Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

19 February 2018

မြန်မာ့ စီးပွားရေးကို ဘောဂဗေဒ သီအိုရီများနှင့် ချဉ်းကပ်ကြည့်ခြင်း



စကားဦး

စာရေးသူ အပြင် သိပ်မထွက်ဖြစ်ေ
တာ့ပါ။ အိမ်မှာပဲ စာရေး စာဖတ် လုပ်သည်။ ခေါင်းကိုက်လာလျှင် အိမ်နှင့် မနီးမဝေး လှည်းတန်းဘက် ထွက်သည်။ ကော်ဖီသောက်ချင် သောက်မည်။ သို့မဟုတ် ကိုလွင်ဦး စာအုပ်ဆိုင် ထိုင်ချင်ထိုင်မည်။ သို့ဖြင့် စာရေးသူမှာ လောကကြီး မဟုတ်တောင် ရန်ကုန်မြို့ကြီးနှင့် အထူး သဖြင့် စာပေလောကနှင့် ကင်းကွာနေတော့သည်။

တစ်နေ့လယ်ကလည်း စာဖတ်ရင်း ခေါင်းကိုက်လာသည်နှင့် လှည်းတန်းစင်တာထွက်ပြီး ကော်ဖီ သောက်ဖြစ်သည်။ ဤတွင် နိုင်ငံခြားသားတစ်ယောက်က စာရေးသူ နာမည်ခေါ်ပြီး နှုတ်ဆက်သည်။ ထုံးစံ အတိုင်း စာရေးသူမှာ သူ့အမည်ကို မေ့နေသော်လည်း မျက်မှန်းတန်းမိ သလိုဖြစ်နေ၍ ပြုံးပြလိုက်သည်။ ကော်ဖီတစ်ခွက်မှာပြီး သူ့ကိုကျေးဇူး ပြုလိုက်သည်။


 ကော်ဖီသောက်ရင်းမှပင် သူက မမျှော်လင့်သော မေးခွန်းတစ်ခုကို မေးလိုက်ရာ စာရေးသူမှာ ဘာဖြေရမှန်းမသိ ‘ငေါင်’ သွားတော့သည်။ သူ့မေးခွန်း … “ခင်ဗျားတို့နိုင်ငံစီးပွားရေးက ဘာ သီအိုရီနဲ့သွားနေတာလဲ …”

ပြောရလျှင် သူ မေးသည့်မေးခွန်းမျိုးကို မိမိကိုယ်ကိုယ် မကြာခဏဆိုသလိုမေးနေမိသည်မှာ
 ကြာပါပြီ။ မေးမိတိုင်းလည်း အဖြေမရခဲ့ပါ။ သို့နှင့်တိုင် သူ့ကိုတော့ ထိန်းထိန်းသိမ်းသိမ်း အဖြေပေးလိုက်ပါသည်။ ယခုလို … “ကျွန်တော်က ဘောဂဗေဒပညာနဲ့ အတော်စိမ်းပါတယ်။ စီးပွားရေးနဲ့လည်း မနီးလှပါဘူး …။ ဒါ့ကြောင့် မိတ်ဆွေရဲ့ မေးခွန်းကို ကျွန်တော် မဖြေတတ်ပါဘူး …” စာရေးသူပြောသည်ကို သူ နားလည်ရဲ့လားမသိ။ ဇဝေဇဝါနှင့် စာရေးသူကို ငေးကြည့်နေသည်။ စာရေးသူလည်း နှုတ်ဆက်ပြန်ခဲ့သည်။ သို့တိုင် အိမ်ရောက်သည်ထိ သူ့မေးခွန်းက ခြောက်လှန့်ဆဲ …။ “ခင်ဗျားတို့နိုင်ငံ စီးပွားရေးက ဘာသီအိုရီနဲ့ သွားနေတာလဲ …”


မစ်လား၊ ကိန်းလား

စာရေးသူတို့ နိုင်ငံမှာ ဆိုရှယ်လစ် စီးပွားရေးစနစ်၏ ဒဏ်သင့်မှုကို နှစ်ရှည်လများ ခံခဲ့ရသည်။ သို့ဖြင့် မြန်မာ လူထုမှာ ဆိုရှယ်လစ်ဆိုသောအသံကို လေသံမျှပင် ကြားလိုဟန် မရှိတော့ပါချေ။ ပေါ်လစီ မိတ်ကာများသည်လည်း ဤနည်းနှင်နှင်သာ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ ယနေ့ မြန်မာ့စီးပွားရေးကို မောင်းနေ သည်မှာ ‘ ကားလ်မာက္ခ်’ ၏ သီအိုရီ မဖြစ်နိုင်။ စီမံကိန်း စီးပွားရေးမဖြစ်နိ
ုင် ….။ ဖြစ်ချင်းဖြစ်လျှင် ‘အရင်းရှင် စနစ်’ သာ ဖြစ်ပါလိမ့်မည်။ သီအိုရီဘက်ကပြောရလျှင် ‘ အဒမ်စမစ်’ သို့မဟုတ် ‘ ဂျွန်မေးနတ်စ်ကိန်း ’ သာ ဖြစ်ဖို့များပါသည်။

