စကာၤပူ က အိမ္အကူ ၿမန္မာမေလး စိတ်ဖိစီးမူ့ဒဏ် မခံနိုင်လို့ တိုက်ပေါ်ကနေ ခုန်ချ သွားတဲ့ သတင်း HOT ဖြစ်နေလို့ ဒီစာလေးရေးလိုက်မိတာ ။
သဘောင်္ပေါ်မှာလည်း ဘာထူးသတုံး ကိုယ့်စိတ်နဲ့ သူ့ကိုယ် လိုက်လျောညီထွေအောင် အရာရာ သည်းခံပြီးအလုပ်လုပ်နိုင်မှ တော်ကာကြမယ်လေ ။ အဓိက က စိတ် ကိုယ့် အလုပ်မှာ ကိုယ်ဝါသနာပါဖို့ဘဲ ငွေကြေး တစ်ခု ထဲနဲ့တော့ မရဖူးလေ ။
နောက် ကိုယ်ရွေးချယ်တဲ့လမ်း မဟုတ်ခဲ့ရင်တောင် မိသားစုဝင်တွေက အတင်း အကြပ် ဖိအားပေးစေခိုင်း ခဲ့ရင်တောင် ကိုယ် ဝါသနာ မပါရင် အစထဲက ခါးခါးသီးသီးငြင်းလိုက်ပါ ။
ဖြစ်ပုံက .... သေဘာၤတစ္စီးမွာ သေဘာၤသား လူသစ်လေး တစ်ယောက် တက်လာတယ် ။ လူပုံကနွဲ့ နွဲ့ ပိန် ပိန် ပါးပါးနဲ့ ဦးလေး သဘောင်္သား အရာရှိတွေက ဝိုင်း ပံ့ပိုးပေးလို့သာ သဘောင်္ တက်လာ ရတာ သူ ကတော့ ရည်မှန်းချက်ရှိပုံ မရ ။
ပိုဆိုးတာက စကာင်္ပူမှာ စတက်လာတော့ သဘောင်္ စားနပ် ရိက္ခာ ၃လ စာ လာပို့တာနဲ့ ကြုံပြီး မုန့်ဟင်းခါးစား အများနည်းတူ ဝိုင်းသယ်ပိုးရင်း ဗလ က မရှိတော့ လျာထွက်ပြီး ပင်ပမ်းတာက စပြီ ။ ရန်ကုန်မှာ ထဲက ဘော်ကြော့ နေခဲ့တဲ့သူ ဆိုတော့ပိုဆိုးပေါ့ ။
နောက် သဘောင်္က ဟောင်ကောင်ဖက် ထွက်လာတော့ South china sea ထဲမှာတင် ဟိုလှုပ် ဒီလှုပ် နဲ့ လိုင်း က မူးပြီပေါ့ ။ ဒါပေမဲ့ သဘောင်္သား ဘဝ လိုင်းမူးတာ ကိုယ်လက် ကိုက်ခဲ တာ လာမလုပ်နဲ့ တစ်နေ့ အ လုပ်ချိန် ၁၀ နာရီဘဲ ( တစ်ကယ်ဆို လိုင်းမူးရင် မူးတာကို အာရုံမထား ဘဲ အလုပ်ထဲ စိတ်နှစ် ထားသင့် တယ် )
ဒါကို လိုင်း မူးတယ် မလုပ်နိုင်ဖူး လုပ်တော့ ဘိုဆင် က ပညာပေးပြီလေ ။ ဒါဆို paint Store ထဲမှာ သန့်ရှင်းရေးသွားလုပ် စုပ်တံ တွေကို တင်ဒါ နဲ့ ချွတ်ခိုင်းတော့ လေကောင်းလေသန့်လည်း မရ တင်ဒါ အနံ့တွေနဲ့ ပိုမူးဖို့ဘဲ ရှိတော့တာပေါ့ ။
ဒီနေရာမှာ တစ်ခုပြောချင်တာ ကတော့ အရာရှိဘဲဖြစ်ဖြစ် သဘောင်္သားဘဲဖြစ်ဖြစ် တက်တက်ခြင်း ၂ လ ၃ လ လောက်က အရေးသိပ်ကြီးတယ် ။ ကိုယ့် ကို ကပ္ပတိန် အပါအဝင် အားလုံးကစောင့်ကြည့် နေကြတာ ၊ဒါ့ကြောင် အဲ့ဒီ စောင့်ကြည့် ကာလမှာ ပင်ပင်ပမ်းပမ်း ကြိုးစားပြီးသာ လုပ်ပြလိုက် နောက်ပိုင်း အပြစ်ဖြစ် ရင်တောင် အပြစ်မမြင်ဘဲ ခွင့်လွှတ်တတ်ကြတယ် ။
သူက လူသစ် ဆိုတော့ c/o တို့ သူကြီး တို့ကတော့ သဘောထားကြီးစွာနဲ့ စောင့်ကြည့်ကြပါတယ် ။ ဒါပေမဲ့ နဂိုလ်ထဲ ကမှ သဘောင်္လိုက်တာ ဝါသနာမပါဘဲ အိမ်က ဇွတ်လိုက်ခိုင်းလို့ သာလိုက်ခဲ့ ရတော့ ဘာလုပ် လုပ် ဘာမှ အဆင်မပြေတော့ အားလုံးအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်ရပြီလေ ။