30 November 2017

ကမ္ဘာ့ ဉာဏ်အကောင်းဆုံး လူသား



ကမ္ဘာ့ ဉာဏ်အကောင်းဆုံး လူသား အဖြစ် ဘာသာခြားတို့၏ ဂင်းနစ် မှတ်တမ်း စာအုပ် တွင် မှတ်တမ်း အတင် ခံရသူ မြန်မာပြည်သား သာသနာ့ အာဇာနည် ။
 
သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီး အဖြစ် တာဝန်ထမ်းခဲ့သူ...။
 
မြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာ ကဲ့သို့  တရားတော်၊ မြတ်ဓမ္မ တို့ ၏ ဘဏ္ဍာတိုက် တော်ကြီးဖြစ်ခဲ့သူ.။
 
သူ့ ဥာဏ်တော်ကို အများအကျိုးစီးပွား အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။
 
မျိုးဖျက် မိစ္ဆာတို့ရဲ့ ဘာသာရေး လွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။
 
တပည့် သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ က ရပ်၍ ကာကွယ်ပေးရဲသူ . .။
 
မြတ်ဗုဒ္ဓ၏ သာသနာတော် အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။
 
ဘ၀ နေ၀င်ချိန်ထိတိုင် လက်နှိပ်စက် တစ်လုံးဖြင့် ဓမ္မစာပေ များကို ဘသာပြန်ဆိုပေးခဲ့သူ ...။
 
မပျံလွန်မီ အချိန်ထိ ဘာသာ သာသနာ အကျိုး ဆောင် ရွက်တော်မူခဲ့သူ……။
 
(၃၁) ဘုံ ဝေနေယျာတို့ အပေါ်တွင် မေတ္တာ ကရုဏာတရား လွန်စွာ ကြီးမားသူ……။
 
တိပိဋကဓရ ဆရာတော် ကိုယ်တိုင် ဖြစ်တော်မူပြီး များပြားစွာသော တိပိဋက ဆရာတော်များကို မွေးထုတ်ပေးခဲ့သူ……။
 
အနာဂတ် သာသနာအကျိုး ရည်မျှော်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး နှင့် ရန်ကုန်) တို့အား တည်ဆောက်ကာ မျိုးစေ့များ ကြဲပေးတော်မူခဲ့သူ……။
 


27 November 2017

ဘုရား မဟုတ် ညာတင်ကုပ်



ဘုရား မဟုတ် ညာတင်ကုပ်
လောကီ အစီအရင် အရုပ်
ဘာသာရေးမှာ ရှုပ

စီရင်တုန်းက ဘုရား မဟုတ်ပေမယ့် ဘုရားပုံကို အခြေခံထားတော့ နောက်လူတွေက ဘုရား ရုပ်ပွားတော်လို့ ထင်မြင် ယူဆလာတာဟာ မိစ္ဆာဒိဋ္ဌိ အတွေးအမြင် အယူကို ဖြစ်စေပါတယ်။ ဒက္ခိဏသင်္ခါ ဘုရား ရုပ်ပွား ကို မီးကွင်းတယ် ဆိုပြီး စီရင်သလိုပါပဲ။

 ရှေးက သမထယုဂ္ဂ ခေတ်ကာလက ရောထွေးနေတဲ့ ဘာသာရေး အယူအဆတွေနဲ့ အတူ ဆန်းပြားတဲ့ ရုပ်တုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။


ဒါကို ဒီနေ့ခေတ်မှာ ဓာတ်သမား နတ်သမား ဝိဇ္ဇာလမ်းသမားတွေက လူတွေ ရဲ့ ဥစ္စာစီးပွား ရာထူး အလုပ် အကိုင် လူမှုရေးအားနည်း လိုအပ်ချက်တွေကို အခွင့်ကောင်းယူပြီး အစီအရင် ရုပ်တုတွေကို တစ်ခေတ်ပြန်ထအောင် လုပ်လာကြပါတယ်။ ကိုယ်နာမည်ကြီး ထင်ရှားရေး ပရိသတ် ကိုးကွယ်သူ များပြားရေးကို ဦးစားပေးလာကြပါတယ်။

