Showing posts with label ကားလောက နှင့် သက်ဆိုင်သမျှ. Show all posts
Showing posts with label ကားလောက နှင့် သက်ဆိုင်သမျှ. Show all posts

03 May 2018

မျိုးဆက်သစ်တွေ အတွက် ပေးခဲ့ချင်သော ကား ဗဟုသုတ အပိုင်းအစလေးများ



 မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ ။

၁။ ကားကို ကြည့်မယ်ဆိုရင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့်သက်သာ ကြည့်နိုင်သော နေရာဖြစ်ရမည်ဖြစ်ပြီး နေ့လည်ခင်း နေပူအောက်ကြည့်ရှုခြင်း ရှောင်ပါ။

အပူဒဏ် ပြင်းထန်လွန်းသဖြင့် ကားကြည့်ရှုသောအခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တက်ပါတယ်။ အပူဒဏ်သက်သာအောင် ဆိုပြီး ညနေဘက်နဲ့ မိုးချူပ်ပိုင်းတော့ ကားကြည့်ဖို့ မလုပ်ကြပါနဲ့နော် သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ။

၂။ ကားကိုတွေ့တာနဲ့ ကား ထိုင်ခုံခါးပတ်ကို ဆွဲထုတ်လိုက်ပါ ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိအကျ ရေးထားပါတယ် ဖြဲထားတာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး ။  ကြည့်တာနဲ့ တွေ့ရပါမယ်။ ကားပိုင်ရှင် ပါးစပ်က ဘယ်နှစ်ခုနှစ်ပါ လို့ အမြုတ်ထွက်အောင်ပြောနေလဲ ကျွန်တော် တို့ မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲ အလုပ် လုပ်ကြရမှာဖြစ်လို့ ကျန်တာတွေ ခဏ မေ့လိုက်ပါ။

၃။ ကားကို စက်နှိုးပါ ပြီးတာနဲ့ အဲကွန်း ဖွင့်လိုက်ပါ စက်သံသည် ဆူညံ ကျယ်လောင် တာမျိုးကို တော့ခွဲတတ်ပါစေ ပြီးလျှင် အဲကွန်းလေ အေး မအေး စစ်ပါ။

၎။ ကား အစီးတိုင်းမှာ Wheel Tax ပါပါတယ် ။ ပါတဲ့ Wheel Tax ဖရိန်နံပါတ်နဲ့ ကားမှာ တစ်ကယ်ပါ သော နံပါတ် တူညီမှု ရှိမရှိ အရင် စစ်ပါကားမှာ တပ်ထားသော ဖရိန် chassis နေရာသည်လည်း သန့်ရှင်း သပ်ရပ်နေရပါမည် ။ ဖြတ်ဆက် ဆိုလျှင် ကားဝယ်ပြီးတာနဲ့ ဆုံးသွားပါလိမ့်မည် ။ ကညန သိမ်းပါလိမ့်မည်။

၅။ ပြီးရင် ကားရှေ့ဘက်ပိုင်း ကားနောက်ဖက်ပိုင်း မီးခွက်နေရာတွေ စစ်ပါ ။ မီးလုံး အရောင်တူညီမှု ရှိမရှိ နေရာ အထိုင် မူလီတွေ မူလီရောင်ဘဲ ရှိရပါမည် ။ ကားဆေး ကူးနေခြင်း လုံးဝ မရှိစေရ မူလီက မူလီလိုဘဲ ညစ်ပတ်လို့ ရပေမယ့် ကားဘော်ဒီ ဆေးမကူးစေရ။

18 December 2017

ဘီးပေါက်လျှင် တိမ်း မမှောက်စေဖို့




အဝေးပြေး လမ်းများတွင် ကားတာယာ ရုတ်တစ်ရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများ အတွက် အ သက် အန္တရာယ်များဆုံး မတော်တစ်ဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ 
HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများ အတွက် အဆိုပါ တာယာ ပွင့်ခြင်းများ ပို၍ ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။
ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာ ပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက် အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် “ရုတ်တစ်ရက် တာယာပွင့် ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါ အချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။

၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ် အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။
တာယာပွင့်စဉ် အရှိန်လျော့နည်းလေ သင့် အသက်ရှင်ရန် အခွင့် အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခု အနက် အသေအပျောက် အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130 km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှ မဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။