စာရေးသူနားလည်သလောက် ပြောကြည့်ရလျှင် အဒမ်စမစ် က သူ၏ အယူအဆကို ယခုလိုဖွင့်ဆိုပါ သည်။ ‘ ဈေးကွက်ကို အစိုးရ အပါအဝင် မည်သည့်အင်အားစုကမှ မစွက်ဖက်ဘဲ ဒီအတိုင်း လွှတ်ထား လိုက်ပါ။ ဤသို့ဆိုလျှင် ဈေးကွက် အင်အားစုများ၏ ‘ ကိုယ်ပျောက်လက်’ (Invisible Hand) က သူ့ဘာသာသူ ဖြေရှင်းပြီး ‘ တည်ငြိမ်ခြေ ’ ကို ဖန်တီးပေးလိမ့်မည်’ ဟု ဆိုသည်။


သို့အတွက် စမစ် က ‘ အကောင်းဆုံး အစိုးရ ဆိုသည်မှာ (စီးပွားရေးတွင်) ပါဝင်မှု အနည်းဆုံး အစိုးရ ဖြစ်သည်’ ဟု မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ The Best Government is the Least Government ဟု ဖော်ပြပါသည်။ ‘အစိုးရသေးသေး’ (Weak Government) ကို ညွှန်းသည်။

18 November 2017

ငွေစက္ကူ ရိုက်နှိပ်ခြင်း နှင့် စပ်လျဉ်း၍




ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ အင်္ဂလန် နဲ့ ဂျာမနီ ဟာ တစ်နိုင်ငံသုံး ပိုက်ဆံနဲ့ တစ်ထေရာတည်း တူတဲ့ ငွေစက္ကူ အတုတွေကို တစ်နိုင်ငံက ရိုက်ပြီး အပြန်အလှန် လေယာဉ် နဲ့ ဗုံးကြဲသလိုကြဲချကြသတဲ့ ။ ရန်သူ့နိုင်ငံ  ငွေဖောင်းပွ အုပ်ချုပ်ရေး ပျက်ပြားပြီး ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ကြတာပါ ။

၁၇ ရာစုလောက် ဥရောပနိုင်ငံ တစ်နိုင်ငံမှာ အပြင်ထွက်လည်တဲ့ ရှင်ဘုရင်ဟာ လမ်းပေါ်မှာ သူတောင်းစားတွေမြင်တော့ " သူတို့ ဘာလုပ်နေကြသလဲ ..'' လို့ စပ်စု သတဲ့၊ " စားစရာ မရှိ လို့ ပိုက်ဆံတောင်းနေ ကတာပါ .. " ဆိုတော့ အကြံရပြီး နန်းတော်ကိုပြန်၊ ဒင်္ဂါးတွေ ရိုက်ပြီး၊ လမ်းပေါ်တွေ့သမျှလူ အကုန်လုံး လိုက် ဝေပေးလိုက်ပါသတဲ့။

အဲဒါမှ သူတောင်းစား ဒုက္ခရောက်တော့တာဘဲ..
တစ်ကယ့် အခြေခံမှ အခြေခံ လူတန်းစားကိုး..
လူတိုင်း လက်ထဲ ပိုက်ဆံပေါပေါများများ ရှိနေတော့ ခါတိုင်း ပေါင်မုန့်တစ်လုံး စားရဖို့ ဒင်္ဂါး တစ်ပြားတောင်းရတဲ့ သူတောင်းစားဟာ ခုတော့ ဒင်္ဂါး ၂-ပြား ရအောင် တောင်းနိုင်မှ ပေါင်မုန့် တစ်လုံး စားရကိန်းဆိုက်တာဘဲ။

ငွေစက္ကူအသစ် ထုတ်တဲ့ အခါ ပမာဏ အတိအကျ ထုတ်နိုင်ဖို့ဆိုတာ အလွန် ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ပါ ။
 မျှော်မှန်းထားသလို ကွက်တိဖြစ်ဖို့ အလွန်ခက်ပါတယ်။ အဲဒါကြောင့် ငွေဖောင်းပွမှု့ဖြစ်ရခြင်းပါ။