လူ ဆိုတာကလည်း လိုချင်တဲ့ လောဘ စိုးရိမ်သောက ဒေါသ စတဲ့ ကိလေသာတွေဝင်လာရင် မောဟ ဆိုတဲ့ အမှားအမှန်မခွဲနိုင်တာလည်း တွဲဖြစ်တတ်တော့ သူများ ပါးစပ်ဖျားမှာ လမ်းဆုံးရတော့တာပါပဲ။

ယခုFB မှာတွေ့နေရတဲ့ ညာတင်ကုပ် ရုပ်တုက ဘာသာရေး အလုပ်တွေ ဂမ္ဗီရ လမ်းစဉ်တွေ တိုးတက် အောင်မြင်ဖို့ စီရင်တဲ့ အဆောင်ရုပ်တုမျိုးပါ။

ကြာဖတ် ခေါင်းဆောင်း ကြာရိုး ချွန်ထွက် သံမှို ကိုးချက် နှက်ထားတဲ့ အစီအရင် အရုပ်တွေပါ။ ဂဝံဖင်ပိတ် ရုပ်တုမျိုးတွေလိုပါပဲ။

မူလက သင်္ကန်းစကို ညာဖက် ပုခုံးတင်တဲ့ပုံ ထုရာက ခုတော့ ဗုဒ္ဓရုပ်ပွားတော်လို ဘယ်ပုခုံးတင်တဲ့ပုံပါ အရောရော အထွေးထွေး ထုလုပ်လာကြတာ တွေ့ရပါတယ်။


 
 

19 November 2017

တိုက်တန်းနစ် သင်္ဘောကြီး ကို နစ်မြုပ်စေခဲ့တဲ့ အဓိက တရားခံ



၂၀ ရာစုနှစ်စောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အရမ်းကို ကျော်ကြားတဲ့ အမှုအခင်းတစ်ခုကို ပြန်လည် ဆန်းစစ်ကြည့်ဖို့ တစ်လောက စိတ်ကူးပေါ်လာမိပါတယ်..။ ထို အကြောင်းအရာကတော့ တိုက်တန်းနစ် ပါပဲ။ 

တိုက်တန်းနစ် သင်္ဘောကြီး ဘာကြောင့် မြုပ်နစ်သွားရတာလဲ။ ကမ္ဘာမှာ အခမ်းနား အကြီးကျယ်ဆုံးဖြစ်တဲ့ ခရီးသည်တင်ယာဉ် သင်္ဘောကြီး တိုက်တန်းနစ် ဟာ ဘာအကြောင်းကြောင့် ပင်လယ်အောက်ကို ပထမဆုံး ခရီးမှာတင် စုံးစုံးမြုပ်ခဲ့ရတာလဲ ဆိုတာကို သေသေချာချာ ဆန်းစစ်ကြည့်ကြပါစို့ ။

Thomas andrews ဟာ ဒီသင်္ဘောကြီးရဲ့ ဒီဇိုင်နာ ဖြစ်ပါတယ်..။ ၁၉၀၆ ခုနှစ်မှာ ဒီသင်္ဘောကြီးကို စတင် တည်ဆောက်ခဲ့ပါတယ်။ အိုင်ယာလန်ပြည်နယ် ဆိပ်ကမ်းမှာပါ ။ ၁၉၀၉ ခုနှစ် မတ်လ ၃၁ ရက်မှာ လုံးဝပြီးစီးသွားတဲ့ အတွက်ကြောင့် လူအင်အား ၃၀၀၀ ကျော်သုံးပြီး ၃နှစ်ကြာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ 

ထုထည်အရရော၊ အရည်အသွေး အရရော အရမ်းကို ကြီးမားကောင်းမွန်ပြီး အရမ်းကို ယုံကြည်စိတ်ချရတဲ့ သင်္ဘောတစ်ခု အဖြစ်မှတ်ယူထားပါတယ်။ သင်္ဘောကြီးကို အရည်အသွေးအကောင်းဆုံး စတီးတွေနှင့် ဆောက်လုပ်ထားတာဖြစ်ပြီး ထိုခေတ်က ဒေါ်လာ ၇.၅သန်း (ယခုဒေါ်လာသန်း ၁၀၀ ကျော်) တန်ဖိုး ရှိပါ တယ် ။ ဒါဟာ သမိုင်းကြောင်းကို ခေတ္တကြည့်ရှုတာပါ။ 

