Showing posts with label Facebook နှင့် သက်ဆိုင် သမျှ. Show all posts
Showing posts with label Facebook နှင့် သက်ဆိုင် သမျှ. Show all posts
28 February 2018
သင့်ရဲ့ ဖုန်း ဘက်ထရီကို အမြန်ဆုံး အားကုန်စေမယ့် App များ
တစ်ကယ်တော့ ဖုန်းကို အားကုန်စေတဲ့ အချက်က ဖုန်းကို ဖွင့်ထားလို့၊ အလင်းဖြာနေရလို့၊ မီးဖွင့်ထားလို့၊ အင်တာနက် သုံးလို့၊ ကင်မရာ ရိုက်လို့ ဆိုတာတွေထက် ဖုန်းပိတ်ထားသည့်တိုင်အောင် လည်ပတ်နေတဲ့ Appတွေ၊ အင်တာနက် ဖွင့်သုံးမှ ရတဲ့ App တွေကြောင့် ဘက်ထရီ ကုန်မှု ပိုများပါတယ်။
အခု ပြောမယ့် App တွေက ဘက်ထရီ အားကုန် အမြန်စေဆုံးပါ၊ သင့်ဖုန်းမှာ ဒီ App တွေ သုံးနေရင်တော့ ဖြစ်နိုင်ရင် သုံးချိန်လျော့ပါ၊ မသုံးဖြစ်ရင် Uninstall လုပ်လိုက်ပါတော့။
(၁) Snapchat – ဒီ App သုံးသူတွေ အနေနဲ့ တစ်ခြား ဖုန်းသုံးသူတွေထက် ဘက်ထရီ အားကုန်မြန်ပါ လိမ့် မယ်။ လက်ရှိ နိုင်ငံတစ်ကာသုံး App တွေထဲမှာ ကမ္ဘာ့ လူသုံး အများဆုံး App တစ်ခု အဖြစ် ရပ် တည်နေတဲ့ Snapchatက ဘက်ထရီစား များလွန်းနေပါတယ်။
ဘယ်လို အကောင်းဆုံး သုံးမလဲ – Snapchat ရဲ့ စနစ်သစ် Travel Mode ချသုံးပါ။ သူက ပုံတွေ ဗီဒီယို တွေကို အလိုအလျောက် ရယူ ဖော်ပြနေခြင်း ကနေ ကာကွယ်ပေးနိုင်လို့ ဘက်ထရီစား သက်သာပါ လိမ့်မယ်။
(၂) BBC News – သတင်းတွေကို Update ဖြစ်အောင် ဖန်တီးထားတဲ့ အတွက် အခု App က ဘက်ထရီ အရမ်းစားပါတယ်။ သူနဲ့ အတူ NYTimes, NDTV, CNN နဲ့ အခြား သတင်း ဌာန App တွေကလည်း ဘက်ထရီ စားတာပါပဲ။
ဘယ်လို အကောင်းဆုံး သုံးမလဲ – အကောင်းဆုံး ကတော့ အခုလို သတင်းဌာနက App တွေ မသုံးပါနဲ့။ တစ်ကယ်လို့ သုံးမယ် ဆိုရင်တော့ App အနေနဲ့ မသုံးပဲ Chrome ကနေ တစ်ဆင့် BBC ကို ၀င်ကြည့်ပါ။ အတူတူပါပဲ။
Labels:
Facebook နှင့် သက်ဆိုင် သမျှ
11 June 2016
မိမိ ဖေ့စ်ဘုတ် အကောင့် ကို ပြုလုပ်ထားသင့်တဲ့ အချက်များ
ပို့ စ်တင်တဲ့ အခါ Puble နဲ့ တင်မှ လူတစ်ကာ မြင်ရမှာပါ။
ဒါကြောင့်မို့ ပထမဆုံး ပို့စ်တင်တဲ့နေရာ သွားပါ။
မိမိ နာမည် ရဲ့အောက်က အင်္ဂလိပ်စာ ကို နှိပ်ပါ။
public ဆိုတဲ့ စာကို အမှန်ခြစ်ပါ။
…………………………………………
Like များများရအောင် Followers ဖွင့်နည်း
Account Setting ကို သွားပါ
Followers ထဲကို ၀င်ပါ (Facebook Birthday မှာ 18 နှစ်ပြည့်ဖို့ တော့ လိုတယ်နော် )
Friends ဆိုတဲ့နေရာမှာ Public ကို ပြောင်းလိုက်ပါ ။
အဲ့ဒါဆို Followers ဖွင့်ပြီးသား ဖြစ်သွားပါပြီ ။
.................................................
