25 March 2018

မြန်မာ့ ရုပ်ရှင်လောကကို ကိုင်လှုပ်လိုက်သူ နှစ်ဦး




ခီမောင်နှံ (သို့မဟုတ်) လိုက်ဖက်ညီတဲ့ စုံတွဲ (သို့မဟုတ်) မြန်မာ့ရုပ်ရှင်လောကကို လှုပ်ကိုင်လိုက်သူ နှစ်ဦး


မြန်မာ့ ရုပ်ရှင်လောကဟာ နှစ်အတန်ကြာ မဲပြာပုဆိုး ဇာတ်ကွက်တွေနဲ့ မျောပါ ခဲ့ပြီး ရုပ်ရှင်လောကကို “ပေါလောက” ၊ ရုပ်ရှင်ဇာတ်ကားတွေကို “ပေါကား”တွေ ဆိုပြီး နေ့စဉ် ရက်ဆက် ဝေဖန်ခံခဲ့ရပါတယ်။


တစ်ချို့က မြန်မာ့ရုပ်ရှင်လောကကို ဟောလိဝုဒ် ဘောလိဝုဒ်တို့နဲ့ အပြိုင် နာမည်ပေးလိုက်ပြန်တာက “ပေါလိဝုဒ်” တဲ့ ။ ဇာတ်ကားတွေကိုလည်း “ပေါကားတွေ ရပ်” ဆိုပြီး အပြင်းအထန် ဝေဖန်ခဲ့ကြ ဆန့်ကျင်ခဲ့ကြပါတယ်။

ဒီလို အပြင်းအထန်ဝေဖန် ဆန့်ကျင်ကြတော့ ရုပ်ရှင်လောကမှ ဒါရိုက်တာ၊ မင်းသား ၊ မင်းသမီးနဲ့ သရုပ်ဆောင် အချို့ကလည်း ဝေဖန်သူတွေကို တုံ့ပြန်ပြောဆိုကာ အပြစ်တင်ခဲ့ပါတယ်။

ဤသို့ နှစ်အတန်ကြာ ဝေဖန် အပြစ်တင်ခံနေရ သော်လည်း မြန်မာ့ ရုပ်ရှင်လောကမှာ အပြောင်းအလဲ တစ်စုံတစ်ရာ ကြီးကြီးမားမား မရှိလာဘဲ အများပြောသော “ပေါကား”များဖြင့် ငွေနောက် ကောက်ကောက် လိုက်ကာ ရိုက်နေမြဲ။ ရုပ်ရှင် ပရိတ်သတ်တွေကလည်း ဝေဖန်မြဲ။ ဝေဖန်ဆဲ။

ဤအခြေအနေမှာ မြန်မာ့ ရုပ်ရှင်လောကကို ကိုင်လှုပ်လိုက်သော ဇာတ်ကား နှစ်ကား ထူးထူးခြားခြား ဆက်တိုက် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကား နှစ်ကားကတော့ အားလုံးသိသော “ ဥပါယ်တံမျဉ် ” နဲ့    “ မုဒြာခေါ်သံ ” ဆိုသော ဇာတ်ကားနှစ်ကားပဲ ဖြစ်ပါတယ်။


ပိုပြီး ထူးခြားတာက ဥပါယ်တံမျဉ် ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာနဲ့ မင်းသားနဲ့ မုဒြာခေါ်သံ ဇာတ်ကားရဲ့ ဒါရိုက်တာနဲ့ မင်းသားက သီးခြားစီ မဟုတ်ပဲ အတူတူဖြစ်နေတာပင်။




ထို့ထက်ပို၍ ထူးခြားတာက ဒါရိုက်တာနဲ့ မင်းသားက လင်မယားဖြစ်နေခဲ့သည်။ ဒါရိုက်တာက ဇနီးသည် ဖြစ်ပြီး မင်းသားက ခင်ပွန်း ဖြစ်နေခြင်းပင်။ စိတ်တူကိုယ်တူလင်မယား နှစ်ယောက် ပိုက်ဆံရှိ၍ ဇာတ်ကား ထရိုက်ခြင်း မဟုတ်ပဲ ဝါသနာ အရင်းခံ၍ ရိုက်ကူး ပြုလုပ်လာခြင်းသည်ကိုကပင် ထူးပြီးရင်း ထူးခြား ရင်းပေ တကား။