တိုက်တန်းနစ်ဟာ အတ္တလန္တိတ် သမုဒ္ဒရာကြီးဖြတ်ပြီး လူ ၁၅၀၀ ကျော်ကို တင်ဆောင်ကာ အိုင်ယာလန် 
မှ ကာလီဖိုးနီးယားပြည်နယ်ဘက်သို့ ၁၉၁၂ ခုနှစ်ဧပြီ လဆန်းပိုင်းမှာ ထွက်ခွာလာခဲ့ပါတယ်။ အဆင့်မြင့် တဲ့ဝန်ဆောင်မှု၊ ထုထည်နှင့် ကြီးကျယ်ခမ်းနားမှုတို့ဟာ လူဆင်းရဲတွေ အတွက် နေရာမပေးခဲ့ပါဘူး။ 

လူကုံထံများနှင့် နိုင်ငံရေးဆိုင်ရာ အကြီးအကဲများတို့ကို တင်ဆောင်ကာ ထွက်ခွာလာခဲ့ပါတယ်။ ခရီးသည်ဟာ သင်္ဘောနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာကိုမှ သံသယ ဆိုတာမျိုး မရှိဘဲ သူတို့ကိုယ်ပိုင် အခန်းထဲမှာ အရမ်းကို ဇိမ်ကျကျနဲ့ လိုက်ပါလာခဲ့ပါတယ်။

သင်္ဘော ကုန်းပတ်ရဲ့ အောက်ဘက်မှာ ကတော့ အင်ဂျင်နီယာ တို့ရဲ့ နေရာဖြစ်ပြီး ခရီးသည် အခန်းတွေကို ရေနွေးပေးရန် အတွက် ကျောက်မီးသွေး ကန်တွေနဲ့ အလုပ် လုပ်နေတာပါ။ သူတို့ အလုပ်လုပ်ရာနေရာ ဟာ သင်္ဘောကုန်းပတ် ရဲ့ ငါးခန်းမြောက် အခန်းဖြစ်ပါတယ်။

 ၁၉၁၂ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ ၅ နာရီမှာတော့ တိုက်တန်းနစ် သင်္ဘောကြီးဟာ တစ်နာရီကို ၂၁ မိုင်နှုန်းနဲ့ ခုတ်မောင်းနေတာပါ။ အတ္တလန္တိတ် သမုဒ္ဒရာထဲကို ၀င်လာသည်မှာ အရမ်းကို နက်နဲလာပြီဖြစ်ပါတယ် ။ အရမ်းအေးလှတဲ့ ရာသီဥတုကြောင့် သမုဒ္ဒရာရေတွေဟာ ရေခဲတစ်မျှကို အေးစက်နေပါတယ်။ ရေခဲစ လက်လက်လေးတွေတောင် ရေပြင်ပေါ်မှာ ပေါလောပေါ်နေတာကို မြင်နေနိုင်ပါတယ်။ 

ဒါပေမယ့် ခရီးသည်တွေဟာ နောက်နာရီပိုင်း အတွင်းမှာကြုံတွေ့ရမယ့် ကပ်ဘေးကြီးကို တွေးတောင် မတွေး မိဘဲ ပါတီပွဲတွေ ကျင်းပနေကြပါတယ်။ ဒီချိန်မှာ သတင်းပိုင်းဆိုင်ရာ ရယူတဲ့ ကွန်ပျူတာ ပညာရှင် ဂျွန်ဖီးလစ် ကတော့ လက်ပ်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေပါတော့တယ်။ 




မြန်မာ့သမိုင်းပေါ်က ဘုန်းတော်ကြီးသင် ပညာရေး


ပါမောက္ခ ဒေါက်တာဓမ္မပိယ (I.T.B.M.U) Ph,D(U.S.A)