မိမိ နဲ့ သူငယ်ချင်း မဟုတ်သူများ ကွန်မန့်ပေးမရအောင် ပိတ်နည်း ။ Who can like and comment on your public post? မှာ Friends ထားလိုက်ပါ ။
……………………………………………………
Tag ပိတ်နည်း (Timelime အမှိုက်ရှင်း သက်သာစေနည်း )
Account Setting ထဲကို ၀င်ပါ ။
Timelime and Tagging ဆိုတဲ့ထဲ ၀င်ပါ ။
Review posts friends tag you in before they appear on your timelime? ဆိုတဲ့ စာတန်းလေး ကို နှိပ်လိုက်ပါ ။
off နေရာ On ပြောင်းလိုက်ပါ (ဘယ်သူမှ ကိုယ့် Timelime ထဲ ကို အမှိုက်ရှုပ်လို့ မရတော့ပါဘူး ။ )
ပြီးရင် နောက်တစ်ဆင့် ပါ ထပ်လုပ်လိုက်ပါ ။
Review tags people add to your own posts before the tags appear on Facebook?
ဆိုတဲ့ စာတန်းလေးထဲ ၀င်ပြီး off နေရာမှာ on ပြောင်းလိုက်ပါ။
............................................................................................
အဟက်မခံရအောင် ကာကွယ်နည်း
Account Setting ထဲက General ထဲဝင်ပါ ။
Email ထဲဝင်ပါ Friends ဆိုတဲ့ နေရာမှာ Only me ပြောင်းထားပါ ။
ပြီးရင် Back တစ်ချက်နှိပ်ပြီး Security ဆိုတဲ့ထဲ ၀င်ပါ ။
Login Alerts ဆိုတဲ့ထဲ ၀င်ပါ ။
Notifications ဆိုတဲ့ထဲ ၀င်ပါ ။ Don't get notifications ကနေ Get Notifications ပြောင်းလိုက်ပါ ။ (Browser or Other Device က လက်ရှိ ကိုယ်သုံးနေတဲ့ Acc ကို ၀င်လိုက်တိုင်း ယခု Acc ၀င်တာ သင် လား တစ်ခြား သူလား noti ပေးပြီး မေးမှာ ဖြစ်ပါတယ် ။ )
Save လုပ်ပါ ။

10 April 2016
facebook မှာ သူငယ်ချင်း အဖြစ် လက်မခံ သင့်တဲ့ လူ ( ၈ ) မျိုး
လူမှု ကွန်ယက် Facebook မှာ တစ်ချို့ သူငယ်ချင်းတွေ ကို လက်ခံလိုက်မိ တာနဲ့ ကိုယ့်ပေါင် ကိုယ် လှန်ထောင်း သလို ဖြစ်တတ် ပါတယ်။ တစ်ခါ တစ်လေ မှာ လက်မခံသင့်တဲ့ သူကို လက်ခံမိ တာကြောင့် မလိုလား အပ်တဲ့ ပြဿ နာတွေ ဖြစ်တတ်ပါတယ်။
ဒီတော့ သင် facebook မှာ သူငယ်ချင်း အဖြစ် လက်မခံ သင့်တဲ့ လူ ( ၈ ) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
1. မိဘ
ကိုယ့် သူငယ်ချင်း စာရင်း ထဲမှာ မိဘတွေ က ပါနေပြီ ဆိုတော့ လူမှု ကွန်ယက်မှာ သင့်ကို တစ်ခုခု နဲ့ ချုပ်နှောင် ထားသလို ဖြစ်စေ မှာပါ။ ခေတ် ကို နားလည် လှပါပြီ ဆိုတဲ့ မိဘတွေတောင် သင့်ရဲ့ အမြင် မတော် စရာ Post တစ်ခုအောက် မှာ ကန့်ကွက် တဲ့ Comment မျိုး ၀င်ရေးမှာ မဟုတ်သော်လည်း အပြင် မှာ “ ဒီလို Post မျိုး မတင်ရဘူး … နောက်တင်ရင် တွေ့မယ် ”ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ခံရနိုင်ပါတယ်။2. ရည်စားဟောင်း