သူတို့ ဇနီးမောင်နှံနှစ်ယောက်က ဇာတ်ကား (၂) ကားထဲဖြင့် ပရိတ်သတ် အခိုင်အမာရခဲ့သော မင်းသား ဇာဏ်ခီ နဲ့ သူ၏ ရှု့မငြီးတဲ့ ချစ်ဇနီး ဒါရိုက်တာ ခရစ္စတီးနား ခီ ဆိုတာ အထူးပြောစရာပင် လိုမည် မထင်ပေ။

မင်းသား ဇာဏ်ခီ ! ရုပ်ရည်ချောမောလွန်း၍ မဟုတ်။ ယောက်ျားပီသသော သာမာန် ရုပ်ရည်သာ ရှိသော် လည်း သရုပ်ဆောင် ကောင်းမွန်မှု ၊ အနုပညာ ဝမ်းစာ ပြည့်ဝမှုတို့ ကြောင့် ပရိတ်သတ် အခိုင်အမာ ရလာ သူ ဖြစ်သည်။

သူသည်ကား မိဘများ၏ စီးပွားရေးသမား ဖြစ်စေချင်သော ဆန္ဒကို ဆန့်ကျင်ကာ ဝါသနာအရ U.S မှ Music ပိုင်း ရုပ်ရှင်ပိုင်း နဲ့ ပတ်သက်သော Audio Engineering ပညာ သင်ယူလာ သူဖြစ်သည်။ သူ တက်မြောက်လာသော ဤပညာဖြင့် ဝါသနာနဲ့စေတနာ ပေါင်းစပ်ကာ ရုပ်ရှင်ရိုက်လာသူ တစ်ဦးဖြစ်သည်။




ဒါရိုက်တာ ခရစ္စတီးနား ခီ ! သူသည်လည်း သူ၏ ချစ်ခင်ပွန်း ဇာဏ်ခီ ၏ ပညာကို မှီခိုကာ ဒါရိုက်တာ ထလုပ်သူ မဟုတ်ပဲ အမေရိကန်မှာ စားသောက်ဆိုင် အလုပ် တစ်ဖက် နဲ့ ရုပ်ရှင်ပညာကို ကြိုးစားကာ သင်ယူပြီးမှ တတ်မြောက်လာခဲ့သူ ဖြစ်ပြီး ထိုတတ်မြောက်လာသော ပညာအစွမ်းကို ပထမဆုံး ရုံတင်သော ဇာတ်ကားဖြင့်ပင် ပရိတ်သတ် အခိုင်အမာ ရအောင် ချပြနိုင်ခဲ့သူ ဖြစ်သည်။






10 March 2018

ထရမ့် နဲ့ ကင်ဂျုံအန်



မေလထဲမှာ ထရမ့် နဲ့ ကင်ဂျုံအန် တို့တွေ့ဆုံကြပါလ
ိမ့်မယ် ။
ထရမ့် အတွက် ကင်ဂျုံအန်နဲ့ တွေ့ဆုံမှုဟာ အဆုံးစွန်သော အမြင့်ဆုံး စမ်းသပ်မှုတစ်ခုဖြစ်
တယ်လို့ဆိုကြတယ် ။

နှစ်ဘက် ကန့်သတ်လိုလားချက်တွေဟာ တစ်ဖက်နဲ့ တစ်ဖက်မလိုက်လျောနှိုင်တာတွေရှိမှာဖြစ်တဲ့အတွက်
ချက်ခြင်း ပြေလည်ဖို့မလွယ်လှပါဘူး၊

ကင်ဂျုံအန်အနေနဲ့ ထောက်လှမ်းရေး ဆိုင်ရာ အတွင်းသတင်း ကြီးကြီးမားမား ရ
ထားဟန်ရှိတယ်၊
Time strategy ကစားဖို့ ဖြစ်လာပါလိမ့်မယ်၊

နောက် သံသယတခုက...
ကင်ရဲ့သဘောထားဘာလို့ U turn ပြောင်းလဲသွားရတာလဲ ၊
May be not his real attitude.