မြန်မာနိုင်ငံတော်ကြီးသည် သမိုင်းခေတ်များစွာကို ကျော်ဖြတ်ခဲ့ရ၍ နွမ်းနွမ်းနယ်နယ် ဖြစ်နေချိန် ၀ယ်…။
ဒီမိုကရေစီ အလင်းတန်းကို တွေ့မြင်ကြရတဲ့ ပြည်သူ၊ ပြည်သားများဟာ ရှင်သန် ထမြောက်လာကြသူများပမာအားသစ်၊ အင်သစ်တွေနှင့် အတူ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဘာသာ သာသနာ အတွက် တိုးတက် အောင် ဆောင်ရွက်လိုတဲ့ စိတ်ဓာတ်ခွန်အားတွေ တစ်ဖန်မွေးဖွားလာနိုင်ပြီ ဆိုတော့ နိုင်ငံတော် အတွက် ကြို ဆိုနေမိခြင်းပါ။
နိုင်ငံတော် တိုးတက်ကြီးပွားတာကို မြင်လိုသူတွေအတွက် ကြိုဆိုခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာ တစ်ပါးပါ။ နိုင်ငံသားတိုင်း အပြာင်းအလဲနှင့် တိုးတက်မှုကို ဆက်စပ်ကြည့်နိုင်ဖို့ သမိုင်းကို လေ့လာ သင်ကြားသင့်ခြင်းပါ။

တစ်ကယ်တော့ နိုင်ငံသားတိုင်း နိုင်ငံတော်ရဲ့ သမိုင်း စာမျက်နှာများကို ပြန်လှန်၍ ဖတ်ရှုလေ့လာ ကြည့်ရင် သမိုင်းနှင့်စပ်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အဖြစ်အပျက်တွေကို သင်ခန်းစာယူနိုင်ပြီး၊ သမိုင်း ဟောင်းရဲ့ ဒဏ်ရာတွေကို သမိုင်းပြောင်းပြီး အစားထိုးနိုင်ခြင်းပါ။ သမိုင်းကို ဖတ်ပြီး နာကျည်းစိတ်တွေကို မွေးမြူနေကြမဲ့အစား သမိုင်းကို သင်ယူလေ့လာပြီး သမိုင်းကပြောပြတဲ့ လူမျိုးရဲ့ တန်ဖိုး၊ လူ့ယဉ်ကျေးမှုရဲ့ ဂုဏ်သိက္ခာ၊ သမိုင်းတစ်လျှောက်လုံး ပြည်သူ၊ ပြည်သားများ ညီညီညွတ်ညွတ် အတူယှဉ်တွဲ နေထိုင်ခြင်းဖြင့် ရနိုင်တဲ့ ငြိမ်းချမ်းရေး ဂုဏ်ရည်များကို သိနိုင်ဖို့ပါ။

ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း ဦးထွန်းကြွယ် ကတော့ သမိုင်းနှင့် စပ်ပြီး သုံးသပ် တင်ပြထားခြင်းပါ။ ̏နိုင်ငံသမိုင်း ဟူသည် ပြည်သူ့ အကြောင်း၊ ပြည်သူ့ လှုပ်ရှားမှု အကြောင်း မှတ်တမ်းကြီး ဖြစ်သကဲ့သို့  ပညာရေးသမိုင်း သည်လည်း ယင်းပြည်သူတို့၏ ပညာရေး လှုပ်ရှားမှု မှတ်တမ်းကြီးပင် ဖြစ်လေသည်။˝
မြန်မာနိုင်ငံရဲ့ ပညာရေး သမိုင်းကြောင်းကို ကောက်ကြောင်းပြန်၍ ကောက်ပြရလျှင် မြန်မာ သက္ကရာဇ် ၁၂၃၀-ခု၊ ခရစ် သက္ကရာဇ် ၁ဂ၆၈-ခုနှစ်ထိ မြန်မာနိုင်ငံ ၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသာ
ရှိပြီး၊ လူကျောင်း (အစိုးရ စာသင်ကျောင်းမျိုး) ဆိုတာ တစ်ကျောင်းတစ်လေမျှ မရှိသေးကြောင်းကို သမိုင်းစာမျက်နှာ၌ ရှာဖွေတွေ့ရှိခြင်းပါ။
စိတ်ဝင်စားစရာပါ။ သမိုင်း ဆိုတာ မသိရင် လှည့်စား ခံရတတ်ပြီး၊ သိထား ရင်တော့ ယုံကြည်ချက်တွေ ခိုင်မြဲလာနိုင်ခြင်းပါ။ သမိုင်းနှင့် စပ်ပြီး နမူနာလေး တစ်ခုလောက်ကို ထုတ်ပြရရင် ဧရာဝတီ သမိုင်းကို လေ့လာတဲ့အခါ မေခနှင့် မလိခ မြစ်နှစ်သွယ် ပေါင်းစည်းရာမှ ဧရာဝတီမြစ်ကြီး ဆိုတာ ဖြစ်ပေါ်လာခြင်းပါ။ 

