗိုလ်မှူးကြီးစန်းပွင့် တို့ဟာ ..မျက်နှာထား ခပ်တင်းတင်း နဲ့ ဝင်ရောက်လာပါတယ်။ 
ခန်းမထဲမှာတော့ ပြည်တွင်း /ပြည်ပ သတင်းစာ ဆရာတွေနဲ့ ပြည့်နှက်နေပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်ကျော် ၀င်း ဟာ ဒီကနေ့ မနက် ၄ နာရီ ၁၅ မိနစ်မှာ နယ်စပ် တစ်လျောက်မှာ ရှိနေတဲ့  တပ်မတော်ရှေ့ တန်းစခန်း အများအပြားကို SURA နဲ့  ယိုးဒယား စစ်တပ် ပူးပေါင်းပြီး .၀င်ရောက် စီးနင်း တိုက်ခိုက်နေပြီဖြစ်ကြောင်းနဲ့ လူ၊ လက်နက် အင်အား မမျှပေမယ့် ..တပ်မတော် စခန်းငယ် တွေဟာ အခု လက်ရှိ အချိန် အထိ အပြင်း အထန် ကာကွယ် ခုခံနေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့်လဲ အခြေအနေဟာ .တစ်ဖက်က အသာစီး ရနေခဲ့ပါပြီ…. ၂၁.၅.၂၀၀၂ ရက်နေ့  နံနက် ၃ နာရီ ၃၀ ချိန်မှာ နယ်စပ် ခံစစ် ဘီပီ-၅ စခန်း အပါအ၀င် ပန်မိုင်ဆွန် ၊ ပန်ကန့် ကော်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထစခန်းများ အားလုံးနီးပါး ကျဆုံးသွားခဲ့ပြီး၊ အဲဒီ ဒေသက ရွာတွေ အားလုံးလဲ မီးရှို့ ဖျက်ဆီး ခံခဲ့ရပါတယ်။
ဒေသခံတွေလည်း အများအပြား ထိခိုက်သေဆုံးခဲ့ ရပြီး ပညာရေး နဲ့ ကျန်းမာရေး ၀န်ထမ်း ဆရာမ အချို့ ကိုလဲ SURA က သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ ဒါဟာ ၂၀၀၁ ခုနှစ်က နာကျည်း ချက် ဒဏ်ရာ အကင်းမသေသေးတဲ့ တပ်မတော်အစိုးရအပေါ် သွားပြီး စနက်တံ မီးရှို့ လိုက်သလို ဖြစ်သွားစေနိုင်တဲ့ အချက်လဲဖြစ်ပါတယ်။
အခြေအနေကတော့ တပ်မတော် အစိုးရဟာ တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်ပြီး ဖြစ်ပုံရပါပြီ။ နောက်ထပ် နာရီ အနည်းငယ် အတွင်းမှာတော့ အမှတ် ၃၃ ခြေမြန် တပ်မ လက်အောက်ခံ တိုက်ခိုက်ရေး တပ်ရင်းတွေဟာ တိုက်ပွဲ ဖြစ်ပွားရာ နယ်မြေ အတွင်းကို ဒေါသ တစ်ကြီးနဲ့  တစ်ဟုန်ထိုး ချီတက်လျက် ရှိသလို တြိဂံဒေ သတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေ ဟာလည်း အမြန်ဆုံး စစ်ကူ လိုက်လာနေပါပြီ။
ရန်ကုန် အမှတ် ၃ အမြန် လမ်းမကြီး တစ်လျောက်မှာတော့ ....တပ်ရွေ့ ပြောင်းမှု အများအပြားကို တွေ့ မြင်ရပြီး အမြောက်တပ်မ တစ်ခုဟာ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တင် စစ်ယာဉ် အများအပြား နဲ့ တစ်လကြမ်း ချီတက်သွားတာကို လဲမြင်တွေ့လိုက်ရမှာဖြစ်ပါတယ်။ 
တပ်မတော် (ရေ) ရဲ့ ဒုံးပျံတင် ကော်ဗက် စစ်ရေယာဉ် ၃စီး အပါအ၀င် စစ်သင်္ဘော ၈ စီး ဟာလဲ မြန်မာ့ရေ ပိုင် နက် နယ်နိမိတ်ဆီ ကို မိုင်ကုန်တင် ခုတ်မောင်းနေသလို နမ့်စန် လေတပ် စခန်းက တိုက်ခိုက်ရေးလေယာဉ် အုပ်များ အားလုံးလဲတိုက်ပွဲဝင်ရန် အသင့် အနေအထား တပ်လှန့် အမိန့်ဝင်လာပါတယ်။
ယိုးဒယားနိုင်ငံ အနေနဲ့တော့ အခြေအနေဟာ ယခင် အကြိမ်ပေါင်းများစွာလိုပဲ နယ်စပ်ဒေသ ကန့်သတ်စစ်ပွဲအဆင့်ကို ရည်မှန်းရန်စလို့ မရနိုင် လောက်တော့ပါဘူး။
၂၁.၅.၂၀၀၂ ရက်နေ့ မှာပဲ ယိုးဒယား တီဗွီ ချာနယ် 7 ဟာ တပ်မတော် စခန်းတွေ နဲ့ ဒေသတွင်း “၀” တပ်ဖွဲ့ စခန်းတွေ ကို SURA က ၀င်ရောက် သိမ်းပိုက်ရာမှာ မူးယစ်ဆေးဝါး အများအပြား ဖမ်းမိခဲ့တယ်လို့  ကြေငြာကာ စစ်ပွဲ ကို ပုံဖော်ခဲ့ ပြီး၊ ဒီဖြစ်စဉ်မှာ ယိုးဒယား စစ်တပ်က လုံးဝ ပါဝင်ခဲ့ ခြင်းမရှိကြောင်း၊ အမှတ် ၃ တပ်တော်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ၀ပ်တနာချိုင်း က ငြင်းဆို ခဲ့ပါတယ်။ 
တစ်ချိန်တည်းမှာပဲ .... ယိုးဒယား တပ်မတော် ကြည်းတပ် ဦးစီးချုပ် .ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ က ..မြန်မာနိုင်ငံ အနေနဲ့ ယိုးဒယားကို ထိပါးလာရင် အင်အား သုံးပြီး ဖြေရှင်းမယ်လို့တိတိ လင်းလင်း ထုတ်ပြော ခဲ့ပါတယ်…..။
နောက်ရက်မှာ တွေမှာတော့..နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေဟာ သံအမတ် နှစ်ဦးလုံးကို ခေါ်ယူပြီး .ပြင်းပြင်း ထန်ထန် ကန့် ကွက် သတိပေးခဲ့ ကြသလို ဗန်ကောက် ပို့ စ်၊ နေရှင်း စတဲ့ ယိုးဒယား သတင်းစာတွေနဲ့.မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာတို့ရဲ့ မီဒီယာ တိုက်ပွဲကြီးလည်း စတင်ပါပြီ။ 