သူ့ ICBM ကို လိုချင်တဲ့ အဆင့်ရောက်ဖို
့ လိုလာလိမ့်မယ် ။ အဲ့ဒီအဆင့်ရရင် Leverage ရော Bargaining power ရော အပြည့်နီးပါးလောက်ရမယ်ဆိုတာ ကြိုတွက်ထားပြီးလဲဖြစ်ပါလိမ့်မယ် ။

နောက်တစ်ချက်က
တောင်တရုတ်ပင်လယ် ကျွန်းတွေက
ိစ္စ... ထရမ့် ရဲ့အာရုံ ကို diversion ပေးလိုက်တဲ့ သဘောလဲပါနှိုင်နေတယ် ။

05 March 2018

မြန်မာ ဘာလဲ



၂၁ ရာစု စစ်ရေး အားပြိုင်မူ အားကြီးလာခြင်းနှင့် အတူ အမေရိကန် အပါအဝင် စူပါ ပါဝါကြီးများ အလေးထား စောင့်ကြည့် နေရသော နိုင်ငံသည် မြောက်ကိုရီးယား ပြီးလျှင် မြန်မာ ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတော်သည် စစ်လက်နက်ပစ္စည်း အလှို့ဝှက်ဆုံး နိုင်ငံ အဖြစ် စိတ်အဝင်စား အခံရဆုံးဖြစ်သည်။ မြန်မာ တိတ်တစ်ဆိတ် စူပါ ပါဝါဖြစ်နေပြီလား ဟူသည့် မေးခွန်းအောက်တွင် ကမ္ဘာ့ နိုင်ငံကြီးများ အခြေနေ အမျိုးမျိုးဖြင့် အကဲစမ်းလာကြသည်။ ယခု ရခိုင် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ခ်ျ့ ကပင် နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းအစုံဖြင့် ကြည်းရေလေ စစ်ရေးပြ သွေးတိုးစမ်းလာ၏။

အရာရာ လျှို့ဝှက်တတ်လွန်းခြင်းသည် မြန်မာ ၏ ဗီဇ နိယာမဖြစ်သည်။ မလိုအပ်လျှင် ကြောင်လက်သည်း   ဝှက်သကဲ့သို့နေတတ်ခြင်းအား လျှော့တွက်၍ အပျော့ဟု တွက်လျှင် မှားသွားမည်ပင်။

ထိုအခြေအနေအား၂၀၁၇ တွင် စင်ကာပူ နိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ရေတပ်များ စစ်ရေးစွမ်းရည်ပြပွဲက သက်သေခံ သွား၏။

လက်ရှိ အခြေအနေတွင် တိုက်ခိုက်ရေး အထူးယာဉ် ဖရိးဂိတ် စစ်သင်္ဘောတည် ဆောက်နိုင်သောနိုင်ငံမှာအရှေ့တောင်အာရှ တွင် မြန်မာ တစ်နိုင်ငံသာရှိသေး၏။

ထိုစစ်ရေးပြ အခမ်းအနားတွင် ဆင်ဖြူရှင် ၏ ခြေမူန်းနိုင်မူစွမ်းအားကို တရုတ် ဂျပန် စသည့်နိုင်ငံကြီးများပင် ပါးစပ် အဟောင်းသား မှင်သက်မိသွားစေသည်။ 
ကမ္ဘာ့ ရေတပ် အဆင့်၂၀ ကျော်မှ ချက်ချင်း ၁၅ သို့ပြောင်းလဲ သတ်မှတ်လိုက်သည်။

စစ်ရေးအရ အရေးပါသော ကမ်းရိုးတန်းအား သဘာဝတရားက ပေးထားသည်။ ရေပြင် စိုးမိုးရေးကို အာရှတိုက်သာ မက တစ်ကမ္ဘာလုံးအား ပျူဟာမြောက်ထိန်းချုပ် စစ်ကစားနိုင်သော အခင်းအကျင်းဖြစ်သည်။
ထိုအနေအထားအား နားမလည်ပဲ အိပ်နေသော ကျားနူတ်ခမ်းမွှေး လာသပ်လျှင်ဖြင့် ဘင်္ဂလားဒေခ်ျ့ သည်အထိနာမည်ဖြစ်သည်။