ထိုမြစ်ကြီးက တိုင်းပြည်ကို အကျိုးပြုနေလို့ ဧရာဝတီမြစ်ကြီးကို မြန်ပြည်သားတိုင်းက မြတ်နိုးနေခြင်းပါ။ အလားတူတဲ့ သမိုင်း တစ်ခုက မြန်မာနိုင်ငံရဲ့ ပညာရေး သမိုင်းပါ။ မြန်မာနိုင်ငံရဲ့ ပညာရေး သမိုင်းကို အခြေခံကျကျ သိဖို့ သမိုင်းစာမျက် နှာများကို ပြန်လှန်ကြည့် ရှုတဲ့အခါ မြန်မာနိုင်ငံရဲ့ ပညာရေး သမိုင်းဟာ ဗုဒ္ဓဘာသာနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အတူပေါင်းဆုံရာမှ မြန်မာနိုင်ငံ ပညာရေးသမိုင်းဆိုတာ ပီပြင်လာခြင်းပါ။



ကျရှုံးတာကို မကြောက်နဲ့



ဘဝ ဆိုတာ ရှည်လျားတဲ့ ခရီးလမ်းတစ်ခုဖြစ်တယ်။
ဒီလမ်းပေါ်မှာ ဖြောင့်ဖြူးတဲ့ လမ်း ရှိသလို၊ ကွေးကောက်တဲ့ လမ်းလည်း ရှိတယ်။ ပန်းတွေနဲ့ ဝေတဲ့ လမ်းရှိသလို၊ ချိုင့်ခွက်တွေနဲ့ပြည့်တဲ့ လမ်းလည်းရှိတယ်။


ဒီလမ်းခရီးပေါ်မှာ လူတိုင်း လူတိုင်း အခက်အခဲ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ ဘဝ ရဲ့တန်ဖိုးဟာ ဒုက္ခတွေကို ကြံ့ကြံ့ခံ အံတု ရင်ဆိုင်ဖို့လို့ ကျွန်တော်တို့ ယုံကြည်ထားရင် အဲဒီ ချိုင့်ဝှမ်းတွေကို ဖြတ်ကျော်ပစ်လိုက်ပါ။ လဲကျသွားခဲ့ရင် ဘယ်သူ့ အကူမှမယူဘဲ ထရပ်ပါ။ ဆုံးရှုံးသွားခဲ့ရင် ဘယ်သူ့ဆီမှ အလျော်အစား ပြန်မတောင်းပါနဲ့ ။


ကျရှုံးတာနဲ့ ပတ်သက်ပြီး လူတိုင်းမှာ မတူတဲ့ အမြင်လေးတွေရှိကြတယ်။
ဘဝမှာ လူတိုင်း အခက်အခဲ၊ ဒုက္ခတွေကို မလွဲမသွေ ရင်ဆိုင်ကြရပါတယ်။ တစ်ခါတစ်လေ အဲဒီလို ရင်ဆိုင်ရချိန် ရှေ့မတိုးသာ နောက်မဆုတ်သာ၊ ဖြေရှင်းဖို့ လမ်းစ ရှာမရခဲ့တဲ့ အခါ... မြူနှင်းမှုန်ကြား မားမားရပ်နေတဲ့ ထင်းရှူးပင်ကို သတိရလိုက်ပါ။ ပိန်းပိတ်မှောင်နေတဲ့ ညမှာ လမ်းမီးသဖွယ် လင်းလက်နေတဲ့ ကြယ်လေးတွေကို မြင်ယောင်လိုက်ပါ။ ကြံ့ခိုင်တဲ့ ယုံကြည်မှုတွေက ကျရှုံးခြင်းတွေကို ဖြတ်ကျော်နိုင်ပါတယ်။