၂။ တာယာပွင့်စဉ် ဘရိတ် ရုတ်တစ်ရက်မနင်းရ
အပြော လွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏ အလေ့အထနှင့် ဦးနှောက် အယူအဆအရ ကားရုတ်တစ်ရက် တစ်ခုခု ချို့ယွင်းသည်နှင့် ဘရိတ် အုပ်မိတတ်ကြပါသည်။ ကားတာယာ ပွင့်၍ ထိန်း သိမ်း ရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တစ်ဘက်သို့ ဆွဲချသွားလိမ့် မည်။

၃။ ရုတ်တစ်ရက် အရှိန်မြှင့်ခြေနင်း (လီဗာ) ကို မလွှတ်ရ
ကားတာယာပွင့်စဉ် မိမိ နင်းထားသော လီဗာကို ရုတ်တစ်ရက် မလွတ်ဘဲ ဖြေးညင်းစွာ လျှော့ချရန် ဖြစ်ပါ သည်။ လီဗာကို (၃) စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။ ပွင့်နေသော တာယာခွေ ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလို အရှိန်လျော့သွားမည် ဖြစ်ပါသည်။ သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ် ဖွင့်ထားလျှင် အမြန်ပိတ်ပါ။

16 March 2016

ကား အမည်ပေါက် ဒီ အချိန်ပြောင်းသင့်သလား

 Pyae Sone Win's photo.



ကား ပိုင်ရှင်များ‬ သေသေချာချာ ဖတ်ကြည့်ကြပါ ....

ကားပိုင်ရှင်တော်တော် များများ အနေ ဖြင့် လက်ရှိ အချိန်မှာ ကား အမည်ပေါက်ပြောင်းသင့် မသင့် ချင့် ချိန်နေ ကြ ပါတယ်။ ဒီ ကား တစ်စီးထဲကိုပဲ အကြာကြီးစီးတော့မယ်လို့ ရည်ရွယ် ထားရင်တော့ အမည်ပေါက်ပြောင်းလိုက် ပါ။ 


ဒါမှ မဟုတ် ခဏခဏ ကား လဲပြီးစီးနေမယ် ကားမော်ဒယ် အမြင့်တွေနဲ့ပြောင်းစီးနေချင် တယ် လို့ရည်ရွယ် ထား ရင်တော့ အမည်ပေါက် မပြောင်းလဲရနိုင်ပါတယ်။ 

2016 ဖေဖော်ဝါရီလ 19 ရက် သောကြာနေ့ ထုတ်ကြေးမုံ သတင်းစာ မှာ  ပြည်တွင်း အခွန်များ ဦးစီးဌာန မှ ဝင်ငွေခွန် ကျသင့်ခြင်းနှင့် ပက်သက်၍ ရှင်းလင်း အသိပေးခြင်း ဆိုပြီးကြေညာ လိုက်ပါတယ်။  

အိမ်ခြံမြေ အစ ရှိသည့် ပစ္စည်းများ ၊မော်တော်ယာဉ် အစ ရှိသည့်ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဝယ်ယူခြင်း တို့ အတွက် အသုံးပြုသည့်ငွေကြေး အပေါ် ဝင်ငွေ ရလမ်း စိစစ်ခြင်း၊ အခွန် ကျသင့်ခြင်း တို့နှင့် ပက်သက်၍ ရှင်းလင်းအသိပေးခြင်းဆိုပြီး ကြေညာထားပါတယ်။
 

မော်တော်ယာဉ် တစ်စီး ဝယ်ယူပြီး အမည်ပေါက်ပြောင်းလဲခြင်း အပေါ် ကိုပဲ အဓိကဆွေးနွေး သွားပါ့ မယ်။ 2016 အခွန် အကောက် ဥပဒေ အရ လစာ တစ်နှစ်စာ 48 သိန်းအောက် သာ ရသူများ အခွန် လုံးဝမဆောင် ရတော့ပါ။ လစာ 48 သိန်း အထက် ရသူများလဲ သားသမီး၊ မိန်းမ၊ မိဘနှစ်ပါးတို့ နဲ့အတူတူနေ ပါက အောက် ပါ သက်သာခွင့်တွေ ရရှိဦးမှာဖြစ်ပါတယ်။