လတ်တလော ထုတ်ဝေနေတဲ့ ယိုးဒယား သတင်းစာများမှာ မြန်မာ မုန်းတီးရေး ဆောင်းပါး များနဲ့ ပြည့်နှက်နေ သလို၊ မြန်မာ့သတင်းစာ များကဖော်ပြနေတဲ့ ဒေါက်တာ မတင်ဝင်း ရဲ့  " ဗြနရာဇ် လူမဖြစ်ပါ " ဆိုတဲ့ 
အခန်း ဆက်ဆောင်းပါးတွေဟာ ဘုရင် ကို အထွတ်အမြတ်ထားလှတဲ့ ယိုးဒယားတို့ကိုတော့ အတော့်ကို  ယမ်းပုံ မီးကျ ဖြစ်စေခဲ့ ပါတယ်။
03 September 2017
အိန္ဒိယမှာ ဘာ့​ကြောင့်​ ဗုဒ္ဓဘာသာ ကွယ်​ခဲ့ရပါသလဲ { Why Buddhism Deserted in India ... ? }
Why Buddhism Deserted in India ... ? 
In the era of the Buddha, India was regarded as a pioneer in many fields. India had an economic surplus, political stability and more importantly, a history of spiritual and intellectual innovation. India was viewed as a superpower similar to 21st century America. Buddhism was received with open hearts in other countries in Asia because of its origin in India.
Then why such a formidable culture lost in India?
Before the birth of the Buddha, Indian society had become self-centered (the intellectual class) and ritualistic (the masses). Buddhism provided a new organized form of religious Sangha, which preached a simple message of compassion in Päli, the language of laypeople. This ease and simplicity helped the extensive spread of Buddhism.
Causes of decline:
The decline of Buddhism has been attributed to various factors, especially the regionalisation of India after the end of the Gupta empire (320-650 CE), which lead to a competition with Hinduism and Jainism and the loss of patronage and donations; and the conquest and subsequent persecutions by Huns, Turks and Persians.
Patronage and religious dynamics:
Loss of patronage and donations:
In ancient India, regardless of the religious beliefs of their kings, states usually treated all the important sects relatively even-handedly. This consisted of building monasteries and religious monuments, donating property such as the income of villages for the support of monks, and exempting donated property from taxation. Donations were most often made by private persons such as wealthy merchants and female relatives of the royal family, but there were periods when the state also gave its support and protection. In the case of Buddhism, this support was particularly important because of its high level of organisation and the reliance of monks on donations from the laity. State patronage of Buddhism took the form of land grant foundations.
Religious convergence:
Buddhism’s distinctiveness diminished with the rise of Hindu sects. Though Mahayana writers were quite critical of Hinduism, the devotional cults of Mahayana Buddhism and Hinduism likely seemed quite similar to laity, and the developing Tantrism of both religions were also similar. Buddhist ideas, and even the Buddha himself, were absorbed and adapted into orthodox Hindu thought, while the differences between the two systems of thought were emphasized.