ကျရှုံးတယ် ဆိုတာ တစ်ခြားလူထက် ညံ့လို့ မဟုတ်ဘူး။
ကျရှုံးတယ် ဆိုတိုင်း သင် မအောင်မြင်နိုင်တော့တာ မဟုတ်ဘူး။
ကျရှုံးတယ် ဆိုတာ လူ့ဘဝရဲ့ ဆုံးမှတ် မဟုတ်ဘူး။
ကျရှုံးခြင်းရဲ့ ဆုံးမှတ်ဟာ အောင်မြင်ခြင်းရဲ့ စမှတ်ဖြစ်တယ်။
ကျရှုံးခြင်းကို သင် ရင်ဆိုင်ရဲရင်၊ ဖြတ်ကျော်ရဲရင် ပန်းခင်းထားတဲ့ အောင်မြင်လမ်းဆီ သင်အရောက်လှမ်းနိုင်မှာဖြစ်တယ်။

လူ့ဘဝ ဆိုတာ ပင်လယ်ကြီးနဲ့ တူတယ်။
ကျောက်ဆောင်၊ ကျောက်စွန်းတွေ မရှိခဲ့ရင် လှပတဲ့ ရေလှိုင်းတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ကျရှုံးခဲ့ရင် အဲဒီ ကျရှုံးခဲ့တာကို အင်အား အဖြစ် ပြောင်းပစ်ရမယ်။ နုပျို တက်ကြွတဲ့ လူငယ် လူရွယ်တွေရဲ့ ကြီးမြတ်တဲ့ရင်ခွင်ဟာ မပြောပလောက်တဲ့ ထိခိုက်မှုတွေကို သွားဂရုစိုက်နေစရာ မလိုပါဘူး ။



18 November 2017

ငွေစက္ကူ ရိုက်နှိပ်ခြင်း နှင့် စပ်လျဉ်း၍




ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ အင်္ဂလန် နဲ့ ဂျာမနီ ဟာ တစ်နိုင်ငံသုံး ပိုက်ဆံနဲ့ တစ်ထေရာတည်း တူတဲ့ ငွေစက္ကူ အတုတွေကို တစ်နိုင်ငံက ရိုက်ပြီး အပြန်အလှန် လေယာဉ် နဲ့ ဗုံးကြဲသလိုကြဲချကြသတဲ့ ။ ရန်သူ့နိုင်ငံ  ငွေဖောင်းပွ အုပ်ချုပ်ရေး ပျက်ပြားပြီး ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ကြတာပါ ။

၁၇ ရာစုလောက် ဥရောပနိုင်ငံ တစ်နိုင်ငံမှာ အပြင်ထွက်လည်တဲ့ ရှင်ဘုရင်ဟာ လမ်းပေါ်မှာ သူတောင်းစားတွေမြင်တော့ " သူတို့ ဘာလုပ်နေကြသလဲ ..'' လို့ စပ်စု သတဲ့၊ " စားစရာ မရှိ လို့ ပိုက်ဆံတောင်းနေ ကတာပါ .. " ဆိုတော့ အကြံရပြီး နန်းတော်ကိုပြန်၊ ဒင်္ဂါးတွေ ရိုက်ပြီး၊ လမ်းပေါ်တွေ့သမျှလူ အကုန်လုံး လိုက် ဝေပေးလိုက်ပါသတဲ့။