၁။ အခြေခံ သက်သာခွင့် (စုစုပေါင်းဝင်ငွေ 20%, ကျပ်သိန်း 100 ထက်မပို။)
၂။ အတူနေ မိဘ (အတူနေ မိဘ တစ်ဦးလျှင် ကျပ်10 သိန်း)
၃။ အိမ်ထောင်ဖက် အတွက် သက်သာခွင့် (ကျပ် 10 သိန်း)
၎။သားသမီးများ အတွက် သက်သာခွင့် (သားသမီး တစ်ဦးလျှင် ကျပ် 5 သိန်း)
၅။ ဝန်ထမ်းနှင့် အိမ်ထောင်ဖက် အသက် အာမခံအတွက်ပေးရသောပရီမီယံ
၆။ ဝန်ထမ်းအနေနှင့် လူမှု ဖူလုံရေး ရန်ပုံငွေသို့ ထည့်ဝင်စုဆောင်းငွေ
စုစုပေါင်း ဝင်ငွေမှ အထက်ပါ သက်သာ ခွင့်များနုတ်ပယ်ပြီး ကျန် ဝင်ငွေ အပေါ်တွင်သာ အခွန်တွက် ချက် မည်ဖြစ်ပါသည်။
 


12 October 2015

ခရီးသည်နဲ့တက္ကစီ သမားတို့သတိထားစရာများ



ယနေ့ရန်ကုန်မြို့ပေါ် ရဲ့လမ်းမများပေါ်မှာ ကားတွေ နဲ့ပြည့်ကျပ်လျက်ရှိနေ ပါတယ်။ တက္ကစီကားတွေ ဆိုရင် အရင်ထက် ပိုလို့များလာ ပါပြီ။ တက္ကစီကားတွေ က အရင်ထက်ပို လို့များလာ တာကြောင့်လူတွေ အတွက် တက္ကစီ ငှားစီး ရတာဟာ အရင်ထက် ပိုလို့အဆင်ပြေလာတယ် လို့ ပြောရပါမယ်။

၂၀၁၂ ခုနှစ်နောက်ပိုင်းတုန်း က တက္ကစီ ကားတွေဟာ အခုလို မများသေးပါ။ တက္ကစီ တစ်စီးမောင်းနိုင် ဖို့ အတွက်လည်း လူတိုင်း အဆင်မပြေနိုင်ကြပါ။ တက္ကစီ တစ်စီးမောင်းနိုင်ဖို့ စပေါ်ငွေ ၁၀ သိန်း အထက် တင်ကြ ရတာကြောင့် အခုလို အလွယ်တကူမောင်းနိုင်ဖို့အတွက် အခွင့်အရေးမရခဲ့ကြပါဘူး။ 


၂၀၁၂ ခုနှစ်နောက်ပိုင်း မှာ နိုင်ငံရေး အခြေအနေ ပွင့်လင်း တိုးတက်လာတာ နဲ့အမျ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ဝင်ရောက်လာကာ နိုင်ငံခြား မှ ကားတင်သွင်းမှုလည်း များပြားလာခဲ့ပါတယ်။ လက်ထဲ မှာ ပိုက်ဆံ ၃ သိန်းလောက် ရှိနေရင် တက္ကစီမောင်းနိုင်တဲ့ အခွင့်အရေးတွေ ရှိလာကြပါတယ်။

ဒါကြောင့် ကျပ်တည်းမှုတွေ များလွန်းတဲ့ခေတ်ကာလ မှာ လူတွေ ဟာ မိသားစု စားဝတ်နေရေး အတွက် ကိုယ် ပိုင် စီးပွားရေး တစ်မျိုးလည်းဖြစ် သလို ဝင်ငွေ မဆိုးလောက်ဘူး လို့ထင်ရတဲ့ တက္ကစီမောင်းတဲ့ အလုပ် ကိုပိုမိုပြောင်းလဲ လုပ်ကိုင်လာကြပါတယ်။

ဒါကြောင့် တက္ကစီကားတွေ အရင်ထက် ပေါများလာရာ လူတွေ လည်း တက္ကစီ စီးရတာ အဆင်ပြေလာကြ ပါ တယ်။  ဒါပေမယ့်လောက နိယာမ တရားအရ အကြောင်း အရာကိစ္စတိုင်း မှာ ကောင်းတဲ့ သက်ရောက်မှု ရှိ သလို ဆိုးတဲ့ သက်ရောက်မှု ဆိုတာလည်းရှိကြပြန်တယ်။