တည်​မြဲ အယူ နှင့့် ပြတ်စဲ အယူ
န​မော တဿ ဘဂဝ​တော အရဟ​တော သမ္မာသမ္ဗုဒ္ဓဿ
ကံ နဲ့ သံသရာကို ယုံကြည့်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ရှေ့ ဘ၀ နောက် ဘ၀ကို လက်ခံ ယုံကြည်ကြပါတယ်။ ဥစ္စာ​ကြွေး ရှိသလို ကံ​ကြွေး ဆိုတာလည်း ရှိပါတယ်​။ ၃၁ ဘုံမှာ ကျင်​လည်​ပြီး​တော့ ​နေကြတဲ့ သတ္တဝါ မှန်​သမျှဟာ ကံ​ကြွေးကို ခန္ဓာ နဲ့ ​ပေးဆပ်​​နေကြတာပါပဲ။ 
အတိတ်​ ဘဝတုန်းက သတ္တဝါတိုင်း သတ္တဝါတိုင်း ဟာ ကံ ဆိုတဲ့ အ​ကြွေး​တွေ ယူလာခဲ့ရတာပါပဲ ။ မိုးကုတ်​စက်​ဝိုင်း ပဋိစ္စသမုပ္ပါဒ်​ (၁) နံပါတ် ​အကွက်​က လွန်​​လေပြီး​သော အတိတ်​ကာလ ဘဝ လို့​ပြောရရင်​ လွန်​​လေပြီး​သော အတိတ်​ဘဝ ။ တစ်​ဘဝ,နှစ်​ဘဝ မဟုတ်​ပါဘူး။ မ​ရေတွက်​နိုင်​တဲ့ ဘဝ များစွာ ဒါကို အတိတ်​ကာလ အတိတ်​ဟု ဖြစ်​ပါတယ်​။ 
အဲ့ဒီလို အတိတ်​ ဘဝ အတိတ်​ ကာလတုန်းက အဝိဇ္ဇာ တဏှာကို အ​ခြေခံပြီး​တော့မှ သင်္ခါရ ဆိုပြီး​တော့ ကံအလုပ်​​တွေ ဆိုပြီး လုပ်​ခဲ့ကြပါတယ်​။ အဝိဇ္ဇာ တဏှာကို အ​ခြေခံပြီး​တော့ လုပ်​တဲ့ အလုပ်​ မှန်​သမျှဟာ တစ်​ခြား လား, အ​ကြွေးလား ဆိုရင်​ အ​ကြွေး​တွေ ဖြစ်​ကြပါတယ်​။ 
သင်္ခါရ ဆိုတာ ပြုလုပ်​တာ ဖြစ်​ပါတယ်​။ သို့ဖြစ်​၍ ဗုဒ္ဓဘာသာ သံသရာ အယူအဆမှာ သုံးဆယ့်တစ်ဘုံ ပါဝင်ပါတယ်။ အကျဉ်း အားဖြင့် ရေတွက် ရရင် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ခြောက်ဘုံ ဆိုတဲ့ ကာမ ဆယ့်တစ်ဘုံနဲ့ ဗြဟ္မာ့ ဘုံနှစ်ဆယ် ဖြစ်ပါတယ်။
 ယေဘုယျပြောရရင် လူ့ပြည်က သေတယ် ဆိုတာ သုံးဆယ့် တစ်ဘုံ လုံးမှာ ပြန်ပြီး ဖြစ်နိုင်ပါတယ်။ တစ်ခြား ဘ၀တွေကနေ သေပြီးတော့လည်း လူ့ပြည်မှာ လူလာဖြစ်နိုင်ပါတယ်။ ဒီတော့ လူသေပြီး လူပြန်ဖြစ်တဲ့ လူဝင်စား ဆိုတာကို ဗုဒ္ဓဘာသာတွေ လက်ခံနိုင်ကြတာပေါ့။ သံသရာကို လက်မခံသူတွေ မှာတော့ လူဝင်စားတယ်၊ လူပြန်ဖြစ်တယ် ဆိုတာကို လက်ခံဖို့ ခက်နေကြပါတယ်။
လက်မခံနိုင်ကြပေမယ့် လူသေလို့ လူပြန်ဖြစ်တဲ့ အထောက်အထားတွေ သိပ္ပံနည်းကျကျ ဖော်ထုတ်နေကြပါတယ်။ ဒါကို သူတို့က reincarnation လို့ နာမည်ပေးပါတယ်။ သူတို့ရဲ့ reincarnation ဆိုတာကို မြန်မာလို လူဝင်စား လို့ ဘာသာပြန်နိုင်ပေမယ့် reincarnation နဲ့ လူဝင်စား အဓိပ္ပာယ် အတိအကျ မတူပါဘူး။
Online Dictionary တစ်ခုမှာ reincarnation ဆိုတာကို "rebirth of the soul in another body" လို့ ဖွင့်ဆို ထားတာ တွေ့ရပါတယ်။ လူတစ်ယောက် သေတဲ့အခါ ၀ိဉာဉ်ကောင်က ခန္ဓာကိုယ် အဟောင်းကို စွန့် ခွာပြီး ဘ၀သစ် က ခန္ဓာ အသစ်မှာ ၀င်ရောက်တယ်လို့ ဆိုလိုပါတယ်။
02 September 2017
နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အားလုံး၊ ပြည်သူ အားလုံးက မျိုးချစ်စိတ် အပြည့်အဝဖြင့် ဝိုင်းဝန်းကာကွယ်
နေပြည်တော်၊ စက်တင်ဘာ - ၁
၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အလယ်သံကျော် ဖြစ်စဉ်ကဲ့သို့ ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီများက ဒေသခံတိုင်းရင်းသားများအား တိုက်ခိုက် သတ်ဖြတ်မောင်းထုတ်ပြီး ရခိုင် တိုင်းရင်းသားများ ပိုင်ဆိုင်သည့် နယ်မြေများ ဆုံးရှုံးမှုမျိုး ထပ်မံ အဖြစ်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပွန်းပဲ့ ထိခိုက်မှု လုံးဝ မဖြစ်စေရန် တပ်မတော် အနေဖြင့် အပြည့်အ၀ ထိန်းသိမ်း ကာကွယ်သွားမည်ဖြစ်ကြောင်း၊ 
လုံခြုံရေး တပ်ဖွဲ့ဝင်များသာမက နိုင်ငံ့ ၀န်ထမ်းအဖွဲ့အစည်းအားလုံး၊ ပြည်သူများ အားလုံးကလည်း မျိုးချစ်စိတ် အပြည့်အဝ ဖြင့် ၀ိုင်းဝန်း ကာကွယ်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ ၏ အကြမ်း ဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ် စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
ထိုသို့ ပြောကြားရာတွင် ဘူးသီးတောင်၊ မောင်တောဒေသ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်မှုဖြစ် စဉ်နှင့် ပတ်သက်၍ သြဂုတ် ၂၅ ရက် နံနက် ၁ နာရီမှ စတင်ပြီး တပ်ဌာနချုပ် တစ်ခု အပါအ၀င် လုံခြုံရေးစခန်း ၃၀ ခုအား နေရာဖြန့်ခွဲ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း အင်အားသုံး တိုက်ခိုက်ခဲ့ကြောင်း၊ 
ယင်း အကြမ်းဖက်မှုကို ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား များ၏ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အင်အားသုံး တိုက်ခိုက်မှု၊ တံတားများ အပါအ၀င် မိုင်းထောင်ဖောက်ခွဲမှုများ၊ မီးရှို့ ဖျက်ဆီးမှုများကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ တပ်မတော်သား ၂ ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ၀န်ထမ်း ၁ ဦး၊ ကျန်းမာရေး ၀န်ထမ်း ၁ ဦး၊ ဒေသခံတိုင်းရင်းသားပြည်သူ ၁၄ ဦး အသက် ဆုံးရှုံးခဲ့ပြီး ပျောက်ဆုံးနေသူ တိုင်းရင်းသား ၂ ဦး ရှိကြောင်း၊ 
ထိုသို့သတ်ဖြတ်မှုများမှာလည်း ဓါး ၊ လှံများဖြင့် ရက်ရက် စက်စက် ထိုးခုတ် သတ်ဖြတ် ထားသည်ကိုတွေ့ ရှိရကြောင်း၊ တံတား ၈ စင်း မိုင်းခွဲ ဖျက်ဆီးခံရပြီး ကျေးရွာများရှိ အိမ်ခြေ ၂၇၀၇ လုံး မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဦးစွာပြောကြားသည်။
ဆက်လက်ပြီး ဖြစ်စဉ်ဖြစ်ပွားရခြင်း အဓိက အကြောင်းအရင်းအား ရှင်းလင်း ပြောကြားရာတွင် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ၎င်းတို့အား ဘာသာရေး အရဖိနှိပ်မှု၊ ညှင်းပမ်းနှိပ်စက်မှု များကြောင့် တန်ပြန်လုပ်ဆောင်ခြင်းဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာရေး အရ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပြီး ခရစ်ယာန် ဘာသာဝင် ၆ ရာခိုင်နှုန်းကျော်၊ အစ္စလာမ်ဘာသာဝင် ၄ ရာခိုင်နှုန်းကျော် ရှိကြောင်း၊