15 October 2017

ကိုယ့်ကိုယ် ကိုယ် ဘယ်လိုရောင်းမလဲ



အခုခေတ်မှာ Marketing ပညာရပ် က တော်တော်လေး ခေတ်စားလာပါတယ်။ တကယ်တော့ Marketing ပညာ နဲ့ အလုပ် လုပ်နေသူမှ မဟုတ်ပါဘူး၊ လူတိုင်း အခြေခံလောက်တော့ သိထားသင့်တဲ့ ပညာရပ် တစ်ခုလည်း ဖြစ်ပါတယ်။ စာရေးဆရာချင်း တူရင် Marketing အိုင်ဒီယာ သာတဲ့သူက လူပိုသိလေ့ ရှိသလို၊ နောက်ဆုံး ပရဟိတ လုပ်ရင်တောင်မှ ဒီပညာရပ်ကို အသုံးချပြီး လုပ်နိုင်တဲ့သူက ပို အောင်မြင် လေ့ရှိတာ တွေ့ ရမှာပါ။
ကိုယ့်ကိုယ် ကိုယ် ကုန်ပစ္စည်း တစ်ခုလို တွေးကြည့်လိုက်မယ်ဆိုရင် ကိုယ့် Brand ကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်နိုင်တဲ့သူဟာ လုပ်ငန်းခွင် မှာ၊ အလုပ် တစ်ခုကို အပြိုင်လျှောက်ကြတဲ့ အခါမှာ အများထက် ခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။
ခုလို အလုပ်အကိုင် အခွင့်အလမ်း တွေ ပေါလာတော့မယ့် အချိန်မှာ အလုပ် လိုချင်တဲ့ လူငယ် တွေ တစ်စုံတစ်ရာ ပြင်ဆင်နိုင်အောင်လို့ ကျွန်တော့် အတွေ့အကြုံ တစ်ချို့ အခြေခံပြီး ရေးလိုက်ရပါတယ်။ Target ကတော့ အလုပ် တစ်ခါမှ မလုပ်ဖူးသေးတဲ့ လူငယ် တွေကို ရည်ရွယ်ပါတယ်။
၁။ ကြိုတင်ပြင်ဆင်ပါ
အလုပ် လိုချင်တဲ့ လူငယ်တိုင်း ကြိုတင်ပြင်ဆင် ရမှာ (၂) ခု ရှိပါတယ်။
နံပါတ်တစ် က ကိုယ့်မှာ ဘယ်လို အရည်အချင်း တွေ၊ အားသာချက်တွေ ရှိတယ်၊ ဘယ်လို အလုပ် မျိုးမှာ ထူးချွန်တယ်၊ ဘယ်လို အလုပ် ကို ၀ါသနာပါတယ် စသဖြင့် အရင်ဆုံး ဆန်းစစ်ဖို့ လိုပါတယ် ။ ခေါ်သမျှ 
အလုပ် ကြုံသလို ၀င်လျှောက်နေလို့ မရပါဘူး။ အလုပ် မှာ အောင်မြင်ချင်တယ်၊ ပျော်ရွှင်ချင်တယ်ဆို အလုပ် က ကိုယ့်ကို ရွေးတာမျိုး မဖြစ်ပါစေနဲ့၊ ကိုယ်ကပဲ အလုပ် ကို ရွေးပါ။
နောက်တစ်ခုကတော့ အဆက်အသွယ် အရေးကြီးပါတယ်။ လူလူချင်းအပြင် ခုနောက်ပိုင်း ခေတ်စားလာတာဆို လူမှုကွန်ရက်၊ အထူးသဖြင့် LinkedIn လိုဟာမျိုးမှာ ကိုယ့်အကြောင်းကို သေသေချာချာလေး ပြင်ဆင်ပြီး ဖော်ပြထားနိုင်ဖို့ လိုပါတယ်။
၂။ အလုပ်ခေါ်စာ ဖတ်ရှုခြင်း
ကျွမ်းကျင်တဲ့ HR သမား တစ်ယောက် ရှိတဲ့ အဖွဲ့အစည်း ဟာ Vacancy announcement ကို စိတ်ဝင်စားစရာ နဲ့ ပြတ်ပြတ်သားသား ဖြစ်အောင် ထုတ်ပါတယ်။ သူတို့ လိုချင်တဲ့ အတွေ့အကြုံ နဲ့ အရည် အချင်းတွေ၊ လုပ်ရမယ့် အလုပ်တာဝန်တွေ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။

အဲဒါကို သေသေချာချာဖတ်ပြီး ကိုယ်နဲ့ သင့်တော်တယ် မသင့်တော်ဘူး စဉ်းစားစေချင်တယ်။ အဖွဲ့နာမည်မသိ၊ ခေါ်တဲ့ရာထူးမသိ၊ လုပ်ရမယ့်အလုပ်မသိဘဲ ဒီမှာ အလုပ် ခေါ်တယ် ကြားလို့ လာလျှောက်တယ် ဆိုတာမျိုးက impression ကျစေပါတယ်။
ဒီအလုပ်၊ အဖွဲ့အစည်း၊ အဲဒီမှာ ကြုံတွေ့ရမယ့် လုပ်ငန်းခွင် အခြေအနေ တွေ စသဖြင့် စုံစမ်းပါ။ စိတ်တိုင်းကျပြီဆိုမှ အလုပ် လျှောက်ဖို့ ဆုံးဖြတ်ပါ။ ထပ်ပြောပါရစေဦး၊ အလုပ်က ကိုယ့်ကိုရွေးတာမျိုး မဖြစ်ပါစေနဲ့၊ ကိုယ်ကပဲ အလုပ် ကို ရွေးပါ။