ကိုယ် ကတော့ စိတ်ကောင်းနှလုံးကောင်းလေး နဲ့ ရည်းစားဟောင်း ကို လက်ခံမိပါတယ်။ ဒါပေမယ့် ညောင်မြစ် တူးရင်း ပုတ်သင်ညို ဥလည်း ပေါ်တတ်ပါတယ်။ တစ်ခါ တစ်လေ tag တွဲပြီး သူနဲ့သင် ဟာ အရင် က ပတ်သက် ခဲ့ဖူးပါတယ် ဆိုပြီး ချေးခြောက်ရေနှူး လုပ်တာ ခံရနိုင်ပါတယ် ။
3. အမျိုးတွေ
အမျိုးတွေ ဆိုတာလည်း ဒီလိုပါဘဲ။ ကောင်းတဲ့ အမျိုး ရှိသလို တို့မီး ရှို့မီး လုပ်ချင်တဲ့ သူတွေ ရှိပါတယ်။ သင် တင်သမျှ ကို ရပ်ကွက် ထဲ သန်းတုပ်ရင်း အတင်းပြန်ဖွ တဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ သင့် အားနည်းချက် ကို သူများတွေ ပြန်လည် ဖြန့်ဝေတဲ့ သူလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးတွေ ကိုလည်း မထားပါနဲ့။30 September 2015
တစ်ကယ့် ဘ၀ထဲ တိုးဝင်လာသည့် ဖေစ့် ဘွတ်ခ် ပေါ်မှ လူမှုပြဿနာ များ
တကယ်တမ်း တွင် ပြဿ နာ ကဘာမျှကြီးကြီး ကျယ်ကျယ် မဟုတ်။ အေမီချို က ၎င်း၏ ခင်ပွန်း ကလေး ပုခက် လွှဲပြီး ဟင်းချက်နေသည့် ဓာတ်ပုံ တစ်ပုံကို သူငယ်ချင်းများ ကိုပြချင် သည့်စိတ်၊ အိမ် အလုပ်များ ကူ လုပ်ပေး သည့် ခင်ပွန်းဖြစ်သူ ကို ကြွားဝါချင် စိတ်ဖြင့်သာ ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာပေါ် တင် လိုက်ခြင်းဖြစ်ပါသည်။
သို့သော် အေမီချိုမေ့လျော့နေသည့် အချက်ကား ၎င်း၏ များပြားလှစွာသောဖေ့စ်ဘွတ်ခ် သူငယ်ချင်းများ ထဲ တွင် ၎င်း၏ယောက္ခမကြီး လည်း ပါဝင်နေသည် ဆိုသည့် အချက်ဖြစ်သည်။ ပြဿ နာကား အေမီချို တင် ထားသော ဓာတ်ပုံအောက် မှာ ယောက္ခမကြီး က အောက်ပါ အတိုင်း ကွန်မန့် (ခေါ်) မှတ်ချက် တစ်ခုရေး ရာ မှ စတင်တော့သည်။
‘ယောက်ျား ကို အိမ်အလုပ်တွေ မတရား ခိုင်းတာ အမျိုးကောင်း သမီး မဟုတ်ဘူး’
ထို မှတ်ချက်ကို ဖတ်လိုက် ရသော အခါ အေမီချို သွေးဆူ သွားသည်။ အေမီချို့ ထက် ပို သွေးဆူသည် ကား အေမီချို ၏ ဖေ့စ်ဘွတ်ခ် သူငယ်ချင်း ထဲမှာ ရှိနေသည့် မိခင်ဖြစ်ပါသည်။
၎င်းက ဖေ့စ်ဘွတ်ခ် ဓာတ်ပုံအောက် က အေမီချို ၏ယောက္ခမ မှတ်ချက် ကိုမြင်နေရသည်။ ခမည်း ခမက်တော် သူက သမီး ကို အမျိုးကောင်း သမီးမဟုတ်ဟု ဆိုသော စကားက သူ့ကိုပါ တိုက်ရိုက် သက်ရောက်နေ သည်မဟုတ်ပါလား။
ဖေ့စ်ဘွတ်ခ်ပေါ် တွင် ခမည်း ခမက် များ အပြန် အလှန် စကားစစ်ပွဲနွှဲကြ ၏။ သူ့ဘက် ကိုယ့်ဘက် အမျိုးများ၊ မိတ်ဆွေများ က လိုက်ခ် (like) များနှိပ်ကာ အားပေးကြ၏။ ကွန်မန့် မှတ်ချက်ပေါင်း ၂၀ကျော် အပြန် အလှန်ရေး အပြီးမှာတော့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဘလော့ဂ်ပြီး ပွဲသိမ်းလိုက်ကြ၏။ အပြင်မှာ လည်း တစ်ယောက်နှင့် တစ်ယောက် စကားမပြောကြတော့။
Labels:
Facebook နှင့် သက်ဆိုင် သမျှ
Subscribe to:
Posts (Atom)