 ရှေးပဝေသဏီကပင် မြန်မာနိုင်ငံတွင် အေးချမ်းစွာနေထိုင်ခဲ့ကြသည့် အစ္စလာမ် ဘာသာဝင်များ ရှိသော် လည်း ပြဿနာ တစ်စုံတစ်ရာ မရှိ ကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသမှာမူ ထူးခြားကြောင်း၊ ယင်းဒေသရှိ ဘင်္ဂါလီများမှာ မြန်မာနိုင်ငံဗြိတိသျှ ကိုလိုနီခေတ်ကာလက အင်္ဂလိပ်တို့မှ ဘင်္ဂလားနယ်က လူများကိုခေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ 
၎င်းတို့သည် အကြောင်း အမျိုးမျိုးဖြင့် လူဦးရေ တိုးပွားလာပြီး ဒေသခံ တိုင်းရင်းသားများကို တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၄၂ ခုနှစ်၊ အလယ်သံကျော် အရေးအခင်းတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများ ၂၀၀၀၀  ကျော် သတ်ဖြတ်ခံရပြီး မူလ ရခိုင်တိုင်းရင်းသားများနေထိုင်ခဲ့သည့် ကျေးရွာများစွာတွင် ဘင်္ဂါလီများက ၀င်ရောက် သိမ်းပိုက်နေထိုင်ခဲ့ကြောင်း၊ ရခိုင်ဒေသတွင် ဘင်္ဂါလီများအား ဖိနှိပ်မှု၊ အနိုင်အထက်ပြုကျင့်မှုများ မရှိဘဲ ဥပဒေနှင့် အညီ ဖြစ်စေရန်သာ ထိန်းသိမ်းလုပ်ဆောင်နေကြောင်း၊ 
နည်းနည်းတော့ ပြောပါရစေ
ရခိုင်လူမျိုး စစ်စစ် ဖြစ်တဲ့ Tun Tun Win ရဲ့ "နည်းနည်းလောက် ပြောပါရစေ" တဲ့ ဖတ်ကြည့်ကြပါခင်ဗျာ..
သူများတွေ ခွဲထွက်တာ မခွဲထွက်တာ အသာထား။ ငါ့တို့ ရခိုင်တွေ ပြည်ထောင်စုက ခွဲထွက်ပြီး " မဟာ အဖရခိုင်နိုင်ငံတော်" ထူထောင်မဲ့ကိစ္စမှာ ဘယ်ပုံ ဘယ်နည်းတွေးခေါ်ပြီးတော့ နိုင်ငံထူထောင်တည်ဆောက်ရပ်
တည်မှာလဲ နည်းနည်းသိချင်တယ်။
ရခိုင် တစ်ယောက်ဖြစ်တဲ့ အတွက် ငါ့မှာလည်း သိပိုင်ခွင့်ရှိတယ် ထင်တယ်။ အစီစဉ်ကောင်းရင် ငါလည်းခွဲထွက် တိုးတက်ကြီးပွါး ချမ်းသာ တစ်ဆွေ တစ်မျိုးသားလုံးကောင်းစားမယ် ဆိုရင်မင်းတို့ " မဟာမျိုးချစ်" တွေနဲ့ အတူ အသက်ပေးတိုက်ပွဲဝင်ပါ့မယ်။
ဒါပေမယ့် နည်းနည်းတော့ စဉ်းစားတွေးခေါ်ကြနော်။
ပြည်မ က ခွဲထွက်ပြီး ပြည်မ ရန်ကို အသာ ထားမေ့ပစ်လိုက်။ ပထဝီ သဘာဝအရ ရခိုင် မပြောနဲ့ မြန်မာ ဆိုတာတောင်ဘေးဘယ်ညာမှာ တရုပ်က လူဦးရေသန်း (၁၃၈၈)သန်းကျော် ၊ အိန္ဒိယက သန်း(၁၃၄၂)
သန်းကျော် ဘေးကပြဿ နာကောင် ဘင်္ဂလား က လူဦးရေ (၁၆၅) သန်းကျော် ၊ ယိုးဒယား ဘာညာ
ကျန်သေးတယ် ထားလိုက်တော့။
အဓိက ရခိုင် နဲ့ အနီးဆုံး ဆက်စပ်နေတာက ဘင်္ဂလား (၁၆၅) သန်းကျော်နှင့် ချစ်တီးမျိုး (၁၃၄၂) သန်းကျော် အိန္ဒိယကို ဘယ်ပုံ ဘယ်နည်း ရင်ဆိုင်ကာကွယ်တားဆီးမလဲ ဆိုတာပဲသိချင်တယ်။
ရခိုင်မှာ လက်ရှိ အစိုးရ စာရင်းအရ လူဦးရေ (၃) သန်းကျော် ဒါတောင်ကုလားက တစ်သန်းနီးပါး၊ ကျန်တဲ့ တစ် သန်းနီး ပါးက နေရာ အနှံ့ရောက်နေတယ်။ တစ်ကယ် စေ့စေ့ပေါက်ပေါက် စာရင်းကောက်ရင် ရခိုင် (၁) သန်းလောက်ပဲ ရှိမယ်။ အဲဒီထဲမှာ သက်ကြီး ရွယ်အို ကလေး သူငယ် အရက်သမား ဘိန်းစား သူခိုး 