အဲဒါမှ သူတောင်းစား ဒုက္ခရောက်တော့တာဘဲ..
တစ်ကယ့် အခြေခံမှ အခြေခံ လူတန်းစားကိုး..
လူတိုင်း လက်ထဲ ပိုက်ဆံပေါပေါများများ ရှိနေတော့ ခါတိုင်း ပေါင်မုန့်တစ်လုံး စားရဖို့ ဒင်္ဂါး တစ်ပြားတောင်းရတဲ့ သူတောင်းစားဟာ ခုတော့ ဒင်္ဂါး ၂-ပြား ရအောင် တောင်းနိုင်မှ ပေါင်မုန့် တစ်လုံး စားရကိန်းဆိုက်တာဘဲ။

ငွေစက္ကူအသစ် ထုတ်တဲ့ အခါ ပမာဏ အတိအကျ ထုတ်နိုင်ဖို့ဆိုတာ အလွန် ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ပါ ။
 မျှော်မှန်းထားသလို ကွက်တိဖြစ်ဖို့ အလွန်ခက်ပါတယ်။ အဲဒါကြောင့် ငွေဖောင်းပွမှု့ဖြစ်ရခြင်းပါ။





16 November 2017

တရုပ်ကြီး ၏ အင်အားကြီးထွားလာမှု့ကို နှောက်ယှက်ရန် မြန်မာနိုင်ငံ ၏ တည် ငြိမ်အေးချမ်းမှု့ကို ဖျက်ဆီးမည့် ဂျော့ဆိုရော့စ်၊ NED နှင့် USAID တို့၏ အစီအစဉ်။



( နိုဝင်ဘာ - ၁၄ ၊ ၂၀၁၇ ) 

တရုပ်ကြီး၏ အင်အားကြီးထွားလာမှု့ကို နှောက်ယှက်ရန် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု့ကို ဖျက်ဆီး မည့် ဂျော့ဆိုရော့စ်၊ NED နှင့် USAID တို့၏ အစီအစဉ်။
မြန်မာနိုင်ငံ အာဆီယံအဖွဲ့မ၀င်နိုင် အောင် ဆိုရော့စ်အားထုတ်ခဲ့။ 
နိုင်ငံရေး အထီးကျန်မှု၊ စီးပွားရေး ပိတ်ဆို့မှု ၊ မီဒီယာ လှုပ်ရှားမှုများနှင့် လျှို့ဝှက် အဖျက်သမား အသုံးချခြင်း တို့ဖြင့် မြန်မာနိုင်ငံအား ချွတ်ခြုံကျစေလို ( ပထမပိုင်း )

******************************************

တရုတ်နိုင်ငံ အင်အားကြီးထွားလျှက်ရှိသော ဒေသတွင်း၌ ၀င်ဆန့်နိုင်ရန် ယိုလိမ်ညာ အကြပ်အတည်းအား ယိုးမယ် ဖွဲ့လျှင် အမေရိကန်၏ နိုင်ငံရေးနှင့် စစ်ရေးအရ တည်ရှိနေခြင်းကို အားဖြည့်ရာ ရောက်လိမ့်မည်ဟု အကြံပြုရင်း ဘီလျံနာ သူဌေးကြီး ဂျော့ဆိုးရော့စ် သည် အမေရိကန် ၏ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အတူမြန်မာနိုင်ငံ အပေါ် ဆက်လက်ကြိုးဆွဲလျှက် ရှိသည် ဟု ပထဝီနိုင်ငံရေး သုတေသီနှင့်စာရေးဆရာ အန်တိုနီ ကာတက်လူစီ က စပွတ်နစ် အား ပြောကြားသည်။

တရုတ်နိုင်ငံ အင်အားကြီးထွားလာမှု့ကို ဟန့်တားရန် အမေရိကန်နိုင်ငံခြားရေးဌာန၊ အမျိုးသား ဒီမိုကရေစီအရေး ပံ့ပိုးမှု့အဖွဲ့ (NED), နိုင်ငံတစ်ကာ ဖွံ့ဖြိုးမှု့ဆိုင်ရာ အမေရိကန်အေဂျင်စီ ( USAID ) ၊ အခြား အဖွဲ့အစည်းများနှင့် အတူ ဂျော့ဆိုရော့စ် ၏ ဆိုရော့စ် ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှတစ်လွှားတွင် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေရန် ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြပြီး၊ ကြာသထက် ကြာအောင် ဆက်လက်၍လည်း အတတ်နိုင်ဆုံး ကြိုးဆွဲလျှက် ရှိသည်ဟု ဘန်ကောက် အခြေစိုက် ပထဝီနိုင်ငံရေး သုတေသီနှင့် စာရေး ဆရာ အန်တိုနီ ကာတက်လူစီ က ဆိုပါသည်။


မြန်မာနိုင်ငံ အား ၁၉၈၇-ခုနှစ်သို့ ပြန်သွားစေမည့် ဆိုရော့စ် ၏ ရင်းနှီးမြှုပ်နှံမှု့


ဟန်ဂေရီနွယ်ဖွား အမေရိကန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူနှင့် သြဇာကြီးမားသော စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး ဂျော့ဆိုးရော့စ်တွင် မြန်မာနိုင်ငံ အရေးနှင့် အရှေ့တောင်အာရှ အာဆီယံဒေသတွင်း၌ ယေဘုယျအားဖြင့် စံချိန်တင် ဝင်ရောက် စွက်ဖက်မှု မှတ်တမ်းရှည်ကြီး ရှိနေသည်။


၂၀၀၇ ခုနှစ် တွင် ဖော်ဘီး မဂ္ဂဇင်းက ရေးသားရာ၌ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး လမ်းခင်းသည့် အနေဖြင့် ဆိုရော့စ် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မောင်းနှင်သော ဘားမားပရောဂျက်မှ တစ်ဆင့် ၁၉၉၄- ခုနှစ်တွင် စတင်ရင်းနှီး မြှုပ်နှံခဲ့ရာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂-သန်း သုံးစွဲကြောင်း ဖော်ပြထားသည်။


မီဒီယာများတွင် ဖော်ပြချက်များ အရ ဆိုရော့စ် ၏ မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားမှုမှာ ၁၉၈၇ ခုနှစ်မြန်မာအစိုးရ၏ ငွေကြေး ပြုပြင်ပြောင်းလဲမှုအား ပြည်သူ လူထု၏ အုံကြွ ဆန့်ကျင်ဆန္ဒပြမှု့များဖြင့် အစိုးရ ပြုတ်ကျခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ 


၁၉၈၈-တွင် လူကြိုက်များသော နိုင်ငံအ၀ှမ်း ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြပွဲများ နှင့် အတူ မြို့ပြ မငြိမ်သက်မှုများက တစ်တိုင်းပြည်လုံး ပြန့်နှံ့သွားခဲ့သည်။ ဤတွင် တိုတောင်းသော အချိန်အတွင်း၌ ယခုနိုင်ငံတော်၏ အကြံပေး ပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် (NLD) ဒေါ်အောင်ဆန်း စုကြည် သည် အမျိုးသားပုံရိပ် အဖြစ်ထွန်းပေါ်လာခဲ့သည်။


08 November 2017

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ်




သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီး သနပ်ခါး တုံးသွေးထည့်လိုက်တာပဲ အဲသလိုလုပ်လို့မရပါဘူး ။

ကျောက်သား အစစ်ကို ထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကို ပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံး အသုံးမပြု့ခင်မှာ ဝယ်လာတဲ့ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါ ။

နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆီ+ဆားနဲ့ ကိုသွေးပြီး တစ်နေကုန်နေလှမ်းထားရပါတယ် ။ ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ် ။

ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့ ။

မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခု လုပ်တာနဲ့ အတူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ် ချသွေးရတာမဟုတ်ပဲ မိမိခါးအလည်လောက် အမြင့်ရှိတဲ့နေရာမှာ ထားပြီး သွေးရမယ်တဲ့ သနပ်ခါး ကို အားစိုက်သွေးနေရတော့ လေ့ကျင့်ခန်းလုပ်နေတယ်လို့ မထင်ရပေမဲ့နှစ်နဲ့ ချီပြီးနေ့စဉ်သွေးနေရတော့ လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ် ။