ပယ်ရင် တိုက်နိုင် ခိုက်နိုင်တဲ့လူ (၃) သိန်း ဆိုတာအများဆုံးထား။
တွစ်တာ (Twitter) ကို စတင် သုံးစွဲတော့မယ်ဆိုရင်
အင်တာနက် အသုံးများလာချိန်မှာ Twitter ဆိုတာကို လူမှုကွန်ရက် တစ်ခုအဖြစ် လူအများစု က ကြားဖူးကြမှာဖြစ်ပေမယ့် ဘယ်လို သုံးရလဲဆို တာကိုတော့ နည်းပညာနဲ့ နီးစပ်တဲ့ လူငယ်ပိုင်း ကသာ သေသေချာချာသိနိုင်ပြီး အများစု ကတော့ ကိုယ်တိုင် မသုံးဖူးကြသလို သိကြမှာလည်း မဟုတ် ပါဘူး။ ဒါကြောင့် Twitter ဆိုတာ ဘာလဲ ဆိုတာနဲ့ Twitter ကို စတင် သုံးစွဲမယ်ဆိုရင် ဘယ်လို စလုပ်ရမလဲ၊ ဘယ်လိုတွေ သုံးရမလဲဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။
Twitter ဆိုတာ ဘာလဲ
Twitter ဆိုတာ အခမဲ့ အသုံးပြုနိုင်တဲ့ အင်တာနက် လူမှုကွန်ရက် ဝက်ဘ်ဆိုက် တစ်ခုပဲ ဖြစ်ပါတယ် ။ အခု မြန်မာနိုင်ငံမှာ လူတိုင်း နီးပါး သုံးနေကြတဲ့ Facebook လို၊ အရင်က အသုံး များခဲ့တဲ့ Friendster နဲ့ Tagged တို့လို လူမှုကွန်ရက် ဝက်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ 
၂ဝဝ၆ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတစ်ကာမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အောင်မြင်နေ၊ လူသုံးများနေတဲ့ လူမှုကွန်ရက် တစ်ခုပဲဖြစ်ပါတယ်။ အမေရိကန် အခြေစိုက် အိုင်တီ ကုမ္ပဏီကြီးဖြစ်တဲ့Twitter Inc က twitter.com ကို ၂ဝဝ၆ ခုနှစ် က ဖန်တီးခဲ့ပြီး အခုဆိုရင် အသုံးပြုသူပေါင်း ၃၂၈ သန်းကျော် ရှိနေပြီလို့ ဆိုပါတယ်။
လက်ရှိ အချိန်မှာ နိုင်ငံတစ်ကာမှာ Facebook ၊Twitter နဲ့ Instagram တို့ဟာ လူသုံးများတဲ့ လူမှု ကွန်ရက်တွေဖြစ်ပေမယ့် မြန်မာနိုင်ငံ မှာတော့ င်္Facebook တစ်ခုတည်းကိုသာ လူသုံးများပြီး ကျန်တဲ့ ဆိုရှယ် နက်ဝပ်တွေကိုတော့ အသုံးနည်းပါ တယ်။ 
ဒါပေမယ့် LinkedIn လို နည်းပညာပိုင်း ဆိုင်ရာ လူမှုကွန်ရက်မျိုးက လွဲရင် ကျန်တဲ့ လူမှု ကွန်ရက်တွေရဲ့ အသုံးပြုပုံ သဘောသဘာဝက ခပ်ဆင်ဆင်တွေ ပဲမို့ Facebook အသုံးပြုနေကျ လူတစ်ယောက် အနေနဲ့ Twitter မှာ ကွာခြား ချက် အနည်းငယ် ရှိတာကလွဲရင် စတင် သုံးစွဲချိန် မှာ သိပ် အခက်အခဲရှိမှာမဟုတ်ပါဘူး။
Twitter ကို ဘယ်လို စသုံးမလဲ
Twitter ကို စသုံးမယ် ဆိုရင် Facebook လို ပဲ Account တစ်ခု ရှိဖို့ လိုပါတယ်။ Account ဖွင့်တာကလည်း Facebook Account ဖွင့် သလိုပဲ ဘာမှ အခက်အခဲ မရှိဘဲ လွယ်လွယ် ကူကူ ဖွင့်နိုင်ပါတယ်။ အီးမေးလ် ရှိရင် အီးမေးလ်လိပ်စာ နဲ့ဖြစ်စေ၊ ဖုန်း ရှိရင် ဖုန်းနံပါတ်နဲ့ဖြစ်စေ ဖွင့်နိုင်ပါ တယ်။
Account ဖွင့်ဖို့ အတွက် ကွန်ပျူတာ သို့ မဟုတ် ဖုန်းရဲ Browser မှာ twitter.com လို့ ရိုက်ပြီး တက်လာတဲ့ စာမျက်နှာက Sign Up နေရာမှာ သုံးချင်တဲ့ witter Account နာမည်၊ အီးမေးလ် နဲ့ Password တို့ကို ဖြည့်ပေးရုံ ပါပဲ။ 
အီးမေးလ် ဟာ Twitter အကောင့် ဖွင့်ထားပြီးသား မရှိရင် အကောင့်သစ် အနေနဲ့ လက်ခံလိုက် မှာဖြစ်ပြီး အဲဒီနောက်မှာ အကောင့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။
 ပြီးရင်တော့ အကောင့်ဖွင့်တဲ့ အီးမေးလ် ထဲကို Confirmation Link တစ်ခု ရောက်လာမှာဖြစ်ပြီး အဲဒီ Link ကို ကလစ်နှိပ် ပြီး ကိုယ့်ရဲ့ Account မှန်ကန်ကြောင်း အတည် ပြုပေးလိုက်ပြီးရင် Twitter ကို စတင် သုံး စွဲနိုင်ပြီ ဖြစ်ပါတယ်။
အထက်မှာပြောခဲ့တာဟာ Twitter ကို ကွန်ပျူတာ သို့မဟုတ် ဖုန်းရဲ့ Browser ကနေ အကောင့်ဖွင့်တာကို ပြောခဲ့တာဖြစ်ပြီး မိုဘိုင်း အပလီကေးရှင်းကို သုံးရင်လည်း အပလီကေးရှင်း ကနေ အကောင့်ဖွင့်နိုင်ပါတယ်။Twitter အပလီ ကေးရှင်းကို Google Playstore အပါအဝင် အဆင်ပြေတဲ့နေရာကနေ ရယူနိုင်ပြီး အပလီကေး ရှင်းကနေ ဆိုရင်တော့ ဖုန်းနံပါတ်နဲ့ပါ အကောင့် ဖွင့်နိုင်ပါတယ်။ 
ကြားခံစစ်ဖြင့် သားကောင်ဖြစ်လာသော မြန်မာနိုင်ငံ
ယခုတစ်ကြိမ် ဖြစ်ပွားခဲ့သော မောင်တော အကြမ်းဖက် တိုက်ခိုက်မှု၏ ပုံသဏ္ဍာန်နှင့် လားရာ သည် ကံဆိုးမ-မြန်မာပြည် အတွက် ကြားခံ စစ်ပွဲ (Proxy War) ဖြစ်ပွားရာဟု သေချာပေါက်ပြောနိုင်သည့် အခြေအနေဖြစ် ၏။ ၂ဝ၁၂-တွင် တစ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း လူ့အဖွဲ့အစည်း (၂) ခု၏ ပဋိပက္ခကြောင့် သာဖြစ်၏။ ရခိုင်တိုင်းရင်းသူ တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရရာမှ စတင်ခဲ့သည် ။
သို့သော်လည်း ယခု (၂) ကြိမ် ထပ်မံဖြစ်ပွားမှုမှာ အထက်ပါ ကဲ့သို့ အခြေခံချင်းမရှိ ၊ ပထမ တစ်ကြိမ် က အ ကြမ်းဖက် အင်အား (၆ဝဝ) ခန့်ဖြင့် ရဲကင်း စခန်းများကို အခြေခံ အကြောင်းတရား မရှိဘဲ အလစ် ဝင်ရောက်တိုက်ခိုက် သတ်ဖြတ် အကြမ်းဖက်သွားခဲ့သည် ။ ထိုမှတစ်ဆင့် အတင့်ရဲလာကာ ယခုတစ်ကြိမ်တွင် အင်အား (၃ဝဝဝ) မျှကို အသုံးပြုခဲ့ပြီး စခန်း (၃ဝ) မျှလောက်ကို တစ်ချိန်ထဲ ဖြန့်ခွဲ တိုက်ခိုက်ကာ တပ်မတော် 
စခန်းကိုပါ စတင် တိုက်ခိုက်လာခဲ့သည် ။
စူပါ-ပါဝါ တို့၏ အားပြိုင်မှုက အရင်းခံ
************************************
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အင်္ဂလိပ်တို့ အင်အား ကျဆင်းသွားခဲ့ပြီး၊ အမေရိကန် စူပါ-ပါဝါ ဖြစ်လာ၏။ ယခု နှစ်ပေါင်း (၇ဝ) ကျော်ခဲ့ပြီ၊ ကမ္ဘာ့ ဦးဆောင် စူပါ-ပါဝါ အဆင့်ကို ဆက်လက် ထိန်းထားနိုင် ရေးအတွက် အလားအလာ ရှိသော ပြိုင်ဘက်နိုင်ငံတို့ကို အားနည်းသွားစေရန် (သို့) ပျက်သုဉ်းသွားစေရန် ဆောင်ရွက် ရမည့် အစီအစဉ်သည် အမေရိကန် ၏ အဂ္ဂဗျူဟာ ဟူသော Grand Strategy တွင် အဓိက အပိုင်း ဖြစ်လာခဲ့၏။
ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံသည် အိန္ဒိယဖြစ်၏၊ အလားအလာ ရှိသော နိုင်ငံလည်း ဖြစ်၏၊ အိန္ဒိယ မှ ပါကစ္စတန်ကို ခွဲထွက်စေသည်၊ ထို့နောက် ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ် ထပ်မံ ခွဲထွက်စေခဲ့ ခြင်းဖြင့် အိန္ဒိယ အတော်အတန် အားနည်းသွားခဲ့သည်၊ (ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံတို့တွင် ဆူပူမှု၊ ခွဲထွက်ရေး၊ ပရမ်း ပတာဖြစ်ရေးလုပ်ရန် အလွယ်ကူဆုံးဖြစ်သည်၊ ဗဟိုမှ ထိန်းချုပ်သော နိုင်ငံတို့မှာ ပို၍ ကျစ်လစ်သဖြင့် ပြည်ပ စွက်ဖက်မှု အတော်ခက်ခဲသည်)။
အမေရိကန်-ဆိုဗီယက် အားပြိုင်မှုသည် စစ်အေးကာလတစ်လျောက် အတော်ပြင်းထန်ခဲ့ သည်၊ သို့သော် လည်း (၁၉၈ဝ) ကာလများတွင် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့၏၊ အထွေထွေ အတွင်းရေးမှူး ဂိုဘာချော့ဗ် သည် နိုဗယ်ဆု ၏ ထိန်းချုပ်ခြင်းကို များစွာ ခံလိုက်ရပြီး ဆိုဗီယက်ယူနီယံကြီး တစ်စစီဖြစ်ခဲ့ပြီး အမေရိကန်တို့ ပြိုင်ဘက်မဲ့ကာ ကမ္ဘာကြီးကို ဝင်ရိုး တစ်ချောင်းထဲဖြင့် စိတ်ကြိုက် မောင်းနှင်ခွင့်ရတော့ သည် ။
အမေရိကန်-ဆိုဗီယက် အားပြိုင်နေစဉ် အတွင်း ရေနံကြောင့် ရုတ်တရက် ချမ်းသာလာခဲ့ သော အရှေ့ အလယ် ပိုင်းဒေသသည် အမေရိကန် တို့၏ သတိထားရာဒေသ ဖြစ်လာခဲ့သည်၊ တစ်နိုင်ငံချင်း အပေါ် အလေးထားစရာ အဆင့် မဟုတ်သော်လည်း ဘာသာတူများ စုပေါင်းထားသောနိုင်ငံ၊ ရေနံထွက် နိုင်ငံများ စုပေါင်းထားသောဒေသဖြစ်သဖြင့် အမေရိကန်၏ ပစ်မှတ်သည် အရှေ့အလယ်ပိုင်း ဖြစ်လာတော့ သည် ။ ပနားမား၊ လစ်ဗျား၊ အီရတ်၊ အီဂျစ်တို့ ကံမကောင်းခဲ့၊ ယခု ဆီးရီးယား ငရဲမီး ဝိုင်းဝိုင်းလည် ကာလ ဖြစ်နေပြီး နောက်တစ်ဆင့်တွင် အီရန် အလှည့် ဖြစ်လာပါဦးမည် ။
တစ်ချိန်တွင် အန္တရာယ် ရှိသည်ဟု သုံးသပ်ပြီး အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တို့ အာရုံထား၊ အရေးယူ ဆောင်ရွက်နေချိန်သည် တရုတ်တို့ အတွက် ကံကောင်းမှု ဖြစ်လာခဲ့သည် ။ ကွန်မြူနစ် စနစ်ဖြင့် နိုင်ငံ ချမ်း သာအောင်မလုပ်နိုင်ဟု တရားသေ မှတ်ယူထားသော အမေရိကန် အတွက် တရုတ်တို့က စီးပွားရေးပုံစံပြောင်းခြင်းဖြင့် ဆယ်စုနှစ် (၂) စု အတွင်း ဂဏန်း (၂) လုံးဖြင့် တိုးတက်မှုများကို ရရှိစေရန် ခွင့်ပြုပေးထားလိုက်သလို ဖြစ်ခဲ့သည်၊
မူလက (၂ဝ၂၄) တွင်မှသာ စီးပွားရေး (အရွယ်အစား) အရ အမေရိကန်ကို ပခုံးချင်း ယှဉ်နိုင် လိမ့်မည် ဟု တွက်ဆထားခဲ့သော အမေရိကန်သည် ရုတ်တရက် အရှိုက်ထိုး ခံလိုက်ရသည်၊ (၂ဝ၁၆) တွင် အမေရိကန်ကို စီးပွားရေး ပမာဏအရ ကျော်ဖြတ်သွားခဲ့၏။
အရှေ့အလယ်ပိုင်း အတော်အတန်မက အားနည်းသွားခဲ့သည်၊ ယခုတစ်ကြိမ် အမေရိကန် တို့ ရင်ဆိုင်ရမည်မှာ စစ်မျက်နှာ (၂) ခုဖြစ်၏။ စီးပွားရေး မျက်နှာစာတွင် တရုတ်၊ စစ်ရေးနှင့် ပထဝီနိုင်ငံရေး မျက်နှာစာတွင် 
ရုရှားဖြစ်လာ၏။
.